Monday, June 14, 2010

စိတ်အာရုံ

တကယ့် အဖြစ်အပျက်လေးပါ
ကျွန်တော်တို့ ကုမ္ပဏီက ဘင်္ဂလားလေး တစ်ယောက်အကြောင်းပါ၊


ဒီစာကို ရေးသင့် မရေးသင့် ကျွန်တော် စဉ်းစားနေလို့ အခုမှ ရေးဖြစ်သွားတာပါ....

လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်တို့ ဆီမှာ အလုပ်လုပ်နေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ သူ့နာမည်ကို payesh လို့ခေါ်တယ်၊ သူက အသက်က ၂၁ ပဲ ရှိပါသေးတယ်။ ရိုးရိုး WP အလုပ်သမားဆိုတော့ အလုပ်လုပ်လို့ ရတဲ့ လခက အင်မတန် နည်းပါတယ်၊ တစ်လလုံး လုပ်မှ စင်္ကာပူ $650 လောက်ရတယ်ဆိုရုံပဲ၊ ဒီကြားထဲ Stress က များသေးတယ်လေ၊ ဒါကို စင်္ကပူရောက် နေတဲ့ သူတိုင်း သိကြပါတယ်....။ ကောင်လေးက ငွေနောက်လိုက်ရင်း ဦးနှောက်ချောင် သလိုဖြစ်သွားတာပါ။ မိဘတွေကြောင့် လို့ပဲ ပြောရမှာပေါ့လေ။


Payesh ဆီမှာ မွေးချင်း ၄ ယောက်ရှိတယ် ( ကျွန်တော် သိသလောက်ပါ )။ သူ့ အထက်က အစ်ကို နှစ်ယောက်က အိမ်ထောင်တွေ ကျပြီ သူ့အိုး သူ့အိမ်နဲ့ နေကြတယ်လေ...။ နှစ်ယောက်လုံးက လည်း အဆင်ပြေပုံ မရကြပါဘူး။ သူ့ အောက်မှာ ညီမလေး တစ်ယောက်တော့ ရှိတယ်။ ဘယ်အရွယ်လည်းတော့ မသိဘူး...။ ကျောင်းတက်နေတယ်လို့ သိရတယ်....။ သူ့ကိုတော့ သူတို့အိမ်ရဲ့ စီးပွားရေး အခြအနေအရ စင်္ကာပူမှာ အလုပ်လုပ်ဖို့ လွှတ်ထားတာပါ။ ဒီကောင်လေးရောက်လာတာ ၂ နှစ်တောင် မပြည့်သေးပါဘူး....။ သြော် ပြောရအုံးမယ် သူတို့ ဘင်္ဂလားပြည်ကနေ စင်္ကာပူ ကို အလုပ် လာလုပ်တာ Agent ကိုပေးရတာ စလုံး $8000 ဆိုပဲ...။ သူဌေးက အေးဂျင့် ကို ပိုက်ဆံ အရင် စိုက်ပေးထားပြီး အလုပ်သမား ဆီကနေ တစ်လ $400 ပြန်ဖြတ်ပါတယ်...။ တွက်ကြည့်လေ အေးဂျင့်ခ ကြေဖို့ ဘယ်လောက်အထိ အလုပ်လုပ် ရသလဲလို့...
ထားပါတော့ အကြွေးဆိုတာကတော့ ရှိနေရင် ဆပ်နေရမှာပဲလေ... ရှောင်လွှဲလို့ ရတဲ့ အရာမှ မဟုတ်တာ ။ အခုက ဘာဖြစ်လဲ ဆိုတော့ သူ့ မိဘတွေ ဆီမှာ ဘာပြဿနာ တတ်လည်းတော့ မသိဘူး ။ ကောင်လေးဆီင်္ကို ပိုက်ဆံ စင်္ကာပူ $5000 လောက် လှမ်းတောင်းတယ်လေ..။ ကောင်လေးက ပြောတာပေါ့ ဒီမှာ အကြွေးတောင် မကြေသေးတော့ မပေးနိုင်သေးတဲ့ အကြောင်းကို ပြောတယ်။ ဟိုက ဘာပြန်ပြောလည်း ဆိုတော့ "မင်း နိုင်ငံခြား ရောက်နေတာ ၂ နှစ်တောင် ပြည့်တော့မယ်၊ ဒါလေးတောင် မရှာနိုင်ဘူးလား ဘာလား ညာလား နဲ့ ပြောပြီး ဆဲဆိုတယ်လေ..။ ပြီတော့ ဒီမှ အရမ်းအခက် အခဲဖြစ်နေတယ် မင်းပိုက်ဆံ မပို့နိုင်ရင် ပြန်မလာနဲ့" လို့ ပြောတယ်လေ။ ဖုန်းဆက်ရတာလဲ လွယ်တော့ ခဏ ခဏ ဖုန်းဆက်ပြီး ပိုက်ဆံတောင်းတယ်လေ။ ကြာတော့ ကောင်လေးလည်း မခံနိုင်တော့ဘူးထင်တယ် အလုပ်ထဲ ရောက်တော့ မနက်ပိုင်း အကောင်း မနက် ၉ နာရီင်္လောက်ကျတော့ သူ အလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပတ်ပြေးနေတယ် ပြီးတော့ ပါးစပ်က လည်း ဘင်္ဂလားလို တတွတ်တွတ် ရွတ်နေတယ်၊ အဲ့ ဒါနဲ့ သူ့ Supervisor မှာ meeting တောင် ကောင်းကောင်းမတတ်နိုင်ဘူး သူ့ကို ချူပ်ထားရတယ်။ ပြီးတော့ သူ့ကို လည်း အလုပ်မလုပ်စေပဲ တစ်နေရာမှာ ထိုင်ခိုင်းထားပြီး သူတို့ ဘင်္ဂလား အချင်းချင်း ထိန်းသိမ်း ထားတော့ ငြိမ်သွားသေးတယ် ထမင်း စားချိန်ရောက်တော့ တစ်ခါ ထပ်ဖြစ်တယ်၊ " ငါ အိုက်တယ်၊ ရေချိုးချင်တယ် အောက်မှာ ရေတွေ အများကြီးပဲတဲ့ ပြီးတော့ သင်္ဘောထောက်တိုင်းပေါ်တက်သွားလို့ မနည်း လိုက်ဆွဲရတယ်ဆိုပဲ၊ အဲဒီတော့ မထူးတော့ဘူး ဆိုပြီး သူ့ကို ထမင်းကျွေးပြီး နေ့တစ်ပိုင်းနဲ့ ရုံးကို ပို့လိုက်ရတယ်လေ။ မပို့ရင် ပြဿနာ တတ်နိုင်တယ်လေ..
နောက်တော့ သူ့ကို စိတ်ရောဂါကု ဆေးရုံမှာ တစ်ပတ်လောက်ထားလိုက်ရတယ်..။ စစချင်းတော့ သူ့ကို ဘာမှ မေးလို့ မရဘူး..။ သူပြောသမျှထဲမှာ ပိုက်ဆံစကားချည်းပဲ။ တစ်ခုခု မေးလိုက်ရင် အဲ့ ဒီမေးခွန်း အတွက် ပိုက်ဆံတောင်းတယ်လေ။ သူ့ အနားကို သူ့ supervisor ကလွှဲရင် ဘယ်သူ့မှ ကပ်လို့မရဘူး.. တစ်ခြားသူတွေဆို မောင်းထုတ်တယ်လေ ။ ပြီးတော့ ပါစပ်ကနေပြီး " you no good, my supervisor only very good, you no come ဆိုပြီ လာသမျှလူကို မောင်းထုတ်တယ်။ ဆေးရုံမှာ လည်း လျှောက်အော်နေလို့ မနည်းပြောယူရတယ်တဲ့ ။ တစ်ပတ်လောက် သူ့ကို စိတ်ကျန်းမာရေး ပြန်ကောင်းလာအောင် လိုအပ်တာလေးတွေလုပ်ပေးပြီးတော့ ကုသပေးလိုက်ရတယ်..။
အဲ့ဒီလို ဖြစ်တော့ သူဌေးက ဘယ်လက်ခံ ရဲတော့မလဲ... ။ သူ့မိဘတွေဆီ အကျိုးသင့် အကြောင့်သင့် ပြောပြပြီး ပြန်ပို့တာပေါ့ ။ သူ နဲ့ အတူ သူ့သူငယ်ချင်းပါ ထည့်ပေးလိုက်ရတာပေါ့ ။ ဒါမှ ဟိုရောက်ရင် ထပ်ပြီးတော့ သူ့မိဘတွေ သဘောပေါက်အောင် သေသေချာချာ ထပ်ပြောပြလို့ ရမှာကိုး...။
သူ့ မိဘတွေ သဘောပေါက် သွားတယ်ထင်တယ် ခုတော့ ကောင်လေးက အေးအေး ချမ်းချမ်း ရှိတယ်လို့တော့ သိရတယ်။
ဆိုလိုချင်တာကတော့ ဘယ်နိုင်ငံ မှာပဲ အလုပ်လုပ် ပင်ပန်းတာက တစ်မျိုး ၊ Stress တွေရှိနေတာက တစ်မျိုး၊ ဒီကြားထဲ ဒီလို ပြဿနာ မျိုးတွေ ဖြစ်လာတော့ မလိုလား အပ်တာတွေဖြစ်လာတယ်လေ...။ လူတစ်ယောက်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မတူညီ သလို စိတ်ဓာတ် ဖွဲ့ စည်းပုံလည်း မတူညီ ကြပါဘူး ။ စိတ်ပျော့တဲ့ လူတွေကျတော့ ဒီလို ဒဏ်မျိုးမခံစားနိုင်ဘုးလေ...။ ဒီ အဖြစ်လေးကို သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရေး သားထားခြင်း ဖြစ်ပါတယ်၊ ကျွန်တော် စာအရေးအသား ညက်ညော မှုမရှိတဲ့ အတွက် အစဉ် ပြေအောင် မရေး သားတတ်ပါဘူး ။ မှားတာ ရှိရင် ဝန္ဒာမိ.....


4 comments:

ဒီဇင်ဘာနှင်း said...

မှန်ပါတယ်။ သင်ခန်းစာယူစရာတခုပါပဲ။ အလုပ်ထဲက ဖိအားများတာရယ် အိမ်ကဖိအားတွေရယ် ပေါင်းပြီးရင် ခုလိုဖြစ်တတ်ပါတယ်။ ကောင်လေးကံကောင်းတယ်ပြောရမယ်။ ဘေးကနေ ထိန်းသိမ်းပေးတဲ့လူတွေရှိတဲ့အတွက် အသက်အန္တရာယ်မဖြစ်တာ။

သော်ဇင်စိုး said...

လောကမှာ လူဖြစ်ရတာ ရွေးချယ်ခွင့်လေးရခဲ့မယ်ဆိုရင်.. နားလည်မှုရှိတဲ့လူတွေချည်းနေတဲ့ ရပ်ဝန်းလေးမှာပဲနေချင်တယ်.. မိဘ ညီအကိုမောင်နှမတွေဆိုပေမဲ့ နားလည်မှုမရှိရင် မိသားစုဆိုတဲ့ ဝေါဟာရလည်း အဓိပ္ပာယ်မရှိတော့ဘူး.. ကျနော်လည်း အရင်စက်ရုံမှာတုန်းက အရက်ဖြစ်ဖြစ်၊ ဆဲရေးတိုင်းထွာမှတစ်ခုခုနဲ့ပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်လေးတစ်ခုလောက် သူတို့ရှာချုက်ချင်ပေမဲ့ မြင်သမျှ၊ ကြားသမျှ အရာအားလုံးကို ကြောက်နေ လန့်နေရတဲ့ ဘင်္ဂလားတွေ့ကိုတွေဖူးပါတယ်.. သူတို့မှာ ပိုက်ဆံတွေအများကြီအကုန်ခံလာရပေမဲ့ ဒီမှာအလုပ်မကောင်းရင် ထွက်ပြေးလို့ ( ဝလုံးလုပ်ပစ်လိုက်) လို့လည်းမရ ကောင်းလည်းလုပ်.. မကောင်းလည်းလုပ်ပါပဲ.. ဒီကြားထဲမှာ အသားကမဲသေးတော့ လူတွေက ပိုနှိမ်.. ကျနော်တို့အမျိုး ဗမာတွေကလည်းနှိမ်.. ဗီယက်နမ်တွေကလည်းနှိမ်.. ဒီလောက် အခက်အခဲတွေရှိပေမဲ့ သူတို့မှာ ပြေးစရာမြေမရှိပါဘူး.. အားပေးပါဗျာ.. သူတို့လည်းလူသားတွေပါပဲ.. ပညာမရှိပေမဲ့လည်း.. နှလုံးသားတွေရှိတဲ့ လူသားတွေပါပဲ.. ပိုးဟတ်လေးပြောသလို ရူးသွားတဲ့ သူတစ်ယောက်ကိုလည်းတွေ့ဖူးပါတယ်.. သူက နှစ်နှစ်လောက်တောင်မကြာလိုက်ရဘူး.. ဒီမလေရောက်ပြီး.. နှစ်ပတ်လောက်အတွင်းမှာပဲ ရူးသွားတာ.. ကိုယ့်နဲ့လူမျိုးချင်းမတူပေမဲ့ သူနဲ့ထပ်တူ ခံစားပေးတဲ့ စိတ်လေးကိုလေးစားတယ်ဗျာ..

နှင်းဆီဖြူ said...

ဟင်..တော်သေးတယ်... ပတ်ပြေးရင် ပိုးဟပ်လေးကို တက်နင်းမသွားတာ.. ဟိဟိ... ပိုးဟပ်လဲ သူ့ကို အတုယူပေါ့.... ဘာမေးမေး ပိုက်ပိုက်တောင်း.. ဟိဟိ..

သုခုမလေဒီ said...

သနားပါတယ်နော်။ လူတစ်ယောက်ကို ဖိအားပေးလွန်း တာ သိပ်မကောင်းဘူး။ သူတတ်နိုင်သလောက် သူလုပ် တာပဲ ကောင်းတယ်။