Tuesday, June 08, 2010

ကလေးဘဝ ( ၁ )

သောကြာသား စကားများတယ်တဲ့...
ပိုးဟပ်လေး အလှည့်ကျမှ ပြင်လိုက်တော့မယ်..။ ငယ်ငယ်တုန်းကလေ ၃ နှစ်သားလောက်ပဲ ရှိအုံးမယ် ဖေဖေတို့ မေမေတို့နဲ့ ရွှေတိဂုံ ဘုရားသွားကြတာ လပြည့်နေ့ဆိုတော့ လူတော်တော် စည်တာ ဖြစ်ချင်တော့ ပိုးဟပ်လေး ပျောက်သွားတော့ ဖေဖေက လည်း မေမေ့ကို မေး၊ မေမေကလည်း ဖေ့ဖေ့ကို မေးနဲ့ပေါ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပိုးဟပ်လေး ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမရကြဘူးလေ၊ ဒါနဲ့ မိသားစုလိုက် ပိုးဟပ်လေးကို လိုက်ရှာနေရင်းနဲ့ ဂေါပက အဖွဲ့က မိုက်ကြီးနဲ့ အော်ပါလေရော။ ((( ကလေးတစ်ယောက်ကောက်ရထားပါတယ်၊ အိင်္ကျီ ဘောင်းဘီ အပြာနု ဝမ်းဆက်လေးနဲ့ ကလေးနာမည်တော့ မေးလို့မရပါ၊ ကလေးပိုင်ရှင်များ ဂေါပက ရုံးခန်းသို့ လာရောက်ကြပါ )))၊ အဲ့လိုလည်း အော်သံကြားရော ဖေဖေ မေမေတို့ အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတာပေါ့၊ ဂေါပက လူကြီးတွေက ကလေးပိုင်ရှင်ရောက်လာရင် ထင်သာမြင်သာရှိအောင်လို့ ရှေ့ကစားပွဲပေါ်လေးမှာ တင်ထားတယ်လေ၊ မေမေတို့ ရောက်လာလို့ ပိုးဟပ်လေးကိုလည်း တွေ့ရော "သား ကိုထိုက်၊ သားလေး မေမေတို့ ရောက်လာပြီလေ၊ လာလာ" အဲ့လိုခေါ်တယ်တဲ့(ပိုးဟပ်လေးကို အိမ်က ချစ်စနိုး နဲ့ အိမ်က ကိုထိုက်လို့ခေါ်ကြတယ်လေ) ပိုးဟပ်လေးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့ ပြီးတော့ တစ်ချက်လေး မော့ကြည့်ပြီး ခေါင်းလေးငိုက်စိုက်လေးနဲ့ ဆော့နေတယ်တဲ့ မိဘပျောက်သွားလို့ ငိုရကောင်းမှန်းလည်း မသိဘူးတဲ့၊ ဒီတော့ ဂေါပကက လူကြီးတွေက ဟုတ်ရဲ့လားဗျာ ခင်ဗျားတို့ ကလေးမှ ဟုတ်ရဲ့လားဗျာတဲ့၊ မေမေက ဟုတ်ပါတယ်ရှင် ကျွန်မသားလေးမှ ကျွန်မသားလေးပါလို့ ပြောသတဲ့၊ ဂေါပက လူကြီးက ဒါဆိုရင်လည်း ခေါ်သွားပါ ဒါပေမဲ့ အစ်မကြီးတို့ မှတ်ပုံတင် နံပါတ်ကလေးတော့ထားခဲ့ပါ ဆိုလို့ မှတ်ပုံတင် နံပါတ်ပေးပြီး ရွေးခဲ့ရသတဲ့...။ ပိုးဟပ်လေးကတော့ ငယ်သေးတော့ ဘာမှမသိဘူး။ ကြီးမှ မေမေတို့ ပြန်ပြောပြမှ သိတာလေ... :D
နောက်တစ်ခါကျတော့ ပိုးဟပ်လေး မူကြိုတက်နေပြီ၊ ဒီတစ်ခါကျတော့ မူကြိုက အပြန်မှာ ကျွန်တော့် အစ်မက ကျွန်တော့်ကို လာကြိုတယ်လေ စက်ဘီးလေးနဲ့ပေါ့ အဲ့တုန်းက အစ်မကလည်း ငယ်သေးတော့ သူလည်း ကျောင်းက အပြန် ပိုးဟပ်လေးကို မူကြိုက ဝင်ကြိုပြီး အပြန်မှာပေါ့ သူက လမ်းထဲမှာ ချိုင့်တွေပေါတော့ ကွေ့ရှောင် ပတ်နင်းတာပေါ့၊ စက်ဘီးနင်းနေရင်းက ချိုင့်တစ်ခု သူနင်းမိသွားတော့ ပိုးဟပ်လေး စက်ဘီးပေါ်ကနေ ပြုတ်ကျ ကျန်နေခဲ့တယ်လေ၊ အံမယ် ပြုတ်သာကျတာ ဖင်ထိုင်ရက်ကလေး ငိုလည်း မငိုဘူး အော်လည်းမအော်ဘူးတဲ့၊ ကျွန်တော်အစ်မကလည်း ဘာတွေ စိတ်ကူးယဉ်ပြီး နင်းသွားလည်း မသိဘူး တွေ့လိုက်တဲ့လူကြီးတွေက အော်ပြောတာတောင် မကြားဘူး၊ အိမ်ရှေ့ရောက်တော့ အမေတို့ကမေးတာပေါ့ မောင်လေးရောဆိုတော့ နောက်မှာလေ ဆိုပြီး လှည့်ကြည့်တော့ မပါလာလို့ ပြန်လှည့်ပြီး လာခေါ်ရတယ်...။ သူပြန်လာခေါ်တော့ ပိုးဟပ်လေးကို အဲ့နားက အသုတ်ဆိုင်က အဒေါ်ကြီးက ခေါ်ထားတယ်လေ၊ ကျွန်တော့် အစ်မလည်း ပြန်ရောက်လာရော ပြောတာပေါ့ ကလေးတစ်ယောက်လုံး ပြုတ်ကျ ကျန်ခဲ့တာတောင် မသိဘူး ဘာညာနဲ့ ပြောပြီး ပြန်ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ထိ ပိုးဟပ်လေး တော်တော်အေးတာ... :D

အဲ့လိုမျိုး ငယ်ငယ်က တော်တော်လေး အေးခဲ့တာ ၁၀တန်းရောက်တဲ့ အထိပဲ။ ကျောင်းမှာဆိုလည်း အပေါင်းအသင်း သိပ်မထားဘူး။ စာတော်လို့လား ဆိုတော့လည်း မဟုတ်ဘူး၊ မုန့်စားလွှတ်ပြီ ဆိုရင် သူများတွေက သွားဆော့တယ်၊ အတန်းထဲမှာ ပိုးဟပ်လေး တစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။ ဘာလုပ်တယ် မှတ်လည်း စာကျက်ရင် ကျက် မကျက်ရင် အိပ်နေတတ်တာ။
ငယ်ငယ်က မထုံတတေး ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း မှတ်မိသလောက်လေးပါ

5 comments:

သော်ဇင်စိုး said...

ငါလည်းငယ်ငယ် သုံးနှစ်သားလောက်က ပျောက်ဖူးတယ်.. ငါတို့ထားဝယ်က မောင်းမကန်မှာ ငါလည်းမငိုဘူး ဘာကြောင့်လဲဆိုတော့ ငါ့ကိုတွေ့ထားတဲ့သူတွေက အပျိုခတ်ချောချောလေးတွေတဲ့.. ငါကသူတို့ကျွေးတဲ့မုန့်တွေကို နင်းကန်ဆို့နေတာတဲ့..ခစ်...ခစ်..
လေးနှစ်သားလောက်မှာ မူကြိုက အိမ်ကိုပြန်ပြေးလို့ အရိုက်ခံရဖူးတယ်.. ပြန်ပြေးတဲ့နေ့က မူကြိုတက်တဲ့ ဒုတိယနေ့လေ အဲဒီနေ့ကတည်းက မူကြိုမတက်ရတော့ဘူး :(.. ဗြဲ...........

Unknown said...

အဟက် အဟက် ပိုးဟပ်ကြီးက အေးတာပဲ... နှင်းဆီဖြူက သိပ်မသိသေးရင်တော့ အေးတယ်.. စကား မပြောဘူး.. ခင်ရင်တော့ ပြောတာမှ ပေါက်ပေါက်ကို ဖောက်နေတာပဲ.. ကွိကွိ....

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ ဒီလိုဆို ပိုးဟပ်လေးက ငယ်ငယ်ကထဲက ပျောက်ဆုံးပစ္စည်း ခဏခဏ ဖြစ်ခဲ့ဖူးတယ်ပေါ့။
မျက်စိထဲ မြင်အောင်ရေးတတ်တယ်။ တော်တယ်။

ဝက်ဝံလေး said...

ဟားဟားးးးး စိတ်ချ မပူနဲ့ ရည်းစားရရင် အေးတော့မှာမဟုတ်ဘူး ဟားးးးးးးးးးး
လာဖတ်သွားပါတယ် နော်
အော် ဒါနဲ့ လင့်ခ် လုပ်လို့မရဘူးနော် ဘာလို့ဒုံးးး
ဘီလိုဖစ်ဒုံး နားမလည်ဘူး သိလား
အိမ်းးး စိတ်ထဲထင်နေတာ လင့်ခ် ထားတယ်ပေါ့ ပို့စ်လဲ မတက်ပါလားပေါ့
အခု ဝင်ကြည့်တော့ ပို့စ်တွေ တင်ထားတယ် ဟင့်
ဆော်ရီးနော် တကယ်ပါ

သုခုမလေဒီ said...

ပိုးဟပ်လေး ဒီလောက်အေးမှန်းခုမှသိတယ်း))
ခုရော...???