Saturday, January 30, 2010

ပိုးဟပ်လေး စိတ်ညစ်နေတယ် ဗြဲ .......ပျော်အောင်လုပ်ပေးနိုင်တာ ဟောဒီကွန်ပူတာလေးဘဲရှိတယ်၊ သူနဲ့သာဆိုရင် ( သီချင်းမဟုတ် ) တော်တော်လေး စိတ်ညစ်ပြေပါတယ်။ ပျင်းနေရင်တောင် အုတ်လမ်းပေါ်မှာ လိုချင်တာလေးတွေ တက်ရှာပါတယ်၊ သီချင်းရှာတယ် နားထောင်တယ် သိပ်မပျင်းရင် ကိုကိုမမ တွေဆီလိုက်လည်တယ် ။ စိတ်ညစ်နေရတဲ့ အကြောင်းအရင်း ကတော့ ( ဆီထည့်ရန်မဟုတ် ) အလုပ်တွေပိနေလို့။ ပိုးဟပ်လေး ချစ်တဲ့ ဒီ ကွန်ပူတာလေးနဲ့ ခဏလေးဘဲတွေ့ရတယ် ဒါကြောင့် စာကို ဟောဒီလိုတောင် စာကို ကောင်းကောင်းမရေးနိုင်ဘူးလေ.... ဒါကြောင့် ဝီလို ဝီလို ခဏလေးရေးပြီး ပြန်ထွက်သွားပါကြောင်း.........

Wednesday, January 27, 2010

ကျောင်းတုန်းက အဖြစ်အပျက်လေး

ပထမ နှစ်စတက်ခါစကပေါ့ ကျောင်းသားရေးရာကို မသွားတတ်လို့ တွေ့သမျှကျောင်းသားတွေကို မေးကြည့်တာပေါ့ ဘယ်သူမှလည်း တိတိကျကျမသိကြတာလား ၊ မညွန်တတ်တာလား ၊ တမင်သက်သက်ကြပ်တာလား ဘာလားတော့မသိတော့ပါဘူး ။ သူတို့ညွန်တဲ့ နေရာကို ဘယ်လိုမှရှာမတွေ့ဘူး နောက်ဆုံးတစ်ယောက်နဲ့ တွေ့တော့မှပဲ ကျွန်တော် ပြူသွားရတော့တယ် (မျက်လုံး)

သူကဘာပြောလဲဆိုတော့.....
ငါလည်းမသိဘူးတဲ့ တွေ့ရာမှန်ပြူတင်းပေါက်ကို ခဲနဲ့ ထုလိုက်တဲ့ မင်းသွားချင်တဲ့နေရာကိုရောက်သွားလိမ့်မယ်တဲ့.......ကိုင်း

Sunday, January 24, 2010

Holiday တစ်ရက်

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အလုပ်က စောစောလေးပြန်ဖြစ်တယ်
သူငယ်ချင်းတစ်ယောက်က ရေသွားကူးမလို့ လိုက်မလားတဲ့
ရေမကူးဖြစ်တာလဲ ကြာပြီဆိုတော့ လိုက်သွားပါတယ်
ရေကူးကန်က တော်တော်လေးမိုက်တယ်
Chinese Garden MRT နားလေးမှာပါ
နည်းနည်းတော့ ဓာတ်ပုံလေးရိုက်လာခဲ့တယ်






အောက်ဆုံးပုံက ကန်မှာရေလှိုင်းအတု ၃၀ မိနစ်တစ်ခါလောက်လွှတ်ပေးပါသတဲ့
တစ်ခါလွှတ်ရင် ၁၅ မိနစ်ကြာပါတယ်
စင်္ကာပူက ညီအစ်ကိုမောင်နှမတွေ ရေးကူးမယ်ဆိုရင်၊ မရောက်ဖူးသေးဘူးဆိုရင်
သွားစေချင်ပါတယ်

Friday, January 22, 2010

ဖယ်ရီကားလေးကျွန်တော်





မနက်မနက် အိပ်ယာထရမှာလည်း ပျင်းလိုက်တာ။ ဒီ ဒရိုင်ဘာဆိုတဲ့ ကောင်ကလည်း အလိုက်ကန်းဆိုးကို မသိဘူး။ အင်း..... အခုလည်းထရအုံးမယ်။ ကျွန်တော့်အလုပ်က မနက်မနက်ဆိုရင် ရုံးဝန်ထမ်းတွေကို ကျွန်တော့်ကျောပေါ်တင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှိရာနေရာကို ဟိုငတိရဲ့ ကြိုးဆွဲရာကို မငြီးမငြူတမ်း
လိုက်ပို့ပေးရတာပါ။ ကျွန်တော့်မှာဗျာ...လူ့လောက ( အဲ ) ကားဆိုတဲ့ ဘဝကိုရောက်ပြီး နှစ်ပတ်လောက်ပဲ အေးအေးဆေးဆေး နေရတယ်။ နောက်ပိုင်းကျတော့ ဒီကောင့်လက်ထဲ ရောက်တာပါပဲဗျာ....။
အခုတော့ သူစေညွှန်ရာကို သွားနေရတဲ့ ဘဝ ရောက်နေရပြီလေ။ အခုဆိုရင် ကျွန်တော် ဟောဒီလောကကြီးထဲ ရောက်နေတာ ၆ လကျော်သွားပြီလေ....။ ညဆိုလည်း မိုးချုပ်မှ ကျွန်တော် အိပ်ရတယ် ။မနက်ဆိုလည်း အစောကြီးထရတယ်။ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးဗျ။ ကြာလာတော့ ပင်ပန်းလာတာပေါ့...........

တစ်နေ့ကျွန်တော်အကြံတစ်ခုရလာတယ်။ အဟိ.. မဟုတ်က ဟုတ်က အကြံလေ။

ဒီလိုဗျ တစ်ရက် ခါတိုင်းလိုပဲ သူလာနှိုးတယ်လေ....။ မထချင် ထချင်နဲ့ လိုက်သွားတယ်......
နောက် မီးပွိုင့် တစ်နေရာလည်းရောက်ရော သူက ကားကိုရပ်လိုက်တယ်....။ ဒီလောက်တာ ဖြစ်လှတာ....
ကိုင်းဟာ....ဆိုပြီးပြန်အိပ်လိုက်တယ်....(ပိုင်တယ်နော်) အဲဒီအချိန်မှာ သကောင့်သား ခေါင်းနပန်းကြီးသွားတယ် ... ပြီးတော့ ခေါင်းကုတ်ပြီးတော့ (ဟာကွာ...ညက ဆီမထည့်မိဘူးဒဲ့ )..ကောင်းဒယ်၊ ဒါမှ ငါလည်းနားရမှာ၊ ကျွန်တော်လမ်းလယ်ရောက်နေလို့တဲ့ ကျွန်တော့ပေါ်ကလူတွေကို ဆင်းတွန်းခိုင်းတယ်။

ဇိမ်ရှိလိုက်တာ.....။ ပြီးတော့ ဆရာသမား ဆီသွားဝယ်တယ်လေ.... ခဏနေတော့ ပြန်လာတယ်...။

ဟော သူပြန်လာပါဘီ။ ဆီဖြည့်ပြီးတော့ သူကကျွန်တော့်ကို ပြန်နှိုးတယ်.... မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလိုက်တယ်......။ မှတ်လောက်အောင် ပညာပေးဦးမှ......
ခဏနေတော့ အသံသဲ့သဲ့ ကြားလိုက်ရတယ်.....။ ကားကလည်းကွာ ဒီနေ့ကျမှ ဘာဖြစ်မှန်းမသိဘူး...။။
အလုပ်နောက်ကျတော့မှာပဲလို့ ကြားလိုက်ရတဲ့ ခဏ ကျွန်တော်အသိပြန်ဝင်လာတယ်...

အင်း ငါပျင်းနေလို့ မဖြစ်တော့ဘူး...ငါကြောင့်သူတို့ အလုပ်နောက်ကျတော့မှာပဲ...မဖြစ်ဘူး၊ မဖြစ်ဘူး
ငါထတော့မှ ဖြစ်မယ်ဆိုပြီး ကိုယ်တော်ချော ဒီတစ်ခေါက်လည်း နှိုးရော ကျွန်တော်အသာတကြည်ပဲ နိုးလိုက်တယ်..........

ဟေးးးး

ဟေး ခနဲအသံနဲ့ အတူ ကျွန်တော့် အပေါ်သူတို့ပြန်ပြီးနေရာယူကြကုန်ပြီ....
ငါလည်း သူတို့အလုပ်နောက်မကြအောင် အမြန်သွားမှ ဖြစ်မယ်...ဆုံးဖြတ်ချက် နဲ့အတူ ကျွန်တော်ပို့ ဆောင်ပေးလိုက်ပါတယ်...။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာပါတယ်။

ကျွန်တော်နောက်ဆိုရင် အပျင်းမကြီးတော့ဘူးလို့ .........
ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။


Friday, January 15, 2010

ရင်တွင်းခံစားချက် မဟုတ်

ဇင်ယော်တောင် မျက်ခုံး

သမင် မျက်လုံး

မြင်းရိုင်းတစ်ကောင်လိုအကြည့်

ငါးရံ့ ကိုယ်လုံး

ငါးခူပြုံး ပြုံး

လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ

စာကလေး သံနဲ့

သာလိကာလို ပြန်ပြောတတ်တဲ့မင်း

ဘာကြောင့်၊ ဘယ်အရာတွေကြောင့်

ငါလို ကိုးတောင်ကျား ခန္ဓာမရှိတဲ့

ပိုးဟပ်ရဲ့ အချစ်ကို ငြင်းရက်တာလဲကွာ။


Thursday, January 14, 2010

စာအိတ်များ နှင့် တံဆိပ်ခေါင်းများ....

ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီးတံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။၎င်းနေ့ ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ု ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက်ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး"တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ်" ဆိုပြီးတော့အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က X-ray ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီးတစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။Minor Surgery( ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှုဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်....ဆေးပညာတွင် Major Surgery နှင့် Minor Surgery ဆို ကာ နှစ်မျိုးနှစ်စားရှိသည်.......အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို Minor Surgery ဟုခေါ်ပါသည်.)Minor Surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီးအဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်....ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့....ပိုးဟပ် အရှင် တစ်ကောင် တွားလျက်ထွက်လာလေ၏။..ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး ၏ အနွေးဓါတ်နှင့် စိုစွတ်ထိုင်းမှိုင်းမှု တို့ ကြောင့်သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။ဒီ အကြောင်းအရာ သည် CNN သတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသောအစစ်အမှန်သတင်းဖြစ်ပါသည်။" ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်....စာအိတ်မှာသုတ်ဖို့  ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ဟာတွေကို သာရှင်တို့ မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစ လို့ ကိုယ့်မျက်စိကို တောင်မယုံနိုင်ဘဲ ဖြစ်သွားပါလိမ့် မယ်.....ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ့ မလျက်တာ နှစ်ပေါင်း များစွာကြာပါပြီကော..." ဟု အဲန်ဒီဟျူမ်း ကရေးသားဖော်ပြဖူးလေ၏။လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန့် က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မအလုပ်လုပ်ဖူးတယ်...ကျွန်မတို့ ကို စာစီစာရိုက်တိုက်ပိုင်ရှင် က "ဘယ်တော့မှ စာအိတ်တွေ ကိုလျှာနဲ့ မလျက်ဖို့  " သတိ ပေးပြော ပေမယ့်အစတုန်းကတော့ ဘာကိုဆို လို မှန်းနားမလည် ခဲ့ပါဘူး......တစ်နေ့ တော့စာအိတ် အလုံး ၂၅၀၀ ယူဖို့ ဂိုဒေါင် ထဲကိုကျွန်မသွားရပါတယ်.......အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ company ၏နာမည်ကို ဖော်ပြခြင်း၊ ပို့ သူ ...လက်ခံသူတို့ ၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကိုဆိုလိုပါသည်...) စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာပိုးဟပ်တွေအုပ်စုလိုက်ဟိုပြေးဒီပြေး ပြေးနေတာအများကြီးပဲ.........ဥတွေကလည်း နေရာတိုင်းပြန့် ကျဲနေတာ....ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ...ဒီစာကို ဖြန့် ဝေပေးပါ...ဒီစာဖတ်ပြီးရင် သင်လည်းပဲ စာအိတ်ဖြစ်စေ၊ တံဆိပ်ခေါင်းဖြစ်စေ ဘယ်တော့မှလျှာနဲ့ လျက်တော့မှာမဟုတ်ဘူးးးး...............


Friday, January 01, 2010

စင်္ကာပူက ကားပျောက်မှု

ကားက MITSUBISHI CANTER အမျိုးအစား
အရောင်က အဖြူရောင်
ကားနံပါတ်က YJ 4018 A
နေ့က 01.01.2010 ( New Year )
နေရာက N Woodland Link ( Near Woodland MRT Station )

ဘယ်သူ့ကားမှမဟုတ်ဘူး ပိုးဟပ်လေးမောင်းနေတဲ့ကားပါ ။ (ကုမ္မဏီက ပေးထားတဲ့ကားပေါ့ )
ကားက ကြီးတော့ အိမ် Parking တွေမှာ ထိုးလို့မရဘူးလေ။
ဘယ်လိုပျောက်သွားလည်းဆိုတော့ ၃၁ ရက်ညက ကားကို ပါကင်ထိုးခဲ့တာပဲ သေချာလည်း
Lock တွေချထားခဲ့ပါတယ် ကားတွေအများကြီး ကြားထဲမှာမှ ကျွန်တော့်ကားလေးမှ ရွေးပျောက်
ရတယ်လို့ ဟင့်။ ၁ ရက်နေ့လည်း ကျွန်တော်တို့ ကုမ္မဏီက အလုပ်သမားတွေကမနားတော့ သူတို့
ကို အလုပ်လိုက်ပို့ဖို့ ဆိုပြီး မနက်ကားသွားအထုတ် အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ဟုတ်ပါ့မလား
ပေါ့ ကိုယ်မျက်စိ ကိုယ်မယုံလို့ အနားပတ်ဝန်းကျင်မှာရှာတယ် မတွေ့။ ဒါနဲ့ မထူးဘူးဆိုပြီး ကား Incheck
ကိုဖုန်းခေါ်ပြီး ကားပျောက်တိုင်ရတာပေါ့ ပြီးတော့ တွေ့လိုတွေ့ငြား ကားတစ်စီးနဲ့ ပတ်ရှာကြတယ်
မတွေ့ပါဘူး။
အင်း...........အနိစ္စ မမြဲပါလား

တွေ့ရင်လည်းပြောကြပါအုံးနော