Tuesday, December 29, 2009

ပိုးဟပ်လေး ၏ အတွေ့အကြုံ

၎.၆.၂၀၀၅

အဖေနဲ့ အမေ ကျွန်တော် သွားတော့မယ်နော် ကျမ္နာရေးလည်းဂရုစိုက်ကြအုံးနော်

မကြီး မောင်လေးသွားတော့မယ် အဖေနဲ့အမေကို ဂရုစိုက်လိုက်အုံးနော်

အေးပါမောင်လေးရယ် မောင်လေးလည်း အစစ အရာရာဂရုစိုက်နော်

ဟုတ်ကဲ့ မကြီး

ပိုးဟပ်လေး စင်္ကာပူ ဆိုတဲ့ မြို့ကြီးကို စတင်ထွက်ခွာလာတာပါ
သြော် စထွက်လာခါစတုန်းက စင်္ကပူ ဆိုတာရယ် သင်္ဘောကျင်းမှာလုပ်ရမယ်ဆိုတာပဲသိတယ်။ ဘာဆိုဘာမှမသိ အဲဒီလောက်ထိ ရန်ကုန်သားပီပီ လည်လည်ဝယ်ဝယ်ရှိတာ :D
အောင်မြတ်လေး ဒီရောက်တော့မှ ဒုက္ခနဲ့ လှလှနဲ့ ကိုတွေ့တော့တာ
တက်လိုက်ရတဲ့ သင်တန်းတွေက လည်း ၄၊၅ ခုလောက်ရှိတယ် ပြီးပြန်တော့ အလုပ်လုပ်ရပြီပေါ့
သာမန်ပင်ပန်းမှုလောက်ပဲရှိမယ် ထင်တာ ငရဲခန်းထဲရောက်သလား အောက်မေ့ရတယ်
ငရဲခန်းတောင် ဒီလောက်ပူပြင်းလိမ့်မယ်မထင်ဘူး
တစ်နေကုန် မိုးလင်းကနေ မိုးချုပ် အဲဒီ သင်္ဘောဆိုတဲ့ ဟာကြီထဲမှာ အလုပ်လုပ်ကြရတယ်
ကျွန်တော်ကတော့ ပါမစ် ၂ နှစ်ပြည့်ပြီးရင်ပြန်မယ်လို့ တွက်ထားတာ
ကံကောင်းချင်တော့ ၁ နှစ်ကျော်တဲ့ အချိန်မှာ အပြင်ဆိုဒ်မှာ ဆင်းရမယ်ဆိုပြီး တာဝန်ကျလာတယ်(တခြား ကုမ္မဏီမှာပေါ့ )
over time တော့မရှိဘူးပေါ့ လစာနည်းသွားတော့တစ်ခါစိတ်ညစ်ရပြန်ရော..............
အင်း...ဒီလိုနဲ့ ၁ နှစ် ၁၀ လပြည့်တော့
"မင်း ကားမောင်းလိုင်စင်ဖြေရမယ်တဲ့ စာရွက်စာတန်းတွေ အကုန်ရှိလားတဲ့" ကျွန်တော် တော်တော်ပျော်သွားတယ်
ဒါနဲ့ အင်းပေါ့ ဖြေမယ်လို့ပြောလိုက်တယ်
နဂိုတည်းက ကားသိပ်မောင်းချင်တဲ့ကောင်ဆိုတော့ အဆင်ပြေသွားတာပေါ့
မျောက်လက်ထဲ အုန်းသီးရလာသလိုပဲ :D
အင်း.......ဘာလိုလိုနဲ့ ၅နှစ်တောင်ပြည့်တော့မယ်
ဘယ်အချိန်မှ မိဘရိပ်မှာ ပြန်ခိုလှုံခွင့် ရမယ်မသိသေးဘူး



အိမ်လွမ်းသူ

Saturday, December 12, 2009

ချစ်သူနှင့်ရည်းစား ကွာခြားချက်

ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်
ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေ
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........
သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....အနာဂတ်ရှိလာပြီ........
သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......


ရည်းစား .....


ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူလို့
ဘာသာပြန်ချင်တယ်
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......



Tuesday, December 08, 2009

ငွေဇွန်းလေး

ကျွန်မယောက်ျားဟာ အိမ်နဲ့ ရုံးခန်းဝေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးခန်းနဲ့ နီးတဲ့နေရာမှာ သူ့ရုံးက အလုပ်အတူလုပ်တဲ့ သူတွေနဲ့စုပြီး အိမ်ခန်းတစ်ခန်း ငှားနေကြပါတယ်။ အိမ်က အတော်အသင့်ကောင်းမွန်ပြီး အိပ်ခန်းက ၄ခန်းပါကာ ရေချိုးခန်းလည်း၂ ခန်းရှိတော့ တစ်ယောက်တစ်ခန်းကျစီနဲ့ ၄ယောက်အတူ နေကြပါတယ်။
တစ်ရက်တော့ ကျွန်မယောက်ျားက သူအားနေလို့ သူငှားနေတဲ့ အိမ်မှာ ညစာထမင်းလိုက်စားဖို့ ခေါ်တော့ လိုက်သွားစားမိပါတယ်။ ထမင်းစားနေချိန်မှာပဲ ကျွန်မယောက်ျားနဲ့ အတူငှားနေတဲ့ သူတွေထဲက ကျွန်မယောက်ျား ရုံးက အတွင်းရေးမှုးမလေးရဲ့ အမူအရာကို တိတ်တစ်ဆိတ် အကဲခတ်မိတယ်၊ ဒါကို ကျွန်မယောက်ျားကလည်း ရိပ်မိလေတော့ “မိန်းမရာ မိန်းမဘာစဉ်းစားနေလဲဆိုတာ ကိုသိပါတယ် … စိတ်ချပါ ကိုနဲ့သစ္စာနဲ့က တစ်ကယ့် အထက်လူကြီးနဲ့ အတွင်းရေးမှုးဆိုတဲ့ ရိုးရိုးသားသား ပတ်သက်မှုပဲရှိတာပါကွာ”
ယောက်ျားက အဲ့ဒီလိုပြောနေမှတော့ ကျွန်မလည်းယုံရပြီပေါ့။ ဒါပေမဲ့ ကျွန်မ ကိုတို့ ထမင်းစားပွဲပေါ်က ငွေထည်စစ်စစ် ဇွန်းကလေးကိုတော့ ယူခဲ့မိပါတယ်။
.................................................................................................................................................................................................................................

တစ်ပတ်အကြာမှာတော့ ကို့ဆီက အီးမေးလ် တစ်စောင်ဝင်လာပါတော့တယ် ။။။။။။။။။။။။။။။။။။။။။။။။

မိန်းမ

မိန်းမရေ …. ကိုက ကို့မိန်းမ ငွေဇွန်းလေးကို “ယူ” တယ်မစွတ်ဆွဲချင်ပါဘူး …….
ကို့မိန်းမ “မယူ” ဘူးလို့လဲ အတတ်မပြောချင်ဘူး
ဒါပေမဲ့ အားလုံးသတိထားမိလိုက်တာကတော့
မိန်းမ ဒီမှာလာပြီး ညစာစားသွားပြီးကထဲက ငွေဇွန်းလေးကို မတွေ့တော့တာပါပဲ။

ချစ်တဲ့ကို

.................................................................................................................................................................................................................................

ကျွန်မလည်းချက်ခြင်းပဲ reply ပြန်လိုက်ပါတယ် ။။။။။။။။။။။။။။။။။။။။။။။။

ချစ်ရတဲ့ကို

ကိုရေ ………. မိန်းမကလည်း ကိုက သစ္စာနဲ့အတူတူ “အိပ်” တယ်လို့ မစွတ်ဆွဲချင်ပါဘူး …….
ကိုက သစ္စာနဲ့ အတူတူ “မအိပ်”ဘူးလို့လဲ အတပ်မပြောချင်ခဲ့ဘူး ..
ဒါပေမဲ့ အားလုံးသတိထားမိနိုင်တာကတော့
ကိုသာ ကို့အခန်း ကို့ကုတင်ပေါ်မှာသာ အိပ်ခဲ့တယ်ဆိုရင်ပေါ့၊
ကို့ခေါင်းအုံးလေးဘေးမှာ ငွေဇွန်းလေးရှိနေတာကို တွေ့ရမှာပါ။

ကို့မိန်းမ …..



သူငယ်ချင်းတစ်ယောက်ရဲ့ စာသားလေးတွေပါ ပြန်လည်မျှဝေပါတယ်

Wednesday, November 18, 2009

Google Picture လေးတွေ

ပုံလေးတွေက google ကနေပဲ download လုပ်ပြီးတင်ထားတာပါ။ ပုံလေးတွေကအမျိုးမျိုးပါပဲ စုစည်းပြီးတင်ထားတာပါ google အသင်းက ခွင့်ပြုမယ်ထင်ပါတယ်





















Wednesday, November 11, 2009

သင့်ရဲ့ computer ထဲက folder လေးကို သင့်ရဲ့ Favourte ပုံလေးနဲ့

သင့်ရဲ computer ထဲက folder မှာ folder ပုံလေးအစား
သင့်ရဲ့ favourite ပုံလေးနဲ့ icon လေးပြောင်းထားဖို့အတွက်ဆိုရင် ...
သိပ်လွယ်ကူတဲ့ နည်းလေးပါ
သိပြီးသားဆိုရင်လဲ မျှဝေချင်တဲ့ ဆန္ဒမို့လို့ နားလည်ပေးကြပါ။

ပထမဦးဆုံး သင်ပြောင်းချင်တဲ့ photo (JPEG Formet) ကို paint နဲ့ဖွင့်လိုက်ပါ၊
သင် edit လုပ်ချင်လုပ်ပေါ့
ပြီးတော သင် save as လုပ်မယ်ဆိုရင်သာ name နေရာမှာ
သင်ကြိုက်ရာနံမယ်ပေးပြီး အဲဒီနံမည်ရဲ့နောက်က
.ico ဆိုတာလေး ထည့်လိုက်ပါ ဥပမာ- my simpal.ico ပေါ့
file type မှာကြတော့ 24_bit Bitmap (*.bmp;*.dip) နဲ့ save ပါ
ဒါက ပထမဦးဆုံး ကို့ပုံကို icon အဖြစ် format ပြောင်း save လိုက်တာပါ ...

ပြီးတော့မှ သင်ပြောင်းချင်တဲ့ folder လေးကို right click လုပ်ပီး
property ထဲဝင်လိုက်ပါ

ပြီးတော့ coustomize ထဲဝင်

change icon box လေးကျလာရင် Browse ထဲကနေ သင့်ရဲ့ icon ပြောင်းထားတဲ့
ပုံလေးကို ရွေးပီး
ok - ok -apply - ok လုပ်လိုက်ပေါ့
ဒါဆို ...

သင့် folder လေးက သင့် favourite ပုံ icon လေးနဲ့ ဖြစ်သွားပီပေါ့ ...
အဲဒါလေးပါ ... သိပီးသားလား မသိပေမယ့် သင်သဘောကျစေချင်တဲ့ ဆန္ဒနဲ့မို့
နားလည်ပေးပါ
computer စသင်တုန်းက ကိုစည်ဆိုတဲ့ သူငယ်ချင်းက သင်ပေးထားတာလေးပေါ့
အားလုံး ပျော်စေချင်တဲ့ ဆန္ဒနဲ့
...............................................................

Saturday, October 31, 2009

ငယ်ငယ်တုန်းက ကြားဖူးတဲ့ A to Z

ဟဲဟဲ ဒီတစ်ခါ ပိုးဟပ်လေး တင်မဲ့ ပိုစ်က ကျွန်တော်ငယ်ငယ်က ကျွန်တော်အစ်ကိုတော်နဲ့ ပြောခဲ့ဖူးတဲ့ A to Z ပါ
တစ်နေ့ သူက ဒီလိုပြောပါတယ် ညီလေး မင်း ကိုကြီးကို A ကနေ Z အထိတိုင်ပေးတဲ့ အစ်ကိုမင်းကို ပြောပြမယ် ဆိုပြီးပြောပါတယ်
ဒီလိုဗျ........
A = A ဒင်ဥယျာဉ်ကြီးထဲမှာ
B = B ယာလေးသောက်ပြီး
C = ပုလင်းလေးတွေ C နေတဲ့
D = D အချိန်မှာ
E = E ဘယ်သူပေါက်လိုက်လဲမသိဘူး
F = Fဖု လို့မြည်သွားတယ်
G = အဲဒီအချိန် G ပုံးတစ်ယောက်ရောက်လာပြီး
H = ကိုကိုနဲ့ H ချင်တယ်လို့ပြောတော့
I = မသာမ ဆိုပြီး ကန်လိုက်တာ I ထဲမှာခွေခွေလေး
J = နောက်တော့ LPJ အဖွဲ့က သူငယ်ချင်းတွေရောက်လာတယ်
K = K ဂျာနူးလည်း ပါလာတယ်
L = L ခွန်းရီကနောက်ဆုံးကလိုက်လာတယ်လေ
M = M & M ချောကလက်နဲ့ ဧည့်ခံလိုက်တယ်
N = N
O = O ဟို.....
P = PP သည်ကြီးကရေမွှေးတွေ ဆွတ်လာတာ
Q = QQ ကိုသင်းနေတာပဲ
R = ဒညင်းသီးစားလို့ R လိုက်တာများ
S = S ဆစ်နဲ့ပက်ခံရတဲ့
T = T ကောင်လိုပဲ
U = U က
V = VeVe မကျည်းဖျော်ရည်ကို
W = Wonder ပါမုန့်နဲ့ စားပြီး
Y = Y အရက်နဲ့ရောပြီးသောက်လို့ကတော့
Z = Z တောင်ပြန်ထောင်နိုင်မှာမဟုတ်ဘူး :p:p:p

Monday, October 26, 2009

ပုစဉ်းရင်ကွဲ


အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ
နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး
အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ
ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက
ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင်
ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ
တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့
မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့
ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့
ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို "
ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။
ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင်
ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က
မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင်
အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။
လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို
တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့
သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။
ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက
ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို
သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို
ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်
ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို
သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့
ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ
သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို
အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့
သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ
လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက်
ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက်
ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က
အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း
ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။
ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို
သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ
ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်
ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။
ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့
ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို
ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို
ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ
ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။
ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး
ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း
အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့
တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။
ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို
သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ်
စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ
မျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။
တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ
ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..



ဘယ်သူရေးထားသည်မသိပါ
သူငယ်ချင်းတစ်ယောက်ပို့သော mail မှပြန်လည်မျှဝေပါသည်

Sunday, October 18, 2009

မြန်မာ့ငွေ

မြန်မာနိုင်ငံမှာ အရင်ကအသုံးပြုခဲ့တဲ့ ပိုက်ဆံလေးတွေပါ။ တချို့တဝက်လည်းအသုံးပြုလျက်ရှိပါတယ်၊ အမှတ်ရစရာလေးတွေပါ မျှဝေပေးလိုက်ပါတယ်