Wednesday, March 31, 2010

April Fool Day တဲ့

တူ..တူ..တူ
"ဟယ်လို"
"ဟဲ့ ... ပိုးဟပ်လေး ငါတို့ Sentosa သွားမလို့ လိုက်ခဲ့ပါလား"
"ငါမလိုက်တော့ပါဘူးဟာ ငါဒီနေ့ သိပ်နေမကောင်းဘူးဟ နင်တို့ပဲ သွားလိုက်ပါဟာ"
"မရဘူးဟာ နင်လိုက်ကို လိုက်ခဲ့ရမယ်၊ ငါခေါ်ရင် နင်ဘယ်တော့မှ မလိုက်ဘူး အကြောင်း အမျိုးမျိုးပြပြီးနေခဲ့တယ်၊ မရဘူး ဒီတစ်ခါတော့ ၁၁း၃၀ ကို Outram Park MRT ကနေစောင့်နေ မလာလို့ကတော့ နင်နဲ့ငါ သူငယ်ချင်း အခန်းက အပြတ်ပဲ....... ဘာမှ စကားမများနဲ့တော့.........((( ဂွပ် )))"
ဟာ သွားပါပြီ........ဖုန်းပြန်ခေါ်တော့လည်း မကိုင်ဘူး....၊ ဘယ်လိုကောင်မလေးမှန်းလည်း မသိဘူး၊ သူပြောချင်ရာ ပြောပြီး ဖုန်းချသွားတော့တာပဲ.....အင်းပေါ့လေ..မထူးပါဘူးဆိုပြီး ရေချိုးမိုးချိုးပြီး ထွက်သွားလိုက်မိတယ်.....။
ခံရချင်တော့အဲ့လိုပဲ ....
သူပြောတဲ့နေရာရောက်လို့ ဖုန်းပြန်ခေါ်တော့ ချက်ချင်းကိုင်တယ်ဗျာ....
ဟဲ့....နင်ဘယ်မှာလဲ မေးတော့ ငါအိမ်မှာတဲ့ .....
"အမ် နင်ပြောတော့ Sentosa သွားမလို့ဆို "
အဲ့ဒီတော့မှ မယ်မင်းကြီးမက ဘာပြောတယ်မှတ်တုန်း.....
"ဟားဟား April Fool Day ကွ တဲ့"
"ဟိုက် သွားပြီ ဒီနေ့ကို လုံးဝမေ့နေတာ ဟုတ်သားပဲ သွားပါပြီကွာ"
ဆိုပြီး လှည့်ပြန်လာရပါပကောလား......
အင်း April Fool Day, April Fool Day တတ်လည်းတတ်နိုင်ပါလား
April Fool Day အတွက် ပထမဆုံး ခံရခြင်းမို့ ဘာမှ မပြောလိုတော့ပါဘူး
ရှက်တာနဲ့ ဘယ်သူမှ မပြောချင်တာနဲ့ ဘလော့ပေါ်တင်လိုက်တယ်....ဟီး



4 comments:

Anonymous said...

ဟာ ဟ.....
ပိုးဟပ်လေး အကောင်နဲ့ မလိုက်ဖက်လောက်အောင်
အကြီးကြီး ခံလိုက်ရတာပေါ့.....
ကောင်းတယ်.....
တခါတလေတော့ ခံရမှာပေါ့.....
အစဘဲရှိသေးတယ်......
အားတင်းထား.....

(ကြယ်စင်)

noblemoe said...

ဟီးဟီးတော်သေးတာပေါ့ sentosa ကနေစောင့်မခိုင်းတာ ကျေးဇူးတင်လိုက်တင်သင့်တယ်။း))))))))))))))
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
မိုး

kaungkinpyar said...

အဟက်...:P

မိုးခါး said...

အရှက်ကြီးတယ်နော်
သိုသို သိပ်သိပ်ပဲ :P