Thursday, May 20, 2010

မသေခင် အချိန်လေး

ဘာရယ်လို့မဟုတ်ပါဘူး
စဉ်းစားမိတာလေးရှိလို့ ရေးကြည့်လိုက်တာပါ။ လူတော်တော်များများက သေချင်းတရားကို မေ့နေတတ်ကြတယ်လေ။ ဒီနေ့သေမလား နက်ဖြန်သေမလား၊ နိုင်ငံရပ်ခြားမှာသေမလား၊ ကိုယ့်အမိမြန်မာပြည်မှာသေမလား၊ ချက်ချင်းသေမလား၊ ရောဂါကြီးနဲ့ ဆေးရုံမှာဝေဒနာ အကြာကြီးခံစားရပြီးမှသေမလား၊ Accident နဲ့သေမလား..... လား..လား..လား.........
လား ပေါင်းများစွာနဲ့ ရှိနေတဲ့ လောကထဲမှာမှ ပုထုဇဉ်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် တစ်ယောက်လည်း ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ ဝမ်းစာရေး အတွက် သွားလာ လှုပ်ရှားနေကြတော့ ဒီအရာကြီးကို မေ့ထားတတ်ကြပါတယ်။ တစ်ခါတစ်လေ သတိရရင်တောင် အမှုမဲ့ အမှတ်မဲ့နဲ့ပဲပေါ့။ ကျွန်တော်ကတော့ စိတ်ညစ်လာတဲ့ အခါတိုင်း သတိရတယ်။ ဒါကြောင့် မေ့သွားတတ်တာလည်း ရှိနေလေတော့ သိပ်ပြီးလည်း မစဉ်းစားဖြစ်ပါဘူး...:D။ တကယ်တော့ ကိုယ်တကယ် သေတော့မည် ဖြစ်စေ မသေလောက်သေးဘူး ဖြစ်စေ၊ တရားဘာဝနာကို မလိုက်စား နိုင်ဘူးဆိုရင်တောင် လူလူချင်း ကိုယ်ချင်းစာစိတ်လေးတွေ ထားစေချင်ပါတယ်။ ပြီးတော့ နားလည်မှုဆိုတဲ့ လောကကြီးကို တည်ဆောက် စေချင်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဆိုရင် ခဏခဏ တွေ့နေရပါတယ်။ ပြီးတော့ ဘလော့တွေမှာ ဖတ်နေရတဲ့ စာတွေကို ဖတ်မိသမျှလောက်နဲ့ နှိုင်းယှဉ်ကြည့်တယ်။ တကယ်တော့ နားလည် ခွင့်လွှတ်နိုင်စိတ် ကိုယ်ချင်းစာစိတ် ဆိုတာတွေကို လူတွေတော်တော် များများ လိုက်နာနိုင်တယ်ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။ အခုလို အင်တာနက် ခေတ်ကြီးမှာ ဆိုရင် ပိုပြီးတောင် အသိဥာဏ် ပွင့်လင်းဖို့ဆိုတာ ပိုပြီးတောင် လွယ်ကူပါသေးတယ်။ တစ်ချို့တွေ့ဖူး ကြားဖူးတာလေးတွေရှိပါတယ်။ ဒီလို အသိဥာဏ်လေးတွေ ဖွံ့ဖြိုးဖို့ လမ်းညွှန်တာလေးတွေကို အသားလွတ်လာဆဲတာမျိုးပေါ့။ ပြန်စဉ်းစားကြည့်ရင် ဒါဟာ တကယ်တော့ ဘာမှမဟုတ်ပါဘူး ဆဲတဲ့သူ အနေနဲ့ ငါ့ကို ဒီလိုမျိုး သူများ လာဆဲရင်.. ဆိုတဲ့ အတွေးမျိုးလေး ဝင်သွားတယ်ဆိုရင် ဆဲဖြစ်မှာ မဟုတ်ပါဘူး။ ဝဋ် ဆိုတာကို မယုံကြည်ကြလို့ပဲ ဖြစ်မှာပါ၊ မယုံကြည်ဘူး ဆိုရင်တောင် ဒါဟာ မကောင်းပါလား ဆိုတာတွေးသင့်ပါတယ်။ ဒီလိုလေး တွေးမိသွားတယ်ဆိုရင်ပဲ တော်ရုံတန်ရုံ ကိစ္စရပ်တွေမှာ အလိုလိုနေရင်း ဒေါသတွေ ပြေလျော့လာမယ်၊ ကြောချင်တဲ့ စိတ်လေးတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမယ်၊ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ လျော့နည်းလာမယ်၊ သည်းခံ ခွင့်လွှတ်တဲ့ စိတ်တွေ များလာမယ်၊ မုဒိတာလေး တွေပွားလာနိုင်မယ်၊ နာလည်မှုလေးတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ လောလောဆယ်ဖြစ်တည်နေတဲ့ ဘဝတင်မှ မဟုတ်ပါဘူး၊ ဘဝဆက်တိုင်း အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်မိတယ်။ ပြီးတော့... သေခါနီး အချိန်လေးမှာ... " သြော် ငါလုပ်ခဲ့တာ မကောင်းမှု ပိုများနေပါလား" ဆိုရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ပါဘူး၊ " ငါလုပ်ခဲ့တာတွေ ပြန်ကြည့်လိုက်ရင် ကောင်းတာလေးတွေပါပဲလား" ဆိုရင် အဲ့ အကျိုးတွေ အတွက် နောက်လာမဲ့ ဘဝအတွက် စိတ်ချလက်ချ ဖြစ်နိုင်တဲ့ အထိ အကျိုးသက်ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာဝင် ပီပီ စဉ်းစားမိတာလေးကြောင့် လက်တစ်ကမ်း အလိုမှာရှိတဲ့ သေခြင်းတရားကို လက်ကိုင်ထားလို့ ဝေးပါသေတယ် ဆိုတဲ့ အတွေးလေးတွေ၊ မျှမျှတတ လေးတွေ တွေးတက်စေရန် ရည်မှန်းကာ ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း………..



6 comments:

Anonymous said...

အင်း ..... ခက်သားဗျ ... ကျနော်လဲ တခါတလေတော့ တွေးမိပါရဲ့ ဒါပေမဲ့ ပုထုဇဉ်မို့လား မသိဘူး ခဏပဲခံတယ် ပြီးရင် လောဘ၊ဒေါသ၊ မောဟတွေ ဖုံးလွှမ်းသွားပြန်ရော။ သြော်... လူ .. လူ .... လူ

သော်ဇင်စိုး said...

မသေနဲ့ဦး...မိန်းမယူပီးမှသေ ခစ်..ခစ်...:P

မိုးခါး said...

သင်လည်းသေမည်
ကျွန်ုပ်လည်း သေမည်
အားလုံးလည်း သေမည်

သေဖို့ရက်ပိုင်းသာ လိုတော့သည်ပေါ့နော်
အသေတတ်ဖို့တော့ လိုသေးတယ် ..း)

Unknown said...

သြော်.. လူဆိုတာမွေးလာမှတော့ သေဖို့ပေါ့... မသေခင် အချိန်လေးမှာ ကိုယ့်ကြောင့်သူများ စိတ်ချမ်းသာသွားရင် ဘယ်လောက်ပျော်စရာကောင်းမလဲ..း) နော်.. ပိုးဟပ်တုတ်ထိုးလို့ ကိုသော်ဇင်ကြီးပျော်မယ်ဆို.. တုတ်ထိုးပြီး မီးကင်သင့်ရင် ကင်ရမှာပေါ့ .. ဟုတ်ဘူးလား....

ပိုးဟပ်လေး said...

သော်ဇင်က ပိုးဟပ်ကို တုတ်ထိုး မင်းကင်ပြီးရင်
Emodoll ကို ခွံ့ကျွေး ဟတ်ဟတ်
တစ်တီတူးတောက်တောက်ကျော် မကြိုက်ရင် ပိုးဟပ်မီးကင် ရှိတယ် :)

what is good things said...

သေရမှာချည်းပေမယ့် သေတတ်ဖို့ကို ကြိုးစားနေထိုင်သွား
ရအုံးမယ် ပိုးဟပ်ရေ...။
ပိုးဟပ်လည်း သတိထားး)))
ဒေါသမကြီးနဲ့အုံးးP