Saturday, May 08, 2010

တို့မေမေ

ဒီနေ့ဟာ အမေများနေ့ ဆိုတော့ ပိုးဟပ်လေးလည်း မေ့မေ့ကို သတိရတာပေါ့၊ ငယ်ငယ်ထဲက မေမေ့ရဲ့ အရိပ်အဝါသ အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မေ့ချစ်သားလေးတစ်ယောက်ကတော့ တိုင်းတပါးမှာ ချစ်တဲ့ မေမေ့ကို ခွဲပြီး အလုပ်လုပ်နေရတယ်လေ။ ဒါကြောင့် မေမေ့ကို သတိရတဲ့ အနေနဲ့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ ရတဲ့ ကဗျာလေးနဲ့ သားလေးဂုဏ်ပြုချင်ပါတယ် မေမေ။


ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျမ်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

အခုတော့ ဒီအရွယ်တွေကို ကျော်လွန်ခဲ့ပါပြီ မေမေ။ ဘဝဆိုတဲ့ လမ်းကြောင်းပေါ်ကို သားတို့ တစ်တွေ လျှောက်လှမ်းနေရပါပြီ။ ဟိုး...အရင်တုန်းကလို မေ့မေ့ ရင်ခွင်ထဲမှာ ပုံပြင်လေးတွေနဲ့ ချော့သိပ်ခံခဲ့ ရဘူးတဲ့ ဘဝလေးကို သားဘယ်တော့မှ မမေ့ပါဘူး။ သားမှ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိနေတဲ့ သားသမီးတွေရဲ့ ရင်ထဲမှာ ဒီလိုပဲ ရှိနေကြမှာပါ...


5 comments:

chocothazin said...

ပိုးဟပ်လေး ရဲ့ မေမေ ကျန်းမာပါစေ။ ပျော်ရွှင်ပါစေ။

Angel Shaper said...

အခုချိန်မှာ မေမေနဲ့ခွဲပြီး နေရပေမယ့် တစ်ချိန်တော့
အမေ့အရိပ်အောက်ကို ပြန်လည်ခိုလှုံခွင့်ရရှိမှာပါ။
ပိုးဟပ်လေးနဲ့မေမေ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

Unknown said...

ကိုပိုးဟပ် နဲ့ အကို့မေမေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ..ကဗျာလေးက အလွတ်ကျက်ထားလို့ ရတာလား ပြန်ရှာထားတာလားဟင်... :)

မေကျော် said...

အမေ့အကြောင်းလေး တလေးတစား ဖတ်သွားပါတယ်

Ozaifah said...

ငါ့ဘဝရဲ့ထိပ်ဆုံးမှာအမေ