Friday, January 22, 2010

ဖယ်ရီကားလေးကျွန်တော်





မနက်မနက် အိပ်ယာထရမှာလည်း ပျင်းလိုက်တာ။ ဒီ ဒရိုင်ဘာဆိုတဲ့ ကောင်ကလည်း အလိုက်ကန်းဆိုးကို မသိဘူး။ အင်း..... အခုလည်းထရအုံးမယ်။ ကျွန်တော့်အလုပ်က မနက်မနက်ဆိုရင် ရုံးဝန်ထမ်းတွေကို ကျွန်တော့်ကျောပေါ်တင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှိရာနေရာကို ဟိုငတိရဲ့ ကြိုးဆွဲရာကို မငြီးမငြူတမ်း
လိုက်ပို့ပေးရတာပါ။ ကျွန်တော့်မှာဗျာ...လူ့လောက ( အဲ ) ကားဆိုတဲ့ ဘဝကိုရောက်ပြီး နှစ်ပတ်လောက်ပဲ အေးအေးဆေးဆေး နေရတယ်။ နောက်ပိုင်းကျတော့ ဒီကောင့်လက်ထဲ ရောက်တာပါပဲဗျာ....။
အခုတော့ သူစေညွှန်ရာကို သွားနေရတဲ့ ဘဝ ရောက်နေရပြီလေ။ အခုဆိုရင် ကျွန်တော် ဟောဒီလောကကြီးထဲ ရောက်နေတာ ၆ လကျော်သွားပြီလေ....။ ညဆိုလည်း မိုးချုပ်မှ ကျွန်တော် အိပ်ရတယ် ။မနက်ဆိုလည်း အစောကြီးထရတယ်။ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးဗျ။ ကြာလာတော့ ပင်ပန်းလာတာပေါ့...........

တစ်နေ့ကျွန်တော်အကြံတစ်ခုရလာတယ်။ အဟိ.. မဟုတ်က ဟုတ်က အကြံလေ။

ဒီလိုဗျ တစ်ရက် ခါတိုင်းလိုပဲ သူလာနှိုးတယ်လေ....။ မထချင် ထချင်နဲ့ လိုက်သွားတယ်......
နောက် မီးပွိုင့် တစ်နေရာလည်းရောက်ရော သူက ကားကိုရပ်လိုက်တယ်....။ ဒီလောက်တာ ဖြစ်လှတာ....
ကိုင်းဟာ....ဆိုပြီးပြန်အိပ်လိုက်တယ်....(ပိုင်တယ်နော်) အဲဒီအချိန်မှာ သကောင့်သား ခေါင်းနပန်းကြီးသွားတယ် ... ပြီးတော့ ခေါင်းကုတ်ပြီးတော့ (ဟာကွာ...ညက ဆီမထည့်မိဘူးဒဲ့ )..ကောင်းဒယ်၊ ဒါမှ ငါလည်းနားရမှာ၊ ကျွန်တော်လမ်းလယ်ရောက်နေလို့တဲ့ ကျွန်တော့ပေါ်ကလူတွေကို ဆင်းတွန်းခိုင်းတယ်။

ဇိမ်ရှိလိုက်တာ.....။ ပြီးတော့ ဆရာသမား ဆီသွားဝယ်တယ်လေ.... ခဏနေတော့ ပြန်လာတယ်...။

ဟော သူပြန်လာပါဘီ။ ဆီဖြည့်ပြီးတော့ သူကကျွန်တော့်ကို ပြန်နှိုးတယ်.... မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလိုက်တယ်......။ မှတ်လောက်အောင် ပညာပေးဦးမှ......
ခဏနေတော့ အသံသဲ့သဲ့ ကြားလိုက်ရတယ်.....။ ကားကလည်းကွာ ဒီနေ့ကျမှ ဘာဖြစ်မှန်းမသိဘူး...။။
အလုပ်နောက်ကျတော့မှာပဲလို့ ကြားလိုက်ရတဲ့ ခဏ ကျွန်တော်အသိပြန်ဝင်လာတယ်...

အင်း ငါပျင်းနေလို့ မဖြစ်တော့ဘူး...ငါကြောင့်သူတို့ အလုပ်နောက်ကျတော့မှာပဲ...မဖြစ်ဘူး၊ မဖြစ်ဘူး
ငါထတော့မှ ဖြစ်မယ်ဆိုပြီး ကိုယ်တော်ချော ဒီတစ်ခေါက်လည်း နှိုးရော ကျွန်တော်အသာတကြည်ပဲ နိုးလိုက်တယ်..........

ဟေးးးး

ဟေး ခနဲအသံနဲ့ အတူ ကျွန်တော့် အပေါ်သူတို့ပြန်ပြီးနေရာယူကြကုန်ပြီ....
ငါလည်း သူတို့အလုပ်နောက်မကြအောင် အမြန်သွားမှ ဖြစ်မယ်...ဆုံးဖြတ်ချက် နဲ့အတူ ကျွန်တော်ပို့ ဆောင်ပေးလိုက်ပါတယ်...။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာပါတယ်။

ကျွန်တော်နောက်ဆိုရင် အပျင်းမကြီးတော့ဘူးလို့ .........
ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။


6 comments:

Anonymous said...

ဖယ်ရီကားလေးရေ.. နောက်ဆို စောစောထနော် :)

Anonymous said...

တခါတလေတော့ နောက်ကျချင်တာပေါ့
ဖယ်ရီကားလေး နိုးသွားတာ စိတ်ဆိုးတယ်
(ကြယ်စင်)

ဒီဇင်ဘာနှင်း said...

နောက်ဆိုအပြင်းမကြီးတော့ဘူးလို့ ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ကလေးကို လေးစားမိပါတယ်။

နေ့အိပ်မက် said...

တစ်ရက်တစ်လေပဲဟာ.. ပျင်းလက်စနဲ့ဆက်ပျင်းလိုက်တာမဟုတ်ဘူး..

ဒါနဲ့ ဒီဟာလေးတွေပြင်လိုက်ရင် ပိုဖတ်လို့ကောင်းသွားမယ်ထင်တယ် :)
ပညာပေးဦးမှ
ငါပျင်းနေလို့ မဖြစ်တော့ဘူး
ကိုယ်တောချော
အသာတကြည်
အလုပ်နောက်မကျ
ကူးစက်

ပိုးဟပ်လေး said...

ဟုတ်ပါရဲ့ ကျေးဇူးနော်....
အဟီး အမှားတွေချည်းပဲ
ဒါကြောင့် မြန်မာစာ အမှတ်နည်းတာ :D

Unknown said...

ကူညီပေးလိုက်ရတဲ.ပီတိနဲ.ကြည်နူးမှုလေးကို တင်ပြထားတာကောင်းပါတယ်