Monday, March 29, 2010

ရူးသွပ်ခြင်း

တောင်ရောက် မြောက်ရောက်
ရောက်တတ်ရာရာ လျောက်တွေးနေရင်း
"ဝုန်း" ဆို မမျှော်လင့်တဲ့ အချိန်မှာ
မမျှော်လင့် ထားသလိုပဲ
ဘာမှ ဖြစ်မလာလို့
ဘာများဖြစ်လာမလဲ
စောင့်ကြည့်နေရင်း
အချိန်သာ ကုန်ဆုံးလို့
2010 Apri ဆိုတဲ့ လကြီးတောင်
ရောက်လာပြီနော်
သင်္ကြန်တောင် ရောက်တော့ မယ်
သင်္ကြန် သီချင်းသံလေးတွေ ကြားရင်
ဘာကို လွမ်းလို့ လွမ်းနေမိမှန်း မသိတဲ့ ဘဝ
သြော် ......
ချစ်သူများ ရှိရင်လေ
မြန်မာပြည်ကို ကုန်းကြောင်း ခြေလျင်
အသော့နှင်လို့ ပြေးလိုက်ချင်ပါရဲ့
သို့ပေသော်လည်း
လိုတာမရ ရတမလို
လိုတိုင်းတ ရနိုင်တဲ့ လိုတရ အမွှေးတိုင်
ဟိုက် မှားပြီ
လိုတိုင်းတ ရနိုင်တဲ့
နည်းကောင်းလေး များလည်း လိုချင်ပါရဲ့
သို့ပါပေတည့် သို့ပေငြားလည်း
ယနေ့ထိတိုင် တွေ့ပါနိုင်၍
သူငယ်ချင်းကောင်း တို့ရေ
'မ' စတော်မူကြပါကုန်



5 comments:

Anonymous said...

မပြီးတော့ စရမှာလား? ချရမှာလား?
စရမှာဆိုရင်တော့ အခြောက်တစ်ယောက် ရှိတယ်.....
ချရမှာဆိုရင်တော့
အင်း......
တော်တော်လေး စဉ်းစားရမယ်.....
နောက်မှပြောမယ်နော်.....
အရင် ၀ါးရင်းတုတ် ရှာအုံးမယ်.....
ဟဲ ဟဲ

(ကြယ်စင်)

chocothazin said...

လိုတိုင်းတ မ နိုင်တာ အာလာဒင်ဆီက မီးခွက်စောင့် ခေါ်ကြည့်ပါလား။
ခင်လို့ နောက်သွားတယ်။

TYZ said...

ကြယ်စင်က ၀ါးရင်းတုတ်နဲ့ပဲချတာ ငါက ဂျပန်ငပုတွေကိုင်တဲ့ နံပါတ်တုတ်လား အဲဒီသံတုတ်နဲ့ကို ချမှာ အဲဒါမှ နည်းတောင်းစရာမလိုပဲ ဦးနှောက်ပါလန်းဆန်းသွားမယ် ဟီး ဟီး :P

သုခုမလေဒီ said...

သိကြားမင်းဆင်းလာမှပဲ မ, စ ဖို့ပြောတော့း))
ခင်မင်စွာဖြင့်

noblemoe said...

အရင် ကံပွင့် အမွှေးတိုင်ထွန်းလေ
ကံပွင့် မှလိုတရမှာပေါ့ 
သာယာချမ်းမြေ့ပါစနော်
မိုး