Friday, June 11, 2010

လမ်းလျှောက်ခြင်း

လမ်း အမြန်လျှောက်ရခြင်းကို ကျွန်တော် အင်မတန် မုန်းတီးပါတယ်၊ မြန်မာပြည်မှာ နေတုန်းကတော့ တစ်ခါမှ လမ်း အမြန် မလျှောက်ပါဘူး... ကျွန်တော့်ကို အပြင်သွားဖို့ ချိန်းထားတာရှိလို့ စောင့်နေရတာ ဘာညာရှိလည်း ကျွန်တော်မသိဘူး စောင့်နေပဲ။ ရေးမိုးချိုး၊ အဝတ် အစားလည်း တာကို ကျွန်တော် အမြန်လုပ်နိုင်ပေမဲ့ လမ်းလျှောက်တာကိုတော့ ကျွန်တော် မပြင်ပါဘူး... ကျောင်းတက်တုန်းကလည်း ကျောင်းကနေပြန်တော့ သူများတွေသာ ကျော်ကျော် တက်သွားတယ် ကျွန်တော် နောက်ဆုံးပဲ ကျန်ကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက လည်း စိတ်မရှည်ကြဘူး... နောက်ပိုင်း ကျွန်တော်တစ်ယောက်လထည်း သီသန့်လိုလို ဖြစ်လာတယ်... ဒါလည်း ကျွန်တော်မပြင်ဘူး ။ လိုင်းကား စီးဖို့ ကားလာတာတောင် ကျွန်တော် ပြေးမသွားဘူး... နေပလေ့စေ ဒီကားမမှီရင် နောက်ကားပေါ့ အဲ့လိုမျိုးနေတတ်ခဲ့တာ...
လမ်းလျှောက်ရင် စိမ်ပြေနပြေ လျှောက်ရတာ ဘယ်လို ဝါသနာ ပါမှန်း မသိဘူး၊ ပြီးတော့ လမ်းလျှောက်ရတာလဲ ဝါသနာပါတယ်။ ၅ တန်းကျောင်းသား ဘဝက မှတ်မိနေသေးတယ်...ကျောင်းကနေပြီးတော့ အိမ်ကို ကားမစီးဘူး ကျောင်းက တောင်ဥက္ကလာမှာ နေတာက မြောက်ဒဂုံ ကားမှတ်တိုင် ၈ မှတ်တိုင်စာ လောက်ရှိမယ်.. လိုင်းကားမစီးဘူး လမ်းလျှောက်ပြန်တာ တစ်ခါ . အိမ်ကို ရောက်ချင်တဲ့ အချိန်ရောက်ဆိုပြီးလျှောက်တာ.. တစ်ခါပါပဲ သူငယ်ချင်းနဲ့ အဖော်ညှိပြီး ပြန်တာ.. သူက ၄ မှတ်တိုင်လောက် လျှောက်ရင် ရောက်ပြီ.. ကျွန်တော်ကတော့ ဆက်လျှောက်လာခဲ့တာပဲ.. ၆ တန်းနှစ်ရောက်တော့ ကျွန်တော်တို့ မြောက်ဒဂုံ ကျောင်းလေးကို ပြောင်းသွားတော့ နေ့တိုင်းလမ်းလျှောက်ပြီး ကျောင်းသွားတယ်၊ ကျောင်းကပြန်တယ် ၊ ကားမှတ်တိုင် ၃ မှတ်တိုင် စာပဲရှိတာကိုး နာရီ ဝက်လောက်လျှောက်ရင် ရပြီလေ..။ အိမ်က စက်ဘီး ဝယ်ပေးတယ်..မစီးဘူး ခြေလျှင်ပဲ။ ကားစီးရတာထက်စာရင် လမ်းလျှောက်ရတာ ပိုကောင်းတယ်လို့ မြင်မိတယ်..။ မြန်မာပြည်က လိုင်းကား တွေက သိတဲ့ အတိုင်း ငါးပိသိပ် ငါးချဉ်သိပ် ကျပ်နေတာဆိုတော့ မစီးဖြစ်ဘူး.
စင်္ကာပူရောက်တော့ ကျွတ်ရောပဲ ကိုယ်မှ အမြန် မလျှောက်ရင် အလုပ်ထဲကိုရောက်ဖို့ တန်းစီရတာလည်း မလွယ်လှဘူး ။ အလုပ်သမားတွေ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ကျွန်တော်တို့ အလုပ် ဆိုဒ်ထဲကို ဝင်ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ တန်းစီရတာ ၅ မိနစ်လောက်ဟ သွားပြီ တစ်ခါတစ်လေ ကျရင် ၁၅ မိနစ် လောက် တန်းစီရတဲ့ အထဲမှာတင် အချိန်ကုန်သွားတတ်တာ ဆိုတော့ မလျှောက်လို့ က မရဘူးလေ ( အခုတော့ အလုပ်လည်း ပါးသွားပြီဆိုတော့ ပြန်ကုန်တဲ့ အလုပ်သမားတွေ မနည်းဘူးဆိုတော့ တော်တော်လေး ချောင်သွားပြီ ) အရင်လို တန်းမစီရတော့ဘူး ရောက်တာနဲ့ ဆိုဒ်ထဲ တန်းဝင်လို့ရပြီ ဆိုတော့ အရင် စနစ်ကို ပဲ ပြန်လည် ကျင့်သုံးပါတယ်... အခု ချိန်ထိပဲပေါ့လေ....

7 comments:

သော်ဇင်စိုး said...

ဒီမှာတော့ မြန်လေကောင်းလေပဲ ရဲနဲ့တွေ့ရင် အမှန်တွေ အမှားတွေ အပထား ပိုက်ဆံအတောင်းခံရမှာ.. နွားတွေက ရတာအကုန်ယူတာ....

Unknown said...

ဟပ်ဟပ်က လမ်းလျှောက်ဝါသနာပါတယ် ဆိုပဲ... ကောင်းပါတယ်... နှင်းဆီဖြူ တို့ကတော့ တစ်ခါတစ်လေ နှစ်မှတ်တိုင်လောက်တောင် bus ကားလာခါနီးနေမှန်းသိရင် ကားစောင့်စီးသေးတာ... ဟီးဟီး...

TYZ said...

ငါလည်းလမ်းလျှောက်ရတာကြိုက်တယ်။ စိတ်အေးအေးနဲ့ ခပ်ဖြေးဖြေးလေးလျှောက်ရတာကိုလေ။ ဒါပေမဲ့ သူငယ်ချင်းတွေကငါ့ကို နှေးလို့ စိတ်ညစ်ကြတယ်။ တတ်နိုင်ဘူးလေ.... နော့်။

Angel Shaper said...

လမ်းလျှောက်ရင် ခပ်သွက်သွက် ခပ်မြန်မြန်လျှောက်တာ ပိုကောင်းတယ်... အဟက်... လမ်းလျှောက်တာတော့ ပိုးဟပ်လို ဝါသနာကို မပါတာ... အပျင်းကြီးတာကိုးးးးးးးး

Anonymous said...

အင်း
ဒါနဲ့ ငါနဲ့ ကီးမကိုက်
ငါက မြန်မြန်သမား
အမြဲတမ်း အပြေးအလွှားပဲ .. အချိန်ကပ်မှ လုပ်တာကိုး .. :P

မိုးခါး

မြစ်ကျိုးအင်း said...

ကျနော်တော့ စိတ်ထဲမှာ အေးအေးချမ်းချမ်း အခြေအနေ မရှိဘဲ လမ်း ဖြေးဖြေး လျှောက်လို့ မရဘူး။ ညနေခင်းတစ်ချို့၊ ဒါမှမဟုတ် တကူးတက သွားရတဲ့ ပင်လယ်ကမ်းခြေ နေရာမျိုးမှာတော့ အရသာခံပြီး လျှောက်ဖြစ်တယ်။ ဒါပေမယ့် ဘဝ အခြေအနေ အရ ဒါမျိုးက သိပ်ရှားပါတယ်။

သုခုမလေဒီ said...

ပိုစ့်လာဖတ်တယ် ပိုးဟပ်
စီဗုံးမမြင်လို့ မန့်သွားတယ်။ လမ်းမြန်မြန်လျှောက်နော်း))