Monday, June 14, 2010

စိတ်အာရုံ

တကယ့် အဖြစ်အပျက်လေးပါ
ကျွန်တော်တို့ ကုမ္ပဏီက ဘင်္ဂလားလေး တစ်ယောက်အကြောင်းပါ၊


ဒီစာကို ရေးသင့် မရေးသင့် ကျွန်တော် စဉ်းစားနေလို့ အခုမှ ရေးဖြစ်သွားတာပါ....

လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်တို့ ဆီမှာ အလုပ်လုပ်နေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ သူ့နာမည်ကို payesh လို့ခေါ်တယ်၊ သူက အသက်က ၂၁ ပဲ ရှိပါသေးတယ်။ ရိုးရိုး WP အလုပ်သမားဆိုတော့ အလုပ်လုပ်လို့ ရတဲ့ လခက အင်မတန် နည်းပါတယ်၊ တစ်လလုံး လုပ်မှ စင်္ကာပူ $650 လောက်ရတယ်ဆိုရုံပဲ၊ ဒီကြားထဲ Stress က များသေးတယ်လေ၊ ဒါကို စင်္ကပူရောက် နေတဲ့ သူတိုင်း သိကြပါတယ်....။ ကောင်လေးက ငွေနောက်လိုက်ရင်း ဦးနှောက်ချောင် သလိုဖြစ်သွားတာပါ။ မိဘတွေကြောင့် လို့ပဲ ပြောရမှာပေါ့လေ။


Payesh ဆီမှာ မွေးချင်း ၄ ယောက်ရှိတယ် ( ကျွန်တော် သိသလောက်ပါ )။ သူ့ အထက်က အစ်ကို နှစ်ယောက်က အိမ်ထောင်တွေ ကျပြီ သူ့အိုး သူ့အိမ်နဲ့ နေကြတယ်လေ...။ နှစ်ယောက်လုံးက လည်း အဆင်ပြေပုံ မရကြပါဘူး။ သူ့ အောက်မှာ ညီမလေး တစ်ယောက်တော့ ရှိတယ်။ ဘယ်အရွယ်လည်းတော့ မသိဘူး...။ ကျောင်းတက်နေတယ်လို့ သိရတယ်....။ သူ့ကိုတော့ သူတို့အိမ်ရဲ့ စီးပွားရေး အခြအနေအရ စင်္ကာပူမှာ အလုပ်လုပ်ဖို့ လွှတ်ထားတာပါ။ ဒီကောင်လေးရောက်လာတာ ၂ နှစ်တောင် မပြည့်သေးပါဘူး....။ သြော် ပြောရအုံးမယ် သူတို့ ဘင်္ဂလားပြည်ကနေ စင်္ကာပူ ကို အလုပ် လာလုပ်တာ Agent ကိုပေးရတာ စလုံး $8000 ဆိုပဲ...။ သူဌေးက အေးဂျင့် ကို ပိုက်ဆံ အရင် စိုက်ပေးထားပြီး အလုပ်သမား ဆီကနေ တစ်လ $400 ပြန်ဖြတ်ပါတယ်...။ တွက်ကြည့်လေ အေးဂျင့်ခ ကြေဖို့ ဘယ်လောက်အထိ အလုပ်လုပ် ရသလဲလို့...
ထားပါတော့ အကြွေးဆိုတာကတော့ ရှိနေရင် ဆပ်နေရမှာပဲလေ... ရှောင်လွှဲလို့ ရတဲ့ အရာမှ မဟုတ်တာ ။ အခုက ဘာဖြစ်လဲ ဆိုတော့ သူ့ မိဘတွေ ဆီမှာ ဘာပြဿနာ တတ်လည်းတော့ မသိဘူး ။ ကောင်လေးဆီင်္ကို ပိုက်ဆံ စင်္ကာပူ $5000 လောက် လှမ်းတောင်းတယ်လေ..။ ကောင်လေးက ပြောတာပေါ့ ဒီမှာ အကြွေးတောင် မကြေသေးတော့ မပေးနိုင်သေးတဲ့ အကြောင်းကို ပြောတယ်။ ဟိုက ဘာပြန်ပြောလည်း ဆိုတော့ "မင်း နိုင်ငံခြား ရောက်နေတာ ၂ နှစ်တောင် ပြည့်တော့မယ်၊ ဒါလေးတောင် မရှာနိုင်ဘူးလား ဘာလား ညာလား နဲ့ ပြောပြီး ဆဲဆိုတယ်လေ..။ ပြီတော့ ဒီမှ အရမ်းအခက် အခဲဖြစ်နေတယ် မင်းပိုက်ဆံ မပို့နိုင်ရင် ပြန်မလာနဲ့" လို့ ပြောတယ်လေ။ ဖုန်းဆက်ရတာလဲ လွယ်တော့ ခဏ ခဏ ဖုန်းဆက်ပြီး ပိုက်ဆံတောင်းတယ်လေ။ ကြာတော့ ကောင်လေးလည်း မခံနိုင်တော့ဘူးထင်တယ် အလုပ်ထဲ ရောက်တော့ မနက်ပိုင်း အကောင်း မနက် ၉ နာရီင်္လောက်ကျတော့ သူ အလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပတ်ပြေးနေတယ် ပြီးတော့ ပါးစပ်က လည်း ဘင်္ဂလားလို တတွတ်တွတ် ရွတ်နေတယ်၊ အဲ့ ဒါနဲ့ သူ့ Supervisor မှာ meeting တောင် ကောင်းကောင်းမတတ်နိုင်ဘူး သူ့ကို ချူပ်ထားရတယ်။ ပြီးတော့ သူ့ကို လည်း အလုပ်မလုပ်စေပဲ တစ်နေရာမှာ ထိုင်ခိုင်းထားပြီး သူတို့ ဘင်္ဂလား အချင်းချင်း ထိန်းသိမ်း ထားတော့ ငြိမ်သွားသေးတယ် ထမင်း စားချိန်ရောက်တော့ တစ်ခါ ထပ်ဖြစ်တယ်၊ " ငါ အိုက်တယ်၊ ရေချိုးချင်တယ် အောက်မှာ ရေတွေ အများကြီးပဲတဲ့ ပြီးတော့ သင်္ဘောထောက်တိုင်းပေါ်တက်သွားလို့ မနည်း လိုက်ဆွဲရတယ်ဆိုပဲ၊ အဲဒီတော့ မထူးတော့ဘူး ဆိုပြီး သူ့ကို ထမင်းကျွေးပြီး နေ့တစ်ပိုင်းနဲ့ ရုံးကို ပို့လိုက်ရတယ်လေ။ မပို့ရင် ပြဿနာ တတ်နိုင်တယ်လေ..
နောက်တော့ သူ့ကို စိတ်ရောဂါကု ဆေးရုံမှာ တစ်ပတ်လောက်ထားလိုက်ရတယ်..။ စစချင်းတော့ သူ့ကို ဘာမှ မေးလို့ မရဘူး..။ သူပြောသမျှထဲမှာ ပိုက်ဆံစကားချည်းပဲ။ တစ်ခုခု မေးလိုက်ရင် အဲ့ ဒီမေးခွန်း အတွက် ပိုက်ဆံတောင်းတယ်လေ။ သူ့ အနားကို သူ့ supervisor ကလွှဲရင် ဘယ်သူ့မှ ကပ်လို့မရဘူး.. တစ်ခြားသူတွေဆို မောင်းထုတ်တယ်လေ ။ ပြီးတော့ ပါစပ်ကနေပြီး " you no good, my supervisor only very good, you no come ဆိုပြီ လာသမျှလူကို မောင်းထုတ်တယ်။ ဆေးရုံမှာ လည်း လျှောက်အော်နေလို့ မနည်းပြောယူရတယ်တဲ့ ။ တစ်ပတ်လောက် သူ့ကို စိတ်ကျန်းမာရေး ပြန်ကောင်းလာအောင် လိုအပ်တာလေးတွေလုပ်ပေးပြီးတော့ ကုသပေးလိုက်ရတယ်..။
အဲ့ဒီလို ဖြစ်တော့ သူဌေးက ဘယ်လက်ခံ ရဲတော့မလဲ... ။ သူ့မိဘတွေဆီ အကျိုးသင့် အကြောင့်သင့် ပြောပြပြီး ပြန်ပို့တာပေါ့ ။ သူ နဲ့ အတူ သူ့သူငယ်ချင်းပါ ထည့်ပေးလိုက်ရတာပေါ့ ။ ဒါမှ ဟိုရောက်ရင် ထပ်ပြီးတော့ သူ့မိဘတွေ သဘောပေါက်အောင် သေသေချာချာ ထပ်ပြောပြလို့ ရမှာကိုး...။
သူ့ မိဘတွေ သဘောပေါက် သွားတယ်ထင်တယ် ခုတော့ ကောင်လေးက အေးအေး ချမ်းချမ်း ရှိတယ်လို့တော့ သိရတယ်။
ဆိုလိုချင်တာကတော့ ဘယ်နိုင်ငံ မှာပဲ အလုပ်လုပ် ပင်ပန်းတာက တစ်မျိုး ၊ Stress တွေရှိနေတာက တစ်မျိုး၊ ဒီကြားထဲ ဒီလို ပြဿနာ မျိုးတွေ ဖြစ်လာတော့ မလိုလား အပ်တာတွေဖြစ်လာတယ်လေ...။ လူတစ်ယောက်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မတူညီ သလို စိတ်ဓာတ် ဖွဲ့ စည်းပုံလည်း မတူညီ ကြပါဘူး ။ စိတ်ပျော့တဲ့ လူတွေကျတော့ ဒီလို ဒဏ်မျိုးမခံစားနိုင်ဘုးလေ...။ ဒီ အဖြစ်လေးကို သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရေး သားထားခြင်း ဖြစ်ပါတယ်၊ ကျွန်တော် စာအရေးအသား ညက်ညော မှုမရှိတဲ့ အတွက် အစဉ် ပြေအောင် မရေး သားတတ်ပါဘူး ။ မှားတာ ရှိရင် ဝန္ဒာမိ.....


Friday, June 11, 2010

လမ်းလျှောက်ခြင်း

လမ်း အမြန်လျှောက်ရခြင်းကို ကျွန်တော် အင်မတန် မုန်းတီးပါတယ်၊ မြန်မာပြည်မှာ နေတုန်းကတော့ တစ်ခါမှ လမ်း အမြန် မလျှောက်ပါဘူး... ကျွန်တော့်ကို အပြင်သွားဖို့ ချိန်းထားတာရှိလို့ စောင့်နေရတာ ဘာညာရှိလည်း ကျွန်တော်မသိဘူး စောင့်နေပဲ။ ရေးမိုးချိုး၊ အဝတ် အစားလည်း တာကို ကျွန်တော် အမြန်လုပ်နိုင်ပေမဲ့ လမ်းလျှောက်တာကိုတော့ ကျွန်တော် မပြင်ပါဘူး... ကျောင်းတက်တုန်းကလည်း ကျောင်းကနေပြန်တော့ သူများတွေသာ ကျော်ကျော် တက်သွားတယ် ကျွန်တော် နောက်ဆုံးပဲ ကျန်ကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက လည်း စိတ်မရှည်ကြဘူး... နောက်ပိုင်း ကျွန်တော်တစ်ယောက်လထည်း သီသန့်လိုလို ဖြစ်လာတယ်... ဒါလည်း ကျွန်တော်မပြင်ဘူး ။ လိုင်းကား စီးဖို့ ကားလာတာတောင် ကျွန်တော် ပြေးမသွားဘူး... နေပလေ့စေ ဒီကားမမှီရင် နောက်ကားပေါ့ အဲ့လိုမျိုးနေတတ်ခဲ့တာ...
လမ်းလျှောက်ရင် စိမ်ပြေနပြေ လျှောက်ရတာ ဘယ်လို ဝါသနာ ပါမှန်း မသိဘူး၊ ပြီးတော့ လမ်းလျှောက်ရတာလဲ ဝါသနာပါတယ်။ ၅ တန်းကျောင်းသား ဘဝက မှတ်မိနေသေးတယ်...ကျောင်းကနေပြီးတော့ အိမ်ကို ကားမစီးဘူး ကျောင်းက တောင်ဥက္ကလာမှာ နေတာက မြောက်ဒဂုံ ကားမှတ်တိုင် ၈ မှတ်တိုင်စာ လောက်ရှိမယ်.. လိုင်းကားမစီးဘူး လမ်းလျှောက်ပြန်တာ တစ်ခါ . အိမ်ကို ရောက်ချင်တဲ့ အချိန်ရောက်ဆိုပြီးလျှောက်တာ.. တစ်ခါပါပဲ သူငယ်ချင်းနဲ့ အဖော်ညှိပြီး ပြန်တာ.. သူက ၄ မှတ်တိုင်လောက် လျှောက်ရင် ရောက်ပြီ.. ကျွန်တော်ကတော့ ဆက်လျှောက်လာခဲ့တာပဲ.. ၆ တန်းနှစ်ရောက်တော့ ကျွန်တော်တို့ မြောက်ဒဂုံ ကျောင်းလေးကို ပြောင်းသွားတော့ နေ့တိုင်းလမ်းလျှောက်ပြီး ကျောင်းသွားတယ်၊ ကျောင်းကပြန်တယ် ၊ ကားမှတ်တိုင် ၃ မှတ်တိုင် စာပဲရှိတာကိုး နာရီ ဝက်လောက်လျှောက်ရင် ရပြီလေ..။ အိမ်က စက်ဘီး ဝယ်ပေးတယ်..မစီးဘူး ခြေလျှင်ပဲ။ ကားစီးရတာထက်စာရင် လမ်းလျှောက်ရတာ ပိုကောင်းတယ်လို့ မြင်မိတယ်..။ မြန်မာပြည်က လိုင်းကား တွေက သိတဲ့ အတိုင်း ငါးပိသိပ် ငါးချဉ်သိပ် ကျပ်နေတာဆိုတော့ မစီးဖြစ်ဘူး.
စင်္ကာပူရောက်တော့ ကျွတ်ရောပဲ ကိုယ်မှ အမြန် မလျှောက်ရင် အလုပ်ထဲကိုရောက်ဖို့ တန်းစီရတာလည်း မလွယ်လှဘူး ။ အလုပ်သမားတွေ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ကျွန်တော်တို့ အလုပ် ဆိုဒ်ထဲကို ဝင်ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ တန်းစီရတာ ၅ မိနစ်လောက်ဟ သွားပြီ တစ်ခါတစ်လေ ကျရင် ၁၅ မိနစ် လောက် တန်းစီရတဲ့ အထဲမှာတင် အချိန်ကုန်သွားတတ်တာ ဆိုတော့ မလျှောက်လို့ က မရဘူးလေ ( အခုတော့ အလုပ်လည်း ပါးသွားပြီဆိုတော့ ပြန်ကုန်တဲ့ အလုပ်သမားတွေ မနည်းဘူးဆိုတော့ တော်တော်လေး ချောင်သွားပြီ ) အရင်လို တန်းမစီရတော့ဘူး ရောက်တာနဲ့ ဆိုဒ်ထဲ တန်းဝင်လို့ရပြီ ဆိုတော့ အရင် စနစ်ကို ပဲ ပြန်လည် ကျင့်သုံးပါတယ်... အခု ချိန်ထိပဲပေါ့လေ....

Wednesday, June 09, 2010

ဘဝ တစ်စိတ်တစ်ပိုင်း

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်တဲ့ ကာလသား တွေက ကျွန်တော့်ကို ပြောကြလေရဲ့။ ဟုတ်မှာပေါ့လေ ကျွန်တော်ကလည်း ကျွန်တော်ပဲ မြန်မာပြည်က မထွက်ခင် ကတည်းက မိန်းကလေးတွေ တန်းလန်းဆွဲ ( အဲ ) တန်းတန်းစွဲ ဖြစ်ခဲ့ ရသူ ပေပဲကိုး။ ပြန်ပြောရရင်တော့ ရှက်စရာကြီး :D ။ ရှေ့မျက်နှာ နောက်ထားပြီးပဲ ပြောတော့မယ်........
ကျွန်တော်တို့ အိမ်နောက်ဖေး ကျောချင်းကပ် အိမ်မှာ ငယ်ငယ်ထဲက ကစားဖော် ကစားဖက် မောင်နှမ သုံးယောက်ရှိတယ် ကိုလေးရယ်၊ သန္တာ နဲ့ ငယ်ငယ်ဆိုတဲ့ သူငယ်ချင်းတွေပေါ့။ ငယ်ငယ်ကခင်လာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘာမှ အထွေအထူးတော့ မရှိပါဘူး၊ နည်းနည်းလေး အရွယ်ရလာတော့အငယ် မလေးက သိပ်မရိုးချင်တော့ဘူးလေ။ သူဘယ်သွားသွားကျွန်တော့်ကိုပဲ အဖော်ခေါ်တယ် အခွင့်အရေးတော်တော်လေးလဲ ပေးတယ် ကျွန်တော်ကလည်း အဲ့လိုမျိုးကြီး ဖြစ်လာတော့ သူငယ်ချင်း သံယောဇဉ်ပဲ ရှိတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း မကြိုက်တာရယ်ကြောင့် သူတို့ အိမ်ဘက် သိပ်မရောက်ဖြစ်တော့ပါဘူး..။ နောက်ပိုင်းတော့ သူတို့ မိသားစု အိမ်ပြောင်းတော့ သွားတွေ့ဖြစ်လိုက်ပါတယ် ကောင်မလေးကတော့ မျက်ရည်တွေဝဲလို့ ပြောရှာပါတယ်၊ ငါ တော့ ဒီတစ်သက် နင့်ကို မေ့မှာ မဟုတ်တော့ဘူးတဲ့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်၊ ( အခုတော့ အိမ်ထောင်ကျသွားတယ်လို့ သိလိုက်ရတယ် )
ကျွန်တော်မြန်မာပြည်က ထွက်လာဖို့ ၅လလောက် အလိုမှာ ကျွန်တော်တို့ ခြေရင်း ၃ အိမ်ကျော်ကို မိသားစု တစ်စု ပြောင်းလာတယ်၊ ချစ်စု ဆိုတဲ့ ကောင်မလေး တစ်ယောက်လည်းပါလာတယ်။ ဒီကောင်မလေးက ကျွန်တော်တို့ ရပ်ကွက်ထဲ ကို ပြောင်းလာတာ မကြာသေးပေမဲ့ ရပ်ကွက်ထဲက လူပျို ကာလသား တွေက သိနေ ကြပြီလေ၊ သိဆို ကောင်မလေးက မှုံနေတာမှ ညှက်နေတာပဲ၊ ကျွန်တော်လည်း သတိတော့ ထားမိပေမဲ့ အမှတ်တမဲ့ ပါပဲ..။ သတိထားမိတယ် ဆိုတာကလည်း ဒီလို ကျွန်တော်တို့ ခြေရင်း သုံးအိမ်ကျော်ကို ပြောင်းလာတာဆိုတော့ မသိပဲနေမလား။ မနက်ဆိုရင် ကျွန်တော်က ၈ နာရီ ခွဲ လောက်ဆိုရင် အိပ်ရာနိုးနေပြီလေ..။ ဟိုလှိမ့် ဒီလှိမ့်နဲ့ ၉ နာရီလောက်မှ အိပ်ယာထ ဖြစ်တယ်။ အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုး စတဲ့ ဝေယာဝစ္စ တြွေ့ပီးတာနဲ့ မနက်ဆိုင်ထွက်ဖို့ အတွက် ပြင်ဆင်ပြီလေ.. မနက်ဆိုပေမဲ့ ၁၁ နာရီ ခွဲလောက်မှ ဆိုင်ဖွင့်ဖြစ်တာပါ။ အအေးဆိုင် ဆိုတော့ နေပူမှ ရောင်းရတာကိုး ၁၀ နာရီ ၄၅ လောက်ဆိုရင် ကျွန်တော် ဆိုင်ခင်းဖို့ လမ်းထိပ်ကို ထွက်ပြီလေ။ အဲ့ မှာ စတွေ့တာပဲ ပထမ တစ်ရက် နှစ်ရက်တော့ ဘာမှ မဖြစ်သေးဘူး။ ၅ ရက်မြောက်တဲ့ နေ့ကျတော့ ကောင်မလေးက အိမ်ရှေ့ မှာ ထွက်ပြီး ထိုင်နေလေရဲ့။ ကျွန်တော် သူ့ကို တွေ့တော့ သူက ပြုံးပြတယ်လေ.. ဒါနဲ့ ကျွန်တော်လည်း ပြန်ပြုံးပြတာပေါ့၊ အဲ့ဒီ ညနေကျတော့ သူတို့ အိမ်ပြောင်းလာလို့ အိမ်သစ်တက် မင်္ဂလာ အတွက် သူကိုယ်တိုင်လာဖိတ်တော့ အိမ်မှာ ကျွန်တော်က တူမလေးနဲ့ ဆော့နေတယ်လေ။ သူရောက်လာတော့ ရှက်ကိုး ရှက်ကန်းနဲ့ ဦးတို့၊ အန်တီတို့ ရှိလားတဲ့ နောက်နေ့ကျရင် အိမ်တက်မင်္ဂလာ အတွက် လာဖိတ်တာတဲ့ပြောတော့။ အိမ်မှာ အကြီးဆုံး အစ်မကြီးပဲ ရှိတယ်..။ ရတယ်လေ ကျွန်တော် ပြောလိုက်ပါ့မယ်ဆိုတော့..။ ဟုတ် ကျေးဇူးပါရှင့် ဆိုပြီး လှည့်ထွက်သွားလေရဲ့ တစ်နေ့ သူကျွန်တော်တို့ ဆိုင်ကို ရောက်လာတော့ မေမေနဲ့ မမက ရောက်မလာသေးဘူး ကျွန်တော်တစ်ယောက်ထဲ ဆိုင်ခင်းနေတုန်း၊ နောက်ကနေ သူမ ရောက်လာပါတယ်။ အစ်ကိုက အရမ်း အလုပ်ကြိုးစားတယ်နော်..။ အန်တီတို့ရော မလားသေးဘူးလား လို့မေးတော့၊ အင်း ဟုတ်တယ် သူတို့ မလာကြသေးဘူး။ ညီမ ဘာသောက်မလဲပေါ့နော် သူ့ကို ဧည့်ဝတ်ပြုတာပေါ့... ဈေးသည်ဆိုတော့ ဈေးရောင်းချင်တာကိုး....:P။ ဒါနဲ့ သူလည်း သစ်ခွ ဖျော်ရည်မှာ သောက်ပြီး ထိုင်နေတုန်း မေမေတို့ ရောက်လာခဲ့တယ်၊ အဲ့ဒါနဲ့ ကျွန်တော် ဆိုင်ကနေ အိမ်ပြန်မယ်လုပ်တော့၊ "ခဏ အစ်ကို ကျွန်မလည်း လိုက်မယ် အစ်ကို အိမ်ကိုပဲ ပြန်မှာ မဟုတ်လား" လို့ ပြောတော့ အမေတို့က ဘာမှတော့ မပြောပါဘူး လွှတ်ပေးလိုက်တယ်..။ အိမ်နဲ့ ဆိုင်နဲ့ က ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်လေ..။ ကြားထဲမှာ လက်ဖက်ရည်ဆိုင်ကို ဖြတ်ပြီးလျှောက်ရတာဆိုတော့ ကောင်လေးတွေ စတာနောက်တာလေးတွေ လိုက်ကြည့်တာလေးတွေရှိတော့ အားကိုးတာလည်း နေမှာပါ။ လမ်းရောက်တော့ ကောင်မလေးက ပြောတယ် ကျွန်မမြို့ထဲက ပြန်လာတာ အမေက ဈေးဝင်ဝယ်နေလို့ ကျွန်မကို အိမ် အရင်ပြန်နှင့် ဆိုပြီး လွှတ်လိုက်လို့ အစ်ကိုပြန်တာနဲ့ အတော်ပဲ ဆိုပြီး ကျွန်မလိုက်လာတာ ဘာညာပြောတာပေါ့၊ အဲ့ဒါနဲ့ ခင်မင် သွားတာပါ။ နောက်ပိုင်း နဲနဲ ပါးပါး စကားတွေ ပြောဖြစ်တယ်။ တစ်ခြားကောင်လေးတွေတွေ့ရင် စူပုပ်နေတဲ့ သူက ကျွန်တော့်ကို တွေ့ရင် အမြဲ ပြုံးလို့ သူငယ်ချင်းတွေကတောင် ပြောတယ်.။ မင်းကို ဆက်ဆံတာနဲ့ ငါတို့ကို ဆက်ဆံတာနဲ့ မတူဘူး ဆိုတော့ ကျွန်တော် ပြုံုးလို့ သာနေခဲ့ပါတယ်... ကျွန်တော် နိုင်ငံခြား ထွက်တော့ သူပါကျွန်တော့်ကို လိုက်ပို့ခဲ့တယ်လေ....။ နောက်တော့ ကျွန်တော် စ လုံးကို ရောက်လာခဲ့တယ်ဆိုပါတော့ ... ၂၀၀၈ က ကျွန်တော် တစ်ခါပြန်တော့ ကောင်မလေး မှာ ချစ်သူတွေ ဘာတွေတောင်ရနေပြီ၊ သူကလေး အဆင်တောင် ပြေနေတော့လည်း ပီတိ ဖြစ်မိပါတယ်.. မဟုတ်ရင် ဒွတ်ခ။
စင်္ကာပူရောက်မှ ပဲ ကံဇာတာတော်တော်လေး ပြောင်းလဲ သွားတယ်၊ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ဆိုတော့ ကောင်မလေးတွေများ ဘယ်သွားရှာရမှန်းတောင် မသိတော့ဘူး...။ ဒါလည်း ကောင်းတာပဲ အေးတာပေါ့ ( စိတ်ဖြေနည်း တစ်မျိုးပေါ့လေ.. ဆင်ခြေပေးတာ )
၂၀၀၉ တုန်းက ကောင်မလေး တစ်ယောက်ရောက်လာတယ်၊ ကျွန်တော့် သူငယ်ချင်းနဲ့ ပတ်သတ်ပြီး သိတာပါ..။ ကောင်မလေးကို ရေလည် ကြွေမိတယ်...။ ရောက်လာတုန်းက ချစ်သူ ရည်းစား မရှိဘူးလေ ကြွေတော့ လိုက်တွန်းတာပေါ့၊ အောင်မလေး ကြိုက်လို့ လိုက်ပိုး ခါမှ သူများ ဟပ်သွားတဲ့ ဖြစ်ခြင်းကို ကြုံတွေ့ ခဲ့ရတယ်လေ ၊ ကောင်မလေးက အလုပ်မရလို့ ပြည်တော်ပြန် သွားရတယ် သူ့ကောင်လေးကတော့ ဒီမှာ ကျန်ခဲ့တယ်...
အခု ကျွန်တော် မြန်မာပြည်က ကောင်မလေး တစ်ယောက်ကို စိတ်ဝင်း စားမိနေလေရဲ့..။ ဒီတစ်ခေါက်တော့ မလွဲပါစေနဲ့လို့ ဆုတောင်းရင်းသာ..............



Tuesday, June 08, 2010

ကလေးဘဝ ( ၁ )

သောကြာသား စကားများတယ်တဲ့...
ပိုးဟပ်လေး အလှည့်ကျမှ ပြင်လိုက်တော့မယ်..။ ငယ်ငယ်တုန်းကလေ ၃ နှစ်သားလောက်ပဲ ရှိအုံးမယ် ဖေဖေတို့ မေမေတို့နဲ့ ရွှေတိဂုံ ဘုရားသွားကြတာ လပြည့်နေ့ဆိုတော့ လူတော်တော် စည်တာ ဖြစ်ချင်တော့ ပိုးဟပ်လေး ပျောက်သွားတော့ ဖေဖေက လည်း မေမေ့ကို မေး၊ မေမေကလည်း ဖေ့ဖေ့ကို မေးနဲ့ပေါ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပိုးဟပ်လေး ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမရကြဘူးလေ၊ ဒါနဲ့ မိသားစုလိုက် ပိုးဟပ်လေးကို လိုက်ရှာနေရင်းနဲ့ ဂေါပက အဖွဲ့က မိုက်ကြီးနဲ့ အော်ပါလေရော။ ((( ကလေးတစ်ယောက်ကောက်ရထားပါတယ်၊ အိင်္ကျီ ဘောင်းဘီ အပြာနု ဝမ်းဆက်လေးနဲ့ ကလေးနာမည်တော့ မေးလို့မရပါ၊ ကလေးပိုင်ရှင်များ ဂေါပက ရုံးခန်းသို့ လာရောက်ကြပါ )))၊ အဲ့လိုလည်း အော်သံကြားရော ဖေဖေ မေမေတို့ အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတာပေါ့၊ ဂေါပက လူကြီးတွေက ကလေးပိုင်ရှင်ရောက်လာရင် ထင်သာမြင်သာရှိအောင်လို့ ရှေ့ကစားပွဲပေါ်လေးမှာ တင်ထားတယ်လေ၊ မေမေတို့ ရောက်လာလို့ ပိုးဟပ်လေးကိုလည်း တွေ့ရော "သား ကိုထိုက်၊ သားလေး မေမေတို့ ရောက်လာပြီလေ၊ လာလာ" အဲ့လိုခေါ်တယ်တဲ့(ပိုးဟပ်လေးကို အိမ်က ချစ်စနိုး နဲ့ အိမ်က ကိုထိုက်လို့ခေါ်ကြတယ်လေ) ပိုးဟပ်လေးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့ ပြီးတော့ တစ်ချက်လေး မော့ကြည့်ပြီး ခေါင်းလေးငိုက်စိုက်လေးနဲ့ ဆော့နေတယ်တဲ့ မိဘပျောက်သွားလို့ ငိုရကောင်းမှန်းလည်း မသိဘူးတဲ့၊ ဒီတော့ ဂေါပကက လူကြီးတွေက ဟုတ်ရဲ့လားဗျာ ခင်ဗျားတို့ ကလေးမှ ဟုတ်ရဲ့လားဗျာတဲ့၊ မေမေက ဟုတ်ပါတယ်ရှင် ကျွန်မသားလေးမှ ကျွန်မသားလေးပါလို့ ပြောသတဲ့၊ ဂေါပက လူကြီးက ဒါဆိုရင်လည်း ခေါ်သွားပါ ဒါပေမဲ့ အစ်မကြီးတို့ မှတ်ပုံတင် နံပါတ်ကလေးတော့ထားခဲ့ပါ ဆိုလို့ မှတ်ပုံတင် နံပါတ်ပေးပြီး ရွေးခဲ့ရသတဲ့...။ ပိုးဟပ်လေးကတော့ ငယ်သေးတော့ ဘာမှမသိဘူး။ ကြီးမှ မေမေတို့ ပြန်ပြောပြမှ သိတာလေ... :D
နောက်တစ်ခါကျတော့ ပိုးဟပ်လေး မူကြိုတက်နေပြီ၊ ဒီတစ်ခါကျတော့ မူကြိုက အပြန်မှာ ကျွန်တော့် အစ်မက ကျွန်တော့်ကို လာကြိုတယ်လေ စက်ဘီးလေးနဲ့ပေါ့ အဲ့တုန်းက အစ်မကလည်း ငယ်သေးတော့ သူလည်း ကျောင်းက အပြန် ပိုးဟပ်လေးကို မူကြိုက ဝင်ကြိုပြီး အပြန်မှာပေါ့ သူက လမ်းထဲမှာ ချိုင့်တွေပေါတော့ ကွေ့ရှောင် ပတ်နင်းတာပေါ့၊ စက်ဘီးနင်းနေရင်းက ချိုင့်တစ်ခု သူနင်းမိသွားတော့ ပိုးဟပ်လေး စက်ဘီးပေါ်ကနေ ပြုတ်ကျ ကျန်နေခဲ့တယ်လေ၊ အံမယ် ပြုတ်သာကျတာ ဖင်ထိုင်ရက်ကလေး ငိုလည်း မငိုဘူး အော်လည်းမအော်ဘူးတဲ့၊ ကျွန်တော်အစ်မကလည်း ဘာတွေ စိတ်ကူးယဉ်ပြီး နင်းသွားလည်း မသိဘူး တွေ့လိုက်တဲ့လူကြီးတွေက အော်ပြောတာတောင် မကြားဘူး၊ အိမ်ရှေ့ရောက်တော့ အမေတို့ကမေးတာပေါ့ မောင်လေးရောဆိုတော့ နောက်မှာလေ ဆိုပြီး လှည့်ကြည့်တော့ မပါလာလို့ ပြန်လှည့်ပြီး လာခေါ်ရတယ်...။ သူပြန်လာခေါ်တော့ ပိုးဟပ်လေးကို အဲ့နားက အသုတ်ဆိုင်က အဒေါ်ကြီးက ခေါ်ထားတယ်လေ၊ ကျွန်တော့် အစ်မလည်း ပြန်ရောက်လာရော ပြောတာပေါ့ ကလေးတစ်ယောက်လုံး ပြုတ်ကျ ကျန်ခဲ့တာတောင် မသိဘူး ဘာညာနဲ့ ပြောပြီး ပြန်ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ထိ ပိုးဟပ်လေး တော်တော်အေးတာ... :D

အဲ့လိုမျိုး ငယ်ငယ်က တော်တော်လေး အေးခဲ့တာ ၁၀တန်းရောက်တဲ့ အထိပဲ။ ကျောင်းမှာဆိုလည်း အပေါင်းအသင်း သိပ်မထားဘူး။ စာတော်လို့လား ဆိုတော့လည်း မဟုတ်ဘူး၊ မုန့်စားလွှတ်ပြီ ဆိုရင် သူများတွေက သွားဆော့တယ်၊ အတန်းထဲမှာ ပိုးဟပ်လေး တစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။ ဘာလုပ်တယ် မှတ်လည်း စာကျက်ရင် ကျက် မကျက်ရင် အိပ်နေတတ်တာ။
ငယ်ငယ်က မထုံတတေး ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း မှတ်မိသလောက်လေးပါ

Monday, June 07, 2010

တောင်းဆု

ချစ်ရသူ
မင်းလိုချင်တဲ့ ရုပ်ရည်မျိုး ငါ့မှာ မရှိပေမဲ့
မင်းကို အပြည့်အဝ ချစ်နိုင်မဲ့ အချစ်တွေရှိတယ်

ချစ်ရသူ
မင်း မက်မောလောက်တဲ့ အရည်အချင်းမရှိပေမဲ့
မင်း အားကိုးရလောက်တဲ့ ပခုံးနှစ်ဖက် ငါ့မှာရှိတယ်

ချစ်ရသူ
မင်း စိတ်ကျေနပ်အောင် မထားနိုင်သေးပေမဲ့
မင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်

ချစ်ရသူ
မင်းကို ချစ်တယ်လို့ ဖွင့်မပြောရသေးပေမဲ့
မင်းကို ချစ်တဲ့ အချစ်တွေ ရင်ထဲ အပြည့်ရှိတယ်

ချစ်ရသူ
မင်း တို့ကို ပြန်မချစ်နိုင်ဘူး ဆိုရင်တောင်မှ
မင်းရဲ့ အနားမှာ တစ်သက်လုံး စောင့်ရှောက်ပါရစေ

ချစ်ရသူ
တောင်းဆုတစ်ခုသာ ပြည့်ဝမယ်ဆိုရင်
မင်းရဲ့ ချစ်ခြင်းတုန့်ပြန်မှုကို ရပါလို၏ လို့
ဆုတောင်းမိမှာ အမှန်ပဲ