Thursday, May 27, 2010

မျက်ဝန်းထဲက ငိုရှိုက်သံ

မတူညီတဲ့ အခွင့် အရေးတစ်ခုကို ရခဲ့တယ်.....
မတူညီစွာပဲ အခွင့် အရေးတရပ် ဆုံးရှုံးခဲ့တယ်...
အကျွန်ုပ်ကပဲ ညံ့ခဲ့တာလား ??????
သူတို့ကပဲ တော်တာလား????
ဘာပဲဖြစ်ဖြစ် ရှုံးနှိမ့် ခဲ့ရပြီးပြီလေ...

နက်ဖြန်ပေါင်းများစွာ ကျန်နေသေးတယ်
ဘယ်သူနဲ့မှ လည်းမျက်နှာချင်းမဆိုင်ရဲတော့ဘူး
ထိတ်လန့် တကြားဖြစ်နေတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာပေါင်း များစွာတွေနဲ့ပေါ့
ဒီ ဒဏ်ရာတွေကို ကျက်တဲ့ အထိငါခံနိုင်ရည် ရှိပါ့မလား

အောင်ပွဲမှာ အနိုင်ရသူတွေကတော့
ပျော်ရွှင်စွာ အောင်ပွဲခံ နိုင်ပေမဲ့..
ရှုံးနှိမ့်သူ ရဲ့ ရင်ထဲမှာတော့....
ဒါတွေကို မခံစားနိုင် မတွန်းလှန် နိုင်လို့.....
ရူးခဲ့ရတာလည်း အကြိမ်ကြိမ် အခါခါ

အား........
လောကကြီးကို ကြောက်တယ်
အနိုင်ကျင့် တတ်တဲ့သူတွေကို မုန်းတယ်
ကိုယ့်ကိုကိုယ်လည်း ဒေါသတွက်တယ်
ကံကြမ္မာကြီးကို လည်း မျက်မုန်းကျိုးတယ်

နောက်ဆုံးသော ရလဒ်က
သနားပါတယ်တဲ့
သနားပါတယ်ဆိုတဲ့ ခေါင်းစဉ်မှာ
အသက်ရှု ရပ်ခဲ့ရပြီလေ..
ပြီးသွားပြီ..... တကယ်ကို ပြီးဆုံးသွားပြီ..


4 comments:

သော်ဇင်စိုး said...

ခံစားချက်တွေပြင်းလာပါလား... ဖတ်သွားတယ်.. ခင်ဗျား...

TYZ said...

ပိုးဟပ်ကလဲ ငိုရှိုက်တတ်လာပြီပဲ...

(နောက်ဆုံးသော ရလဒ်က
သနားပါတယ်တဲ့
သနားပါတယ်ဆိုတဲ့ ခေါင်းစဉ်မှာ
အသက်ရှု ရပ်ခဲ့ရပြီလေ..
ပြီးသွားပြီ..... တကယ်ကို ပြီးဆုံးသွားပြီ။)

ဒီအပိုဒ်လေး ကြိုက်တယ်။

Angel Shaper said...

ပိုးဟပ်ကို လုံးဝ မသနားးးးးး မသနားးးးးးးးး ပါဘူး။
ဟဲဟဲ.. သနားတယ် ဆိုရင် အသက်ရှူရပ်မှာစိုးလို့နော်။
ကဗျာလေး လာခံစားသွားပါတယ်။

Unknown said...

ပိုးဟပ်လေးေ၇ ... ခံစားချက်တွေပြင်းထန်နေပါလား... တစ်ခါတစ်ခါလဲ အရက်ပြင်းပြင်း မသောက်တတ်သူဆိုတော့ ခံစားချက်ပြင်းပြင်းတွေပဲ မျိုချနေမိတယ်...း(

နှလုံးသားကဒဏ်ရာတွေ အမြန်ဆုံးကျက်ပါစေလို့ ဆုတောင်းပေးပါတယ်...