Sunday, January 24, 2010

Holiday တစ်ရက်

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အလုပ်က စောစောလေးပြန်ဖြစ်တယ်
သူငယ်ချင်းတစ်ယောက်က ရေသွားကူးမလို့ လိုက်မလားတဲ့
ရေမကူးဖြစ်တာလဲ ကြာပြီဆိုတော့ လိုက်သွားပါတယ်
ရေကူးကန်က တော်တော်လေးမိုက်တယ်
Chinese Garden MRT နားလေးမှာပါ
နည်းနည်းတော့ ဓာတ်ပုံလေးရိုက်လာခဲ့တယ်






အောက်ဆုံးပုံက ကန်မှာရေလှိုင်းအတု ၃၀ မိနစ်တစ်ခါလောက်လွှတ်ပေးပါသတဲ့
တစ်ခါလွှတ်ရင် ၁၅ မိနစ်ကြာပါတယ်
စင်္ကာပူက ညီအစ်ကိုမောင်နှမတွေ ရေးကူးမယ်ဆိုရင်၊ မရောက်ဖူးသေးဘူးဆိုရင်
သွားစေချင်ပါတယ်

7 comments:

Ree Noe Mann said...

မနေ့ညကပဲ ပြောနေကြတာ။
နောက်အပတ်မှာ သွားကူးကြမယ်လို့။
လိုက်ခဲ့အုံးလေ။ ဝင်ကြေးက ဘယ်လောက်လဲ။

ပိုးဟပ်လေး said...

နောက်တစ်ပတ် လာခဲ့မယ်လေ
ဝင်ကြေးကတော့ $2 ပဲရှိတယ်

what is good things said...

အတော်လှတယ်နော်။ သွားချင်စရာပဲ
ပိုးဟပ်လေး ရေ ဓါတ်ပုံတင်ပြီးမျှဝေတာကျေးဇူးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

kaungkinpyar said...

သွားကူး မလားလို့ပဲ..း)

နေ့အိပ်မက် said...

နာလိုဘူး ရေမှမကူးတတ်တာ !_!

Anonymous said...

သူသွားတော့ကျ မခေါ်ဘဲနဲ့  စိတ်ဆိုးတယ်နော်
(ကြယ်စင်)

Anonymous said...

ကလေးမဟုတ် သူငယ်မဟုတ်နဲ့ လူကြည့်တော့.. ကလေးအဖေရုပ်နဲ့ အဟီးဟီး