Saturday, May 01, 2010

ချစ်ခွင့်ပေးပါတော့ ချစ်သူရယ်

ရွှေလသာသာ သာသောညမှာပဲကွယ်
မေ့ကို မောင်ငေးလို့ဖြင့် အတွေးနယ်ကျယ်ခဲ့တယ်
တဒင်္ဂမြင်ခဲ့ရတဲ့ ခင်နှမသက်လယ်သူဇာနွယ်
မေ့နိုင်ပါပဲ စိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းအချိန်ဝယ် လေညှင်းသင်းနေတုန်းရယ်
မွှေးထုံကြိုင်လန်းဆန်းတဲ့ ပန်းမာလာရနံ့သွယ်
မျှော်လင့်စောင့်စားလို့ယူ နတ်ပန်းမဉ္ဖူပုံနှယ်
မောင့်မှာစိတ်စောပါလို့ ရင်မောမိတယ်ကွယ်

တံချူကိုင်ကာ မှိုင်ငေးနေရပါတယ်
ချစ်ခွင့်ပေးပါတော့ မေရယ်
တစ်ရွာသူကို ကြင်မိလို့ အခက်ပွေရတယ်
မုန်းစိတ်တွေကို တော်ရာဖယ် ချစ်သူရယ်

ကြယ်ကလေးတွေ ဝိုင်းဝိုင်းလည် လမင်းအနားမယ်
ဝင်းပကြည်လင်ကာရယ် ထက်ကောင်းကင်ဝယ်
မိုးတိမ်မြင့်မယ် အရှိန်တင့်တယ် ပမာသို့ကွယ်
ချစ်သူကိုယ်စား ချစ်အားကြွယ် ချစ်ခွင့်ပေးကွယ်
ချစ်အားကိုးနဲ့ မောင်အမျိုးမျိုး တောင်းပန်ပါတယ်
သံသရာအဆုံးတိုင် မမုန်းနိုင်ပဲ ချစ်ပါမယ်
ချစ်တေးနှောလို့ ချော့မြူပါ့မယ် ချစ်သူရယ်



ချစ်မကြီး မက်မက်က မြန်မာသံစစ်စစ် သီချင်းလေးတစ်ပုဒ်ကို ကံစမ်းမဲပေးပြီး တဂ် ထားတဲ့ ပို့စ်လေးအတွက် ဒီသီချင်းလေးကို ရွေးချယ်လိုက်ပါတယ်..။ တေးရေး/တေးဆို ဦးသန်းဖေလေးရဲ့ သီချင်းလေးဖြစ်တဲ့ ဒီသီချင်းလေးက ကျွန်တော်ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာသံသီချင်းတွေထဲမှာ ဒီသီချင်းလေးလည်း အပါအဝင်ဖြစ်ပါတယ်....။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဦးသန်းဖေလေးကို အမှတ်ရသောအားဖြင့် ဒီသီချင်းလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်.........၊ ချစ်မကြီးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....၊


6 comments:

what is good things said...

အမယ်အမယ် တိုက်ဆိုင်နေသလားမသိဘူး။း)))
အဆင်ပြေပျော်ရွှင်ပါစေ ပိုးဟပ်လေးရေ....။ (ဆုတောင်းပေးတယ်နော်)း))

ဝက်ဝံလေး said...

ဟင့်အင်း သိဖူး အဲဒါ ဘာသီချင်းလဲ ဟင်

ပိုးဟပ်လေး said...

သီချင်းလေးက တော်တော်ကြာပါပြီ....
နောက်ပိုင်း ဒီသီချင်းလေးကို ပြန်ဆိုထားတာတွေရှိတယ်
ဦးသန်းဖေလေး ဆိုတာလောက်တော့ မကြိုက်ဖူး

Unknown said...

ရှေးသီချင်းလေးပေါ့... ကောင်းတယ် ကောင်းတယ်... နှင်းဆီဖြူ နာမည်ပါတော့ ပိုကောင်းတာပေါ့.. ဟီးဟီး

Dream said...

မကြားဘူးဖူးးးဒီလိုသီချင်းတွေကို...အဟီးးးးး
ခုလိုတက်ခ်မှ ကြားဖူးတာ။ အဲ့လိုမြန်မာသီချင်းလေးကို
တင်ပေးတဲ့အတွက် ကျေးဇူးပါနော့်
အဟီးးးးထုံးစံအရဆို အာဝါးးပေါ့.....ဗြဲ... :P

ရွှေလသာသာ....မီးကမလာ.....အဟတ်........

win latt said...

ေ၇ွှလသာသာ သာသောညမှာ
ချစ်သူအလာ
ကိုယ်မျှော်နေတာ....
ချစ်သူမလာ အချိန်လင့်
လမင်းတောင် မှိန်ပြီထင့်
လင်းရောင်ချည် နေချည်ထိုး
တစ်မိုးလင်း တစ်နေကူး
ဒီနေ့လဲ ချစ်သူမလားဘူး...
စောင့်စားသူ ဒီမောင် အရူး.....။

မက်မက်ကြောင့် ဘဝတူချင်းလာလည်သွားပါတယ်။