Monday, March 01, 2010

အချစ်ရူးလေး

ကာရန်ချိုချို နဲ့ အကြားအရုံထဲ
ရောက်ရောက်လာတဲ့ သူမရဲ့ အသံ
အပြင်မှာ မမြင်ဘူးသေးပေမဲ့ အမြင်အာရုံထဲ
ရောက်ရောက်လာတဲ့ သူမရဲ့ ရုပ်ပုံ
တစ်ခါတစ်လေကျရင် အားကိုးအားထားမျက်လုံးတွေနဲ့
စူးစူးစိုက်စိုက် ကြည့်နေတတ်တဲ့ သူမရဲ့ အကြည့်
တစ်ချက်တစ်ချက် ကိုယ့်ရင်ထဲမှာ
ဖြစ်ပေါ်လာတတ်တဲ့ ရင်ခုန်မှု
တစ်ခါတစ်ခါမှာ တွေးမိလိုက်တဲ့
မင်းနဲ့ကို ရဲ့ ကြားက အသက်ကွာဟချက်
မင်းကလေး အမြဲခေါ်ဆိုတတ်တဲ့
ဦးလေးကြီးဆိုတဲ့ အသုံးအနှုန်း
ချစ်ကံခေခဲ့လို့ ပထမချစ်သူနဲ့ မဆုံခဲ့ရပေမဲ့
အလတ်ကြီးရှိနေသေးတဲ့ ကိုယ့်ရဲ့ နှလုံးသား
မဖြစ်နိုင်လောက်အောင် ခြားနားနေတဲ့
မင်းနဲ့ကိုယ့် ကြားက ပညာရေး
ဒါတွေကို တွေးမိတိုင်း ကိုယ့်ကိုကိုယ်လည်း အားငယ်နေမိတယ် ကလေးရယ်။ မင်းကို ဒီတစ်ဘဝမှာ ချစ်ခွင့် မရဘူးဆိုရင် နောက်ဘဝမှာ မင်းနဲ့ ထပ်ပြီးဆုံစည်းခွင့် ရှိပါစေလို့ ငါဆုတောင်းနေမိတယ်။ ဟီဟိ သူငယ်ချင်းတို့ လည်းကျွန်တော့်ကို ကူညီတဲ့ အနေနဲ့ ကောင်မလေးကို လမ်းမှာတွေ့ရင် ကျွန်တော်သူ့ကို သိပ်ချစ်ကြောင်း ပြောပြပေးနော်။ အချစ်ရူးရူးနေတဲ့ ကောင်လေးတစ်ယောက်သနားပါတယ် ကူညီပေးလိုက်နော်.:P



6 comments:

သော်ဇင်စိုး said...

နောက်တခါတွေ့ရင် ကောင်မလေးက ဘိုးတော်လို့ ခေါ်မယ်တဲ့

what is good things said...

လမ်းကြုံရင်ပြောပေးရမှာလားး))

Angel Shaper said...

အချစ်ရူးကောင်လေးကို ကူညီပေးဖို့ ဖုန်းဆက်လိုက်ပြီနော်..
ရွာသာကြီး ကို.... အဲလေ.... ၁၉၉ကိုပြောပါတယ် အဟဲ။
အဆင်ပြေပျော်ရွှင်ပါစေနော်။

Anonymous said...

ရူးပါ့.......သနားစရာဘဲ
ကျွတ်ကျွတ်

(ကြယ်စင်)

Anonymous said...

စိတ်ချပါ လမ်းကြုံရင်ပြောပေးပါ့မယ် ..ဒါပေမဲ့ ကောင်မလေးက ကိုယ့်ဆရာကို မကြိုက်ဘဲ ကျနော့်လာကြိုက်ရင်တော့ မတတ်နိုင်ဘူးနော်... ကြိုပြောထားတာပါ... အဟီး

မိုးခါး said...

ရေးထားပုံက တော်တော်သနားစရာ .. :P