Friday, January 01, 2010

စင်္ကာပူက ကားပျောက်မှု

ကားက MITSUBISHI CANTER အမျိုးအစား
အရောင်က အဖြူရောင်
ကားနံပါတ်က YJ 4018 A
နေ့က 01.01.2010 ( New Year )
နေရာက N Woodland Link ( Near Woodland MRT Station )

ဘယ်သူ့ကားမှမဟုတ်ဘူး ပိုးဟပ်လေးမောင်းနေတဲ့ကားပါ ။ (ကုမ္မဏီက ပေးထားတဲ့ကားပေါ့ )
ကားက ကြီးတော့ အိမ် Parking တွေမှာ ထိုးလို့မရဘူးလေ။
ဘယ်လိုပျောက်သွားလည်းဆိုတော့ ၃၁ ရက်ညက ကားကို ပါကင်ထိုးခဲ့တာပဲ သေချာလည်း
Lock တွေချထားခဲ့ပါတယ် ကားတွေအများကြီး ကြားထဲမှာမှ ကျွန်တော့်ကားလေးမှ ရွေးပျောက်
ရတယ်လို့ ဟင့်။ ၁ ရက်နေ့လည်း ကျွန်တော်တို့ ကုမ္မဏီက အလုပ်သမားတွေကမနားတော့ သူတို့
ကို အလုပ်လိုက်ပို့ဖို့ ဆိုပြီး မနက်ကားသွားအထုတ် အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ဟုတ်ပါ့မလား
ပေါ့ ကိုယ်မျက်စိ ကိုယ်မယုံလို့ အနားပတ်ဝန်းကျင်မှာရှာတယ် မတွေ့။ ဒါနဲ့ မထူးဘူးဆိုပြီး ကား Incheck
ကိုဖုန်းခေါ်ပြီး ကားပျောက်တိုင်ရတာပေါ့ ပြီးတော့ တွေ့လိုတွေ့ငြား ကားတစ်စီးနဲ့ ပတ်ရှာကြတယ်
မတွေ့ပါဘူး။
အင်း...........အနိစ္စ မမြဲပါလား

တွေ့ရင်လည်းပြောကြပါအုံးနော

2 comments:

မေကျော် said...

တွေ့လိုက်တယ် တွေ့လိုက်တယ် အိပ်မက်ထဲမှာ :P

Unknown said...

ပျောက်သောသူရှာရင်တွေ.ဆိုပေမဲ. တိုးတတ်နေတဲ.ခေတ်ကြီးမှာတော.
တရားသဘောနဲ.ဖြေလိုက်ပါတော.နော်