Friday, October 01, 2010

သတိရမိတဲ့ ဖေဖေ

စိတ်ထဲမှာ လည်း အလျင်လိုနေသည်။ အိမ်ကို အမြန် ပြန်ရောက်ချင်လှသည်။ ထို့ကြောင့် လေယာဉ်ရောက်ရောက်ချင်းပင် ရှေ့ဆုံးမှ ထွက်နိုင်ရန် ထိုင်ခုံမှ စောစောထ၍ ရှေ့ဆုံးမှ ထွက်နိုင်ရန် ကြိုးစားရလေသည်။ လေယာဉ်ထဲမှ ထွက်ထွက်ချင်း စိတ်က လောနေလို့လား မသိဘူး အင်မီဂရေးရှင်း တွင် ရှေ့ဆုံးမှ ရောက်အောင် အသော့နှင်ရလေသည်။ ၂ နှစ်ကျော်ကျော်လောက် ခွဲခွာခဲ့ ရသော ဖေဖေ နှင့် မေမေ့ ကို တွေ့ချင်လွန်းလှလေပြီ။ " ဝှူး " ခုမှပဲ အပြင်ရောက်တော့တယ်။ မေမေ့ကို တွေ့တွေ့ချင်း ပြေးဖက်မိလေသည်။ မေမေတို့ နေကောင်းတယ်နော် သားပြန်လာပြီလေ အမေ။ အမေ့မှာ ဝမ်းသာလွန်းလှ သဖြင့် မျက်ရည်ကျမိလေ သည်။
" အမေ "
" သား ပြောလေ "
" အဖေ ကောဟင် "
"...... "
ဘာမှ မပြောပေ
ခဏနေမှ
" မြို့ထဲကို ကိစ္စ ရှိလို့ သွားတယ် သား "
သိပ်တော့ ဘဝင်မကျချင် လှပေမဲ့ ဘာမှမပြောတော့ပေ။
သြော် ၂ နှစ်ကျော်ကျော် ခွဲခွာလာရတဲ့ ရန်ကုန် မြို့ ကြီးရဲ့ ရှု့ခင်းတွေကို ငေးကြည့်ရင်း ကိုယ်နေခဲ့တဲ့ မြို့သစ်လေး ဆီကို ရောက်လာခဲ့ပါပြီ။ အိမ် ပြန်ရောက်ရောက်ချင်း ညီအငယ်နဲ့ တူမ နှစ်ယောက်က သူတို့ အတွက် ဘာပါမလဲ ဆိုပြီး ခရီးဆောင်အိပ် တစ်လုံး နဲ့ အလုပ်ရှုပ်နေကြလေရဲ့။
" သား ခဏနားလိုက် အုံးနော်၊ ပြီးမှ ရေမိုးချိုးပြီး အနားယူပေါ့ ဟုတ်ပြီလား "
" ဟုတ်ကဲ့ မေမေ "
ရေမိုးချိုးပြီးတော့ အဖေ့ကို သတိရလို့ ထပ်မေးမိတယ်။ " အမေ၊ အဖေ ဘယ်ကို သွားတာလဲဟင်၊ ဘယ်တော့ ပြန်ရောက်မှာလဲ " ဆိုတော့ အမေ ဘာမှ ပြန်မပြောပါဘူး။ ခဏနေတော့ မေမေ ဓာတ်ပုံ တစ်ခုကို ယူလာပြတယ်။ ဓာတ်ပုံကို ကြည့်လိုက်တော့ ကျွန်တော့် မျက်လုံးတွေ ပြာဝေခဲ့ရတယ်။ တကယ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ ရပြီလေ...။ အဖေ ထာဝရ အိပ်စက် သွားပါပေါ့လား.... အဖေရယ် သားပြန်လာအောင်တောင် မစောင့်နိုင်တော့ဘူးလား အဖေရယ်..... ။
" အမေတို့ သားကို ဘာဖြစ်လို့ မပြောရတာလဲ" လို့ မေးမိရက်သား ဖြစ်သွားသလားတောင် မသိတော့ပါဘူး။ "သားကို ပြောမလို့ပါပဲ သားရယ်" သားလည်း ပြန်လာခါနီး ဖြစ်နေတာရယ်၊ ပြီးတော့ သားရဲ့ အလုပ်မှာ စိတ် အနှောက်အယှက် ဖြစ်မှာစိုးလို့ အမေတို့ မပြောတာပါ" ။ အို.... အမေ့မှာလည်း မျက်ရည်တွေနဲ့ ပါလား ၊ ဟုတ်မှာပါလေ သားကို စိတ်မထိခိုက်စေချင်လို့ ဖြစ်မှာပါ။ " သြော် လောက သင်္ခါရ ရဲ့ သဘော တရား အရ အဖေ မလွန်ဆန်နိုင်လို့ သားပြန်လာတဲ့ အထိတောင် မစောင့် နိုင်တော့ပါလား....
အဖေ ဆုံးပါးသွားတာ ၂ နှစ်တောင် ပြည့်သွားပြီ ...။ ဒီတစ်ခေါက်တော့ သားမှာ မျှော်လင့် စရာ အဖေ မရှိတော့ ဘူး...။

Sunday, September 12, 2010

လူပျိုကြီးများရဲ့ အားသာချက်..

အဟမ်း..
ပြောရမယ် ဆိုရင်ပေါ့လေ

၁။ ရည်းစား ဖောဖော သီသီထားနိုင်ခြင်း

၂။ ကိုယ်ရှာသမျှ ပိုက်ဆံသည် ကိုယ့်အတွက် သာဖြစ်ခြင်း

၃။ စားဝတ်နေရေး အတွက် အထူးပူပန်မှု မလိုခြင်း

၎။ သူငယ်ချင်းများနှင့် အချိန်မရွေး တွေ့ခွင့်ရခြင်း

၅။ ဘီယာ၊ အရက်တို့ကို စိတ်ကြိုက် သောက်သုံးခွင့် ရနိုင်ခြင်း

၆။ နားပူ သက်သာခြင်း

ရ။ တစ်ယောက်ထဲ အိပ်ခွင့်ရသဖြင့် အပူအအိုက် သက်သာခြင်း

၈။ မိန်းမ၏ ဟောက်သံ ပြင်းပြင်းနှင့် အတူ အိပ်ရခြင်းမှ ကင်းဝေးခြင်း

၉။ စိတ်ကောက် စိတ်ဆိုးမည့်သူ မရှိသဖြင့် စိတ်ရှုပ်သက်သာခြင်း

၁၀။ ( မောင် စောစောပြန်လာနော် ဘယ်မှလျှောက်မသွားနဲ့ )ဟု ပြောဆို ချုပ်ချယ်ခံရခြင်းမှ သက်သာခြင်း

၁၁။ မိန်းမ၏ သဝန်တိုမှုကြောင့် ရန်ဖြစ်ခြင်းမှ ကင်းဝေးခြင်း

၁၂။ မိဘ ကို စိတ်ကြိုက်ချစ်ခွင့် ရခြင်း

၁၃။ စိတ်ထဲရှိသလို နေထိုင် နိုင်ခြင်း

၁၄။ စိတ်တိုင်းကျ လေပုပ်ထုတ်နိုင်ခြင်း

၁၅။ မနက်မျက်နှာ လုသစ်စရာမလိုခြင်း

၁၆။ ရေလုချိုးစရာ မလိုခြင်း

၁၇။ အိမ်သာ ရေချိုးခန်းတို့ကို စိတ်တိုင်းကျ တစ်ယောက်ထဲ အသုံးပြုခွင့်ရခြင်း

၁၈။ သနပ်ခါး သွေးပေးစရာ၊ လိမ်းပေးစရာ မလိုခြင်း

၁၉။ ချီမ သယ်ပိုး စရာမလိုခြင်း

၂၀။ မိမိကို မနှစ်သက်တော့၍ ထားခဲ့မှာ မပူရ ခြင်းတို့ ဖြစ်ပါတယ်...


စဉ်းစားမိတာပေါ့နော... ဖြတ်ညှပ် ကပ်လည်းပါတယ်..........

Saturday, August 28, 2010

အာဒံ နဲ့ ဧဝ

ဟိုကမ္ဘာဦးအစက အောင်လံနဲ့ အင်းဝ ( အဲ မွှားလို့ ) အာဒံ နဲ့ ဧဝလေ သိတယ်ဟုတ်.......
သူတို့ နှစ်ယောက် ကို ဘုရားသခင် ဖန်ဆင်းပေးတယ်တဲ့..... ဟုတ်လားတော့ မသိဘူး... ဟုတ်တယ်လို့ ပြောကြတယ် ဘယ်သူမှတော့ တိတိကျကျ မသိဘူးပေါ့လေ သူတို့ နှစ်ယောက်က အဲ့လို ဖြစ်လာတဲ့ အချိန်က ကလေး ဘဝလား ဒါမှ မဟုတ် "ဗြုန်း" ဆို လူလတ်ပိုင်း အရွယ် ဖြစ်လာကြတာလား ဆိုတာကို လည်း ဘယ်သူမှ မသိကြပါဘူး...သူတို့ နှစ်ယောက် ဘာတွေ ပြောခဲ့တယ်ဆိုတာတော့ ပိုးဟပ်လေး သိတယ်... ကဲကဲ အားလုံးပဲ သိချင်ကြမှာပေါ့.....

သူတို့ ကို ဖန်းဆင်းလိုက်တုန်းကတော့ ယောက်ျားရယ် မိန်းမရယ်လို့လဲ မဟုတ်ဖူးတဲ့... ပြီးတော့ သူတို့ကို မြန်မာပြည်မှာ မွေးလိုက်တာလေ တစ်နေရာထဲမှာ ဖန်ဆင်းပေးလိုက်တာ မဟုတ်ဖူး ... အာဒံ လေးကို ဖန်ဆင်း လိုက်တဲ့ မြို့ကို အာဒံမြို့လို့ အစွဲ ပြုခေါ်နေရာကနေ အောင်လံ မြို့ဆိုတာ ဖြစ်လာတယ်... ဒီလိုပဲ ဧဝ ကို ဖန်ဆင်းလိုက်တဲ့ မြို့လေးကို ဧဝမြို့လို့ အစွဲပြုခေါ်ရာ ကနေ အင်းဝမြို့ ဆိုပြီး ဖြစ်လာတယ်လေ... ပြောရမယ်ဆိုရင် အညာသူ အညာသားတွေပေါ့... အာဒံ ရောက်ရှိရာ အရပ်မှာ ပန်းသီးပေါတယ်လေ॥ ဒါပေမဲ့ အဲ့ ပန်းသီးက စားလို့ မရတဲ့ အသီး ဖြစ်နေတယ် ... သူကလည်း ဗိုက်က တစ်အားဆာနေတာနဲ့ ဘာဖြစ်ဖြစ်စားမယ်ကွာ ဆိုပြီး စားလိုက်တာ သူက မစားတတ်တော့ အလုံးလိုက် မျိုချတာပေါ့...ကံဆိုးချင်တော့ လည်ချောင်းမှာ တစ်ဆို့ သွားခဲ့တယ်၊ ကံကောင်းချင်တော့ ပန်းသီးက သုံးဆိပ် ကွဲသွားခဲ့တယ် တစ်ဆိပ်က လည်ပင်းမှာ တစ်ဆို့ ကျန်နေခဲ့ပြီး ဘယ်လိုမှ ထုတ်လို့ မရတော့ဘူးတဲ့... ကျန်တဲ့ နှစ်ဆိပ်ကတော့ ဘယ်ရောက်သွားလဲဆိုတော့ သူလဲ မသိဘူး.... နောက်တော့ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်လာတယ်လေ...နောက်တော့ ကျန်တဲ့ ပန်းသီး နှစ်ခြမ်းပဲ ဆိုပြီး သတိပြုမိလာတယ်.... ပြီးတော့ ရှက်တတ်တဲ့ အရွယ်ရောက်တော့ သစ်ပင် အရွက်တွေကို အဝတ်အစား သဖွယ် ပြုလုပ်ပြီး ဝတ်ဆင်လိုက်တယ်...
နောက်တော့ ပန်းသီး အစိတ်အပိုင်းလေးတွေ က သေးငယ်တဲ့ အရွယ်ကို ရောက်ရှိသွားပြီး လမ်းလျှောက်ရတာ အဆင်ပြေလာတယ်.... ဒါကတော့ အာဒံရဲ့ ပြောပြချက်ကို ပုံဖော်ကြည့်တာပေါ့နော....

ကဲဧဝ အလှည့်ပေါ့နော်... ခက်တာက ကျွန်တော်က ယောင်္ကျားလေး ဖြစ်နေတော့ ဧဝက ဘာမှ ပြောမပြဘူးဗျ... ထားပါတော့လေ... ပရိတ်သတ်လည်း မသိချင်ပါနဲ့တော့ ကျွန်တော် လည်းဆက်မမေးထားလိုက်တော့ဘူးလေ..

သူတို့ နှစ်ယောက် အဖော်ကင်းမဲ့နေကြလေတော့ ရောက်တတ်ရာရာ လျှောက်သွားနေရင်းက တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာရာ မှာတွေ့ကြတယ်... အဲ့နေရာကိုတော့ ဆုံဆည်းရာလို့ပဲ တွင်သွားတယ်။ သူတို့ နှစ်ယောက်တွေ့တော့ ဘာဖြစ်ကြတယ် ထင်လည်း "ဟင်" တွေ "ဟာ" တွေ ဖြစ်ကုန်တာပေါ့။ "ငါ့လိုပဲဟ" (ဘာသာပြန်ကြည့်သည်
)။ မတ်တတ်ကြီး လမ်းလျှောက်နေတယ်။ သိတော့ သိနေတယ်လေ သူတို့ နှစ်ယောက် ဘာပြောရမှန်း မသိသေးဘူးပေါ့ ဟဲဟဲ ဘာသာ စကားမှ မရှိသေးတာ...။ ဒါနဲ့ သူတို့ ဘာဆက်ဖြစ်ကြလဲဆိုတော့ ...........

မနက် ၅ နာရီခွဲလို့ Alam ထမြည်လာလို့ လန့်နိုးလာခဲ့တယ်...။။

Friday, August 20, 2010

ဟန်ချက် မညီသော အိမ်ထောင်ရေးများ

အချစ်သည် မျက်စိမရှိဟု ဆိုကြသည်။သို့ သော်မျက်စိမရှိသည်နှင့်အတူ ဆင်ကန်းတောတိုးအလဲလဲ အမှားမှား ဒုက္ခရောက်တက်သည်ကို သတိထားရ၏။ အချစ်တွင် ဂုဏ်ပကာသနမရှိ အဆင့်အတန်းကွာ ခြားမှု့ မရှိ ဘုရင့်သမီးတော်လည်း ဒွန်းစဏ္ဏားကို ချစ်နိုင်သည်ဟု ဆိုကြသည်။မှန်သည် ထိုအချစ်ကို အကြောင်းပြု၍ ဘုရင့်သမီးသည် ဒွန်းစဏ္ဏား နှင့် အိမ်ထောင်ပြုလျှင် အချစ်ကိုရသကဲ့သို့  ဒွန်းစဏ္ဏား၏လူမှု့ ရေး ဒုက္ခများကိုလည်း ခံစားရမည်။ ရင်သွေး သားသမီး အကျိုးဆက်များ သက်ရောက်သောအခါ ကြေကွဲ ၀မ်းနည်းစရာများ ဆက်တိုက်ပေါက်ဖွားလာတက်၏။
ထိုအခါ အချစ်အတွက် ကျေနပ်ရမှု့ နဲ့ အတူ လူမှု့ ရေးအတွက် ကြေကွဲရမှု့ များကိုလည်း ပှုးတွဲခံစားရလိမ့်မည်။အချစ်သွေး ဆူပွက်နေစဉ်မှာ ဆင်ခြင်နိုင်စွမ်း မရှိသော်လည်း တစ်သက်တာရင်ဆိုင်ရသောအခါ နောင်တဖြစ်တက်သည်။ထိုအခါ မှုလက ကြီးမြတ်သည်ဟု ကထင်ကြီးထင်ခဲ့သော အချစ်ကိုပင် နာကျည်းစရာဟု စိတ်ပျက်စရာဟု ထင်မိတက်လာကြသည်။နှလုံးသားကို ဦစားပေးလွန်းသည်။အချစ်သက်သက် တစ်ဖက်သက်အမြင်သည် အိမ်ထောင်ရေးတွင် ဟန်ချက်မညီဖြစ်တက်သည်။
ထိုနည်းတူ အချစ်ကိုပြစ်ပယ်၍ စားဝတ်နေမှု ပြည်စုံရေးကိုသာ အဓိကထားသော အိမ်ထောင်တစ်ချို့ မှာလည်း ဟန်ချက်မညီဖြစ်တက်သည်။အချို့ သောမိဘများသည် သားသမီး၏ နလုံးသားရေးရာကို ပြစ်ပယ်၍ ဗီဒိုအာဏာ သုံးတက်ကြသည်။
“ချစ်တာတွေ မချစ်တာတွေ လုပ်မနေနဲ့ ၊လင်နဲ့ မယား ဆိုတာ ညားပြီးလို့ အတူနေရင် ချစ်သွားကြတာပဲ။ဟိုမှာက စိန်နဲ့ ၊ရွေနဲ့ ၊တိုက်နဲ့ ၊ကားနဲ့ ၊ငါတို့ ကတော့ ဇိကုပ်ပြီးနတ်ပြည်တင်ရမှာပဲ” ဟူသောစကား များဖြင့် အတင်းအကျပ်စီမံ တက်ကြသည်။
ဂုဏ်နှင့် ပကာသနနှင့် အဆင့်အတန်းမြင့်သော အိမ်ထောင်တစ်ခုတော့ ဖြစ်လာပါ၏။စားဝတ်နေရေးလည်း မပူမပင် မကြောင့်မကျ ပြည့်စုံပါ၏။ သို့ သော်ထို အိမ်ထောင်မျိုးတွင် စိန်၊ရွေ၊ငွေ လူမှု့ ရေးလိုအပ်ချက်များ အားလုံးပြည့်စုံပါသည်။မပြည့်စုံတာက မေတ္တာတရား ဖြစ်နေတက်သည်။သားသမီးများ တစ်ယောက်ပြီးတစ်ယောက် တိုးလာကြသော်လည်း အိမ်ထောင်ရေးသုခဆိုတာ ဘာမှန်းမသိဖြစ်နေတက်ကြပါသည်။ရွှေဘုံပေါ်မှာ စံစားနေရသော်လည်း တဲအိုပျက်လောက်မှတောင် ကြည်နှုးစရာမကောင်း ဟူသောအတွေးများဖြင့် တစ်ဆွေးဆွေးတစ်သသ ခံစားရတက်သည်။ မေတ္တာအခြေခံ မပါ၍ သူ့ ဖက်ကိုယ့် ဖက်မာနတွေပြိုင်ရင်း စိတ်ဆင်းရဲကြသည်။
ထိုသို့ သော အိမ်ထောင်ရေးတစ်ခုတွေ့ ကြုံဖူးပါ၏။
“ ဂုဏ်ခြင်း ထက်မြတ်သည်”
ဟုမိဘများက ဇွတ်အတင်းပေးစားထားခြင်းဖြစ်သည်။အိမ်ထောင်ရေး ဆယ်နှစ်ကျော်ကြာသည့်အထိ လင်မယား ထမင်းလက်ဆုံမစားဘူးပါ။ကလေးကတော့ နှစ်ယောက်ရခဲ့ပြီ။ စကားပြောလျှင် မေတ္တာမပါ။သူ့ ဖက်ကိုယ့်ဖက် မာနသံတွေ တက်နေကြသည်။ငွေကြေးဓနက်ု အခြေခံ၍ အိမ်ထောင်ပြုခဲ့သောကြောင့် စကားပြောတိုင်းငွေသံကြေးသံ တစ်ချွင်ချွင်မြည်နေသည်။
“ မင်း ဒါမျိုးသုံးဖူးရဲ့လား”
“ ရှင် တို့ အိမ်မှာ ဒါမျိုးမြင်ဖူးရဲ့လား ”
ဟူ၍ူ နှိမ်ပေါက်နှင့် ပြောဆို မေးမြန်းကြသည်။
တစ်နေ့ တွင် အိမ်ရှင်မက ပျော်ပျော်ပါးပါး အိမ်မှာ စားရန်အုန်းနို့ ကျောက်ကျောလုပ်သည် ကလေးများမှာစားရခါနီးဖြစ်၍ အုန်းနို့ ကျောက်ကျောကို လင်ဗန်းကို ကြည့်ပြီးပျော်နေသည်။ထိုအချိန်တွင် ဘေးနားကိုရပ်ပြီးလာကြည့် သောယောင်္ကျားကို အိမ်ရှင်မက..
“ ရှင် တို့ အိမ်မှာ ဒါမျိုးစားဖူးရဲ့လား ”
“ ငါတို့ အိမ်မှာ ဒါမျိုး ခွေးကျွေးတာကွ”
“ သြော် ဒါဖြင့် ရှင် ကြိုက်တဲ့ အစာကိုး ရော့ရော့ စားစား” ဟုလင်ဗန်းကို ယောက်ျားရှေ့ ချပေးလိုက်ရာ ယောက်ျားက
“ကဲကွာ” ဟုဆိုပြီး လင်ဗန်းကိုခြေထောက်ဖြင့် ကန်ပစ်လိုက်သည်။ကျောက်ကျောလင်ဗန်းမှောက် ၍ လင်မယားရန်ဖြစ်ကြသည်။ကလေးများလည်း စားရခါနီးမစားရ ၍ စိတ်မကောင်းဖြစ်ကြရသည်။
သူတို့  လင်မယားကြားမှ မေတ္တာတရားသည် အေးမြမှု့ ၊ကြည်နှုးသာယာမှု့ တို့ ကို မခံစားရ၍ ဒေါသမောနများဖြင့်သာ ပူလောင်ခဲ့ကြသည်။အကြောင်းပါ၍ အကြာပေါင်းခဲ့ရသော်လည်း ချစ်မေတ္တာ ဖြစ်မလာပဲ နစ်နာစရာတွေသာတိုး၍တိုး၍ လာခဲ့သည်။ကလေးများ၏ မျက်နှာကိုထောက်၍ မကွဲနိုင် မကွာနိုင် ကြသော်လည်း နှလုံသားခြင်းက ဂေး၍ ဂေး၍ လာခဲ့သည်။
နောက်ဆုံးတွင်လင်ဖြစ်သူက အပြင်မှာအပျော်ရှာ၍ အငယ်အနှေင်းထားသည်။လင်မယားနေ့ စဉ်ျတစ်ကျတ်ကျတ်ရန်ဖြစ်ကြသည်။မယာဖြစ်သူမှာ မျက်ရည်နှင့် မျက်ခွက်ဖြစ်ရသည်။ ဇိကုပ်နတ်ပြည်တင်သော မိဘဆွေမျိုးများကိုပါ ..
“ငါ့ကို ငရဲပြည်ပို့ ကြသည်” ဟုစိတ်နာလေသည်။
အိမ်ထောင်ရေးတွင် စားဝတ်နေေ၇း ပြည့်စုံရန်လိုအပ်သည်မှာမှန်ပါသည်။သို့ သော်မေတ္တာ ကိုအခြေခံမထားပဲ စားဝတ်နေရေးနှင့် ဂုဏ်ပကာသန သက်သက်ကိုသာ တစ်ဖက်သက်ကြည့်လျှင်လည်း ဟန်ချက်မညီဖြစ်တက်ပါသည်။
ထို့ကြောင့် ထို့ကြောင့် အိမ်ထောင်ရေး အဆင်ပြေ သာယာဝပြောမှု ရှိကြစေရန် ရည်ရွယ်၍......
မေးလ်ထဲ ရောက်လာတာလေးမို့ သဘောကျ ၍ မပြောမဆို ကူးယူ တင်ပြထားပါကြောင်း .... ဝန်ခံ အပ်ပါသည်။

Sunday, August 01, 2010

နဂါး ပုံပြင်




ကြွက်ကို နဂါးချီ
သူလည်းမစား
သယ်ချီကာသွား
ကျားရှေ့အရောက်
သယ်ဆောင်ကာသွား
ပြီးသော် ပစ်ချ ကြွက်ဘဝ
ခုတော့ ကျားစာ ဖြစ်လေပြီ
နဂါးနဲ့ ဆင်
လယ်ပြင်မှာတွေ့
ဆင်ကို ချီသော်
ခွန်အားမမျှ နဂါးဘဝ
ဆင်၏ခြေရင်း ပြားပြားဝပ်၍
မှောက်ရလေပြီ
သြော်.... သနားစရာ
နဂါးသတ္တဝါ ပါတကား



Saturday, July 24, 2010

မေမေ့မေတ္တာ မမေ့သာ

သားသားလေးကို ဖုန်းဆက်ကာ
သီတင်းမေးလေရှာ
နေထိုင် ကျန်းမာ သာပါစ
မေမေ စိတ်မချ
သားသားစားဖို့ ကြော်ကာလှော်
ငါးခြောက်ငါးခြမ်း နော်
လူကြုံကရှိ ဝမ်းသာဘိ
မေမေ့မှာ ပီတိ
စားပါ စားပါ ငါ့သားရယ်
မေမေ ပီတိသွယ်
မိဝေးဖဝေး ငါ့သားလေး
မေမေ့မှာ ရင်လေး
နောင်များလိုရင် မှာပါအင်
မပင်မပန်းပင်
ကြော်ကာလှော်ကာ ချက်မယ်ပ
ငါ့သား အတွက်ဟ
သားသားလေးမှာ စိတ်ချမ်းသာ
ပီတိဖြစ်လို့သာ
ပြန်လည်ကာလေ သားဆုတောင်း
မေမေ မာစေကြောင်း


Friday, July 16, 2010

အတွေး

ငါသည် တစ်နေ့ အိုရမည်
ငါသည် တစ်နေ့ နာရမည်
ငါသည် တစ်နေ့ သေရမည်
ဒီသင်္ခါရ သဘောတရားတွေကို
သိနေပေမဲ့ ဘာကြောင့်များ
ငါမေ့လျော့နေရတာပါလဲ
နောက်ပြီးတော့ လိုချင်တက်မက်မှု ၊ သာယာပျော်ရွှင်မှုတွေမှာ ငါဘာလို့ စီးမျောနေရတာလဲ၊ စိတ်ညစ်မှုတွေကျတော့ရော ငါဘာလို့ ဒဏ်မခံနိုင်ရတာလဲ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်နေရခြင်း၊ ကြေကွဲရခြင်း၊ ကြည်နူးရခြင်းတွေ ငါ့မှာ ဘာကြောင့် အလိုလို ရှိနေရတာလဲ.... သြော်... သြော် ငါလည်း စိတ်ခံစားမှု အာရုံတွေနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ပေပဲ ဒီလောက်တော့ ရှိမှာပေါ့... အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဘယ်အရာမှ မတည်မြဲ ပါလား....


Tuesday, July 06, 2010

ကလေးဘဝ (၂)


ကျွန်တော် ကော်ဖီကို တော်တော် ကြိုက်ပါတယ်... ငယ်ငယ်တုန်းထဲကပေါ့။ အမေ နောက်ဖေးမီးဖို ချောင်ထဲမှာ ကလောက်ကလောက် နဲ့ ဇွန်းကို ပန်းကန်လုံးထဲထည့်မွှေတဲ့ အသံ ကြားတိုင်း ကော်ဖီ ဖျော်တယ်လို့ သတ်မှတ်မိတယ်... ကလေးဆိုတော့ လည်း ကော်ဖီပဲ ထင်တာပေါ့.... တကယ်တော့ အမေ ဇွန်းနဲ့ မွှေပြီး ခေါက်တာဟာ ကြက်ဥတွေလေ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်॥ ငတ်တာလေ॥ ဟီဟိ။ တစ်ခါတစ်လေကြရင် တော့ မှန်တယ်။ ကော်ဖီကြိုက်တာကတော့ တစ်အိမ်လုံးပါပဲ...

ကျွန်တော် ကော်ဖီ စသောက်တတ်တုန်းက ကလေးဘဝပဲ ရှိသေးတယ်... မှတ်မိတယ် ကျွန်တော် မူကြိုတောင် မတက်သေးဘူး ထင်တယ်။ သီတင်းကျွတ်တော့ မီးပန်းလေးတွေ ဆော့တာ လူတိုင်းသိမှာပေါ့။ ကျွန်တော်တို့ အိမ်ရှေ့မှာ ကွပ်ပြစ်လေး တစ်ခုရှိတယ်... ကုတင်လေးပေါ့။ ကျွန်တော့် ညီက ရင်ခွင်ပိုက်ပဲ ရှိအုံးမယ်..... ကျွန်တော့် အစ်ကို နဲ့ အစ်မရယ် ကျွန်တော်ရယ် သုံးယောက် မာကျူရီ မီးပန်းကို ဆော့တာ ကျွန်တော်အစ်ကိုနဲ့ အစ်မက တမံသလင်းပေါ်ကို တံတွေး များများထွေး ပြီးတော့ မာကျူရီကို မီးရှို့တယ် တော်တော်လေး ရဲလာလို့ မီးစွဲ သွားပြီးရင် စောစောက တံတွေးတွေပေါ်တင် ပြီးတော့ ဂျပန် ဖိနပ်နဲ့ ရိုက်ရင် ဖုန်းဆို အသံ အကျယ် ကြီးထွက်တယ်လေ.... အဲဒါကို သူတို့ နှစ်ယောက်က သဘောကျပြီးဆော့တယ်॥ ကျွန်တော်က ငယ်တော့ ကြောက်တယ်လေ... အဖေကလည်း ကျွန်တော့်ကို အောက်မဆင်းခိုင်းဘူး မီးပွား စင်မှာ ဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က အဲဒီ ကွပ်ပြစ်လေးပေါ်မှာပဲ ဖယောင်းတိုင်လေး တင်ပြီး အဲ့ဒီ မှာ တင်မီး ရှို့ပြီး ဒီအတိုင်း ကိုင်ပြီး ဆော့တယ်.... ဖြစ်ချင်တော့ ကိုယ်ကိုင်ထားတဲ့ မာကျူရီက ကိုယ့် ခြေထောက်ပေါ် ပြုတ်ကျသွားတယ်... အား... ပူလိုက်တာ။ ငိုတာပေါ့ ... အဟီး။ အဲ့ဒီလိုလည်း ဖြစ်ရော အမေရယ် အဖေ ရယ် ဖွားဖွားရယ် ပြာသွားတာပေါ့.... ပြီးတော့ အိမ် ထဲကို ချီခေါ်သွားပြီ သွားတိုက်ဆေး နဲ့ အုံပေးတယ်... ပြီးတော့ ဆေးခန်းကိုပြ ပြန်လာတော့ ဆေးတိုက်ချင်တာလေ... ကလေးဆိုတော့ ဆေးက အခဲလိုက်တိုက်လို့ မရတော့ အမှုန့်ချေ တိုက်ရတာကို ခါးမှာ စိုးတော့ ကော်ဖီနဲ့ တိုက်ဖို့ စီစဉ်ရတာပေါ့.... သား ဒါကို အရင်သောက်ကြည့်တဲ့ အဲဒါ ကော်ဖီတဲ့ ကျွန်တော်က ခွက်ထဲ ကြည့်ပြီ မလိုင်ဖတ်တွေ တွေ့ပြီးတော့ မသောက်ချင်ဘူးပေါ့ ငြင်းတာလေ... မသောက်ဖူး မသောက်ဖူးနဲ့ ငြင်းတော့ ချုပ်တိုက်တယ်လေ.... အံမလေး ချိုလိုက်တာ အဟိ.... အရသာ သိသွားတော့ မှ ပဲ သောက်ဖြစ်တော့တယ်... ဒါနဲ့ ဆေးကို အရည်ဖျော်ထားတာကို ဇွန်းထဲ ထည့်ပြီး တိုက်တယ်... ခါးတာပေါ့ အမေတို့က လည်း သိတယ်လေ... ဒီတော့ ရှေ့ဆင့်နောက်ဆင့် ကော်ဖီ ကို တိုက်မှပဲ အဆင်ပြေ သွားတော့တယ်.... အဲဒီနောက်ပိုင်းတော့ ကော်ဖီဆိုတာကို စပြီး ကြိုက်တော့တာပဲ..


Monday, July 05, 2010

မိုးရာသီ တစ်လွဲ


မှတ်မိနေပါသေးတယ်...
သူ့နာမည်ကလည်း မိုးတဲ့ အပြည့်အစုံကတော့ မိုးပွင့်ဖြူ ပေါ့လေ။ အင်း အဲ ဘယ်ကနေစပြောရမလဲ မသိဘူးပေါ့လေ။ သူနဲ့ ပတ်သက်ခဲ့ တဲ့ အမှတ်တရ ဇာတ်လမ်းလေးက လည်း မရှိသလောက်ပါပဲ။ သို့ပေမဲ့ မနှင်းဆီဖြူ တဂ် လာတာကြောင့် မရှိမဲ့ ရှိမဲ့ အမှတ်တရလေး တစ်ခုကို ရေးဖို့ အခွင့်ကြုံလာပါတော့တယ်...




ကျွန်တော်က လူတစ်မျိုးဗျ ထီးကိုင်ရမှာ ထီးဆောင်းရမှာ ပျင်းတဲ့ အပြင် မိုးကာ ဆောင်ထားရမှာလည်း တယ်ပျင်းသကိုး... ငယ်ငယ်က ကျောင်းသွားတော့မယ်ဆိုရင် မိုးရွာမနေလို့ကတော့ အိမ်ကနေ ထီးဘယ်တော့ မှ မယူဘူး။ ကားမှတ်တိုင်က လည်း ကျောင်းရှေ့လေးတင်ဆိုတော့ ကျောင်းအပြန် မိုးရွာမှ ကားစီးပြန်တာ။ မိုးမရွာ ရင် ထုံးစံ အတိုင်း ခြေလျင်လေ။ တနေ့တော့ ကျွန်တော် ကျောင်းကို အသွား မိုးက မည်း၍ ဖွဲဖွဲလေး ရွာနေသည်။ သို့နှင့် ကျွန်တော် အိမ်က ထွက်တော့ မိုးကာလေး ဝတ်ကာ ကျောင်းကို သွားပါတယ်၊ ကျွန်တော်တို့လို အထက်တန်း ကျောင်းသူပင် ဖြစ်မည်ထင်သည်၊ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ ယခုနှစ်မှ ကျောင်းသို့ ပြောင်းလာ၍လည်း ဖြစ်နိုင်သည်။ ချောတာတော့ ကောင်မလေးက တော်တော်ချောတယ်ဗျ...။ သူလုပ်ပုံကို ကြည့် အုံးလေ ကို့ယို့ ကားယား တယ်လည်းနိုင်တယ်။ လက်တစ်ဖက်က ထီးကြီးကိုင်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ စက်ဘီးစီးလာတယ်။ အဲ့လို စီးတာ တော်တော် အန္တရယ်များတယ်လို့ ထင်တယ်။ ကျွန်တော့်တော့ တစ်ခါမှ မစီးဖူးဘူး။ ကျောင်းနား ရောက်တော့မယ် ကားလမ်းမ ဆိုပေမဲ့ ကိုယ်ပိုင် နိုင်လွန် ကတ္တရာ လမ်း ကျဉ်းကျဉ်းလေး ပေါ်မှာပါပဲ။ ဖြစ်ချင်တော့ ဘယ်ကနေ ဘယ်လိုဖြစ်မှန်း မသိပါဘူးဗျာ ကျွန်တော့်ကို နောက်ကနေ ဝင်တိုက်တယ်။ ပြီးတော့ စက်ဘီးရော လူရော ကျွန်တော်ပေါ် ပြိုကျ လာတယ်လေ..။ ပထမတော့ ကျွန်တော် ကိုယ်တိုင်လည်း ထူပူပြီးတော့ ပြန်ပြောမလို့ ကြည့်လိုက်တော့ ကောင်မလေး ဖြစ်နေတယ်။ ကောင်မလေးက ဒီလိုဖြစ်သွားတော့ ကြောင်အအလေးနဲ့ ကျွန်တော်က တော့ ခြေမ ကွဲသွားတယ်။ ကောင်မလေးကတော့ လက်ဖျံ ကွဲသွားတယ် (သြော် ပြောရ အုံးမယ် ကျွန်တော်က Delcogen နဲ့ Hansaplast ကို ဆောင်ထားတတ်တော့ ကောင်မလေးကို Hansaplast တစ်ခုပေး ပြီး ကိုယ့်ခြေမ ကိုယ် တစ်ခု ကပ်ရသေးတယ်။ တော်သေးတာပေါ့ ဖြစ်တဲ့ အချိန် ဘယ်သူမှ ရောက်မလာသေးလို့ ( သူများတွေ တွေ့ရင် ရှက်စရာ.. :D )။ ပြီးတော့ ကောင်မလေးက သူ့စက်ဘီးလေးကို ပြန်ထောင်ရင်း တောင်းပန်စကား ပြောတယ် ကျွန်တော်က "ရပါတယ်၊ နောက်ကို စက်ဘီးစီးရင် သတိထားစီးပေါ့ " ဆိုပြီး ကျောင်းကို သွားဖို့ လုပ်ရတာပေါ့ ။ ကောင်မလေးလည်း စက်ဘီး မစီးရဲတော့ဘူးထင်တယ် တွန်းရင်းနဲ့ အတူတူ သွားဖြစ်တယ်၊ ကျောင်းကိုလည်း ရောက်ခါနီးလို့ နေမှာပေါ့။ လမ်းသွားရင်းနဲ့ စပ်စုလိုက်သေးတယ် နင်က ဒီကျောင်းကလားလို့ မေးတော့ " ဟုတ်တယ် ၉ တန်း A ခန်းက" တဲ့ ။ ဒီလောက်ပါပဲ နှစ်ယောက်လုံး တိတ်ဆိတ်စွာနဲ့ ကျောင်းကို ရောက်ခဲ့တယ်လေ။ စက်ဘီးထားဖို့ နေရာရောက်တော့ သူ့နဲ့ ကျွန်တော် ကိုယ့်ဦးတည်ရာနဲ့ကိုယ် လမ်းခွဲတယ်။





နောက်တော့ ကောင်မလေး ဘယ်သူဆိုတာကို သိလာရတယ်။ ကောင်မလေး နာမည်က မိုးပွင့်ဖြူ ဆိုတာကိုပေါ့ နေတာကတော့ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကျောင်းရှိတဲ့ ရပ်ကွက်နဲ့ ကြားထဲက ရပ်ကွက်မှာ နေတယ်။ နောက်တော့ လမ်းမှာ တွေ့ရင် ရှက်ကိုးရှက်ကန်း မျက်နှာလေးနဲ့ ပြုံးစိစိလေး နှုတ်ဆက်ဖြစ်တာလောက်ပါပဲ....

ကျွန်တော်တို့ ကျောင်းက ၁၀ တန်းကျောင်းသားတွေက သီတင်းကျွတ်ပြီးတာနဲ့ ကျောင်းတွေ မတက်ကြတော့ဘူး၊ ဆရာတွေလည်း စာသင်ဖို့ မလာကြတော့ဘူး ဆိုတော့ အားလုံး ကျူရှင်နဲ့ အိမ်လောက်ပဲ ရှိကြတော့တာလေ။ ကောင်မလေးနဲ့ မတွေ့ဖြစ်တော့ဘူး ဆိုပါတော့....




အခု ဒီပိုစ့် လေးကို သူဖတ်မိတယ် ဆိုရင် မှတ်မိကောင်း မှတ်မိနေပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကျော်ကျော်က ဆိုတော့ မှတ်မိလောက်မှာပါ။
သေချာတာကတော့ ကျွန်တော် ဘယ်သူဆိုတာ သူသိချင်မှ သိမှာပါ။

Monday, June 14, 2010

စိတ်အာရုံ

တကယ့် အဖြစ်အပျက်လေးပါ
ကျွန်တော်တို့ ကုမ္ပဏီက ဘင်္ဂလားလေး တစ်ယောက်အကြောင်းပါ၊


ဒီစာကို ရေးသင့် မရေးသင့် ကျွန်တော် စဉ်းစားနေလို့ အခုမှ ရေးဖြစ်သွားတာပါ....

လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်တို့ ဆီမှာ အလုပ်လုပ်နေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ သူ့နာမည်ကို payesh လို့ခေါ်တယ်၊ သူက အသက်က ၂၁ ပဲ ရှိပါသေးတယ်။ ရိုးရိုး WP အလုပ်သမားဆိုတော့ အလုပ်လုပ်လို့ ရတဲ့ လခက အင်မတန် နည်းပါတယ်၊ တစ်လလုံး လုပ်မှ စင်္ကာပူ $650 လောက်ရတယ်ဆိုရုံပဲ၊ ဒီကြားထဲ Stress က များသေးတယ်လေ၊ ဒါကို စင်္ကပူရောက် နေတဲ့ သူတိုင်း သိကြပါတယ်....။ ကောင်လေးက ငွေနောက်လိုက်ရင်း ဦးနှောက်ချောင် သလိုဖြစ်သွားတာပါ။ မိဘတွေကြောင့် လို့ပဲ ပြောရမှာပေါ့လေ။


Payesh ဆီမှာ မွေးချင်း ၄ ယောက်ရှိတယ် ( ကျွန်တော် သိသလောက်ပါ )။ သူ့ အထက်က အစ်ကို နှစ်ယောက်က အိမ်ထောင်တွေ ကျပြီ သူ့အိုး သူ့အိမ်နဲ့ နေကြတယ်လေ...။ နှစ်ယောက်လုံးက လည်း အဆင်ပြေပုံ မရကြပါဘူး။ သူ့ အောက်မှာ ညီမလေး တစ်ယောက်တော့ ရှိတယ်။ ဘယ်အရွယ်လည်းတော့ မသိဘူး...။ ကျောင်းတက်နေတယ်လို့ သိရတယ်....။ သူ့ကိုတော့ သူတို့အိမ်ရဲ့ စီးပွားရေး အခြအနေအရ စင်္ကာပူမှာ အလုပ်လုပ်ဖို့ လွှတ်ထားတာပါ။ ဒီကောင်လေးရောက်လာတာ ၂ နှစ်တောင် မပြည့်သေးပါဘူး....။ သြော် ပြောရအုံးမယ် သူတို့ ဘင်္ဂလားပြည်ကနေ စင်္ကာပူ ကို အလုပ် လာလုပ်တာ Agent ကိုပေးရတာ စလုံး $8000 ဆိုပဲ...။ သူဌေးက အေးဂျင့် ကို ပိုက်ဆံ အရင် စိုက်ပေးထားပြီး အလုပ်သမား ဆီကနေ တစ်လ $400 ပြန်ဖြတ်ပါတယ်...။ တွက်ကြည့်လေ အေးဂျင့်ခ ကြေဖို့ ဘယ်လောက်အထိ အလုပ်လုပ် ရသလဲလို့...
ထားပါတော့ အကြွေးဆိုတာကတော့ ရှိနေရင် ဆပ်နေရမှာပဲလေ... ရှောင်လွှဲလို့ ရတဲ့ အရာမှ မဟုတ်တာ ။ အခုက ဘာဖြစ်လဲ ဆိုတော့ သူ့ မိဘတွေ ဆီမှာ ဘာပြဿနာ တတ်လည်းတော့ မသိဘူး ။ ကောင်လေးဆီင်္ကို ပိုက်ဆံ စင်္ကာပူ $5000 လောက် လှမ်းတောင်းတယ်လေ..။ ကောင်လေးက ပြောတာပေါ့ ဒီမှာ အကြွေးတောင် မကြေသေးတော့ မပေးနိုင်သေးတဲ့ အကြောင်းကို ပြောတယ်။ ဟိုက ဘာပြန်ပြောလည်း ဆိုတော့ "မင်း နိုင်ငံခြား ရောက်နေတာ ၂ နှစ်တောင် ပြည့်တော့မယ်၊ ဒါလေးတောင် မရှာနိုင်ဘူးလား ဘာလား ညာလား နဲ့ ပြောပြီး ဆဲဆိုတယ်လေ..။ ပြီတော့ ဒီမှ အရမ်းအခက် အခဲဖြစ်နေတယ် မင်းပိုက်ဆံ မပို့နိုင်ရင် ပြန်မလာနဲ့" လို့ ပြောတယ်လေ။ ဖုန်းဆက်ရတာလဲ လွယ်တော့ ခဏ ခဏ ဖုန်းဆက်ပြီး ပိုက်ဆံတောင်းတယ်လေ။ ကြာတော့ ကောင်လေးလည်း မခံနိုင်တော့ဘူးထင်တယ် အလုပ်ထဲ ရောက်တော့ မနက်ပိုင်း အကောင်း မနက် ၉ နာရီင်္လောက်ကျတော့ သူ အလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပတ်ပြေးနေတယ် ပြီးတော့ ပါးစပ်က လည်း ဘင်္ဂလားလို တတွတ်တွတ် ရွတ်နေတယ်၊ အဲ့ ဒါနဲ့ သူ့ Supervisor မှာ meeting တောင် ကောင်းကောင်းမတတ်နိုင်ဘူး သူ့ကို ချူပ်ထားရတယ်။ ပြီးတော့ သူ့ကို လည်း အလုပ်မလုပ်စေပဲ တစ်နေရာမှာ ထိုင်ခိုင်းထားပြီး သူတို့ ဘင်္ဂလား အချင်းချင်း ထိန်းသိမ်း ထားတော့ ငြိမ်သွားသေးတယ် ထမင်း စားချိန်ရောက်တော့ တစ်ခါ ထပ်ဖြစ်တယ်၊ " ငါ အိုက်တယ်၊ ရေချိုးချင်တယ် အောက်မှာ ရေတွေ အများကြီးပဲတဲ့ ပြီးတော့ သင်္ဘောထောက်တိုင်းပေါ်တက်သွားလို့ မနည်း လိုက်ဆွဲရတယ်ဆိုပဲ၊ အဲဒီတော့ မထူးတော့ဘူး ဆိုပြီး သူ့ကို ထမင်းကျွေးပြီး နေ့တစ်ပိုင်းနဲ့ ရုံးကို ပို့လိုက်ရတယ်လေ။ မပို့ရင် ပြဿနာ တတ်နိုင်တယ်လေ..
နောက်တော့ သူ့ကို စိတ်ရောဂါကု ဆေးရုံမှာ တစ်ပတ်လောက်ထားလိုက်ရတယ်..။ စစချင်းတော့ သူ့ကို ဘာမှ မေးလို့ မရဘူး..။ သူပြောသမျှထဲမှာ ပိုက်ဆံစကားချည်းပဲ။ တစ်ခုခု မေးလိုက်ရင် အဲ့ ဒီမေးခွန်း အတွက် ပိုက်ဆံတောင်းတယ်လေ။ သူ့ အနားကို သူ့ supervisor ကလွှဲရင် ဘယ်သူ့မှ ကပ်လို့မရဘူး.. တစ်ခြားသူတွေဆို မောင်းထုတ်တယ်လေ ။ ပြီးတော့ ပါစပ်ကနေပြီး " you no good, my supervisor only very good, you no come ဆိုပြီ လာသမျှလူကို မောင်းထုတ်တယ်။ ဆေးရုံမှာ လည်း လျှောက်အော်နေလို့ မနည်းပြောယူရတယ်တဲ့ ။ တစ်ပတ်လောက် သူ့ကို စိတ်ကျန်းမာရေး ပြန်ကောင်းလာအောင် လိုအပ်တာလေးတွေလုပ်ပေးပြီးတော့ ကုသပေးလိုက်ရတယ်..။
အဲ့ဒီလို ဖြစ်တော့ သူဌေးက ဘယ်လက်ခံ ရဲတော့မလဲ... ။ သူ့မိဘတွေဆီ အကျိုးသင့် အကြောင့်သင့် ပြောပြပြီး ပြန်ပို့တာပေါ့ ။ သူ နဲ့ အတူ သူ့သူငယ်ချင်းပါ ထည့်ပေးလိုက်ရတာပေါ့ ။ ဒါမှ ဟိုရောက်ရင် ထပ်ပြီးတော့ သူ့မိဘတွေ သဘောပေါက်အောင် သေသေချာချာ ထပ်ပြောပြလို့ ရမှာကိုး...။
သူ့ မိဘတွေ သဘောပေါက် သွားတယ်ထင်တယ် ခုတော့ ကောင်လေးက အေးအေး ချမ်းချမ်း ရှိတယ်လို့တော့ သိရတယ်။
ဆိုလိုချင်တာကတော့ ဘယ်နိုင်ငံ မှာပဲ အလုပ်လုပ် ပင်ပန်းတာက တစ်မျိုး ၊ Stress တွေရှိနေတာက တစ်မျိုး၊ ဒီကြားထဲ ဒီလို ပြဿနာ မျိုးတွေ ဖြစ်လာတော့ မလိုလား အပ်တာတွေဖြစ်လာတယ်လေ...။ လူတစ်ယောက်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မတူညီ သလို စိတ်ဓာတ် ဖွဲ့ စည်းပုံလည်း မတူညီ ကြပါဘူး ။ စိတ်ပျော့တဲ့ လူတွေကျတော့ ဒီလို ဒဏ်မျိုးမခံစားနိုင်ဘုးလေ...။ ဒီ အဖြစ်လေးကို သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရေး သားထားခြင်း ဖြစ်ပါတယ်၊ ကျွန်တော် စာအရေးအသား ညက်ညော မှုမရှိတဲ့ အတွက် အစဉ် ပြေအောင် မရေး သားတတ်ပါဘူး ။ မှားတာ ရှိရင် ဝန္ဒာမိ.....


Friday, June 11, 2010

လမ်းလျှောက်ခြင်း

လမ်း အမြန်လျှောက်ရခြင်းကို ကျွန်တော် အင်မတန် မုန်းတီးပါတယ်၊ မြန်မာပြည်မှာ နေတုန်းကတော့ တစ်ခါမှ လမ်း အမြန် မလျှောက်ပါဘူး... ကျွန်တော့်ကို အပြင်သွားဖို့ ချိန်းထားတာရှိလို့ စောင့်နေရတာ ဘာညာရှိလည်း ကျွန်တော်မသိဘူး စောင့်နေပဲ။ ရေးမိုးချိုး၊ အဝတ် အစားလည်း တာကို ကျွန်တော် အမြန်လုပ်နိုင်ပေမဲ့ လမ်းလျှောက်တာကိုတော့ ကျွန်တော် မပြင်ပါဘူး... ကျောင်းတက်တုန်းကလည်း ကျောင်းကနေပြန်တော့ သူများတွေသာ ကျော်ကျော် တက်သွားတယ် ကျွန်တော် နောက်ဆုံးပဲ ကျန်ကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက လည်း စိတ်မရှည်ကြဘူး... နောက်ပိုင်း ကျွန်တော်တစ်ယောက်လထည်း သီသန့်လိုလို ဖြစ်လာတယ်... ဒါလည်း ကျွန်တော်မပြင်ဘူး ။ လိုင်းကား စီးဖို့ ကားလာတာတောင် ကျွန်တော် ပြေးမသွားဘူး... နေပလေ့စေ ဒီကားမမှီရင် နောက်ကားပေါ့ အဲ့လိုမျိုးနေတတ်ခဲ့တာ...
လမ်းလျှောက်ရင် စိမ်ပြေနပြေ လျှောက်ရတာ ဘယ်လို ဝါသနာ ပါမှန်း မသိဘူး၊ ပြီးတော့ လမ်းလျှောက်ရတာလဲ ဝါသနာပါတယ်။ ၅ တန်းကျောင်းသား ဘဝက မှတ်မိနေသေးတယ်...ကျောင်းကနေပြီးတော့ အိမ်ကို ကားမစီးဘူး ကျောင်းက တောင်ဥက္ကလာမှာ နေတာက မြောက်ဒဂုံ ကားမှတ်တိုင် ၈ မှတ်တိုင်စာ လောက်ရှိမယ်.. လိုင်းကားမစီးဘူး လမ်းလျှောက်ပြန်တာ တစ်ခါ . အိမ်ကို ရောက်ချင်တဲ့ အချိန်ရောက်ဆိုပြီးလျှောက်တာ.. တစ်ခါပါပဲ သူငယ်ချင်းနဲ့ အဖော်ညှိပြီး ပြန်တာ.. သူက ၄ မှတ်တိုင်လောက် လျှောက်ရင် ရောက်ပြီ.. ကျွန်တော်ကတော့ ဆက်လျှောက်လာခဲ့တာပဲ.. ၆ တန်းနှစ်ရောက်တော့ ကျွန်တော်တို့ မြောက်ဒဂုံ ကျောင်းလေးကို ပြောင်းသွားတော့ နေ့တိုင်းလမ်းလျှောက်ပြီး ကျောင်းသွားတယ်၊ ကျောင်းကပြန်တယ် ၊ ကားမှတ်တိုင် ၃ မှတ်တိုင် စာပဲရှိတာကိုး နာရီ ဝက်လောက်လျှောက်ရင် ရပြီလေ..။ အိမ်က စက်ဘီး ဝယ်ပေးတယ်..မစီးဘူး ခြေလျှင်ပဲ။ ကားစီးရတာထက်စာရင် လမ်းလျှောက်ရတာ ပိုကောင်းတယ်လို့ မြင်မိတယ်..။ မြန်မာပြည်က လိုင်းကား တွေက သိတဲ့ အတိုင်း ငါးပိသိပ် ငါးချဉ်သိပ် ကျပ်နေတာဆိုတော့ မစီးဖြစ်ဘူး.
စင်္ကာပူရောက်တော့ ကျွတ်ရောပဲ ကိုယ်မှ အမြန် မလျှောက်ရင် အလုပ်ထဲကိုရောက်ဖို့ တန်းစီရတာလည်း မလွယ်လှဘူး ။ အလုပ်သမားတွေ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ကျွန်တော်တို့ အလုပ် ဆိုဒ်ထဲကို ဝင်ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ တန်းစီရတာ ၅ မိနစ်လောက်ဟ သွားပြီ တစ်ခါတစ်လေ ကျရင် ၁၅ မိနစ် လောက် တန်းစီရတဲ့ အထဲမှာတင် အချိန်ကုန်သွားတတ်တာ ဆိုတော့ မလျှောက်လို့ က မရဘူးလေ ( အခုတော့ အလုပ်လည်း ပါးသွားပြီဆိုတော့ ပြန်ကုန်တဲ့ အလုပ်သမားတွေ မနည်းဘူးဆိုတော့ တော်တော်လေး ချောင်သွားပြီ ) အရင်လို တန်းမစီရတော့ဘူး ရောက်တာနဲ့ ဆိုဒ်ထဲ တန်းဝင်လို့ရပြီ ဆိုတော့ အရင် စနစ်ကို ပဲ ပြန်လည် ကျင့်သုံးပါတယ်... အခု ချိန်ထိပဲပေါ့လေ....

Wednesday, June 09, 2010

ဘဝ တစ်စိတ်တစ်ပိုင်း

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်တဲ့ ကာလသား တွေက ကျွန်တော့်ကို ပြောကြလေရဲ့။ ဟုတ်မှာပေါ့လေ ကျွန်တော်ကလည်း ကျွန်တော်ပဲ မြန်မာပြည်က မထွက်ခင် ကတည်းက မိန်းကလေးတွေ တန်းလန်းဆွဲ ( အဲ ) တန်းတန်းစွဲ ဖြစ်ခဲ့ ရသူ ပေပဲကိုး။ ပြန်ပြောရရင်တော့ ရှက်စရာကြီး :D ။ ရှေ့မျက်နှာ နောက်ထားပြီးပဲ ပြောတော့မယ်........
ကျွန်တော်တို့ အိမ်နောက်ဖေး ကျောချင်းကပ် အိမ်မှာ ငယ်ငယ်ထဲက ကစားဖော် ကစားဖက် မောင်နှမ သုံးယောက်ရှိတယ် ကိုလေးရယ်၊ သန္တာ နဲ့ ငယ်ငယ်ဆိုတဲ့ သူငယ်ချင်းတွေပေါ့။ ငယ်ငယ်ကခင်လာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘာမှ အထွေအထူးတော့ မရှိပါဘူး၊ နည်းနည်းလေး အရွယ်ရလာတော့အငယ် မလေးက သိပ်မရိုးချင်တော့ဘူးလေ။ သူဘယ်သွားသွားကျွန်တော့်ကိုပဲ အဖော်ခေါ်တယ် အခွင့်အရေးတော်တော်လေးလဲ ပေးတယ် ကျွန်တော်ကလည်း အဲ့လိုမျိုးကြီး ဖြစ်လာတော့ သူငယ်ချင်း သံယောဇဉ်ပဲ ရှိတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း မကြိုက်တာရယ်ကြောင့် သူတို့ အိမ်ဘက် သိပ်မရောက်ဖြစ်တော့ပါဘူး..။ နောက်ပိုင်းတော့ သူတို့ မိသားစု အိမ်ပြောင်းတော့ သွားတွေ့ဖြစ်လိုက်ပါတယ် ကောင်မလေးကတော့ မျက်ရည်တွေဝဲလို့ ပြောရှာပါတယ်၊ ငါ တော့ ဒီတစ်သက် နင့်ကို မေ့မှာ မဟုတ်တော့ဘူးတဲ့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်၊ ( အခုတော့ အိမ်ထောင်ကျသွားတယ်လို့ သိလိုက်ရတယ် )
ကျွန်တော်မြန်မာပြည်က ထွက်လာဖို့ ၅လလောက် အလိုမှာ ကျွန်တော်တို့ ခြေရင်း ၃ အိမ်ကျော်ကို မိသားစု တစ်စု ပြောင်းလာတယ်၊ ချစ်စု ဆိုတဲ့ ကောင်မလေး တစ်ယောက်လည်းပါလာတယ်။ ဒီကောင်မလေးက ကျွန်တော်တို့ ရပ်ကွက်ထဲ ကို ပြောင်းလာတာ မကြာသေးပေမဲ့ ရပ်ကွက်ထဲက လူပျို ကာလသား တွေက သိနေ ကြပြီလေ၊ သိဆို ကောင်မလေးက မှုံနေတာမှ ညှက်နေတာပဲ၊ ကျွန်တော်လည်း သတိတော့ ထားမိပေမဲ့ အမှတ်တမဲ့ ပါပဲ..။ သတိထားမိတယ် ဆိုတာကလည်း ဒီလို ကျွန်တော်တို့ ခြေရင်း သုံးအိမ်ကျော်ကို ပြောင်းလာတာဆိုတော့ မသိပဲနေမလား။ မနက်ဆိုရင် ကျွန်တော်က ၈ နာရီ ခွဲ လောက်ဆိုရင် အိပ်ရာနိုးနေပြီလေ..။ ဟိုလှိမ့် ဒီလှိမ့်နဲ့ ၉ နာရီလောက်မှ အိပ်ယာထ ဖြစ်တယ်။ အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုး စတဲ့ ဝေယာဝစ္စ တြွေ့ပီးတာနဲ့ မနက်ဆိုင်ထွက်ဖို့ အတွက် ပြင်ဆင်ပြီလေ.. မနက်ဆိုပေမဲ့ ၁၁ နာရီ ခွဲလောက်မှ ဆိုင်ဖွင့်ဖြစ်တာပါ။ အအေးဆိုင် ဆိုတော့ နေပူမှ ရောင်းရတာကိုး ၁၀ နာရီ ၄၅ လောက်ဆိုရင် ကျွန်တော် ဆိုင်ခင်းဖို့ လမ်းထိပ်ကို ထွက်ပြီလေ။ အဲ့ မှာ စတွေ့တာပဲ ပထမ တစ်ရက် နှစ်ရက်တော့ ဘာမှ မဖြစ်သေးဘူး။ ၅ ရက်မြောက်တဲ့ နေ့ကျတော့ ကောင်မလေးက အိမ်ရှေ့ မှာ ထွက်ပြီး ထိုင်နေလေရဲ့။ ကျွန်တော် သူ့ကို တွေ့တော့ သူက ပြုံးပြတယ်လေ.. ဒါနဲ့ ကျွန်တော်လည်း ပြန်ပြုံးပြတာပေါ့၊ အဲ့ဒီ ညနေကျတော့ သူတို့ အိမ်ပြောင်းလာလို့ အိမ်သစ်တက် မင်္ဂလာ အတွက် သူကိုယ်တိုင်လာဖိတ်တော့ အိမ်မှာ ကျွန်တော်က တူမလေးနဲ့ ဆော့နေတယ်လေ။ သူရောက်လာတော့ ရှက်ကိုး ရှက်ကန်းနဲ့ ဦးတို့၊ အန်တီတို့ ရှိလားတဲ့ နောက်နေ့ကျရင် အိမ်တက်မင်္ဂလာ အတွက် လာဖိတ်တာတဲ့ပြောတော့။ အိမ်မှာ အကြီးဆုံး အစ်မကြီးပဲ ရှိတယ်..။ ရတယ်လေ ကျွန်တော် ပြောလိုက်ပါ့မယ်ဆိုတော့..။ ဟုတ် ကျေးဇူးပါရှင့် ဆိုပြီး လှည့်ထွက်သွားလေရဲ့ တစ်နေ့ သူကျွန်တော်တို့ ဆိုင်ကို ရောက်လာတော့ မေမေနဲ့ မမက ရောက်မလာသေးဘူး ကျွန်တော်တစ်ယောက်ထဲ ဆိုင်ခင်းနေတုန်း၊ နောက်ကနေ သူမ ရောက်လာပါတယ်။ အစ်ကိုက အရမ်း အလုပ်ကြိုးစားတယ်နော်..။ အန်တီတို့ရော မလားသေးဘူးလား လို့မေးတော့၊ အင်း ဟုတ်တယ် သူတို့ မလာကြသေးဘူး။ ညီမ ဘာသောက်မလဲပေါ့နော် သူ့ကို ဧည့်ဝတ်ပြုတာပေါ့... ဈေးသည်ဆိုတော့ ဈေးရောင်းချင်တာကိုး....:P။ ဒါနဲ့ သူလည်း သစ်ခွ ဖျော်ရည်မှာ သောက်ပြီး ထိုင်နေတုန်း မေမေတို့ ရောက်လာခဲ့တယ်၊ အဲ့ဒါနဲ့ ကျွန်တော် ဆိုင်ကနေ အိမ်ပြန်မယ်လုပ်တော့၊ "ခဏ အစ်ကို ကျွန်မလည်း လိုက်မယ် အစ်ကို အိမ်ကိုပဲ ပြန်မှာ မဟုတ်လား" လို့ ပြောတော့ အမေတို့က ဘာမှတော့ မပြောပါဘူး လွှတ်ပေးလိုက်တယ်..။ အိမ်နဲ့ ဆိုင်နဲ့ က ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်လေ..။ ကြားထဲမှာ လက်ဖက်ရည်ဆိုင်ကို ဖြတ်ပြီးလျှောက်ရတာဆိုတော့ ကောင်လေးတွေ စတာနောက်တာလေးတွေ လိုက်ကြည့်တာလေးတွေရှိတော့ အားကိုးတာလည်း နေမှာပါ။ လမ်းရောက်တော့ ကောင်မလေးက ပြောတယ် ကျွန်မမြို့ထဲက ပြန်လာတာ အမေက ဈေးဝင်ဝယ်နေလို့ ကျွန်မကို အိမ် အရင်ပြန်နှင့် ဆိုပြီး လွှတ်လိုက်လို့ အစ်ကိုပြန်တာနဲ့ အတော်ပဲ ဆိုပြီး ကျွန်မလိုက်လာတာ ဘာညာပြောတာပေါ့၊ အဲ့ဒါနဲ့ ခင်မင် သွားတာပါ။ နောက်ပိုင်း နဲနဲ ပါးပါး စကားတွေ ပြောဖြစ်တယ်။ တစ်ခြားကောင်လေးတွေတွေ့ရင် စူပုပ်နေတဲ့ သူက ကျွန်တော့်ကို တွေ့ရင် အမြဲ ပြုံးလို့ သူငယ်ချင်းတွေကတောင် ပြောတယ်.။ မင်းကို ဆက်ဆံတာနဲ့ ငါတို့ကို ဆက်ဆံတာနဲ့ မတူဘူး ဆိုတော့ ကျွန်တော် ပြုံုးလို့ သာနေခဲ့ပါတယ်... ကျွန်တော် နိုင်ငံခြား ထွက်တော့ သူပါကျွန်တော့်ကို လိုက်ပို့ခဲ့တယ်လေ....။ နောက်တော့ ကျွန်တော် စ လုံးကို ရောက်လာခဲ့တယ်ဆိုပါတော့ ... ၂၀၀၈ က ကျွန်တော် တစ်ခါပြန်တော့ ကောင်မလေး မှာ ချစ်သူတွေ ဘာတွေတောင်ရနေပြီ၊ သူကလေး အဆင်တောင် ပြေနေတော့လည်း ပီတိ ဖြစ်မိပါတယ်.. မဟုတ်ရင် ဒွတ်ခ။
စင်္ကာပူရောက်မှ ပဲ ကံဇာတာတော်တော်လေး ပြောင်းလဲ သွားတယ်၊ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ဆိုတော့ ကောင်မလေးတွေများ ဘယ်သွားရှာရမှန်းတောင် မသိတော့ဘူး...။ ဒါလည်း ကောင်းတာပဲ အေးတာပေါ့ ( စိတ်ဖြေနည်း တစ်မျိုးပေါ့လေ.. ဆင်ခြေပေးတာ )
၂၀၀၉ တုန်းက ကောင်မလေး တစ်ယောက်ရောက်လာတယ်၊ ကျွန်တော့် သူငယ်ချင်းနဲ့ ပတ်သတ်ပြီး သိတာပါ..။ ကောင်မလေးကို ရေလည် ကြွေမိတယ်...။ ရောက်လာတုန်းက ချစ်သူ ရည်းစား မရှိဘူးလေ ကြွေတော့ လိုက်တွန်းတာပေါ့၊ အောင်မလေး ကြိုက်လို့ လိုက်ပိုး ခါမှ သူများ ဟပ်သွားတဲ့ ဖြစ်ခြင်းကို ကြုံတွေ့ ခဲ့ရတယ်လေ ၊ ကောင်မလေးက အလုပ်မရလို့ ပြည်တော်ပြန် သွားရတယ် သူ့ကောင်လေးကတော့ ဒီမှာ ကျန်ခဲ့တယ်...
အခု ကျွန်တော် မြန်မာပြည်က ကောင်မလေး တစ်ယောက်ကို စိတ်ဝင်း စားမိနေလေရဲ့..။ ဒီတစ်ခေါက်တော့ မလွဲပါစေနဲ့လို့ ဆုတောင်းရင်းသာ..............



Tuesday, June 08, 2010

ကလေးဘဝ ( ၁ )

သောကြာသား စကားများတယ်တဲ့...
ပိုးဟပ်လေး အလှည့်ကျမှ ပြင်လိုက်တော့မယ်..။ ငယ်ငယ်တုန်းကလေ ၃ နှစ်သားလောက်ပဲ ရှိအုံးမယ် ဖေဖေတို့ မေမေတို့နဲ့ ရွှေတိဂုံ ဘုရားသွားကြတာ လပြည့်နေ့ဆိုတော့ လူတော်တော် စည်တာ ဖြစ်ချင်တော့ ပိုးဟပ်လေး ပျောက်သွားတော့ ဖေဖေက လည်း မေမေ့ကို မေး၊ မေမေကလည်း ဖေ့ဖေ့ကို မေးနဲ့ပေါ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပိုးဟပ်လေး ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမရကြဘူးလေ၊ ဒါနဲ့ မိသားစုလိုက် ပိုးဟပ်လေးကို လိုက်ရှာနေရင်းနဲ့ ဂေါပက အဖွဲ့က မိုက်ကြီးနဲ့ အော်ပါလေရော။ ((( ကလေးတစ်ယောက်ကောက်ရထားပါတယ်၊ အိင်္ကျီ ဘောင်းဘီ အပြာနု ဝမ်းဆက်လေးနဲ့ ကလေးနာမည်တော့ မေးလို့မရပါ၊ ကလေးပိုင်ရှင်များ ဂေါပက ရုံးခန်းသို့ လာရောက်ကြပါ )))၊ အဲ့လိုလည်း အော်သံကြားရော ဖေဖေ မေမေတို့ အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတာပေါ့၊ ဂေါပက လူကြီးတွေက ကလေးပိုင်ရှင်ရောက်လာရင် ထင်သာမြင်သာရှိအောင်လို့ ရှေ့ကစားပွဲပေါ်လေးမှာ တင်ထားတယ်လေ၊ မေမေတို့ ရောက်လာလို့ ပိုးဟပ်လေးကိုလည်း တွေ့ရော "သား ကိုထိုက်၊ သားလေး မေမေတို့ ရောက်လာပြီလေ၊ လာလာ" အဲ့လိုခေါ်တယ်တဲ့(ပိုးဟပ်လေးကို အိမ်က ချစ်စနိုး နဲ့ အိမ်က ကိုထိုက်လို့ခေါ်ကြတယ်လေ) ပိုးဟပ်လေးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့ ပြီးတော့ တစ်ချက်လေး မော့ကြည့်ပြီး ခေါင်းလေးငိုက်စိုက်လေးနဲ့ ဆော့နေတယ်တဲ့ မိဘပျောက်သွားလို့ ငိုရကောင်းမှန်းလည်း မသိဘူးတဲ့၊ ဒီတော့ ဂေါပကက လူကြီးတွေက ဟုတ်ရဲ့လားဗျာ ခင်ဗျားတို့ ကလေးမှ ဟုတ်ရဲ့လားဗျာတဲ့၊ မေမေက ဟုတ်ပါတယ်ရှင် ကျွန်မသားလေးမှ ကျွန်မသားလေးပါလို့ ပြောသတဲ့၊ ဂေါပက လူကြီးက ဒါဆိုရင်လည်း ခေါ်သွားပါ ဒါပေမဲ့ အစ်မကြီးတို့ မှတ်ပုံတင် နံပါတ်ကလေးတော့ထားခဲ့ပါ ဆိုလို့ မှတ်ပုံတင် နံပါတ်ပေးပြီး ရွေးခဲ့ရသတဲ့...။ ပိုးဟပ်လေးကတော့ ငယ်သေးတော့ ဘာမှမသိဘူး။ ကြီးမှ မေမေတို့ ပြန်ပြောပြမှ သိတာလေ... :D
နောက်တစ်ခါကျတော့ ပိုးဟပ်လေး မူကြိုတက်နေပြီ၊ ဒီတစ်ခါကျတော့ မူကြိုက အပြန်မှာ ကျွန်တော့် အစ်မက ကျွန်တော့်ကို လာကြိုတယ်လေ စက်ဘီးလေးနဲ့ပေါ့ အဲ့တုန်းက အစ်မကလည်း ငယ်သေးတော့ သူလည်း ကျောင်းက အပြန် ပိုးဟပ်လေးကို မူကြိုက ဝင်ကြိုပြီး အပြန်မှာပေါ့ သူက လမ်းထဲမှာ ချိုင့်တွေပေါတော့ ကွေ့ရှောင် ပတ်နင်းတာပေါ့၊ စက်ဘီးနင်းနေရင်းက ချိုင့်တစ်ခု သူနင်းမိသွားတော့ ပိုးဟပ်လေး စက်ဘီးပေါ်ကနေ ပြုတ်ကျ ကျန်နေခဲ့တယ်လေ၊ အံမယ် ပြုတ်သာကျတာ ဖင်ထိုင်ရက်ကလေး ငိုလည်း မငိုဘူး အော်လည်းမအော်ဘူးတဲ့၊ ကျွန်တော်အစ်မကလည်း ဘာတွေ စိတ်ကူးယဉ်ပြီး နင်းသွားလည်း မသိဘူး တွေ့လိုက်တဲ့လူကြီးတွေက အော်ပြောတာတောင် မကြားဘူး၊ အိမ်ရှေ့ရောက်တော့ အမေတို့ကမေးတာပေါ့ မောင်လေးရောဆိုတော့ နောက်မှာလေ ဆိုပြီး လှည့်ကြည့်တော့ မပါလာလို့ ပြန်လှည့်ပြီး လာခေါ်ရတယ်...။ သူပြန်လာခေါ်တော့ ပိုးဟပ်လေးကို အဲ့နားက အသုတ်ဆိုင်က အဒေါ်ကြီးက ခေါ်ထားတယ်လေ၊ ကျွန်တော့် အစ်မလည်း ပြန်ရောက်လာရော ပြောတာပေါ့ ကလေးတစ်ယောက်လုံး ပြုတ်ကျ ကျန်ခဲ့တာတောင် မသိဘူး ဘာညာနဲ့ ပြောပြီး ပြန်ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ထိ ပိုးဟပ်လေး တော်တော်အေးတာ... :D

အဲ့လိုမျိုး ငယ်ငယ်က တော်တော်လေး အေးခဲ့တာ ၁၀တန်းရောက်တဲ့ အထိပဲ။ ကျောင်းမှာဆိုလည်း အပေါင်းအသင်း သိပ်မထားဘူး။ စာတော်လို့လား ဆိုတော့လည်း မဟုတ်ဘူး၊ မုန့်စားလွှတ်ပြီ ဆိုရင် သူများတွေက သွားဆော့တယ်၊ အတန်းထဲမှာ ပိုးဟပ်လေး တစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။ ဘာလုပ်တယ် မှတ်လည်း စာကျက်ရင် ကျက် မကျက်ရင် အိပ်နေတတ်တာ။
ငယ်ငယ်က မထုံတတေး ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း မှတ်မိသလောက်လေးပါ

Monday, June 07, 2010

တောင်းဆု

ချစ်ရသူ
မင်းလိုချင်တဲ့ ရုပ်ရည်မျိုး ငါ့မှာ မရှိပေမဲ့
မင်းကို အပြည့်အဝ ချစ်နိုင်မဲ့ အချစ်တွေရှိတယ်

ချစ်ရသူ
မင်း မက်မောလောက်တဲ့ အရည်အချင်းမရှိပေမဲ့
မင်း အားကိုးရလောက်တဲ့ ပခုံးနှစ်ဖက် ငါ့မှာရှိတယ်

ချစ်ရသူ
မင်း စိတ်ကျေနပ်အောင် မထားနိုင်သေးပေမဲ့
မင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်

ချစ်ရသူ
မင်းကို ချစ်တယ်လို့ ဖွင့်မပြောရသေးပေမဲ့
မင်းကို ချစ်တဲ့ အချစ်တွေ ရင်ထဲ အပြည့်ရှိတယ်

ချစ်ရသူ
မင်း တို့ကို ပြန်မချစ်နိုင်ဘူး ဆိုရင်တောင်မှ
မင်းရဲ့ အနားမှာ တစ်သက်လုံး စောင့်ရှောက်ပါရစေ

ချစ်ရသူ
တောင်းဆုတစ်ခုသာ ပြည့်ဝမယ်ဆိုရင်
မင်းရဲ့ ချစ်ခြင်းတုန့်ပြန်မှုကို ရပါလို၏ လို့
ဆုတောင်းမိမှာ အမှန်ပဲ


Thursday, May 27, 2010

မျက်ဝန်းထဲက ငိုရှိုက်သံ

မတူညီတဲ့ အခွင့် အရေးတစ်ခုကို ရခဲ့တယ်.....
မတူညီစွာပဲ အခွင့် အရေးတရပ် ဆုံးရှုံးခဲ့တယ်...
အကျွန်ုပ်ကပဲ ညံ့ခဲ့တာလား ??????
သူတို့ကပဲ တော်တာလား????
ဘာပဲဖြစ်ဖြစ် ရှုံးနှိမ့် ခဲ့ရပြီးပြီလေ...

နက်ဖြန်ပေါင်းများစွာ ကျန်နေသေးတယ်
ဘယ်သူနဲ့မှ လည်းမျက်နှာချင်းမဆိုင်ရဲတော့ဘူး
ထိတ်လန့် တကြားဖြစ်နေတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာပေါင်း များစွာတွေနဲ့ပေါ့
ဒီ ဒဏ်ရာတွေကို ကျက်တဲ့ အထိငါခံနိုင်ရည် ရှိပါ့မလား

အောင်ပွဲမှာ အနိုင်ရသူတွေကတော့
ပျော်ရွှင်စွာ အောင်ပွဲခံ နိုင်ပေမဲ့..
ရှုံးနှိမ့်သူ ရဲ့ ရင်ထဲမှာတော့....
ဒါတွေကို မခံစားနိုင် မတွန်းလှန် နိုင်လို့.....
ရူးခဲ့ရတာလည်း အကြိမ်ကြိမ် အခါခါ

အား........
လောကကြီးကို ကြောက်တယ်
အနိုင်ကျင့် တတ်တဲ့သူတွေကို မုန်းတယ်
ကိုယ့်ကိုကိုယ်လည်း ဒေါသတွက်တယ်
ကံကြမ္မာကြီးကို လည်း မျက်မုန်းကျိုးတယ်

နောက်ဆုံးသော ရလဒ်က
သနားပါတယ်တဲ့
သနားပါတယ်ဆိုတဲ့ ခေါင်းစဉ်မှာ
အသက်ရှု ရပ်ခဲ့ရပြီလေ..
ပြီးသွားပြီ..... တကယ်ကို ပြီးဆုံးသွားပြီ..


Wednesday, May 26, 2010

ပေါက်ကွဲသံစဉ် နဲ့ ငွေ

လောကကြိးမှာ ဘာမှ အလကားမရဘူး ဆိုတာ မှန်တယ်
လူတစ်ယောက်ကို ခင်မင်ခွင့် ရနိုင်ဖို့ အချိန်နဲ့ ဝယ်ယူရတယ်...
အလှည့်စား ခံရဖို့အတွက် တုံးအမှု တစ်ခုနဲ့ ဝယ်ယူရတယ်...
ဘယ်သူ ဘာပြောပြော ငါကတော့ တုံးအလို့ အလှည့်စား ခံလိုက်ရပြီးပြီ
ငါ့ကို အကြိမ်ကြိမ် လှည့်စားတယ် လှည့်စားမှုတိုင်း ငါခံရတယ်...
ခံရတဲ့ အချိန်တိုင်း အကြိမ်ကြိမ် ငါသေတယ်...
သိသိကြီးနဲ့ ရှောင်လွှဲလို့ မရခဲ့ဘူး ( မရနိုင်သေးဘူး )
ဘာကြောင့်လည်း..
တစ်ခြားသော တစ်ခြားသော ကိစ္စ တွေကြောင့်
ငါ့ကိုယ်ငါ Prepair မလုပ်နိုင်ခဲ့ဘူး ( မရသေးဘူး )
ဘာကြောင့်လည်း..
ငွေလေ.. ဟုတ်တယ် ငွေပဲ
ငွေကြောင့်ပေါ့...
သူတို့နဲ့ ဝေးရာထွက်သွားနိုင်ဖို့ ငါ့မှာ ငွေ မလုံလောက်ဖူး..( လိုနေသေးတယ် )

Saturday, May 22, 2010

ပိုးဟပ်လေးနှင့် သူ၏ တစ်နေ့တာ

ကလင်...ကလင်...ကလင် ( Alam မြည်သံ )
နံနက် ၅ နာရီ ၃၀ အိပ်ချင်မူးတူးနဲ့ နိုးတယ်....။ ပြန်ပိတ်ပြီး အိပ်တယ်
ကလင်...ကလင်..ကလင်
နံနက် ၅ နာရီ ၄၅ မထချင် ထချင်နဲ့ အိပ်ယာထတယ်.... (ကိုယ့်အကြောင်း ကိုယ်သိတယ် ပြန်အိပ်ရင် သေချာပေါက် နောက်ကျပြီ :P)။ မျက်နှာသစ် ( တကယ်တော့ မျက်နှာကို ရေနဲ့ပွတ် ပြီးတော့ ဆပ်ပြာနဲ့တိုက် ပြီးတော့ ရေနဲ့ ပြန်ဆေးချတာပါ )၊ သွားတိုက် ပြီးတော့ ရေကမန်းကတန်းလောင်းချ ( ရေချိုးနေရင် ကြာနေမှာ ဆိုးလို့..... ၁၀ မိနစ်အတွင်း ပြီးအောင်လုပ်ရတာကိုး) ပြီးတော့ အဝတ်အစားလည်း ပြီး မနက်စာ မစားနိုင်ဘူး ( ရှိမှ မရှိတာ )။ ကားပေါ်တက် စက်နှိုး အလုပ်သမားတွေ ရှိတဲ့နေရာကို သွားရတယ်.၊ ပြီးတော့ Site ရှိတဲ့ နေရာကို ၆ နာရီ ၄၀ လောက်အရောက်မောင်းရတယ်။ ဒါမှလည်း Site ထဲမှာရှိတဲ့ ပေါ့ပျက်ပျက် အရသာတွေနဲ့ ကြော် လှော်ထားတဲ့ Canteen ကို အလုပ်သမားတွေ အချိန်မှီရောက်မှာကိုး... ကိုယ်လည်း ကားကြီး အပြင်ထားခဲ့ရတယ်လေ..။ ပြီးတော့မှ အပြင်မှာရှိနေတဲ့ ကားသမား နှစ်ယောက်က ရုံးမှာ ကားကို Parking ထိုးပေးရတယ်။ အပြင်မှာ ဒီအတိုင်းထားခဲ့လို့ မရဘူး၊ ထားခဲ့တာနဲ့ fine ရိုက်တဲ့သူလာရင် $80 ဆိုတဲ့ စာရွက်ကို Wiper ကြားထဲ ညှပ်ညှပ်သွားတယ်...တစ်ချို့နေရာတွေဆို ကားကို တောင် မ, သွားတာ...ပြီးရင် ဘယ်မှာလာရွေးပါဆိုရင်တော့ သေပြီသာမှတ်... ဒုက္ခလည်းရောက်သေးတယ်...ပြီးတော့ $5000 နဲ့ အထက်ဆိုတော့ Boss ကဘယ်ကြည်မလည်း ဒီလိုပဲ အဆင်ပြေအောင် လုပ်ရတာပဲ ( သိတယ်ဟုတ်... စင်္ကာပူလေ ) ဘာမှ အလကားမရဘူး။ ကားအကြောင်းပြောနေတာနဲ့ လိုရင်းပျောက်သွားတယ်...
Site ထဲရောက်တာနဲ့ အရင်ဆုံး Canteen ကို သွားရတယ်၊ မသွားရင် အငတ်ပဲ ၇ နာရီ ၂၀ ဆိုရင် ပထမ Alam အော်ပြီဆိုရင် canteen မှာ ရောင်းနေတာတွေ အားလုံးရပ်၊ ဆက်မရောင်းတော့ဘူး။ ရောင်းလို့လည်း မရတော့ဘူး ဘဘကြီးက လိုက်ဖမ်းတယ်။ စာပြီးသောက်ပြီးတဲ့သူကတော့ ကိုယ်အလုပ်လုပ်ရမဲ့ နေရာအသီးသီး ကိုသွားကြတယ် ၇ နာရီခွဲရင်တော့ ဒုတိယ Alam လာပါပြီ.. အဲ့ အခါကျရင်တော့ အကုန်လုံး အလုပ် စလုပ်နေပါပြီ...။ ပိုးဟပ်လေး မပါ..:D ပိုးဟပ်လေး deperment က အေးဆေးပဲ.. ဖင်လှည့် ခေါင်းလှည့်နဲ့ ကိုယ်အလုပ်လုပ်ရမဲ့ ရုံးခန်းသေးသေးလေး ( ပေ ၂၀ ကွန်တိန်နာပေါ့ ) ကိုသွားတယ် ပြီးတော့..ကွန်ပျူတာဖွင့်တယ်.. အရင်ဆုံးလုပ်ရတာက ရောက်လာတဲ့ အလုပ်သမားနဲ့ ကွန်ပျူတာမှာ ပေါ်တာနဲ့ စာရင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးရတယ်၊ ကိုက်ညီသွားရင်တော့ နောက်ပိုင်းအလုပ်တွေက အေးဆေးပါပဲ။ ကိုက်ညီမှု မရှိရင်တော့ လျော့တဲ့သူကိုရှာ ပြီးရင် Security ကိုသွားပြန်ပြောရပါတယ်။ မနက်က Scan ဖတ်တာ မမိလို့ပေါ့..။ အလုပ်သမားကို ပါခေါ်သွားရတယ်၊ လိမ်လည်မှု မရှိကြောင်း သက်သေအနေနဲ့ခေါ်သွားရတာပါ၊ အားလုံး အဆင်ပြေသွားပြီးဆိုရင် ကျန်တဲ့ အလုပ်တွေ ဆက်လုပ်ပါတယ်၊ print ထုတ်တယ်၊ နောက်နေ့ အတွက် pepair လုပ်တယ်၊ ပြီတော့ မနေ့က အလုပ်သမား ပြန်ချိန်ကို computer print out နဲ့ ပြန်တိုက်ကြည့်တယ် အားလုံး အိုကေတယ်ဆိုရင် အထက်ကို တင်တယ်၊ ဒါဆိုရင် Time Shift နဲ့ ပတ်သက်တာတွေ ပြီးပါပြီ။။ ကွန်ပျူတာ သုံးနေရင်းနဲ့ gtalk ဖွင့်တာ၊ Facebook သုံးတာကတော့ မပြောတော့ပါဘူးလေ...၊ ဒါကြောင့် ပိုးဟပ်လေး online ကိုနေ့တိုင်း ရောက်ဖြစ်နေတာပါ။ အဲ့လိုနဲ့ ညနေ ၆ နာရီခွဲ ဆိုရင် အပြင်ပြန်ထွက်ပါတယ် (Monday to friday).. saturday, sunday နဲ့ holiday ဆိုရင် ၄ ခွဲ အပြင်ရောက်နေပြီ။ ကားက အပြင်မှာ အဆင်သင့် ပြန်ရောက်နေပြီ။ overtime ကအလှည့်နဲ့ ယူရတာ။ မရတဲ့ နေ့ဆိုရင် Woodland ကို အလုပ်သမားတွေ လိုက်ပို့ပြီးရင် ပြန်တယ်၊ overtime ရတဲ့နေ့ဆို ရသလောက်ပါပဲ နေပေးရတယ်။ ချိန်းထားတာ ရှိလို့ ပြန်ချင်ရင်တော့ ကားသမား အချင်းချင်း ပြန်ညှိပြီး ပြန်ရတာပေါ့။
အိမ်ပြန်ရောက်ရင်လည်း ထုံးစံအတိုင်း online တက်တယ် ဘလော့ လိုက်လည်တယ်.. စာဖတ်တယ်.. ကွန်မန့်ပေးတယ်... Mode ဝင်ရင် စာရေးတယ်.. ဒီလောက်ပါပဲ... ည ၁၁ ခွဲ ၁၂ ဆိုရင် ကွန်ပျူတာပိတ် အိပ်။


Thursday, May 20, 2010

မသေခင် အချိန်လေး

ဘာရယ်လို့မဟုတ်ပါဘူး
စဉ်းစားမိတာလေးရှိလို့ ရေးကြည့်လိုက်တာပါ။ လူတော်တော်များများက သေချင်းတရားကို မေ့နေတတ်ကြတယ်လေ။ ဒီနေ့သေမလား နက်ဖြန်သေမလား၊ နိုင်ငံရပ်ခြားမှာသေမလား၊ ကိုယ့်အမိမြန်မာပြည်မှာသေမလား၊ ချက်ချင်းသေမလား၊ ရောဂါကြီးနဲ့ ဆေးရုံမှာဝေဒနာ အကြာကြီးခံစားရပြီးမှသေမလား၊ Accident နဲ့သေမလား..... လား..လား..လား.........
လား ပေါင်းများစွာနဲ့ ရှိနေတဲ့ လောကထဲမှာမှ ပုထုဇဉ်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် တစ်ယောက်လည်း ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ ဝမ်းစာရေး အတွက် သွားလာ လှုပ်ရှားနေကြတော့ ဒီအရာကြီးကို မေ့ထားတတ်ကြပါတယ်။ တစ်ခါတစ်လေ သတိရရင်တောင် အမှုမဲ့ အမှတ်မဲ့နဲ့ပဲပေါ့။ ကျွန်တော်ကတော့ စိတ်ညစ်လာတဲ့ အခါတိုင်း သတိရတယ်။ ဒါကြောင့် မေ့သွားတတ်တာလည်း ရှိနေလေတော့ သိပ်ပြီးလည်း မစဉ်းစားဖြစ်ပါဘူး...:D။ တကယ်တော့ ကိုယ်တကယ် သေတော့မည် ဖြစ်စေ မသေလောက်သေးဘူး ဖြစ်စေ၊ တရားဘာဝနာကို မလိုက်စား နိုင်ဘူးဆိုရင်တောင် လူလူချင်း ကိုယ်ချင်းစာစိတ်လေးတွေ ထားစေချင်ပါတယ်။ ပြီးတော့ နားလည်မှုဆိုတဲ့ လောကကြီးကို တည်ဆောက် စေချင်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဆိုရင် ခဏခဏ တွေ့နေရပါတယ်။ ပြီးတော့ ဘလော့တွေမှာ ဖတ်နေရတဲ့ စာတွေကို ဖတ်မိသမျှလောက်နဲ့ နှိုင်းယှဉ်ကြည့်တယ်။ တကယ်တော့ နားလည် ခွင့်လွှတ်နိုင်စိတ် ကိုယ်ချင်းစာစိတ် ဆိုတာတွေကို လူတွေတော်တော် များများ လိုက်နာနိုင်တယ်ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။ အခုလို အင်တာနက် ခေတ်ကြီးမှာ ဆိုရင် ပိုပြီးတောင် အသိဥာဏ် ပွင့်လင်းဖို့ဆိုတာ ပိုပြီးတောင် လွယ်ကူပါသေးတယ်။ တစ်ချို့တွေ့ဖူး ကြားဖူးတာလေးတွေရှိပါတယ်။ ဒီလို အသိဥာဏ်လေးတွေ ဖွံ့ဖြိုးဖို့ လမ်းညွှန်တာလေးတွေကို အသားလွတ်လာဆဲတာမျိုးပေါ့။ ပြန်စဉ်းစားကြည့်ရင် ဒါဟာ တကယ်တော့ ဘာမှမဟုတ်ပါဘူး ဆဲတဲ့သူ အနေနဲ့ ငါ့ကို ဒီလိုမျိုး သူများ လာဆဲရင်.. ဆိုတဲ့ အတွေးမျိုးလေး ဝင်သွားတယ်ဆိုရင် ဆဲဖြစ်မှာ မဟုတ်ပါဘူး။ ဝဋ် ဆိုတာကို မယုံကြည်ကြလို့ပဲ ဖြစ်မှာပါ၊ မယုံကြည်ဘူး ဆိုရင်တောင် ဒါဟာ မကောင်းပါလား ဆိုတာတွေးသင့်ပါတယ်။ ဒီလိုလေး တွေးမိသွားတယ်ဆိုရင်ပဲ တော်ရုံတန်ရုံ ကိစ္စရပ်တွေမှာ အလိုလိုနေရင်း ဒေါသတွေ ပြေလျော့လာမယ်၊ ကြောချင်တဲ့ စိတ်လေးတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမယ်၊ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ လျော့နည်းလာမယ်၊ သည်းခံ ခွင့်လွှတ်တဲ့ စိတ်တွေ များလာမယ်၊ မုဒိတာလေး တွေပွားလာနိုင်မယ်၊ နာလည်မှုလေးတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ လောလောဆယ်ဖြစ်တည်နေတဲ့ ဘဝတင်မှ မဟုတ်ပါဘူး၊ ဘဝဆက်တိုင်း အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်မိတယ်။ ပြီးတော့... သေခါနီး အချိန်လေးမှာ... " သြော် ငါလုပ်ခဲ့တာ မကောင်းမှု ပိုများနေပါလား" ဆိုရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ပါဘူး၊ " ငါလုပ်ခဲ့တာတွေ ပြန်ကြည့်လိုက်ရင် ကောင်းတာလေးတွေပါပဲလား" ဆိုရင် အဲ့ အကျိုးတွေ အတွက် နောက်လာမဲ့ ဘဝအတွက် စိတ်ချလက်ချ ဖြစ်နိုင်တဲ့ အထိ အကျိုးသက်ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာဝင် ပီပီ စဉ်းစားမိတာလေးကြောင့် လက်တစ်ကမ်း အလိုမှာရှိတဲ့ သေခြင်းတရားကို လက်ကိုင်ထားလို့ ဝေးပါသေတယ် ဆိုတဲ့ အတွေးလေးတွေ၊ မျှမျှတတ လေးတွေ တွေးတက်စေရန် ရည်မှန်းကာ ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း………..



Sunday, May 16, 2010

ပိုးဟပ်လေး ရဲ့ "ပ"

မကြာသေးသော ကာလ အတောအတွင်းက ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေ တစ်ယောက်နဲ့ တစ်ယောက် တဂ်ပြီး ကိုယ့်ရဲ့နာမည် ထိပ်စည်း အက္ခရာလေးတွေပါတဲ့ ပို့စ်လေးတွေကို ရေးသားခဲ့ကြတာလေးတွေကို ပြန်ပြီး အသက်သွင်းတဲ့အနေနဲ့ ဒီပို့စ်လေးနဲ့ ဆားချက် ချင်ပါတယ်... ပြီးတော့ မရေးရသေးတဲ့သူတွေကိုလည်း ပြန်လည်ပြီး တဂ်ချင်ပါတယ်။ ကဲစမယ်နော်.....

1. What is your name= ပိုးဟပ်လေး
2. A Food = ပဲပလာတာ
3. A Colour = ပြာနှမ်းနှမ်း အရောင်
4. A Drink = ပဲနို့ အချိုရည်
5. A Movie = ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
6. A Car = ပရာဒို
7. An Instrument = ပတ္တလား
8. A Song = ပေါက်တဲ့အိုး
9. Something Want To Shout = ပဲပြုတ်...
10. Something Found On The Road = ပိုက်လုံး
11. A Habit = ပြီးစလွယ် လုပ်တတ်ခြင်း
12. An Animal = ပိုလာဝက်ဝံ
13. A Singer = ပိုးအိစံ
14. A threaten = ပါသမျှပေး ပြန်မပြောနဲ့
15. Body Structure = ပိန်ပါးပါး ပုပြတ်ပြတ်
16. An Umbrella = ပုသိမ်ထီး
17. A Thought = ပေါက်ကရ
18. Look Like A Girl = ပုပုလုံးလုံးလေး
19. A Journey = ပျားရည်စမ်းခရီး
20. A Waterfall = ပွဲကောက် ရေတံခွန်

ဟဲဟဲ... များများစားစား မတဂ်ချင်ပါဘူး စာရေပျင်းတဲ့ မမနှစ်ယောက်ကို တဂ်ချင်ပါတယ်..။ သူတို့ကတော့....
မမ စောသီရိယု နဲ့ ညီမလေး နှင်းဆီဖြူ တို့ပဲ ဖြစ်ပါတယ်...။ တိတိကျကျ ရေးရန်မလိုပါဘူး။ အခု ၂၀ ပြည့်ရင်ရပြီ၊ ပိုရေးချင်တယ် ဆိုလည်း သဘောပေါ့။

Sunday, May 09, 2010

အိပ်ရေးပျက်ခြင်း ၏ ဆိုးကျိုး

အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက် ပိုမိုစောစီးစွာ သေဆုံးနိုင်ကြောင်း အီတလီနှင့် ဗြိတိန်မှ သုတေသီများကဆိုသည်။ ၎င်းတို့၏ လေ့လာမှုအရ တစ်နေ့(၆)နာရီအောက်သာ အိပ်စက်သူများသည် ပုံမှန်အားဖြင့် (၈)နာရီကြာ အိပ်စက်သူများထက် ပျမ်းမျှ(၂၅)နှစ်ထိ အသက်ပိုတိုရန် (၁၂)ရာခိုင်နှုန်း ပိုမိုနီးစပ်ကြောင်း သိရသည်။ Sleepဆေးပညာဂျာနယ်က ယခုတွေ့ရှိချက်အား လူပေါင်း(၁.၅)သန်းအား မတူညီသည့် သုတေသနပြုမှု (၁၆)ခုဖြင့် လေ့လာခဲ့ပြီး ကောက်ချက်ဆွဲထားခြင်းဟု ရေးသားဖော်ပြခဲ့သည်။ (၆)နာရီနှင့် (၈)နာရီကြား ကာလသည် လူတစ်ဦး နေ့စဉ်ပုံမှန် အိပ်စက်သင့်သည့် အခြေအနေဖြစ်ပြီး ထို့ထက်ပိုခြင်း၊ လျော့ခြင်းတို့သည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဆရာဝန်များကဆိုသည်။ လောင်းဘာရိုး အိပ်စက်မှု သုတေသနစင်တာမှ ပါမောက္ခ ဂျင်မ်ဟုမ်းက “အိပ်စက်ခြင်းဟာ ဓာတ်ခွဲခန်းသုံး လစ်တမတ်စ် စက္ကူလိုပါပဲ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရောရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အိပ်တာကို အလွန်အကျွံဖြစ်ရင်၊ လိုတာထက်လျော့နေရင် တခြားရောဂါတွေ အများကြီး ရလာနိုင်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “တချို့တွေက တစ်နေ့ကို (၅)နာရီလောက်ပဲ အိပ်ကြပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အန္တရာယ်များပါတယ်။ အိပ်ချိန်မလုံလောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မောင်းနှင်နိုင်စွမ်းနဲ့ ပုံမှန်လည်ပတ်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပါတယ်”ဟု ဒေါက်တာဟုမ်းက ပြောကြားသွားသည်။


Saturday, May 08, 2010

တို့မေမေ

ဒီနေ့ဟာ အမေများနေ့ ဆိုတော့ ပိုးဟပ်လေးလည်း မေ့မေ့ကို သတိရတာပေါ့၊ ငယ်ငယ်ထဲက မေမေ့ရဲ့ အရိပ်အဝါသ အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မေ့ချစ်သားလေးတစ်ယောက်ကတော့ တိုင်းတပါးမှာ ချစ်တဲ့ မေမေ့ကို ခွဲပြီး အလုပ်လုပ်နေရတယ်လေ။ ဒါကြောင့် မေမေ့ကို သတိရတဲ့ အနေနဲ့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ ရတဲ့ ကဗျာလေးနဲ့ သားလေးဂုဏ်ပြုချင်ပါတယ် မေမေ။


ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျမ်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

အခုတော့ ဒီအရွယ်တွေကို ကျော်လွန်ခဲ့ပါပြီ မေမေ။ ဘဝဆိုတဲ့ လမ်းကြောင်းပေါ်ကို သားတို့ တစ်တွေ လျှောက်လှမ်းနေရပါပြီ။ ဟိုး...အရင်တုန်းကလို မေ့မေ့ ရင်ခွင်ထဲမှာ ပုံပြင်လေးတွေနဲ့ ချော့သိပ်ခံခဲ့ ရဘူးတဲ့ ဘဝလေးကို သားဘယ်တော့မှ မမေ့ပါဘူး။ သားမှ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိနေတဲ့ သားသမီးတွေရဲ့ ရင်ထဲမှာ ဒီလိုပဲ ရှိနေကြမှာပါ...


Sunday, May 02, 2010

တိတ်ဆိတ်ည

အသံမဲ့ တိတ်ဆိတ်နေတဲ့ ညပေါင်းများစွာထဲက နေ့လေးတစ်တစ်နေ့ကို မှတ်မိနေပါသေးတယ်၊ အဲ့နေ့က ခါတိုင်းလိုပါပဲ မထူးဆန်းစွာနဲ့ မီးမလာပါဘူး၊ အဲ့အမှောင်ညထဲမှာ တစ်ကိုယ်ရည်ထဲလမ်းလျှောက်ထွက်လာခဲ့ပါတယ်..၊ မထင်မှတ်ပဲ ရွာချလိုက်တဲ့ မိုးကြောင့် တစ်ကိုယ်လုံး စိုစိုရွဲကာ အိမ်ကို သတိကြီးစွာနဲ့ ပြန်လာခဲ့ပါတယ်၊ လမ်းကွေ့ တစ်နေရာအရောက် အုတ်ခုံလေးပေါ်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်၊ ပထမတော့ အမှတ်တမဲ့လိုနေရင် သူမရှေ့မှ ဖြတ်ကျော်တက်ကာ ကိုယ်နေထိုင်ရာ လမ်းလေးကို ဆက်ပြီးလှမ်းလာခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီပူပူလေး တစ်ခွက် ဖျော်သောက်နေရင်း စောနက မြင်ခဲ့ရတဲ့ ကောင်မလေး အကြောင်းအတွေးထဲရောက်လာတယ်၊ ဒီကောင်မလေး အရင်တုန်းက ဒီလမ်းထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ့်နှယ်ကြောင့် မိုးရေထဲမှာ ထွက်ထိုင်နေရတာပါလိမ့်၊ အို... မျက်စိမှားတာပဲနေမှာပါလေ ဒီလို မိုးရွာနေတဲ့ အချိန် ဒီလိုမျိုးဘယ်သူကထိုင်နေမှာလဲ၊ ငါမျက်စိမှားတာပဲ နေမှာပါလေ ဆိုပြီးမေ့ပျောက်ထားခဲ့တယ်..၊

နောက်တစ်နေ့
ဒီနေ့တော့ မိုးမရွာဘူး မီးကတော့ ထုံးစံအတိုင်း ပြတ်နေဆဲပါပဲ..၊ လမ်းထောင့်နားရောက်တော့ မနေ့ညက တွေ့ခဲ့ရတဲ့ ကောင်မလေးကို တွေ့ပြန်ရော..စိတ်ထဲတော့ သိပ်မသင်္ကာဘူး၊ ကောင်မလေးကတော့ မျက်နှာမှာ ပြုံးရောင်မသန်းပဲ တစ်ခုခုကို တွေးနေတဲ့ပုံစံမျိုးပါ ဒီတစ်နေ့လည်း ကောင်မလေးကို အမှတ်တမဲ့ပဲ နေခဲ့ပါတယ်

တတိယမြောက်နေ့
ဒီနေ့လည်း ဒီအုတ်ခုံလေးပေါ်မှာ ထိုင်နေမြဲပါလား။ သူမကို ကြည့်တော့လည်း ဘာမှ မထူးခြား အရင်နေ့တွေက အတိုင်းပင်..၊ သိချင်စိတ်က မရိုးမရွဖြစ်လာတယ်..၊ ဒါနဲ့ ကောင်မလေး အနားကို ကပ်သွားပြီးမေးကြည့်မိတယ်၊ " ဟဲ့ကောင်မလေး နင့်ကို အရင်ကငါမမြင်ဖူးပါဘူး ၊ ပြီးတော့ နင်ဒီမှာ ထိုင်နေတာ ၃ ရက်ရှိသွားပြီ ဒီမှာဘာထိုင်လုပ်နေတာလဲ ????? မေးခွန်းတွေ တရစပ်ကို မေးလိုက်တော့ ကောင်မလေးက ခပ်ဟဟလေး ပြောလာပါတယ်....

"ကျွန်မကို လာခေါ်မဲ့သူမရှိသေးလို့ စောင့်နေတာ၊ ကျွန်မကို သူတို့လာမခေါ်သေးဘူး ၊ သူတို့လာခေါ်တဲ့ အချိန်ထိစောင့်ရမှာ"
ဒါနဲ့ သိချင်စိတ်ကပိုများလာခဲ့ပါတယ်၊ ကောင်မလေးဘေးနားကို အသာလေး ဝင်ထိုင်လိုက်တော့ ကောင်မလေး နည်းနည်းတွန့်သွားပုံရတယ် "မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး၊ ငါဟာ လူကောင်းတစ်ယောက်ပါ" ကောင်မလေး ဘာမှ ပြန်မပြောပါ...၊ ဒါနဲ့ ဆက်ပြီး ပြောပါတယ်....
" မိန်းကလေး တစ်ယောက်ထဲ ညကြီးအချိန်မတော် ဒီလိုတစ်ယောက်ထဲ ထိုင်နေတာတော့ မကောင်းဘူး၊ မင်းမှာ အိမ်မရှိဘူးလား"
"အိမ်"
"ဟုတ်တယ်လေ၊ မင်းမှာ အိမ်မှာ မရှိဘူးလားလို့"
"ဟုတ်တယ် ကျွန်မမှာ အိမ်မရှိဘူး"
"ဘယ်လို... မင်းမှာ အိမ်မရှိဘူး ဟုတ်လား"
"ကျွန်မမှာ နေစရာ အိမ်မရှိဘူး၊ ဒါကြောင့် ဒီနေရာလေးကနေ သူတို့လာခေါ်မဲ့ အချိန်ထိစောင့်နေတာပေါ့"
"သူတို့ဆိုတာ???"
"ကျွန်မကို လာခေါ်မဲ့ သူတွေပေါ့"
"မင်းပြောတာ ငါသိပ်နားမရှင်းဘူး"
"ကျွန်မ ဒါတွေကို ပြန်မပြောချင်ဘူး"
"င်္ဒိတော့ ဒီလိုလုပ် နောက်ထပ် ၄ ရက်နေရင် ဒီအချိန် ရှင်ပြန်လာခဲ့ပါ..လောလောဆယ်တော့ ကျွန်မတစ်ယောက်ပဲ အေးဆေးနေပါရစေ"
"ကောင်းပြီလေ နောက်ထပ် ၄ ရက်နေရင် ငါမင်းဆီကို ငါပြန်လာခဲ့မယ်"
ပြောပြီး သူမ အနားမှ ထထွက်လာခဲ့တယ်....

၎ ရက်... ၅ ရက်.. ၆ ရက် မြောက်တဲ့နေ့တွေ မှာ သူမကို မတွေ့ရတော့ပါဘူး.၊ ဧကန္တ ကျွန်တော်တွေ့မည် စိုးသည်ထင့်... ၇ ရက်မြောက်တဲ့နေ့ကြတော့ သူမကို တွေ့လိုက်ရတယ်..။ ဒါနဲ့ သူမဘေးနားမှာဝင်ထိုင်ရင်း စပြောလိုက်ပါတယ်၊
"ဆိုပါအုံး "
"ကျွန်မ သွားရတော့မယ်၊ ကျွန်မနဲ့ ရှင်တွေ့တာ ဒီနေ့နောက်ဆုံးပဲ မကြာခင် သူတို့ လာခေါ်တော့မှာ"
"ဘယ်လို"
"ဟုတ်တယ် ကျွန်မက သာမန်လူမဟုတ်ဖူး၊ လွန်ခဲ့တဲ့ တစ်ပတ်က ဒီနေရာလေးမှာ ကား Accident တစ်ခုနဲ့ ကျွန်မကွယ်လွန်ခဲ့ရတယ်၊ ဒါကြောင့် လူ့ဘဝမှာ မရှိတော့တဲ့ ကျွန်မဟာ ဘယ်ကိုမှ သွားပိုင်ခွင့်မရှိဘူး၊ သူတို့လာခေါ်တဲ့ အထိ ဒီနေရာလေးကနေပဲ စောင့်နေရတာ"
"ဟင် ဒါဆို မင်းက လူမဟုတ်ဖူးပေါ့"
"ဟုတ်တယ် ကျွန်မက လူမဟုတ်ဖူး"
"လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကရော မင်း ဘယ်ရောက်သွားတာလဲ"
"ကျွန်မ ဘယ်မှမသွားပါဘူး၊ ဒီအုတ်ခုံလေးရဲ့ နောက်က သစ်ပင်လေး နောက်မှာပဲ ကျွန်မရှိနေခဲ့တာပါ"
အဲ့ဒီ အချိန်မှာ မြင်းနှစ်ကောင်ဆွဲတဲ့ ရထားလုံးတစ်စီး ရှေ့ကို ဆိုက်လာတယ်...ပြီးတော့ ခေါင်းမြီးခြုံနဲ့ လူနှစ်ယောက်ဆင်းလာတယ်..ပြီးတော့ သူမကို လာခေါ်တယ်..၊"ကျွန်မ သွားရတော့မယ်" ဆိုပြိး ထိုလူကြီး နှစ်ယောက်ခေါ်ရာကို လိုက်ပါသွားခဲ့ပါတယ်။ ထို ရထားလုံးလည်း ကျွန်တော့်မျက်စိရှေ့က ဖျောက်ခနဲ ပျောက်ကွယ်သွားပါတော့တယ်....။
ဒါဟာ အိမ်မက်လာ...တစ်ကယ်လား ကိုယ့်ကိုကိုယ်တောင် မသေချာတော့လောက်အောင် တွေဝေ ဆွံ့အခဲ့ ရပြီလေ.....



Saturday, May 01, 2010

ချစ်ခွင့်ပေးပါတော့ ချစ်သူရယ်

ရွှေလသာသာ သာသောညမှာပဲကွယ်
မေ့ကို မောင်ငေးလို့ဖြင့် အတွေးနယ်ကျယ်ခဲ့တယ်
တဒင်္ဂမြင်ခဲ့ရတဲ့ ခင်နှမသက်လယ်သူဇာနွယ်
မေ့နိုင်ပါပဲ စိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းအချိန်ဝယ် လေညှင်းသင်းနေတုန်းရယ်
မွှေးထုံကြိုင်လန်းဆန်းတဲ့ ပန်းမာလာရနံ့သွယ်
မျှော်လင့်စောင့်စားလို့ယူ နတ်ပန်းမဉ္ဖူပုံနှယ်
မောင့်မှာစိတ်စောပါလို့ ရင်မောမိတယ်ကွယ်

တံချူကိုင်ကာ မှိုင်ငေးနေရပါတယ်
ချစ်ခွင့်ပေးပါတော့ မေရယ်
တစ်ရွာသူကို ကြင်မိလို့ အခက်ပွေရတယ်
မုန်းစိတ်တွေကို တော်ရာဖယ် ချစ်သူရယ်

ကြယ်ကလေးတွေ ဝိုင်းဝိုင်းလည် လမင်းအနားမယ်
ဝင်းပကြည်လင်ကာရယ် ထက်ကောင်းကင်ဝယ်
မိုးတိမ်မြင့်မယ် အရှိန်တင့်တယ် ပမာသို့ကွယ်
ချစ်သူကိုယ်စား ချစ်အားကြွယ် ချစ်ခွင့်ပေးကွယ်
ချစ်အားကိုးနဲ့ မောင်အမျိုးမျိုး တောင်းပန်ပါတယ်
သံသရာအဆုံးတိုင် မမုန်းနိုင်ပဲ ချစ်ပါမယ်
ချစ်တေးနှောလို့ ချော့မြူပါ့မယ် ချစ်သူရယ်



ချစ်မကြီး မက်မက်က မြန်မာသံစစ်စစ် သီချင်းလေးတစ်ပုဒ်ကို ကံစမ်းမဲပေးပြီး တဂ် ထားတဲ့ ပို့စ်လေးအတွက် ဒီသီချင်းလေးကို ရွေးချယ်လိုက်ပါတယ်..။ တေးရေး/တေးဆို ဦးသန်းဖေလေးရဲ့ သီချင်းလေးဖြစ်တဲ့ ဒီသီချင်းလေးက ကျွန်တော်ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာသံသီချင်းတွေထဲမှာ ဒီသီချင်းလေးလည်း အပါအဝင်ဖြစ်ပါတယ်....။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဦးသန်းဖေလေးကို အမှတ်ရသောအားဖြင့် ဒီသီချင်းလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်.........၊ ချစ်မကြီးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....၊


Thursday, April 29, 2010

ရင်ဖွင့်စာ

ကျွန်တော် ကောင်မလေး တစ်ယောက်ကို ချစ်မိပြီ ဆိုရင်..........


Monday, April 19, 2010

"ဘာပြောတယ်... ငါ့ကို ပြန်ပြောစမ်းပါ..."
"ဟုတ်တယ် မိနှင်း ငါတို့တွေ လမ်းခွဲကြရအောင် " မောင့် အသံက အေးစက်လို့နေပါတယ်၊
"နင် ဘာ့ကြောင့် ဒီလိုပြောရတာလဲ ဟာ..၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ ၊ ငါဘာအမှားတွေ လုပ်မိလို့လဲ "
"..............."
"ဟဲ့ ငါမေးနေတယ်လေ ဘာအကြောင်းပြချက်နဲ့ နင်နဲ့ငါ လမ်းခွဲရမှာလဲ ၊ ဒါလုံးဝ မဖြစ်သင့်ဘူး"
"ငါ.. ငါနင့်ကို သိပ်ချစ်ပါတယ်ဟာ ၊ ဒါပေမဲ့ ငါတို့တွေ ဆုံနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ၊ အခုတော့ ပြောပြနိုင်တဲ့ အခွင့်အလမ်း ငါ့မှာ မရှိဘူး ၊ တစ်နေ့တော့ နင်နားလည် လာမှာပါဟာ၊ ငါ့ကို ခွင့်လွှတ်ပါလို့ ပြောချင်တယ်"
"ဘာ ခွင့်လွှတ်ရမယ် ဟုတ်လား ၊ ငါနင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ၊ Ok ကောင်းပြီလေ နင့်ဘက်ကတောင် ပြတ်သားနေမှတော့ ငါ့ဘက်က ဘာပြောစရာလိုတော့လို့လဲ" ပြောနေရင်းပင် ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ တစ်လိမ့်ခြင်း ကျဆင်းလာပါတော့တယ်။ ကျွန်မငေးကြည့်နေရင်း ကျွန်မစဉ်းစားနေရင်း ကျန်ရစ်နေခဲ့ပါတယ်...။ မောင်ကျွန်မအပေါ် ဒီလောက်ရက်စက်ရတာလဲကွယ်..။ သူကတော့ ကျွန်မနှင့် ဝေးရာသို့ထွက်သွားလေပြီ။
သူနဲ့ အဆက်အသွယ် ပြတ်သွားပြီးနောက်ပိုင်း သူ့မိဘ တွေရှိရာ နယ်မြို့လေးကို ပြန်သွားတယ်ဆိုတဲ့ နောက်ဆုံး သတင်းက လွဲလို့ ဘာမှ မရတော့ပါဘူး....
၃ လလောက်ကြာပြီးနောက်.......
"ဘယ်လို"
"သေချာလို့လား ဇင်မာ နင် ငါ့ကို လာနောက်နေတာမဟုတ်ပါဘူးနော်"
"ဟဲ့.. ငါမသေချာပဲပြောမလားဟ......."
"မနေ့က ဇော်နိုင်ပြောလို့ ငါသိရတာ၊ သူက နင့်ကို သိပ်ချစ်ခဲ့တာဟ..၊ သူ့မှာ သွေးကင်န်ဆာ ရှိနေတာကို သူသိလိုက်ရတဲ့ နောက်ပိုင်း နင့်ကို ရှောင်နေခဲ့တာတဲ့ ၊ ပြီးတော့..."
"ထပ်မပြောပါနဲ့တော့ဟာ... ငါလုံးဝ မကြားချင်တော့ဘူး"
သြော် မောင်ကျွန်မ အပေါ်မှာ သိပ်ချစ်ခဲ့တာပါလား၊ ကံတရားကြီး ကလည်းရက်စက်လွန်းပါတယ်ကျွန်မ မောင့်ကို အထင်လွဲပြီး ပြောခဲ့မိတာပါလာ..။ ဒါတွေကို အခု အချိန်မှ ပြန်တောင်းပန်လို့လည်း မောင်က ကြားနိုင်မှာမဟုတ်တော့ဘူးလေ..။ ကျွန်မကို သိပ်ချစ်ခဲ့တဲ့ မောင်တစ်ယောက် ရောက်လေရာ ဘဝမှာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး နောက်ထပ်မကြုံရပါစေနဲ့လို့ ကျွန်မဆုတောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးလေ......
အပျင်းပြေ ဖန်တီးထားသော ဇတ်လမ်းဖြစ်ပါတယ်..၊ တကယ့်အဖြစ်မဟုတ်ပါ

Saturday, April 17, 2010

မနေ့က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပိုးဟပ်လေး တစ်ယောက် (အဲ ဟုတ်ဖူး ) သူငယ်ချင်း နှစ်ယောက်နဲ့ အတူ Toa Payoh ဘုန်းတော်ကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ မှာ စနေနေ့တိုင်း တရားပွဲ ရှိတယ်လေ ။ မနေ့ကတော့ နှစ်သစ်ကူး အခါသမယနဲ့ တိုက်ဆိုင်သွားတဲ့ နေ့ထူး နေ့မြတ်လေး တစ်ရက်ဆိုရင် လည်း မမှားဘူးပေါ့နော်..။ ညနေ ၆ နာရီလောက် တရားပွဲ စပါတယ်။ တရားပွဲ ပြီးတော့ ဓမ္မစင်္ကြာ ရွတ်တဲ့ အဖွဲ့တွေ ကတော့ ရွတ်ကြတာပေါ့..။ ပိုးဟပ်လေး က အလွတ်မရဘူးလေ ။ စာအုပ်ကြည့်ပြီး ရွတ်ဖို့ကျတော့လည်း ဓမ္မဒါန ပြုထားတဲ့ စာအုပ်ကုန်သွားတာနဲ့ တတိယထပ် ကိုတက်သွားပြီး ဘုရားဝတ်ပြုတယ်၊ ဒီတစ်ခေါက်တော့ ပုတီးမစိပ်ဖြစ်ဖူး ( ခါတိုင်းဆိုရင် တော့ စိတ်ဖြစ်တယ်)၊၊ ဘုရားဝတ်ပြုပြီးတာနဲ့ အပေါ်ထပ်က စေတီလေးရှိတဲ့ ရင်ပြင်တော်မှာ သီငယ်ချင်းတစ်ယောက်နဲ့ အတူသွားထိုင်ဖြစ်ခဲ့တယ်..။ ကျန်တဲ့ တစ်ယောက်က ဓမ္မစင်္ကြာ ရွတ်ပြီး ကျန်နေခဲ့တယ်..။ ခဏနေတော့ ကိုယ်နဲ့ပါလာတဲ့ သူငယ်ချင်းက ဆေးလိပ်သောက်ချင်လို့ ဆိုတော့ ကားရှိရာနေရာကို ပြန်လာခဲ့ကြပြီး ကျန်တဲ့ တစ်ယောက်ကို ဆက်စောင့်နေလိုက်တယ်..။ ၉ နာရီလောက်ကျတော့ ဓမ္မစင်္ကြာ ရွတ်တဲ့ အဖွဲ့ ပြီးသွားတော့ ကျန်တဲ့ သူငယ်ချင်း တစ်ယောက်ပါပြန်ရောက်လာတယ်...။ အိမ်ကို ပြန်နေရင်းနဲ့ လမ်မှာ တစ်ခုခု စဉ်းစားမိတာနဲ့ ၃ ယောက်သားတိုင်ပင်ကြတယ်.. West Coast သွားထိုင်ကြမယ်ဆိုတော့ အကုန်လုံးက သဘောတူကြတယ်..ဒါနဲ့ ကျန်တဲ့သူငယ်ချင်းတွေပါခေါ်ရအောင်ဆိုပြီး Clementi နေတဲ့ သူက ဖုန်းဆက်တော့ သူ့သူငယ်ချင်းနှစ်ယောက်က လိုက်မယ်တဲ့ ကျန်တစ်ယောက်ကတော့ သူ့ အစ်ကိုတော်ကို ခေါ်လိုက်တယ်...။ အားလုံး စုမိတော့ မိန်းကလေး ၃ ယောက် ယောင်္ကျားလေး ၄ ယောက်...စုစုပေါင်း ၇ယောက်သား Wast Coast ကိုရောက်သွားကြတယ်၊ ရောက်သွားကြတော့ အားလုံးက ဒီအတိုင်းဆိုရင် ပျင်းစရာကြီးတဲ့ တစ်ခုခု ဆော့ရအောင်ဆိုတော့ စဉ်းစားကြတယ်..နောက်တော့ အကောင်အထည်ဖော်တယ်..၊ ဘာကစား ကြမလဲ???သိပြီ... ကျောက်ရုပ် ကျောက်ဖြတ် ဆော့ကြတယ်.. မိန်းကလေးတွေက သိပ်မပြေးနိုင်တော့ ၂ ပွဲလောက်ပဲ ကစားဖြစ်တယ် ပြီးတော့ ဘာကစားရ ကောင်းမလဲပေါ့၊။ စဉ်းစားမိတော့ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ဆော့မယ်တဲ့ ငယ်ငယ်က မဆော့ဘူးတဲ့ လူကို သင်ပေးရသေးတယ်..၊ ဒါလဲ ၃ ပွဲလောက်ပဲ ဆော့ဖြစ်တယ် ယောင်္ကျားလေးတွေချည်း ရှေ့ ရောက်ရောက်နေတာကိုး.. ခြေလှမ်းတွေကလဲ ကျဲမှကျဲ .. မဖြစ်သေးပါဘူး..နောက်တစ်မျိုး ပြောင်းမယ်ဆိုတော့ ထုပ်စည်းတိုးမယ်တဲ့ အဲဒါမှ ဂွပဲ ကိုယ်လဲတစ်ခါမှ မဆော့ဖူးဘူး ။ ဒီတော့ ဘယ်ရမလဲ ပြန်သင်ခိုင်းရတာပေါ့..... ပထဆုံးပွဲမှာပဲ လိုက်ရတယ်။ ဆော့နေရင်းနဲ့ နည်းနည်းလေးနားလည်လာတယ်။ ဒါနဲ့ ဆော့ဖြစ်ကြပြန်ရော.။ ဘယ်အဖွဲ့ကမှမနိုင်ဘူး ။ ဘယ်တိုးလို့ ရမလဲ ၇ ယောက်ထဲဆော့တာကိုး ထုပ်စည်းတိုးတယ် ဆိုတာ လူအများကြီးနဲ့မှ ဆော့လို့ကောင်းတာတဲ့ ဒါနဲ့ အချိန်ကြည့်လိုက်တော့ ၁၁ နာရီ ထိုးနေပြိင်္ ပြန်ကြမယ်တဲ့..။ ဒါနဲ့ ပြန်မယ်ဆိုပြီး ခြေထောက်လက်ထောက် သွားဆေးပြီးတော့ ပြန်လာလိုက်တာ အိမ်ပြန်ရောက်လို့နာရီ ကြည့်လိုက်တော့... အားပါး ၁၂ ခွဲသွားတယ်။ ရောက်တာနဲ့ ရေမြန်မြန်ချိုး မြန်မြန် အိပ်ရတော့တာပေါ့ ( နောက်နေ့ အလုပ်ဆင်းရမှာကိုး )
"THE END"


Friday, April 16, 2010

နှစ်သစ် ဆုမွန်

နှုတ်ဆက်ခဲ့ပါတယ် ၁၃၇၁ ကြီးရေ
ဘာလိုလိုနဲ့ ၁၃၇၂ ဆိုတဲ့ နှစ်ကောင်းရက်မြတ်တောင် ရောက်လာပါပကော...၊၊ မြန်မာနှစ်ဆန်းကို ရောက်နေပြီဖြစ်တဲ့ ဒီနေ့ ဒီအချိန်က စပြီးတော့ ၇ ရက် သားသမီးတွေအားလုံး ကျန်းမာချမ်းသာပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ စိတ်ပျက်စရာ မြင်ကွင်း သီတင်းတွေလည်း နောက်ထပ် မကြားချင် မမြင်ချင်တော့ပါ...။ ဖြစ်ပြီးသွားသော ကိစ္စ အတွက်လည်း စိတ်မကောင်းပါဘူး...။ သွားလေသူများလည်း ကောင်းရာသုဂတိလား ကြပါစေ....။ နောက်ထပ် ဒီလို အဖြစ်မျိုးတွေ ထပ်မဖြစ်ပါစေနဲ့ ။ အလဟသတ် ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် အိုး အိမ် စည်းစိမ် တွေတစ်ချက်လောက် ကိုယ်ချင်းစာစိတ်နဲ့ ပြန်လည် မြင်ကြည့်စေချင်ပါတယ်..။ ကောင်းတော့မကောင်းဘူးပေါ့ ကိုယ့်အတွက်အကျိုး အမြတ် တစုံတရာ ရလာတယ်ဆိုရင်တောင် ဒါဟာ မလုပ်သင့် မလုပ်ထိုက်ပါဘူး...။ ပြီးတော့ ဒီဟာက စစ်တိုက်နေတဲ့ စစ်မြေပြင် တစ်ခုမဟုတ်ပါ...။ ပြည်သူတွေ အေးချမ်းစွာနဲ့ မည်သူ့ကိုမှ အနှောက်အယှက် မပေးပဲ ပျော်ရွှင်စွာရေပက်ကစားတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုလေးတွေ ပျောက်ဆုံးသွားကြပြီပေါ့....။ ပြည်သူတွေ အထိတ်တလန့် ဖြစ်မှ ပျော်ရမယ် ပြည်သူတွေ သွေးအလူးလူးနဲ့ သွေးပျက်စရာမြင်ကွင်းတွေ အနိဌာရုံ မြင်းကွင်းတွေကို မြင်ရမှ ပျော်ရွှင်ရမယ်ဆိုရင် ဒါဟာ လုံးဝ လွဲမှားတဲ့ အယူအဆ တစ်ရပ်သာ ဖြစ်ပါတယ်....။ အင်း စိတ်မကောင်းစရာတွေ ပြောနေရင် စိတ်မကောင်းစရာ တွေပဲဖြစ်နေလိမ့်မယ်...တော်ဘီ ပြောတော့ဘူး...။ နှစ်သစ်အတွက် ဆုမွန်ကောင်းပဲ တောင်းပေးလိုက်တော့မယ်....
"နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ"


Tuesday, April 13, 2010

တမ်းချင်း


သြော်...သင်္ကြန် သင်္ကြန်.....
သင်္ကြန်ရေနဲ့ ဝေးကွာခဲ့တာ ၆ နှစ်တောင်တိုင်ခဲ့ပြီလေ.....
ဘာလိုလိုနဲ့ အချိန်တွေ တစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာလိုက်တာ အမိမြန်မာပြည်ရဲ့ သင်္ကြန်အငွေ့ အသက်တောင် ပျောက်လုနီးပါးရှိနေပြီပဲ။ လွမ်းလိုက်တာ သင်္ကြန်ရယ်.... ဒီနေ့က တို့တိုင်းပြည်ကြီးမှာ မဟာသင်္ကြန်အကြိုနေ့ တောင်ရောက်နေပါပကောလား ။ ဒီတော့ ဘလော့ကို လာလည်တဲ့ သူတွေအတွက် မုန့်လုံးပေါ်နဲ့ ရွှေရင်အေးပဲတိုက်ရတော့မှာပဲ၊ စားကြနော် အားမနာနဲ့နော်.......


ဒါက ရွှေရင်အေးပါ


ဒါကတော့ မုန့်လုံးရေပေါ်ပေါ့



ဓာတ်ပုံတွေက Google ကနေရှာပြီးတင်ထားတာ.........:D


အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ......



Sunday, April 11, 2010

အသဲကွဲ ဒိုင်ယာရီ

သုံည ကနေစခဲ့တဲ့ ငါ့ဘဝ
အချစ်ဆိုတဲ့ အရာက အဆင့်ကျော်ပြီး
Propose လုပ်လို့ မရဘူးဆိုတာ ငါသိတယ်
ဒါကြောင့် ခင်မင်မှုဆိုတဲ့ နံပါတ်တစ်နေရာကို
ငါရောက်အောင် လှမ်းခဲ့တယ်
နင် ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်
ပြီးတော့ နံပါတ်နှစ် သူငယ်ချင်းဖြစ်ဖို့
ငါ ဆက်ကြိုးစားခဲ့တယ်
ဒါကိုလည်း နင် ခွင့်ပေးခဲ့တယ်
ပြိးတော့....
နံပါတ်သုံး propose လုပ်တော့ နင်ငြင်းတယ်
လိမ္မာ ပါးနပ်စွာနဲ့ ပေါ့
ပြီးတော့ တစ်ခြားသူတစ်ယောက်ကို
ငါ့ထက် အခွင့် အရေးပေးပြီး နင်လက်ခံလိုက်တယ်
ပြီးတော့ ငါ့ကို နှစ် နေရာကို ပြန်ရောက်အောင်
နင်ကိုယ်တိုင် တွန်းချခဲ့တယ်.....
နင်တွန်းချခဲ့တာ နံပါတ်နှစ် ကိုပါ
ဒါပေမဲ့ ငါကတော့ သုံညနေရာကို
ပိုးစိုးပက်စက် ဒလိမ့် ခေါက်ခွေး ပြုတ်ကျသွားခဲ့တယ်
နင်ကိုယ်တိုင်ငါ့ကို
နံပါတ် နှစ်နေရာ အထိပဲ ရောက်နိုင်တဲ့
လှေကားတစ်ချောင်းကို
နင်ကိုယ်တိုင် ဖန်ဆင်းပေးခဲ့တယ်
ငါ အထိနာ သွားခဲ့ပြီလေ.....
Sorry ပါသူငယ်ချင်း
ငါပြန်တက်လာနိုင်တော့မှာ မဟုတ်တော့ဘူး
ငါလိုချင်တာ နံပါတ် နှစ်မဟုတ်ဘူးလေ
ငါ့ရဲ့ ဒဏ်ရာသက်သာလာခဲ့ ရင်တောင်
ငါ ဘယ်တော့မှ.....
ပြန်တက်မလာတော့ဘူး
ငါ့ရဲ့ သုံညနေရာလေးမှာပဲ ငါပြန်ပြီးတော့
လဲလျောင်းနေပါရစေ.....
နင့်ရဲ့လှေကားကို
နင်ကိုယ်တိုင်ပဲ ပြန်ရုပ်သိမ်းပေးပါ


Please


Friday, April 09, 2010

အိမ်

"မိန်းမရေ...."
"အခုတလော ကိုမက်တဲ့ အိမ်မက်တွေက အရမ်းထူးဆန်းနေတယ်သိလား........
့ခြံဝန်းထဲ မှာမြက်ခင်းလေးတွေနဲ့ အိမ်လေးတစ်လုံးကို ကိုတို့ နှစ်ယောက်ပိုင်တယ်တဲ့"
"ရှင်က ဘာစိတ်ကူးတွေ ယဉ်ပြီး ဒီအိမ်မက်ကို မက်ရတာလဲ"
"ဟုတ်တယ်မိန်းမရေ ကို စိတ်ကူးတွေ ယဉ်နေတာကွ၊ ပြီးတော့ ပိုက်ဆံလေးတွေ ဆုချင်တယ်၊ လကုန်တိုင်းလည်းဆုတောင်းနေမိတယ်၊ ကို တို့ နှစ်ယောက် ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အိမ်ကောင်းကောင်းလေး တစ်လုံး လိုချင်တယ်လို့"
"အခုလည်းစဉ်းစားနေတာ မနက်ဖြန် ဒီအခန်းလေးကို ငါတို့ ငှားပြီးနေခဲ့တာ စာချုပ်ပြည့်တော့မယ်လေ၊ ပြီးတော့ လက်ထဲမှာလဲ ပိုက်ဆံက လုံလုံလောက်မရှိဘူးဟ...ဒါတွေကို စဉ်းစားမိပြီးရင်လေးနေတာ..နောက်ထပ် ထပ်ငှားဖို့ အတွက်လည်း စဉ်းစားနေတာ"
"အမလေးတော် စိတ်ညစ်နေလည်း ဘာထူးလာမှာလဲ ၊ ကျွန်မတို့တွေ ဒီလိုပဲ နေရင်းနဲ့ အသက်တွေသာကြီးလာတယ် ဘာများထူးလာလို့လည်း....."
"မဟုတ်ဖူးလေ မိန်းမရာ ငါတို့တွေ အကောင်းဆုံးနဲ့ နားနားနေနေ နေနိုင်ဖို့ နေရာကောင်းကောင်းလေးလိုချင်နေလို့၊ ငါကတော့ မျှော်လင့်နေမိတယ် တနေ့နေ့ တော့ ကိုတို့ နှစ်ယောက်အတွက် အိမ်ကောင်းကောင်းလေးရလာမယ်ထင်တယ်"
"အမလေး ဝေးသေးတယ် ရှင့်လိုပုံစံနဲ့"
"မိန်းမရယ်...ဘယ်တော့ မှမဖြစ်လာတော့ဘူးလို့ မတွေးလိုက်ပါနဲု့ဖြစ်လာမှာပေါ့"
"ရှင်ကလည်း ဒီလောက်တောင် လိုက်လေဝေးလေ ဖြစ်နေတဲ့ဟာကို ဝိုးတိုးဝါးတား အိမ်မက်တွေကို မမက်ချင်စမ်းပါနဲ့ အိပ်တော့နော် ၊ မနက်ဖြန်ကျရင်လည်း ရှင် အလုပ်သွားရအုံးမယ်မဟုတ်လား"
"အေးပါ မိန်းမရယ် မင်းလည်း မနက်ဖြန် အိမ်ရှင်နဲ့ သွားတွေ့ ဖို့လုပ်နော်"
"ဟုတ်ပါပြိ ကိုရယ် အိပ်တော့နော်"


Friday, April 02, 2010

စကားနောက် တရားပါ

စကားနောက် တရားပါတဲ့ ............
ဘုရားရှင်ဟောကြားတော်မူတဲ့ အထဲ မှာလည်း ပါဝင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အကြောင်းပြောချင်ပါတယ်........
ဒီလိုပါ.....
သူက သူငယ်ချင်းတွေကို အမြဲနောက်လေ့ရှိတယ် ....။ ဘယ်လိုနောက်လည်း ဆိုတော့ ......
"ရိုက်ရိုက် နှစ်ချက်စာလောက်၊ Mc တစ်ပတ်စာလောက်၊ တစ်လစာလောက်" ဘာညာနဲ့သူကနောက်တယ်လေ။ တစ်ခါတစ်လေ ကျရင် သူ့ မျက်မှန်နဲ့ ပတ်သက်ပြီးနောက်တယ်.....မျက်မှန်ကျိုးသွားရင် တစ်ပတ်လောက် နားမှာဗျား။ ဒီလိုနောက်လေ့ရှိတယ် ဒီလိုနဲ့ တစ်နေ့တော့ သူမောင်းနေတဲ့ ကားက High Way လမ်းပေါ်မှာ မောင်းနေတုန်း ရှေ့မှာ ကားအက်စီးဒင့် တစ်ခုရှိတော့ Traffic Jam ဖြစ်တယ်လေ...။ သူ့ရှေ့မှာလည်းကားတွေ အများကြီး၊ အဲ့ဒီနောက်မှာ သူ့ကားကို ဝင်ပြီးတန်းစီတယ် ဖြစ်ချင်တော့ မမျှော်လင့်ပဲ သူ့နောက်က ကားက အရှိန်နဲ့ ဝင်စောင့်တာ သတိမထားမိတဲ့ အချိန်ဆိုတော့ သူဟန်ချက်ပျက်ပြီးတော့ စတီယာရင် ကြားထဲ လက်ရောက်ပြီး လက် အရိုးအက်သွားခဲ့တယ်... နောက်တော့ သူပြောတဲ့ အတိုင်းပဲ ဆေးရုံသွားတာရော ဆေးရုံသွားတာရော Mc ရော အားလုံး ၂ ပတ်လောက်နားလိုက်ရတယ်.... သူကတော့ သိပ်ဂရုမစိုက်ဘူးလို့ပဲ ပြောရမလားပဲ အဲဒီလိုဖြစ်ပြီး တော့လည်း သူက ဒီလိုပဲ သူငယ်ချင်းတွေနဲ့တွေ့ရင် နောက်တာပေါ့ သူ့စိတ်ထဲမှာ ဘာရယ်တော့မဟုတ်ပါဘူး စလိုက်နောက်လိုက်ပါပဲ....
သိပ်မကြာပါဘူး နောက်တစ်ခေါက်ထပ်ဖြစ်တာပါပဲ.. ဒီတစ်ခေါက်တော့ သူကအလုပ်ထဲ မှာဖြစ်သွားတယ်.. Store ထဲမှာ လိုအပ်တဲ့ ပစ္စည်းလေးတက်ယူလိုက်တာ သူ့ အရပ်နဲ့ သိပ်မမှီတော့ ခုံလေးခုပြီးတက်တာ ဖြစ်ချင်တော့ နည်းနည်းလေးယိုင်သွားပြီး ပြုတ်ကျတာ အောက်က Plastic Roll ပေါ်ပြုတ်ကျတော့ ပိုဆိုးသွား တယ်လေ သိပ်တော့များများမထိပါဘူး ခြေထောက်အကြော နည်းနည်းညှပ်သွားတာလောက်ပါပဲ..ဒီအဖြစ်လေးကို ကြည့်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တော်တော်လေးသတိထားမိသွားတယ်...ဘာပဲဖြစ်ဖြစ်..ဘယ်သူမဆို သတိထားသင့်ပါတယ်..
ဒီစာလေးကို ဖတ်လိုက်ရပြီး စာအရေးအသားလိုအပ်နေတာပဲ ဖြစ်ဖြစ်၊ စာဖတ်ရတာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်
စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါတယ်... လိုအပ်တာများကိုလည်း ထောက်ရှု့ပေးနိုင်ပါတယ်


Wednesday, March 31, 2010

April Fool Day တဲ့

တူ..တူ..တူ
"ဟယ်လို"
"ဟဲ့ ... ပိုးဟပ်လေး ငါတို့ Sentosa သွားမလို့ လိုက်ခဲ့ပါလား"
"ငါမလိုက်တော့ပါဘူးဟာ ငါဒီနေ့ သိပ်နေမကောင်းဘူးဟ နင်တို့ပဲ သွားလိုက်ပါဟာ"
"မရဘူးဟာ နင်လိုက်ကို လိုက်ခဲ့ရမယ်၊ ငါခေါ်ရင် နင်ဘယ်တော့မှ မလိုက်ဘူး အကြောင်း အမျိုးမျိုးပြပြီးနေခဲ့တယ်၊ မရဘူး ဒီတစ်ခါတော့ ၁၁း၃၀ ကို Outram Park MRT ကနေစောင့်နေ မလာလို့ကတော့ နင်နဲ့ငါ သူငယ်ချင်း အခန်းက အပြတ်ပဲ....... ဘာမှ စကားမများနဲ့တော့.........((( ဂွပ် )))"
ဟာ သွားပါပြီ........ဖုန်းပြန်ခေါ်တော့လည်း မကိုင်ဘူး....၊ ဘယ်လိုကောင်မလေးမှန်းလည်း မသိဘူး၊ သူပြောချင်ရာ ပြောပြီး ဖုန်းချသွားတော့တာပဲ.....အင်းပေါ့လေ..မထူးပါဘူးဆိုပြီး ရေချိုးမိုးချိုးပြီး ထွက်သွားလိုက်မိတယ်.....။
ခံရချင်တော့အဲ့လိုပဲ ....
သူပြောတဲ့နေရာရောက်လို့ ဖုန်းပြန်ခေါ်တော့ ချက်ချင်းကိုင်တယ်ဗျာ....
ဟဲ့....နင်ဘယ်မှာလဲ မေးတော့ ငါအိမ်မှာတဲ့ .....
"အမ် နင်ပြောတော့ Sentosa သွားမလို့ဆို "
အဲ့ဒီတော့မှ မယ်မင်းကြီးမက ဘာပြောတယ်မှတ်တုန်း.....
"ဟားဟား April Fool Day ကွ တဲ့"
"ဟိုက် သွားပြီ ဒီနေ့ကို လုံးဝမေ့နေတာ ဟုတ်သားပဲ သွားပါပြီကွာ"
ဆိုပြီး လှည့်ပြန်လာရပါပကောလား......
အင်း April Fool Day, April Fool Day တတ်လည်းတတ်နိုင်ပါလား
April Fool Day အတွက် ပထမဆုံး ခံရခြင်းမို့ ဘာမှ မပြောလိုတော့ပါဘူး
ရှက်တာနဲ့ ဘယ်သူမှ မပြောချင်တာနဲ့ ဘလော့ပေါ်တင်လိုက်တယ်....ဟီး



Monday, March 29, 2010

ရူးသွပ်ခြင်း

တောင်ရောက် မြောက်ရောက်
ရောက်တတ်ရာရာ လျောက်တွေးနေရင်း
"ဝုန်း" ဆို မမျှော်လင့်တဲ့ အချိန်မှာ
မမျှော်လင့် ထားသလိုပဲ
ဘာမှ ဖြစ်မလာလို့
ဘာများဖြစ်လာမလဲ
စောင့်ကြည့်နေရင်း
အချိန်သာ ကုန်ဆုံးလို့
2010 Apri ဆိုတဲ့ လကြီးတောင်
ရောက်လာပြီနော်
သင်္ကြန်တောင် ရောက်တော့ မယ်
သင်္ကြန် သီချင်းသံလေးတွေ ကြားရင်
ဘာကို လွမ်းလို့ လွမ်းနေမိမှန်း မသိတဲ့ ဘဝ
သြော် ......
ချစ်သူများ ရှိရင်လေ
မြန်မာပြည်ကို ကုန်းကြောင်း ခြေလျင်
အသော့နှင်လို့ ပြေးလိုက်ချင်ပါရဲ့
သို့ပေသော်လည်း
လိုတာမရ ရတမလို
လိုတိုင်းတ ရနိုင်တဲ့ လိုတရ အမွှေးတိုင်
ဟိုက် မှားပြီ
လိုတိုင်းတ ရနိုင်တဲ့
နည်းကောင်းလေး များလည်း လိုချင်ပါရဲ့
သို့ပါပေတည့် သို့ပေငြားလည်း
ယနေ့ထိတိုင် တွေ့ပါနိုင်၍
သူငယ်ချင်းကောင်း တို့ရေ
'မ' စတော်မူကြပါကုန်



Saturday, March 20, 2010

ရင်နှင့်ရင်း၍ ချစ်ခဲ့သည်

ဟဲ့.......

ငါ့မှာ ချစ်သူရှိနေပြီဟ......

သူမ ပြောလိုက်တဲ့ တခဏမှာ ကျွန်တော့် ရင်ထဲမှာ ဘာတွေ ဖြစ်ကုန်တယ်မသိဘူး.....။ ကျွန်တော့် မှာပြောစရာစကား မရှိတော့လောက်အောင် ဆွံ့အခဲ့ရပြီလေ.....။


( ရက်စက်လိုက်တာဟာ )

ကျွန်တော် တစ်ခွန်းထဲ ပြောနိုင်ခဲ့တာပါ ။ ပြီးတော့..... ပြီးတော့.....ကျွန်တော် ကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ရှိုက်ပြီးငိုချမိသလားတောင် မသိတော့ပါဘူး။

ကျွန်တော် သူမကိုချစ်နေခဲ့မိတာ ကြာပါပြီ၊ ဒါကို သူလည်းသိပါတယ်၊ ပထမဆုံးသူမကို ဖွင့်ပြောစဉ်က သူမပြန်ပြောခဲ့တာလေးကို မှတ်မိတာရှိပါသေးတယ်....


"သူငယ်ချင်းရယ် ငါ့ကိုခွင့်လွှတ်ပါဟာ၊ ငါနင့်ကို သူငယ်ချင်းလိုပဲ ခင်ပါရစေ"တဲ့

ဒါကို ကျွန်တော်မသိကျိုးကျွန် ပြုပြီး နေခဲ့တယ်။ ပြီးတော့.... "နင်မချစ်လည်းရပါတယ်ဟာ...ဒါပေမဲ့ နင်ချစ်လာတဲ့ အထိငါကြိုးစားမယ်.... ပြီးတော့ နင်ငါ့ အတွက် စဉ်းစားပေးပါနော်" ကျွန်တော်ပြောတော့ သူမက မပွင့်တပွင့်လေး ပြုံးပြပြီး အသာလေး ခေါင်းညိမ့်ပြခဲ့တယ်....၊ အဲဒီ အချိန်တုန်းကတော့ သူမစဉ်းစားပေးမယ် ဆိုတာလေးကို အပျော်တွေ လွန်ပြီး အဲဒီညက သူမ အကြောင်းစဉ်းစားရင်းနဲ့ အိပ်တောင် မပျော်ခဲ့ဘူး.... တကယ်ကိုပျော်ခဲ့တာပါဗျာ.....

နောက်တော့ သူမမှာ စိတ်ညစ်စရာတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရတယ်လို့ သိခဲ့ရတယ်.... ဘာတွေစိတ်ညစ်နေသလဲ ဆိုတာတော့ သူမမပြောခဲ့ပါဘူး....ကျွန်တော်မေးလိုက်တိုင်း....


"ငါ့ကိုမမေးပါနဲ့ဟာ၊ ငါအခု အရမ်းစိတ်ညစ်နေတယ်၊ ငိုချင်ရက် လက်တို့မလုပ်ပါနဲ့ဟာ၊ ငါ့ အတွက်ပျော်စရာလေးတွေ ဖန်တီးပေးပါနော်" စသဖြင့်

သူမပြောလာတတ်ပါတယ် ကျွန်တော် ချစ်နေရတဲ့ သူဆိုတော့ ကျွန်တော့်ကြောင့် သူမ ပိုစိတ်ညစ်ရမှာဆိုးလို့ ကျွန်တော် ထပ်မမေးဖြစ်တော့ပါဘူး.... ။သူမအတွက် အားဆေးတစ်တစ်ခွက် ဖြစ်မဲ့ရယ်စရာလေးတွေပြောပြတတ်ခဲ့ပါတယ်....။
နောက်တော့ သူမ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်၊ သူမပြန်သွားတုန်းကလည်း ကျွန်တော်မအားတဲ့ ကြားက အလုပ်နားပြီး Changi Airport အထိ သူမကို ဂရုတစိုက်နဲ့ ပို့ပေးခဲ့ပါတယ်။ နှုတ်ဆက်ခါနီးတော့ သူမကပြောခဲ့တယ်
"သူငယ်ချင်း ငါပြန်လာခဲ့ မယ်နော်" လို့ ပြောခဲ့တယ်....
သူမနဲ့ online မှာသာတွေ့ ဆုံခွင့်ရခဲ့တယ်..... ပထမတော့ သူမ online ပေါ်ရောက်လာတိုင်း သူမ ပြန်လာနိုင်ဖို့ အတွက် သင်တန်းတွေ တက်နေကြောင်း သူမ ပြန်ပြောခဲ့ပါတယ်....။ နောက်ပိုင်း သူမကျွန်တော့်ကို စိမ်းကားလာပါတယ်....စကားလည်းနည်းသွားခဲ့တယ်......
နောက်တစ်ခေါက်ကျတော့ ကျွန်တော်ကို စကားလုံးဝ မပြောပါဘူး....ကျွန်တော် ရှိနေမှန်းသူသိပါတယ်...
ကျွန်တော် နှုတ်ဆက်တော့ သူမပြန်ပြောလာတယ်... သူအရမ်းစိတ်ညစ်နေလို့ပါတဲ့ ...ကျွန်တော်လဲ သူ့ကိုနှောက်ယှက် သလိုဖြစ်မှာစိုးတာနဲ့ အားပေးစကားပြောပြီး သူမပြန်ပြောလာမဲ့ အချိန်အထိ ကျွန်တော် စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ...ကျွန်တော်ထင်သလို ဖြစ်မလာခဲ့ ဘူး သူမ ဘာမှပြန်မပြောပဲ Signout ထွက်သွားခဲ့ပါတယ်...။
နောက်ဆုံး တစ်ခေါက် သူမနဲ့ online မှာပြန်ဆုံတော့ သူမက အရင်စပြောခဲ့ပါတယ်....။ တကယ်ကို မထင်မှတ်တဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော့်ကို အလဲထိုးသွားခဲ့တယ်လေ။
"သူငယ်ချင်း စိတ်မဆိုးပါနဲ့ဟာ...ငါမှာချစ်သူရှိနေပြီဟ...ငါကို ချစ်ခွင့်ပန်ထားတာလေး ပြန်ရုပ်သိမ်းပေးပါနော်..အချစ်ဆိုတာ ပူလောင်တယ်ဆိုတာ ငါတို့တွေ သိနေကြပြီပဲ နင်နောက်ဆုတ်လိုက်ပါနော်.... ငါတို့တွေ သူငယ်ချင်းလိုပဲနေကြရအောင်နော်" တဲ့
ကျွန်တော် ရုးမတတ်ခံစားလိုက်ရတယ် ပြီးတော့
(ရက်စက်လိုက်တာဟာ )
ကျွန်တော် တစ်ခွန်းသာပြန်ပြောနိုင်ခဲ့ ပါတယ်...၊ ပြီးတော့... ကျွန်တော့် ပါးပေါ်မှာ မျက်ရည်တွေ တစ်လိမ့်ချင်း ကြဆင်းလာတယ်....။ပြီးတော့.....ငိုချလိုက်ပါတယ်......
နောက်နေ့တော့ ကျွန်တော်သူ့ကို ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချတယ်...။ ရှေ့ဆက်ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးလေ...။ ဒါကြောင့် mail ပို့ပြီး အပြီးအပိုင် နှုတ်ဆက်ခဲ့တယ်......သူနဲ့ကျွန်တော် ပြန်ဆုံနိုင်မှာ မဟုတ်တော့ပါဘူး....။


အကယ်၍
သူမစင်္ကာပူ မြေပေါ်သို့ နောက်တစ်ကြိမ်ခြေချခဲ့သော်................................


Wednesday, March 17, 2010

ပိုးဟပ်လေးနှင့် အလုပ်

ပိုးဟပ်လေး ပြန်လာပါပြီ..
ပြန်လာတယ်ဆိုတော့ အထင်ကြီးသွားကြတယ် ဟုတ်တယ်ဟုတ်၊ ဘယ်မှမသွားရသေးပါလားဗျာ ဒီစင်္ကာပူမြေပေါ်မှာပါပဲ ရှိနေတယ်လေ :D..။
အခုတလော ဆိတ်နဲ့ လူ မကပ်ဖူး ဘယ်ကပ်မလဲ ဆိတ်တွေ ခြံထဲမှာ မနေပဲ လျှောက် သွားနေကြ သကိုး စာရေးရမှာလဲ ပျင်းတာနဲ့ အားတဲ့ အချိန်လေးမှာ လစ်ရင်လစ်သလို သူများအိမ်ထဲ အဲလေ အားတဲ့ အချိန်သူများ ဘလော့တွေမှာ လိုက်ပြီး အတင်းပြော အာ ဟုတ်ပါဝူး.. လိုက်လည်ပြီး သူများရေထားတာလေးတွေ လိုက်ဖတ်ရတဲ့ အလုပ်ကို ကြိုးစားပမ်းစားနဲ့ ဖတ်တယ်လေ..:D၊ အလုပ်မရှိ အကိုင်မရှိ လို့တော့မထင်နဲ့နော ဟွင်းဟွင်း အလုပ်က ပေါသမှ လက်တောင်မလည်ဘူး၊ မအားတဲ့ ကြားထဲက ကွန်ပူတာ ရှေ့ရောက်တာနဲ့ ကိုယ့်ဘလော့ကို အရင်ဖွင့် ဘယ်သူများ Comment ပေးထားမလဲ C box မှာ ဘယ်သူလာလည်သွားလဲ အရင်ဖတ်ရတာအမော ပြီးတော့မှ ကျန်တဲ့ အလုပ်ပေါ့ ဟုတ်ဖူးလား၊ မဟုတ်လို့လဲ မရဘူးလေ သိတယ်မဟုတ်လား ပိုးဟပ်လေးပဲ အဲ့လောက်ထိကို အလုပ်များနေတာ
ဟမ် ဒီလိုလဲ မဟုတ်သေးပါဘူး အလုပ်က အလုပ်ပဲ အလုပ်နည်းနည်း များလာရင်တော့ ပိတ်ပြီးတော့ အလုပ်လုပ်ရပြန်ပါတယ်..။ ဒီလိုမလုပ်လို့လဲ မရဘူးလေ သိတော်မူကြတဲ့ အတိုင်းပဲလေ အလုပ်မလုပ်ရင် ဘာဖြစ်သွားမလဲ ဟုတ်တယ်နော်
အလုပ်နည်းနည်း ပါးလို့ကတော့ blogger.com ကို မျက်စောင်းလေးချိတ် လက်ကလေးက နှိပ် ( ကီးဘုတ်ကို )။ သြော်.....လူကြီး လာတော့လည်း Esc ပေါ့ :D
ဂနေ့တော့ အိမ်ကို စောစောလေးပြန်ရောက်တာနဲ့ ပို့စ် အသစ်တင်မလို့ စဉ်းစားတာ ပိုးဟပ်လေး တစ်ယောက် ဘယ်လောက် ဘယ်လောက်တောင် အလုပ်ရှုပ်နေသလဲလို့ ဘလော့လာလည်တဲ့ သူတွေကို နည်းနည်းလေး ပြောပြချင်တာနဲ့ ဒါလေးကို ရေးလိုက်တာလေ...။နည်းနည်းလေး ခီးသံ အဲ့ သီးခံပြီးတော့ ဖတ်ပေးကြတဲ့ ကျွဲရောင်းလာကြတဲ့ ဘာမသိ ညာမသိ လူကြီးမင်း တို့ကို အထူး တောင်မှ ဇွန်းတပ်ပြီး ရှယ်ကျေးဇူးတင်ပါတယ် ခင်ဗျား....။

Monday, March 01, 2010

ကော်ဖီဝယ်သောက်ကြရအောင်

ကဲကဲ..ဒီတစ်ခါတော့ ဘလော့လေးကို လာလည်တဲ့ညီအစ်ကို မောင်နှမတွေကို
ကော်ဖီတိုက်ချင်ပါတယ် အကြွေစေ့ထည့်ပြီးသောက်ရမှာဖြစ်တဲ့ အတွက် အကြွေစေ့လေးပါ
ကျွန်တော်ထည့်ပေးထားတယ် ကဲ အခုပဲ သောက်လိုက်ကြပါစို့
ဒါလေးကို click လိုက်နော်

အချစ်ရူးလေး

ကာရန်ချိုချို နဲ့ အကြားအရုံထဲ
ရောက်ရောက်လာတဲ့ သူမရဲ့ အသံ
အပြင်မှာ မမြင်ဘူးသေးပေမဲ့ အမြင်အာရုံထဲ
ရောက်ရောက်လာတဲ့ သူမရဲ့ ရုပ်ပုံ
တစ်ခါတစ်လေကျရင် အားကိုးအားထားမျက်လုံးတွေနဲ့
စူးစူးစိုက်စိုက် ကြည့်နေတတ်တဲ့ သူမရဲ့ အကြည့်
တစ်ချက်တစ်ချက် ကိုယ့်ရင်ထဲမှာ
ဖြစ်ပေါ်လာတတ်တဲ့ ရင်ခုန်မှု
တစ်ခါတစ်ခါမှာ တွေးမိလိုက်တဲ့
မင်းနဲ့ကို ရဲ့ ကြားက အသက်ကွာဟချက်
မင်းကလေး အမြဲခေါ်ဆိုတတ်တဲ့
ဦးလေးကြီးဆိုတဲ့ အသုံးအနှုန်း
ချစ်ကံခေခဲ့လို့ ပထမချစ်သူနဲ့ မဆုံခဲ့ရပေမဲ့
အလတ်ကြီးရှိနေသေးတဲ့ ကိုယ့်ရဲ့ နှလုံးသား
မဖြစ်နိုင်လောက်အောင် ခြားနားနေတဲ့
မင်းနဲ့ကိုယ့် ကြားက ပညာရေး
ဒါတွေကို တွေးမိတိုင်း ကိုယ့်ကိုကိုယ်လည်း အားငယ်နေမိတယ် ကလေးရယ်။ မင်းကို ဒီတစ်ဘဝမှာ ချစ်ခွင့် မရဘူးဆိုရင် နောက်ဘဝမှာ မင်းနဲ့ ထပ်ပြီးဆုံစည်းခွင့် ရှိပါစေလို့ ငါဆုတောင်းနေမိတယ်။ ဟီဟိ သူငယ်ချင်းတို့ လည်းကျွန်တော့်ကို ကူညီတဲ့ အနေနဲ့ ကောင်မလေးကို လမ်းမှာတွေ့ရင် ကျွန်တော်သူ့ကို သိပ်ချစ်ကြောင်း ပြောပြပေးနော်။ အချစ်ရူးရူးနေတဲ့ ကောင်လေးတစ်ယောက်သနားပါတယ် ကူညီပေးလိုက်နော်.:P



Monday, February 22, 2010

လူမပါတဲ့ တီးဝိုင်း

ဘာတင်ရမှန်း မသိလို့ ရှိတာလေးနဲ့ ဆားချက်လိုက်တယ်....

နည်းနည်းလည်း ထူးထူးဆန်းဆန်း ဖြစ်နေလို့လေ

Friday, February 19, 2010

အမေ နှင့် ကျွန်တော် (ဟာသ)

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)

Monday, February 15, 2010

နင်နဲ့ငါ

မနက်ဆို ငါထက်အိပ်ယာ စောစောထပြီး
ငါ့ကို ဖုန်းခေါ်ပြီး အိပ်ယာနှိုးပေးတတ်တဲ့ နင်.....

ဘုရားရှိခိုးပြီးတာနဲ့ "ကို အလုပ်သွားပြီင်္လား??"
ဆိုပြီး ဖုန်းပြန်ဆက်ပြီး မေးပေးတတ်တဲ့နင်.....

ငါအလုပ်ထဲ ရောက်သွားလို့ ဖုန်းမဆက်မိရင်
ငါ့ကို စိတ်ကောက်တတ်တဲ့ နင်.......

ငါဘာပြောပြော ဂရုတစိုက်
သေသေချာချာ နားထောင်ပေးတတ်တဲ့ နင်....

ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ နင်.....

နောက်ဆုံးတော့ ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ နင်က
မိဘတွေ စိစဉ်တာကို ငြင်းဆန်လို့ မရဘူးဆိုတဲ့
အကြောင်းပြချက် တစ်ခုနဲ့ တခြားသူ တစ်ယောက်ရဲ့
ရင်ခွင်မှာ နင်ပျော်အောင် နေတတ်ခဲ့ပြီနော်.....


Friday, February 12, 2010

ဖေဖော်ဝါရီ ၁၃ ရက်

ဒီနေ့ ငါတို့နိုင်ငံရဲ့ ဖခင်ကြီးမွေးနေ့ပေပဲ
တို့ဖခင်ကြီး ယနေ့လ သက်ရှိထင်ရှားရှိနေမယ်ဆိုရင်..
အခုလောက်ဆို ၉၅ နှစ်မြောက် မွေးနေ့ကို ကောင်းကောင်းပြုလုပ်နိုင်မှာပဲနော်
ဖခင်ကြီးချစ်တဲ့ နိုင်ငံလေးကတော့ ဖခင်ကြီးကို ကောင်းကောင်းကြီး သတိရနေပါလိမ့်မယ်။။။။။။။။။။။

Thursday, February 11, 2010

ကိုယ်နှင့် မဆိုင်သောနေ့

သွား!!!!!!!!!!
လာမပြောကြနဲ့
ချစ်သူမရှိတဲ့ ငါ
လူပျိုကြီး ဇာတာပါတဲ့ ငါ
ပိုးလိုက်တိုင်း သူများ ဟပ်ခြင်းကို ခံရတဲ့ ငါ

ဖေဖော်ဝါရီ ၁၄ တဲ့
သူများတွေ ပျော်နေကြတယ်
ငါ့မှာတော့..........

အဲဒီနေ့ကို ငါ..မုန်းတယ်( ချစ်သူ မရမချင်း )
ငါ့နှလုံးသားကို
သနားသဖြင့်
ကောင်မလေးများးးးး
ကောက်ယူတော်မူကြပါ

လမ်းမှာ စွန့်ကြဲ
ငါ့ အသည်းကို
ကောက်သူမရှိ
ငါ၏ ဖြစ်အင်
ဆင်ခြင် သုံးသပ်
ပြန်တွေးကြည့်က
လူပျိုဇာတာ
ပါသည်ထင်ရော့
ငါသည်အမှန်...
ပိုးလိုက်တိုင်းလွဲ
ပိုးလွဲမခေါ်သာ
ပိုးလွဲမရှိ
ပိုးဟပ်သာရှိ
ထို့ကြောင့် ထို့ကြောင့်
Nick Name နာမည်
ပြောင်းလဲပါသည်...
ပိုးဟပ်လေးဟု ခေါ်စေသော်

Monday, February 08, 2010

အားးးးးးးးးးးးးးးး
လို့တောင် မိမိ၏ ဘလော့ခ် မှာ လာတောင်မအော်နိုင်ဘူး
အလုပ်တွေပိလို့ လူလည်းပြားနေဘီ
defult ကနေ မတတ်နိုင်သေးဘူး

Saturday, January 30, 2010

ပိုးဟပ်လေး စိတ်ညစ်နေတယ် ဗြဲ .......ပျော်အောင်လုပ်ပေးနိုင်တာ ဟောဒီကွန်ပူတာလေးဘဲရှိတယ်၊ သူနဲ့သာဆိုရင် ( သီချင်းမဟုတ် ) တော်တော်လေး စိတ်ညစ်ပြေပါတယ်။ ပျင်းနေရင်တောင် အုတ်လမ်းပေါ်မှာ လိုချင်တာလေးတွေ တက်ရှာပါတယ်၊ သီချင်းရှာတယ် နားထောင်တယ် သိပ်မပျင်းရင် ကိုကိုမမ တွေဆီလိုက်လည်တယ် ။ စိတ်ညစ်နေရတဲ့ အကြောင်းအရင်း ကတော့ ( ဆီထည့်ရန်မဟုတ် ) အလုပ်တွေပိနေလို့။ ပိုးဟပ်လေး ချစ်တဲ့ ဒီ ကွန်ပူတာလေးနဲ့ ခဏလေးဘဲတွေ့ရတယ် ဒါကြောင့် စာကို ဟောဒီလိုတောင် စာကို ကောင်းကောင်းမရေးနိုင်ဘူးလေ.... ဒါကြောင့် ဝီလို ဝီလို ခဏလေးရေးပြီး ပြန်ထွက်သွားပါကြောင်း.........

Wednesday, January 27, 2010

ကျောင်းတုန်းက အဖြစ်အပျက်လေး

ပထမ နှစ်စတက်ခါစကပေါ့ ကျောင်းသားရေးရာကို မသွားတတ်လို့ တွေ့သမျှကျောင်းသားတွေကို မေးကြည့်တာပေါ့ ဘယ်သူမှလည်း တိတိကျကျမသိကြတာလား ၊ မညွန်တတ်တာလား ၊ တမင်သက်သက်ကြပ်တာလား ဘာလားတော့မသိတော့ပါဘူး ။ သူတို့ညွန်တဲ့ နေရာကို ဘယ်လိုမှရှာမတွေ့ဘူး နောက်ဆုံးတစ်ယောက်နဲ့ တွေ့တော့မှပဲ ကျွန်တော် ပြူသွားရတော့တယ် (မျက်လုံး)

သူကဘာပြောလဲဆိုတော့.....
ငါလည်းမသိဘူးတဲ့ တွေ့ရာမှန်ပြူတင်းပေါက်ကို ခဲနဲ့ ထုလိုက်တဲ့ မင်းသွားချင်တဲ့နေရာကိုရောက်သွားလိမ့်မယ်တဲ့.......ကိုင်း

Sunday, January 24, 2010

Holiday တစ်ရက်

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အလုပ်က စောစောလေးပြန်ဖြစ်တယ်
သူငယ်ချင်းတစ်ယောက်က ရေသွားကူးမလို့ လိုက်မလားတဲ့
ရေမကူးဖြစ်တာလဲ ကြာပြီဆိုတော့ လိုက်သွားပါတယ်
ရေကူးကန်က တော်တော်လေးမိုက်တယ်
Chinese Garden MRT နားလေးမှာပါ
နည်းနည်းတော့ ဓာတ်ပုံလေးရိုက်လာခဲ့တယ်






အောက်ဆုံးပုံက ကန်မှာရေလှိုင်းအတု ၃၀ မိနစ်တစ်ခါလောက်လွှတ်ပေးပါသတဲ့
တစ်ခါလွှတ်ရင် ၁၅ မိနစ်ကြာပါတယ်
စင်္ကာပူက ညီအစ်ကိုမောင်နှမတွေ ရေးကူးမယ်ဆိုရင်၊ မရောက်ဖူးသေးဘူးဆိုရင်
သွားစေချင်ပါတယ်

Friday, January 22, 2010

ဖယ်ရီကားလေးကျွန်တော်





မနက်မနက် အိပ်ယာထရမှာလည်း ပျင်းလိုက်တာ။ ဒီ ဒရိုင်ဘာဆိုတဲ့ ကောင်ကလည်း အလိုက်ကန်းဆိုးကို မသိဘူး။ အင်း..... အခုလည်းထရအုံးမယ်။ ကျွန်တော့်အလုပ်က မနက်မနက်ဆိုရင် ရုံးဝန်ထမ်းတွေကို ကျွန်တော့်ကျောပေါ်တင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှိရာနေရာကို ဟိုငတိရဲ့ ကြိုးဆွဲရာကို မငြီးမငြူတမ်း
လိုက်ပို့ပေးရတာပါ။ ကျွန်တော့်မှာဗျာ...လူ့လောက ( အဲ ) ကားဆိုတဲ့ ဘဝကိုရောက်ပြီး နှစ်ပတ်လောက်ပဲ အေးအေးဆေးဆေး နေရတယ်။ နောက်ပိုင်းကျတော့ ဒီကောင့်လက်ထဲ ရောက်တာပါပဲဗျာ....။
အခုတော့ သူစေညွှန်ရာကို သွားနေရတဲ့ ဘဝ ရောက်နေရပြီလေ။ အခုဆိုရင် ကျွန်တော် ဟောဒီလောကကြီးထဲ ရောက်နေတာ ၆ လကျော်သွားပြီလေ....။ ညဆိုလည်း မိုးချုပ်မှ ကျွန်တော် အိပ်ရတယ် ။မနက်ဆိုလည်း အစောကြီးထရတယ်။ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးဗျ။ ကြာလာတော့ ပင်ပန်းလာတာပေါ့...........

တစ်နေ့ကျွန်တော်အကြံတစ်ခုရလာတယ်။ အဟိ.. မဟုတ်က ဟုတ်က အကြံလေ။

ဒီလိုဗျ တစ်ရက် ခါတိုင်းလိုပဲ သူလာနှိုးတယ်လေ....။ မထချင် ထချင်နဲ့ လိုက်သွားတယ်......
နောက် မီးပွိုင့် တစ်နေရာလည်းရောက်ရော သူက ကားကိုရပ်လိုက်တယ်....။ ဒီလောက်တာ ဖြစ်လှတာ....
ကိုင်းဟာ....ဆိုပြီးပြန်အိပ်လိုက်တယ်....(ပိုင်တယ်နော်) အဲဒီအချိန်မှာ သကောင့်သား ခေါင်းနပန်းကြီးသွားတယ် ... ပြီးတော့ ခေါင်းကုတ်ပြီးတော့ (ဟာကွာ...ညက ဆီမထည့်မိဘူးဒဲ့ )..ကောင်းဒယ်၊ ဒါမှ ငါလည်းနားရမှာ၊ ကျွန်တော်လမ်းလယ်ရောက်နေလို့တဲ့ ကျွန်တော့ပေါ်ကလူတွေကို ဆင်းတွန်းခိုင်းတယ်။

ဇိမ်ရှိလိုက်တာ.....။ ပြီးတော့ ဆရာသမား ဆီသွားဝယ်တယ်လေ.... ခဏနေတော့ ပြန်လာတယ်...။

ဟော သူပြန်လာပါဘီ။ ဆီဖြည့်ပြီးတော့ သူကကျွန်တော့်ကို ပြန်နှိုးတယ်.... မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလိုက်တယ်......။ မှတ်လောက်အောင် ပညာပေးဦးမှ......
ခဏနေတော့ အသံသဲ့သဲ့ ကြားလိုက်ရတယ်.....။ ကားကလည်းကွာ ဒီနေ့ကျမှ ဘာဖြစ်မှန်းမသိဘူး...။။
အလုပ်နောက်ကျတော့မှာပဲလို့ ကြားလိုက်ရတဲ့ ခဏ ကျွန်တော်အသိပြန်ဝင်လာတယ်...

အင်း ငါပျင်းနေလို့ မဖြစ်တော့ဘူး...ငါကြောင့်သူတို့ အလုပ်နောက်ကျတော့မှာပဲ...မဖြစ်ဘူး၊ မဖြစ်ဘူး
ငါထတော့မှ ဖြစ်မယ်ဆိုပြီး ကိုယ်တော်ချော ဒီတစ်ခေါက်လည်း နှိုးရော ကျွန်တော်အသာတကြည်ပဲ နိုးလိုက်တယ်..........

ဟေးးးး

ဟေး ခနဲအသံနဲ့ အတူ ကျွန်တော့် အပေါ်သူတို့ပြန်ပြီးနေရာယူကြကုန်ပြီ....
ငါလည်း သူတို့အလုပ်နောက်မကြအောင် အမြန်သွားမှ ဖြစ်မယ်...ဆုံးဖြတ်ချက် နဲ့အတူ ကျွန်တော်ပို့ ဆောင်ပေးလိုက်ပါတယ်...။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာပါတယ်။

ကျွန်တော်နောက်ဆိုရင် အပျင်းမကြီးတော့ဘူးလို့ .........
ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။


Friday, January 15, 2010

ရင်တွင်းခံစားချက် မဟုတ်

ဇင်ယော်တောင် မျက်ခုံး

သမင် မျက်လုံး

မြင်းရိုင်းတစ်ကောင်လိုအကြည့်

ငါးရံ့ ကိုယ်လုံး

ငါးခူပြုံး ပြုံး

လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ

စာကလေး သံနဲ့

သာလိကာလို ပြန်ပြောတတ်တဲ့မင်း

ဘာကြောင့်၊ ဘယ်အရာတွေကြောင့်

ငါလို ကိုးတောင်ကျား ခန္ဓာမရှိတဲ့

ပိုးဟပ်ရဲ့ အချစ်ကို ငြင်းရက်တာလဲကွာ။


Thursday, January 14, 2010

စာအိတ်များ နှင့် တံဆိပ်ခေါင်းများ....

ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီးတံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။၎င်းနေ့ ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ု ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက်ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး"တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ်" ဆိုပြီးတော့အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က X-ray ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီးတစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။Minor Surgery( ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှုဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်....ဆေးပညာတွင် Major Surgery နှင့် Minor Surgery ဆို ကာ နှစ်မျိုးနှစ်စားရှိသည်.......အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို Minor Surgery ဟုခေါ်ပါသည်.)Minor Surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီးအဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်....ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့....ပိုးဟပ် အရှင် တစ်ကောင် တွားလျက်ထွက်လာလေ၏။..ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး ၏ အနွေးဓါတ်နှင့် စိုစွတ်ထိုင်းမှိုင်းမှု တို့ ကြောင့်သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။ဒီ အကြောင်းအရာ သည် CNN သတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသောအစစ်အမှန်သတင်းဖြစ်ပါသည်။" ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်....စာအိတ်မှာသုတ်ဖို့  ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ဟာတွေကို သာရှင်တို့ မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစ လို့ ကိုယ့်မျက်စိကို တောင်မယုံနိုင်ဘဲ ဖြစ်သွားပါလိမ့် မယ်.....ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ့ မလျက်တာ နှစ်ပေါင်း များစွာကြာပါပြီကော..." ဟု အဲန်ဒီဟျူမ်း ကရေးသားဖော်ပြဖူးလေ၏။လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန့် က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မအလုပ်လုပ်ဖူးတယ်...ကျွန်မတို့ ကို စာစီစာရိုက်တိုက်ပိုင်ရှင် က "ဘယ်တော့မှ စာအိတ်တွေ ကိုလျှာနဲ့ မလျက်ဖို့  " သတိ ပေးပြော ပေမယ့်အစတုန်းကတော့ ဘာကိုဆို လို မှန်းနားမလည် ခဲ့ပါဘူး......တစ်နေ့ တော့စာအိတ် အလုံး ၂၅၀၀ ယူဖို့ ဂိုဒေါင် ထဲကိုကျွန်မသွားရပါတယ်.......အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ company ၏နာမည်ကို ဖော်ပြခြင်း၊ ပို့ သူ ...လက်ခံသူတို့ ၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကိုဆိုလိုပါသည်...) စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာပိုးဟပ်တွေအုပ်စုလိုက်ဟိုပြေးဒီပြေး ပြေးနေတာအများကြီးပဲ.........ဥတွေကလည်း နေရာတိုင်းပြန့် ကျဲနေတာ....ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ...ဒီစာကို ဖြန့် ဝေပေးပါ...ဒီစာဖတ်ပြီးရင် သင်လည်းပဲ စာအိတ်ဖြစ်စေ၊ တံဆိပ်ခေါင်းဖြစ်စေ ဘယ်တော့မှလျှာနဲ့ လျက်တော့မှာမဟုတ်ဘူးးးး...............