Saturday, May 22, 2010

ပိုးဟပ်လေးနှင့် သူ၏ တစ်နေ့တာ

ကလင်...ကလင်...ကလင် ( Alam မြည်သံ )
နံနက် ၅ နာရီ ၃၀ အိပ်ချင်မူးတူးနဲ့ နိုးတယ်....။ ပြန်ပိတ်ပြီး အိပ်တယ်
ကလင်...ကလင်..ကလင်
နံနက် ၅ နာရီ ၄၅ မထချင် ထချင်နဲ့ အိပ်ယာထတယ်.... (ကိုယ့်အကြောင်း ကိုယ်သိတယ် ပြန်အိပ်ရင် သေချာပေါက် နောက်ကျပြီ :P)။ မျက်နှာသစ် ( တကယ်တော့ မျက်နှာကို ရေနဲ့ပွတ် ပြီးတော့ ဆပ်ပြာနဲ့တိုက် ပြီးတော့ ရေနဲ့ ပြန်ဆေးချတာပါ )၊ သွားတိုက် ပြီးတော့ ရေကမန်းကတန်းလောင်းချ ( ရေချိုးနေရင် ကြာနေမှာ ဆိုးလို့..... ၁၀ မိနစ်အတွင်း ပြီးအောင်လုပ်ရတာကိုး) ပြီးတော့ အဝတ်အစားလည်း ပြီး မနက်စာ မစားနိုင်ဘူး ( ရှိမှ မရှိတာ )။ ကားပေါ်တက် စက်နှိုး အလုပ်သမားတွေ ရှိတဲ့နေရာကို သွားရတယ်.၊ ပြီးတော့ Site ရှိတဲ့ နေရာကို ၆ နာရီ ၄၀ လောက်အရောက်မောင်းရတယ်။ ဒါမှလည်း Site ထဲမှာရှိတဲ့ ပေါ့ပျက်ပျက် အရသာတွေနဲ့ ကြော် လှော်ထားတဲ့ Canteen ကို အလုပ်သမားတွေ အချိန်မှီရောက်မှာကိုး... ကိုယ်လည်း ကားကြီး အပြင်ထားခဲ့ရတယ်လေ..။ ပြီးတော့မှ အပြင်မှာရှိနေတဲ့ ကားသမား နှစ်ယောက်က ရုံးမှာ ကားကို Parking ထိုးပေးရတယ်။ အပြင်မှာ ဒီအတိုင်းထားခဲ့လို့ မရဘူး၊ ထားခဲ့တာနဲ့ fine ရိုက်တဲ့သူလာရင် $80 ဆိုတဲ့ စာရွက်ကို Wiper ကြားထဲ ညှပ်ညှပ်သွားတယ်...တစ်ချို့နေရာတွေဆို ကားကို တောင် မ, သွားတာ...ပြီးရင် ဘယ်မှာလာရွေးပါဆိုရင်တော့ သေပြီသာမှတ်... ဒုက္ခလည်းရောက်သေးတယ်...ပြီးတော့ $5000 နဲ့ အထက်ဆိုတော့ Boss ကဘယ်ကြည်မလည်း ဒီလိုပဲ အဆင်ပြေအောင် လုပ်ရတာပဲ ( သိတယ်ဟုတ်... စင်္ကာပူလေ ) ဘာမှ အလကားမရဘူး။ ကားအကြောင်းပြောနေတာနဲ့ လိုရင်းပျောက်သွားတယ်...
Site ထဲရောက်တာနဲ့ အရင်ဆုံး Canteen ကို သွားရတယ်၊ မသွားရင် အငတ်ပဲ ၇ နာရီ ၂၀ ဆိုရင် ပထမ Alam အော်ပြီဆိုရင် canteen မှာ ရောင်းနေတာတွေ အားလုံးရပ်၊ ဆက်မရောင်းတော့ဘူး။ ရောင်းလို့လည်း မရတော့ဘူး ဘဘကြီးက လိုက်ဖမ်းတယ်။ စာပြီးသောက်ပြီးတဲ့သူကတော့ ကိုယ်အလုပ်လုပ်ရမဲ့ နေရာအသီးသီး ကိုသွားကြတယ် ၇ နာရီခွဲရင်တော့ ဒုတိယ Alam လာပါပြီ.. အဲ့ အခါကျရင်တော့ အကုန်လုံး အလုပ် စလုပ်နေပါပြီ...။ ပိုးဟပ်လေး မပါ..:D ပိုးဟပ်လေး deperment က အေးဆေးပဲ.. ဖင်လှည့် ခေါင်းလှည့်နဲ့ ကိုယ်အလုပ်လုပ်ရမဲ့ ရုံးခန်းသေးသေးလေး ( ပေ ၂၀ ကွန်တိန်နာပေါ့ ) ကိုသွားတယ် ပြီးတော့..ကွန်ပျူတာဖွင့်တယ်.. အရင်ဆုံးလုပ်ရတာက ရောက်လာတဲ့ အလုပ်သမားနဲ့ ကွန်ပျူတာမှာ ပေါ်တာနဲ့ စာရင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးရတယ်၊ ကိုက်ညီသွားရင်တော့ နောက်ပိုင်းအလုပ်တွေက အေးဆေးပါပဲ။ ကိုက်ညီမှု မရှိရင်တော့ လျော့တဲ့သူကိုရှာ ပြီးရင် Security ကိုသွားပြန်ပြောရပါတယ်။ မနက်က Scan ဖတ်တာ မမိလို့ပေါ့..။ အလုပ်သမားကို ပါခေါ်သွားရတယ်၊ လိမ်လည်မှု မရှိကြောင်း သက်သေအနေနဲ့ခေါ်သွားရတာပါ၊ အားလုံး အဆင်ပြေသွားပြီးဆိုရင် ကျန်တဲ့ အလုပ်တွေ ဆက်လုပ်ပါတယ်၊ print ထုတ်တယ်၊ နောက်နေ့ အတွက် pepair လုပ်တယ်၊ ပြီတော့ မနေ့က အလုပ်သမား ပြန်ချိန်ကို computer print out နဲ့ ပြန်တိုက်ကြည့်တယ် အားလုံး အိုကေတယ်ဆိုရင် အထက်ကို တင်တယ်၊ ဒါဆိုရင် Time Shift နဲ့ ပတ်သက်တာတွေ ပြီးပါပြီ။။ ကွန်ပျူတာ သုံးနေရင်းနဲ့ gtalk ဖွင့်တာ၊ Facebook သုံးတာကတော့ မပြောတော့ပါဘူးလေ...၊ ဒါကြောင့် ပိုးဟပ်လေး online ကိုနေ့တိုင်း ရောက်ဖြစ်နေတာပါ။ အဲ့လိုနဲ့ ညနေ ၆ နာရီခွဲ ဆိုရင် အပြင်ပြန်ထွက်ပါတယ် (Monday to friday).. saturday, sunday နဲ့ holiday ဆိုရင် ၄ ခွဲ အပြင်ရောက်နေပြီ။ ကားက အပြင်မှာ အဆင်သင့် ပြန်ရောက်နေပြီ။ overtime ကအလှည့်နဲ့ ယူရတာ။ မရတဲ့ နေ့ဆိုရင် Woodland ကို အလုပ်သမားတွေ လိုက်ပို့ပြီးရင် ပြန်တယ်၊ overtime ရတဲ့နေ့ဆို ရသလောက်ပါပဲ နေပေးရတယ်။ ချိန်းထားတာ ရှိလို့ ပြန်ချင်ရင်တော့ ကားသမား အချင်းချင်း ပြန်ညှိပြီး ပြန်ရတာပေါ့။
အိမ်ပြန်ရောက်ရင်လည်း ထုံးစံအတိုင်း online တက်တယ် ဘလော့ လိုက်လည်တယ်.. စာဖတ်တယ်.. ကွန်မန့်ပေးတယ်... Mode ဝင်ရင် စာရေးတယ်.. ဒီလောက်ပါပဲ... ည ၁၁ ခွဲ ၁၂ ဆိုရင် ကွန်ပျူတာပိတ် အိပ်။


3 comments:

သော်ဇင်စိုး said...

မှတ်မိနေတဲ့ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးရေးခဲ့မယ်နော်...
"တိမ်ဖြူတို့နဲ့အတူ"
စိတ်ကြမ်းဘီလူးတို့ ခြေပင်မကြူးသောအရပ်၌
ငါမတ်မတ်တည်ခဲ့ချေပြီ..
အို... အချင်းဆွေမွန်တို့ သင်တို့ကြိုမည်ဆိုလျှင် အမှောင်နံနက်ကိုပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်..
ထို့နောက် လောကမှာ ကိုယ့်ကိုယ်ကိုကန်ထုတ်
ငါတို့အားလုံး.............
မိုးမချုပ်ခင် အိမ်ပြန်ကြမည်............
(တာရာမင်းဝေ)
အိမ်ပြန်ချိန်အမြန်ရောက်ပါစေဗျာ.........

Yu Shwe said...

မနက်အစောကြီးထရတာပဲနော် ...
ဒီမှာ မနက် 7 ခွဲထရတာတောင် တော်တော်ဒုက္ခရောက်နေပြီမှတ်တာ ။

Unknown said...

အားပါးပါး.. ကိုပိုးဟပ် က မနက်စောကြီးထနိုင်တာပဲ...း( နှင်းဆီဖြူတို့များ.. မနက် ၈နာရီထိုးမှ ဟိုလှိမ့် ဒီလှိမ့်နဲ့ မျက်လုံးပွင့်တာ..ဟီဟီ