Wednesday, September 30, 2009

Take me to your heart

Take me to your heart

Cry on my shoulder

Cry on my shoulder

Blue night

Blue night
ဒီမနက်စောစောကပေါ့




အိပ်လို့ကောင်းတုန်းရှိသေးတယ်





နှိုးတဲ့သူကို ဒေါသဖြစ်ဖြစ်နဲ့အော်လိုက်တယ်





မေမေထမင်းကျွေးတဲ့ထိတောင်ဒေါသကမပြေသေးဘူး





မေမေက သဲသဲလာခေါ်နေပြီဆိုတော့မှ ကျောင်းချိန်နီးနေပြီပဲ





ဒါနဲ့ သူငယ်ချင်းတွေနဲ့ အတူတူကျောင်းကိုထွက်လာခဲ့ကြတယ်





ကျောင်းမှာဆရာမမရောက်သေးတော့ နည်းနည်းကဲလိုက်သေးတယ်





ဆရာမရောက်လာတော့စာသင်ကြတယ်





ညနေရောက်တော့မမက လာကြိုတော့သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီးအိမ်ပြန်ခဲ့ကြတယ်





ပြီးတော့ခဏနားပြီး ဘောလုံးထွက်ကန်တော့ရယ်နေရသေးတယ်





ကစားပြီးအိမ်ပြန်ရောက်တော့ ညီမလေးက ညစာတောင်စားနေပြီ





စားပြီးသောက်ပြီးသွားတော့





ပျင်းပျင်းနဲ့ သတင်းစာထိုင်ဖတ်လိုက်သေးတယ်





ပြီးတော့ Online ကိုခဏသုံးတယ်





Online သုံးပြီးတော့အရမ်းပင်ပန်းနေလို့တစ်ချိုးတည်းပဲ အိပ်လိုက်တယ် :p :p

Tuesday, September 29, 2009

မျက်မမြင်(၅)ဦး နှင့် ကွန်ပျူတာ

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ်ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …
တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီးဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့မေးခွန်း ကို ရောက်သွားကြပါသတဲ့ …လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူသလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့ကမျက်မမြင်တွေကိုး ..
တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့…အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ …ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုးစမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့
ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ .." ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သားလိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့ကိုကြီးကျော် သဘောကျ သွားသပေါ့ …ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "
နောက်တစ်ယောက် ၀င်သွားပါသတဲ့ …သူလဲ ..ပြန်ထွက်လာပြီး …" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား….ဟားဟား …"
နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ .." ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်ခွက်ဝင်သွားတယ်နော် …" တဲ့" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ
နောက်တစ်ယောက်လဲ ထွက်လာပြီး .." အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "
နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်
နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီးပြေးထွက်ရင်း ပြောသတဲ့" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက…မိန်းကလေးတစ်ဦးထွက်လာပြီး" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..
" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ…" တဲ့လေ။ :D

သူငယ်ချင်းတစ်ယောက် mail ထဲပို့ထားလို့ သဘောကျလို့ ဝေမျှလိုက်ပါတယ်

ထူးထူးဆန်းဆန်း အဘိဓာန် :p :p

သေဘာၤသီး = Ship Fruit
ပန်းသီး = Flower Fruit
ငှက်ပျောသီး = Bird Talk Fruit
သံပုရာသီး = Iron Short 100 Fruit
စိမ်းစားဥ = Green Eat Egg
ငါးခြေက် = 56
သံရုံး = Iron Office
ကျားသစ် = New Tiger
ပြဒါးတစ်လမ်း သံတစ်လမ်း = Mercury One Way Iron One Way
နေမကောင်းဘူး = Sun is No Good
မိုးရွာခြင်း =Rain Village Basket
ပုံပြင် = Photo Repair
လစာ = Month Hangry
ရေကူးကန် = Water Copy Lake
ဈေးကြီးတယ် = Market Is Big
ဈေးတက်သွားပြီ = Market Go To Climb
ရေချိုးခန်း =Water Break Room
တရုပ်စကားပင် = Chinese Word Tree
သစ်သား = New Son
စက်ရုပ် = Machine Doll
မှင်သေသေ =Ink Die Die
ကြောင်တောင်တောင် = Cat Mountain Mountain
ခေါင်းကိုက်တယ် = Head Is Bike
မင်းအတွက်စိတ်မကောင်းပါဘူး= Mind No Good For You
စိတ်ကြီးတယ် = Big Mind
ဝက်သား = Pig's Son
ကျန်စစ်သား = Sugarcane Soldier
ဖိနပ်စီး = Ride Slipper
လှည်းဘီး= Sweep Wheel

Saturday, September 26, 2009

အမှိုက်ထဲကစိတ်ဓာတ်များ

(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))
နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” တဲ့ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။
ကျနော့် ပုဆိုးစလေးကို ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!! လို့ အော်ပေးရှာပါတယ်..။ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရတော့မှာ..။ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့ မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင် နေလို့ ဖြစ်နေတာပါပဲလေ..။
“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့ ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။
ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက် ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”ကျနော်လည်း အမှိုက်ပုံးကြီးကို ဝမ်းသာအားရ မပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ ..အဲ့ဒီ ခြောက်လွှာဆီကို..။အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..“ဘယ်လောက် ပေးရမလဲ..”“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”“ရော့.. ငါးဆယ် ယူလိုက်..”အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း ကုတ်လိုက်တယ်..ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး...
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနုတ် မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနုတ်မရှိဘူး..”
“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနုတ်သွားလဲ လိုက်မယ်..”“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”
“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင် မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး လည့်ထွက်ခဲ့လိုက်တယ်..။လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ.. နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။ ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။ လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့ ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက် ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး လုပ်နေရတာပါ..။ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး ထွက်လာခဲ့လိုက်တော့တယ်..ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

ကိုရင်နော် ရဲ့ post ထဲကပါ။

Friday, September 25, 2009

ကဗျာ

ဂျုံးဂျုံးဂျက်ဂျက် တံတားပေါ်က
မရပ်မနား ဘာသံလည်းကွဲ့
ဂျုံးဂျုံးဂျက်ဂျက် တံတားပေါ်က
မရပ်မနား MRT ကွဲ့


ညအခါ လသာသာ
ရွှေကျင်မလား ဖားရိုက်မလား

Tuesday, September 08, 2009

ဟာသသက်သက်များ

ခွဲစိတ်လူနာ


ဆေးရုံတွင်ဆရာဝန်က လူနာတစ်ဦးအားကြည့်ရှုစစ်ဆေးနေသည်။ လူနာမှာလက်နှစ်ဘက်စလုံး ခွဲစိတ်ကုသခံထားရသူဖြစ်သည်။

လူနာ - ဆရာကျွန်တော့်ဒီပတ်တီးတွေဖြေလိုက်ရင်စန္ဒယားတီးနိုင်မှာလားဟင်
ဆရာဝန် - ခင်းဗျားလက်သက်သာတယ်ဆိုရင်တီးနိုင်မှာပေါ့
လူနာ - ဒါဆိုတော်တော်စွမ်းတာပဲနော်ဆရာ အရင်ကကျွန်တော်စန္ဒယားမတီးတတ်ဘူးလေ။


အရူးတွေ

မြစ်ကမ်းနှဖူးတွင် နွေရာသီ အပန်းဖြေ အိမ်ဆောက်နေသူအဒေါ်ဖြစ်သူထံ လေးနှစ်သမီး တူမလေး ဂျင်းနီ အလည်လာသည်။
မြစ်အတွင်း ရေလွာလျှော ဘုတ်ပြား(waterski) စီးနေသူများအား ဂျင်းနီ ကလှမ်းကြည့်၍ အဒေါ်အားလှမ်းပြောလိုက်သည်။
"အန်တီရေ အဲဒီလူတွေ စိတ်မှနှံ့ ကြသေးရဲ့လားမသိဘူးနော်၊ ရှေ့က စက်ကုန်မောင်းသွားတဲ့ မော်တော်ဘုတ်နောက်ကို လျှောလိုက်နေကြတယ်၊ ဘယ်လိုလုပ်မှီနိုင်ပါ့မလဲနော်"


လက်အိတ်

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး
ရင်ကောင်းမလဲလို့
အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
ပို့လိုက်တယ်။

စာကတော့…

အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့
ကိုယ်



ပြေးကြည့်ဦး

မေမေဟိုမှာကြည့်ဦး
သူခိုးကိုလူအုပ်ကလိုက်ဖမ်းနေတယ်
ဟယ်ဟုတ်လားမြန်မြန်သွားကြည့်စမ်း
နင့်အဖေများဖြစ်နေလားလို့




Saturday, September 05, 2009

Metacafe ကနေကူးယူပြီးတင်ထားတာပါ


Wednesday, September 02, 2009

ပိုးဟပ်လေးရဲ့အထ္ထုပတ္တိ

နာမည်း သန်းထိုက်အောင်(ကိုထိုက်လို့တော့အိမ်ကခေါ်ကြတယ်)

အသက်ကး ၂၅

အချစ်ဆုံးကး အဖေ နဲ့ အမေ

ဒုတိယကး ကောင်မလေး(လောလောဆယ်မီးပွိုင့်ပျက်နေတယ်)

အမုန်းဆုံးကး ဆေးလိပ်

အမုန်းဆုံးလူကး အထူအပါးနားမလည်စွာ Air Con ခန်းထဲဆေးလိပ်သောက်တတ်သူ

အကြိုက်ဆုံးအရောင်ကး အပြာနုရောင်

အမုန်းဆုံးအရောင်ကး မရှိ

အကြိုက်ဆုံး အစားအစာကး ပဲပြုတ်နဲ့ ထမင်းဆီဆမ်း

အလိုချင်ဆုံးဆုကး အေးချမ်းသာယာတဲ့မိသားစုဘဝ

တွေးတောနေတား မရှိသေး

ဝါသနာကး ကားမောင်းရင်း သီချင်းနားထောင်တာ(ဒါလည်း Feeling တစ်မျိုးပဲ)

ကြိတ်ပြီးဆုတောင်းနေတာကး အဟီး... ပြောဘူး

လောလောဆယ်တော့စဉ်းစားမိတာဒါပဲ

၇ ရက်သားသမီးများကျန်းမာ၊ချမ်းသာပြီး လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ(ကျွန်တော်အပါအ၀င်)

Tuesday, September 01, 2009

ပိုးဟပ်လေး Blogger ဘ၀သို့စတင်ရောက်ရှိခြင်း (1-9-2009)

လာလည်သူ မိတ်ဆွေများ အားလုံးပဲမင်္ဂလာပါ
ကျွန်တော် ပိုးဟပ်လေး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါရစေ။ ကျွန်တော် Blogger တယောက်အနေနဲ့ ဒီနေ့မှ စတင်ရောက်ရှိလာတာပါ။
မိတ်ဆွေများအနေနဲ့ ဒီဘလော့ ထဲရောက်လာတဲ့အခါ ကျွန်တော့်ရဲ့လိုအပ်ချက်လေးများရှိရင် အကြံဥာဏ်လေးများပေးကြပါ။
ဒီဘလော့လေးဖြစ်လာဖို့ အတွက်ကျွန်တော့်သူငယ်ချင်း ရေတမာ ဆီကနေအကူအညီအများကြီးယူခဲ့ရတာပါ။ ဒီင်္နေရာကနေ သူ့ကိုကျေးဇူးတင်တဲ့အကြောင်းပြောပါရစေ။ ဘာပဲဖြစ်ဖြစ်ဒီဘလော့လေးဖြစ်လာတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။

ကြုံရင်ကြုံသလိုလာလည်ကြပါအုံးနော်..........


By
ပိုးဟပ်လေး