Friday, January 15, 2010

ရင်တွင်းခံစားချက် မဟုတ်

ဇင်ယော်တောင် မျက်ခုံး

သမင် မျက်လုံး

မြင်းရိုင်းတစ်ကောင်လိုအကြည့်

ငါးရံ့ ကိုယ်လုံး

ငါးခူပြုံး ပြုံး

လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ

စာကလေး သံနဲ့

သာလိကာလို ပြန်ပြောတတ်တဲ့မင်း

ဘာကြောင့်၊ ဘယ်အရာတွေကြောင့်

ငါလို ကိုးတောင်ကျား ခန္ဓာမရှိတဲ့

ပိုးဟပ်ရဲ့ အချစ်ကို ငြင်းရက်တာလဲကွာ။


3 comments:

မေကျော် said...

ငြင်းပါတယ်ဆိုမှ ရှင်းနေတဲ့ဟာကိုနော် :P

Anonymous said...

အားလုံးထဲမှာ အသေးဆုံး ဖြစ်နေတာကိုနော်
(ကြယ်စင်)

Unknown said...

ပိုးဟပ်ကိုမိန်းခလေးတော်တော်များများကကြောက်ကြတယ်