Saturday, March 20, 2010

ရင်နှင့်ရင်း၍ ချစ်ခဲ့သည်

ဟဲ့.......

ငါ့မှာ ချစ်သူရှိနေပြီဟ......

သူမ ပြောလိုက်တဲ့ တခဏမှာ ကျွန်တော့် ရင်ထဲမှာ ဘာတွေ ဖြစ်ကုန်တယ်မသိဘူး.....။ ကျွန်တော့် မှာပြောစရာစကား မရှိတော့လောက်အောင် ဆွံ့အခဲ့ရပြီလေ.....။


( ရက်စက်လိုက်တာဟာ )

ကျွန်တော် တစ်ခွန်းထဲ ပြောနိုင်ခဲ့တာပါ ။ ပြီးတော့..... ပြီးတော့.....ကျွန်တော် ကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ရှိုက်ပြီးငိုချမိသလားတောင် မသိတော့ပါဘူး။

ကျွန်တော် သူမကိုချစ်နေခဲ့မိတာ ကြာပါပြီ၊ ဒါကို သူလည်းသိပါတယ်၊ ပထမဆုံးသူမကို ဖွင့်ပြောစဉ်က သူမပြန်ပြောခဲ့တာလေးကို မှတ်မိတာရှိပါသေးတယ်....


"သူငယ်ချင်းရယ် ငါ့ကိုခွင့်လွှတ်ပါဟာ၊ ငါနင့်ကို သူငယ်ချင်းလိုပဲ ခင်ပါရစေ"တဲ့

ဒါကို ကျွန်တော်မသိကျိုးကျွန် ပြုပြီး နေခဲ့တယ်။ ပြီးတော့.... "နင်မချစ်လည်းရပါတယ်ဟာ...ဒါပေမဲ့ နင်ချစ်လာတဲ့ အထိငါကြိုးစားမယ်.... ပြီးတော့ နင်ငါ့ အတွက် စဉ်းစားပေးပါနော်" ကျွန်တော်ပြောတော့ သူမက မပွင့်တပွင့်လေး ပြုံးပြပြီး အသာလေး ခေါင်းညိမ့်ပြခဲ့တယ်....၊ အဲဒီ အချိန်တုန်းကတော့ သူမစဉ်းစားပေးမယ် ဆိုတာလေးကို အပျော်တွေ လွန်ပြီး အဲဒီညက သူမ အကြောင်းစဉ်းစားရင်းနဲ့ အိပ်တောင် မပျော်ခဲ့ဘူး.... တကယ်ကိုပျော်ခဲ့တာပါဗျာ.....

နောက်တော့ သူမမှာ စိတ်ညစ်စရာတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရတယ်လို့ သိခဲ့ရတယ်.... ဘာတွေစိတ်ညစ်နေသလဲ ဆိုတာတော့ သူမမပြောခဲ့ပါဘူး....ကျွန်တော်မေးလိုက်တိုင်း....


"ငါ့ကိုမမေးပါနဲ့ဟာ၊ ငါအခု အရမ်းစိတ်ညစ်နေတယ်၊ ငိုချင်ရက် လက်တို့မလုပ်ပါနဲ့ဟာ၊ ငါ့ အတွက်ပျော်စရာလေးတွေ ဖန်တီးပေးပါနော်" စသဖြင့်

သူမပြောလာတတ်ပါတယ် ကျွန်တော် ချစ်နေရတဲ့ သူဆိုတော့ ကျွန်တော့်ကြောင့် သူမ ပိုစိတ်ညစ်ရမှာဆိုးလို့ ကျွန်တော် ထပ်မမေးဖြစ်တော့ပါဘူး.... ။သူမအတွက် အားဆေးတစ်တစ်ခွက် ဖြစ်မဲ့ရယ်စရာလေးတွေပြောပြတတ်ခဲ့ပါတယ်....။
နောက်တော့ သူမ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်၊ သူမပြန်သွားတုန်းကလည်း ကျွန်တော်မအားတဲ့ ကြားက အလုပ်နားပြီး Changi Airport အထိ သူမကို ဂရုတစိုက်နဲ့ ပို့ပေးခဲ့ပါတယ်။ နှုတ်ဆက်ခါနီးတော့ သူမကပြောခဲ့တယ်
"သူငယ်ချင်း ငါပြန်လာခဲ့ မယ်နော်" လို့ ပြောခဲ့တယ်....
သူမနဲ့ online မှာသာတွေ့ ဆုံခွင့်ရခဲ့တယ်..... ပထမတော့ သူမ online ပေါ်ရောက်လာတိုင်း သူမ ပြန်လာနိုင်ဖို့ အတွက် သင်တန်းတွေ တက်နေကြောင်း သူမ ပြန်ပြောခဲ့ပါတယ်....။ နောက်ပိုင်း သူမကျွန်တော့်ကို စိမ်းကားလာပါတယ်....စကားလည်းနည်းသွားခဲ့တယ်......
နောက်တစ်ခေါက်ကျတော့ ကျွန်တော်ကို စကားလုံးဝ မပြောပါဘူး....ကျွန်တော် ရှိနေမှန်းသူသိပါတယ်...
ကျွန်တော် နှုတ်ဆက်တော့ သူမပြန်ပြောလာတယ်... သူအရမ်းစိတ်ညစ်နေလို့ပါတဲ့ ...ကျွန်တော်လဲ သူ့ကိုနှောက်ယှက် သလိုဖြစ်မှာစိုးတာနဲ့ အားပေးစကားပြောပြီး သူမပြန်ပြောလာမဲ့ အချိန်အထိ ကျွန်တော် စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ...ကျွန်တော်ထင်သလို ဖြစ်မလာခဲ့ ဘူး သူမ ဘာမှပြန်မပြောပဲ Signout ထွက်သွားခဲ့ပါတယ်...။
နောက်ဆုံး တစ်ခေါက် သူမနဲ့ online မှာပြန်ဆုံတော့ သူမက အရင်စပြောခဲ့ပါတယ်....။ တကယ်ကို မထင်မှတ်တဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော့်ကို အလဲထိုးသွားခဲ့တယ်လေ။
"သူငယ်ချင်း စိတ်မဆိုးပါနဲ့ဟာ...ငါမှာချစ်သူရှိနေပြီဟ...ငါကို ချစ်ခွင့်ပန်ထားတာလေး ပြန်ရုပ်သိမ်းပေးပါနော်..အချစ်ဆိုတာ ပူလောင်တယ်ဆိုတာ ငါတို့တွေ သိနေကြပြီပဲ နင်နောက်ဆုတ်လိုက်ပါနော်.... ငါတို့တွေ သူငယ်ချင်းလိုပဲနေကြရအောင်နော်" တဲ့
ကျွန်တော် ရုးမတတ်ခံစားလိုက်ရတယ် ပြီးတော့
(ရက်စက်လိုက်တာဟာ )
ကျွန်တော် တစ်ခွန်းသာပြန်ပြောနိုင်ခဲ့ ပါတယ်...၊ ပြီးတော့... ကျွန်တော့် ပါးပေါ်မှာ မျက်ရည်တွေ တစ်လိမ့်ချင်း ကြဆင်းလာတယ်....။ပြီးတော့.....ငိုချလိုက်ပါတယ်......
နောက်နေ့တော့ ကျွန်တော်သူ့ကို ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချတယ်...။ ရှေ့ဆက်ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးလေ...။ ဒါကြောင့် mail ပို့ပြီး အပြီးအပိုင် နှုတ်ဆက်ခဲ့တယ်......သူနဲ့ကျွန်တော် ပြန်ဆုံနိုင်မှာ မဟုတ်တော့ပါဘူး....။


အကယ်၍
သူမစင်္ကာပူ မြေပေါ်သို့ နောက်တစ်ကြိမ်ခြေချခဲ့သော်................................


7 comments:

Anonymous said...

စိတ်အားငယ်တတ်လိုက်တာ.
အားတင်းထားနော်.
နောက်တစ်ယောက်တွေ့ မှ ဒီတစ်ယောက်အလကားပါ ဖြစ်မယ်.
ငိုတယ်လို့  ရှိသေး.
ငိုရဘူးလေနော်.

(ကြယ်စင်)

what is good things said...

အိုး တကယ့်ခံစားချက်လား။ စိတ်မကောင်းလိုက်တာ အဲလောက်တော့ မစွဲလန်းသင့်ဘူးလေ။ သူဖက်ကအစကတည်းက အဆင်မပြေဘူးဆိုတာသိရင် ကိုယ့်ကိုကိုယ်မနှိပ်စက်သင့်ဘူး။
အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

သိပ်ခံစားနေရလား ကောင်လေး... သိပ်မငိုနဲ့ ဘယ်သူ့မျက်ရည် ဘယ်ကို မကျကောင်းဘူးဆိုလား... (ပြိတ္တာတို့မျက်ရည် မြေပေါ်မကျကောင်း) ကြားဖူးတာ ပြောတာပါ။ ဒါနဲ့ နေပါဦး မိန်းမတယောက်အတွက်နဲ့ အဲလောက်တောင်ပဲ ခံစားနေရလား.... ... သီချင်းတောင် ရှိသေးတယ်.. ဘာတဲ့ မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီး အလည်မှာ တို့ယောကျာင်္းတွေ မွေးဖွား ကြီးပြင်းလာ ..... တဲ့ခေါင်းခေါက်ရွေးလို့ရပါတယ်ဟ ...။ အခေါက်လွန်ပြီး တယောက်မှ မတွေ့ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ကွယ် ...။

Anonymous said...

ဒါနဲ့ စကားမစပ် ရင်နှင့်ရင်းပြီး ချစ်ခဲ့သည်ဆိုတော့ ဘယ်သူကများ ဖင်နဲ့ရင်းပြီး ချစ်ခဲ့လို့လဲ..ဟင် .... မသိရင် သူတယောက်ထဲပဲ ရင်နဲ့ရင်းပြီး ချစ်ခဲ့သလိုလို ဘာလိုလို ..... အဟိဟိ ... အဲလိုတော့ မနောက်ပါနဲ့ အကိုရယ်.... ။

မိုးခါး said...

စိတ်ကူးလား တကယ်လား ..
ကံကောင်းပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ် ..း)

Unknown said...

အိမ် ပြောတာရီရတယ်.. ဟီးဟီး... ဟုတ်သား ကိုပိုးဟပ်ကြီးကလဲ... လူတိုင်းရင်နဲ့ပဲ ရင်းနေတာကို... :P... ငိုနဲ့ နော်.. ဘယာကြော်ကုလားမကြီး အာဘွားပေးသွားလိမ့်မယ်... ငိုနဲ့ ငိုနဲ့... :P

TYZ said...

ပိုးဟပ်က မျည်ရည်ကျတော့ မလှဘူးဟ နဂိုကတည်းက ဆိုးတဲ့ရုပ်ကြီးကိုနော် :P