Friday, April 02, 2010

စကားနောက် တရားပါ

စကားနောက် တရားပါတဲ့ ............
ဘုရားရှင်ဟောကြားတော်မူတဲ့ အထဲ မှာလည်း ပါဝင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အကြောင်းပြောချင်ပါတယ်........
ဒီလိုပါ.....
သူက သူငယ်ချင်းတွေကို အမြဲနောက်လေ့ရှိတယ် ....။ ဘယ်လိုနောက်လည်း ဆိုတော့ ......
"ရိုက်ရိုက် နှစ်ချက်စာလောက်၊ Mc တစ်ပတ်စာလောက်၊ တစ်လစာလောက်" ဘာညာနဲ့သူကနောက်တယ်လေ။ တစ်ခါတစ်လေ ကျရင် သူ့ မျက်မှန်နဲ့ ပတ်သက်ပြီးနောက်တယ်.....မျက်မှန်ကျိုးသွားရင် တစ်ပတ်လောက် နားမှာဗျား။ ဒီလိုနောက်လေ့ရှိတယ် ဒီလိုနဲ့ တစ်နေ့တော့ သူမောင်းနေတဲ့ ကားက High Way လမ်းပေါ်မှာ မောင်းနေတုန်း ရှေ့မှာ ကားအက်စီးဒင့် တစ်ခုရှိတော့ Traffic Jam ဖြစ်တယ်လေ...။ သူ့ရှေ့မှာလည်းကားတွေ အများကြီး၊ အဲ့ဒီနောက်မှာ သူ့ကားကို ဝင်ပြီးတန်းစီတယ် ဖြစ်ချင်တော့ မမျှော်လင့်ပဲ သူ့နောက်က ကားက အရှိန်နဲ့ ဝင်စောင့်တာ သတိမထားမိတဲ့ အချိန်ဆိုတော့ သူဟန်ချက်ပျက်ပြီးတော့ စတီယာရင် ကြားထဲ လက်ရောက်ပြီး လက် အရိုးအက်သွားခဲ့တယ်... နောက်တော့ သူပြောတဲ့ အတိုင်းပဲ ဆေးရုံသွားတာရော ဆေးရုံသွားတာရော Mc ရော အားလုံး ၂ ပတ်လောက်နားလိုက်ရတယ်.... သူကတော့ သိပ်ဂရုမစိုက်ဘူးလို့ပဲ ပြောရမလားပဲ အဲဒီလိုဖြစ်ပြီး တော့လည်း သူက ဒီလိုပဲ သူငယ်ချင်းတွေနဲ့တွေ့ရင် နောက်တာပေါ့ သူ့စိတ်ထဲမှာ ဘာရယ်တော့မဟုတ်ပါဘူး စလိုက်နောက်လိုက်ပါပဲ....
သိပ်မကြာပါဘူး နောက်တစ်ခေါက်ထပ်ဖြစ်တာပါပဲ.. ဒီတစ်ခေါက်တော့ သူကအလုပ်ထဲ မှာဖြစ်သွားတယ်.. Store ထဲမှာ လိုအပ်တဲ့ ပစ္စည်းလေးတက်ယူလိုက်တာ သူ့ အရပ်နဲ့ သိပ်မမှီတော့ ခုံလေးခုပြီးတက်တာ ဖြစ်ချင်တော့ နည်းနည်းလေးယိုင်သွားပြီး ပြုတ်ကျတာ အောက်က Plastic Roll ပေါ်ပြုတ်ကျတော့ ပိုဆိုးသွား တယ်လေ သိပ်တော့များများမထိပါဘူး ခြေထောက်အကြော နည်းနည်းညှပ်သွားတာလောက်ပါပဲ..ဒီအဖြစ်လေးကို ကြည့်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တော်တော်လေးသတိထားမိသွားတယ်...ဘာပဲဖြစ်ဖြစ်..ဘယ်သူမဆို သတိထားသင့်ပါတယ်..
ဒီစာလေးကို ဖတ်လိုက်ရပြီး စာအရေးအသားလိုအပ်နေတာပဲ ဖြစ်ဖြစ်၊ စာဖတ်ရတာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်
စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါတယ်... လိုအပ်တာများကိုလည်း ထောက်ရှု့ပေးနိုင်ပါတယ်


4 comments:

ဝက်ဝံလေး said...

အိမ်းးးးးး ဂလိုဆိုရင် ငါ ထီပေါက်ရင် ကမ္ဘာပတ်မယ် ခြင်ကြားပုန်း(စင်ကာပူ) လာလည်မယ်လို့ ထန ထန ပြောမယ်နော်
တကယ်ပေါက်ရင် လေယဉ်ကွင်းမှာ လာကြို
ဒါဗြဲ

ဒဏ္ဍာရီ said...

မှန်တယ် ပိုးဟပ်လေးရေ........ ဒါကြောင့် ရှေးဆိုရိုးတခု ရှိခဲ့တယ်လေ။ ဇဗ္ဗူဒီပါ လက်ယာတောင်ထွန်း သြဇာနမိတ်ထွန်းတယ်လို့ ပြောကြတယ်လေ။ ဒါပေမယ့် မမသိတာ အဲဒါမြန်မာပြည်လို့ထင်တာ အခုဘယ်နဲ့ စလုံးမှာပါ ဖြစ်တာလဲ မသိဘူးနော်။း))

ခင်မင်လေးစားလျှက်

Anonymous said...

စကားနောက်တရားပါတာထက် ကိုယ်တိုင်က ဂရုမစိုက်လို့ပါဗျာ ... အဲလိုပြောတိုင်း ဖြစ်ကြေးဆိုရင် အိမ်တို့ သေတာ အခါ၁၀၀၀ မကတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ သတိတော့ ထားရမှာပေါ့နော်။

sosegado said...

စကားနောက် တရားပါ၊ ရှေးလူကြီးတွေက မလိုအပ်ပဲနဲ့တော့ ဆုံးမခဲ့မှာ မဟုတ်ဘူး