Wednesday, March 17, 2010

ပိုးဟပ်လေးနှင့် အလုပ်

ပိုးဟပ်လေး ပြန်လာပါပြီ..
ပြန်လာတယ်ဆိုတော့ အထင်ကြီးသွားကြတယ် ဟုတ်တယ်ဟုတ်၊ ဘယ်မှမသွားရသေးပါလားဗျာ ဒီစင်္ကာပူမြေပေါ်မှာပါပဲ ရှိနေတယ်လေ :D..။
အခုတလော ဆိတ်နဲ့ လူ မကပ်ဖူး ဘယ်ကပ်မလဲ ဆိတ်တွေ ခြံထဲမှာ မနေပဲ လျှောက် သွားနေကြ သကိုး စာရေးရမှာလဲ ပျင်းတာနဲ့ အားတဲ့ အချိန်လေးမှာ လစ်ရင်လစ်သလို သူများအိမ်ထဲ အဲလေ အားတဲ့ အချိန်သူများ ဘလော့တွေမှာ လိုက်ပြီး အတင်းပြော အာ ဟုတ်ပါဝူး.. လိုက်လည်ပြီး သူများရေထားတာလေးတွေ လိုက်ဖတ်ရတဲ့ အလုပ်ကို ကြိုးစားပမ်းစားနဲ့ ဖတ်တယ်လေ..:D၊ အလုပ်မရှိ အကိုင်မရှိ လို့တော့မထင်နဲ့နော ဟွင်းဟွင်း အလုပ်က ပေါသမှ လက်တောင်မလည်ဘူး၊ မအားတဲ့ ကြားထဲက ကွန်ပူတာ ရှေ့ရောက်တာနဲ့ ကိုယ့်ဘလော့ကို အရင်ဖွင့် ဘယ်သူများ Comment ပေးထားမလဲ C box မှာ ဘယ်သူလာလည်သွားလဲ အရင်ဖတ်ရတာအမော ပြီးတော့မှ ကျန်တဲ့ အလုပ်ပေါ့ ဟုတ်ဖူးလား၊ မဟုတ်လို့လဲ မရဘူးလေ သိတယ်မဟုတ်လား ပိုးဟပ်လေးပဲ အဲ့လောက်ထိကို အလုပ်များနေတာ
ဟမ် ဒီလိုလဲ မဟုတ်သေးပါဘူး အလုပ်က အလုပ်ပဲ အလုပ်နည်းနည်း များလာရင်တော့ ပိတ်ပြီးတော့ အလုပ်လုပ်ရပြန်ပါတယ်..။ ဒီလိုမလုပ်လို့လဲ မရဘူးလေ သိတော်မူကြတဲ့ အတိုင်းပဲလေ အလုပ်မလုပ်ရင် ဘာဖြစ်သွားမလဲ ဟုတ်တယ်နော်
အလုပ်နည်းနည်း ပါးလို့ကတော့ blogger.com ကို မျက်စောင်းလေးချိတ် လက်ကလေးက နှိပ် ( ကီးဘုတ်ကို )။ သြော်.....လူကြီး လာတော့လည်း Esc ပေါ့ :D
ဂနေ့တော့ အိမ်ကို စောစောလေးပြန်ရောက်တာနဲ့ ပို့စ် အသစ်တင်မလို့ စဉ်းစားတာ ပိုးဟပ်လေး တစ်ယောက် ဘယ်လောက် ဘယ်လောက်တောင် အလုပ်ရှုပ်နေသလဲလို့ ဘလော့လာလည်တဲ့ သူတွေကို နည်းနည်းလေး ပြောပြချင်တာနဲ့ ဒါလေးကို ရေးလိုက်တာလေ...။နည်းနည်းလေး ခီးသံ အဲ့ သီးခံပြီးတော့ ဖတ်ပေးကြတဲ့ ကျွဲရောင်းလာကြတဲ့ ဘာမသိ ညာမသိ လူကြီးမင်း တို့ကို အထူး တောင်မှ ဇွန်းတပ်ပြီး ရှယ်ကျေးဇူးတင်ပါတယ် ခင်ဗျား....။

5 comments:

Anonymous said...

ရူးတူးပေါတောလေးမှန်း ခုမှသေချာသိတော့တယ်......
အစကတော့ မရေမရာ ခုတော့သေသေချာပေါ့.....
အမှန်ပြောတာ စိတ်ဆိုးရးဘူးနော်.....

(ကြယ်စင်)

Unknown said...

ဇူဇူးလဲ ကျွဲလာရောင်းပါတယ်... ဟီးဟီး... သိတယ် သိတယ်.. ပိုးဟပ်ကြီး အတင်းတွေ တုတ်နေတာ... သက်သေခံ အထောက် အထားနဲ့ အတိအကျ သတင်းရထားတယ်... :P မလှုပ်နဲ့ ဘလောဂ့်ဂါရဲတွေ ဝိုင်းထားပြီ... ငှင်းငှင်းငှင်း......

TYZ said...

ပိုးဟပ် အလုပ်ကြိုးစားကြောင်းကို မှတ်တမ်းတင်သွားပြီ....

Angel Shaper said...

အလုပ်တော်တော်ကြိုးစားတာပဲ။ အားကျသွားပီ။ ခစ်ခစ်...
အတုယူရမယ်နော်။

Anonymous said...

အဲဒီရှယ်ဇွန်းတပ်တာကိုက မဟုတ်သေးတာ ဘယ်နဲ့ သူကိုယ်တိုင်က ဖျော်မတိုက်ချင်တိုင်း၊ ပြီးပြီးရော သဘောနဲ့ ရော့အင့်လို့ လာချပေးတာကိုများ.. ။ ကျေးဇူးတင်ချင်လဲ ရိုးရိုးတင်ပါ.. ထူးရှယ်တွေ၊ ထူးထူးရှယ်တွေ လုပ်မနေပါနဲ့ ကျေးဇူးတင်ပါတယ်..။