Saturday, April 17, 2010

မနေ့က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပိုးဟပ်လေး တစ်ယောက် (အဲ ဟုတ်ဖူး ) သူငယ်ချင်း နှစ်ယောက်နဲ့ အတူ Toa Payoh ဘုန်းတော်ကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ မှာ စနေနေ့တိုင်း တရားပွဲ ရှိတယ်လေ ။ မနေ့ကတော့ နှစ်သစ်ကူး အခါသမယနဲ့ တိုက်ဆိုင်သွားတဲ့ နေ့ထူး နေ့မြတ်လေး တစ်ရက်ဆိုရင် လည်း မမှားဘူးပေါ့နော်..။ ညနေ ၆ နာရီလောက် တရားပွဲ စပါတယ်။ တရားပွဲ ပြီးတော့ ဓမ္မစင်္ကြာ ရွတ်တဲ့ အဖွဲ့တွေ ကတော့ ရွတ်ကြတာပေါ့..။ ပိုးဟပ်လေး က အလွတ်မရဘူးလေ ။ စာအုပ်ကြည့်ပြီး ရွတ်ဖို့ကျတော့လည်း ဓမ္မဒါန ပြုထားတဲ့ စာအုပ်ကုန်သွားတာနဲ့ တတိယထပ် ကိုတက်သွားပြီး ဘုရားဝတ်ပြုတယ်၊ ဒီတစ်ခေါက်တော့ ပုတီးမစိပ်ဖြစ်ဖူး ( ခါတိုင်းဆိုရင် တော့ စိတ်ဖြစ်တယ်)၊၊ ဘုရားဝတ်ပြုပြီးတာနဲ့ အပေါ်ထပ်က စေတီလေးရှိတဲ့ ရင်ပြင်တော်မှာ သီငယ်ချင်းတစ်ယောက်နဲ့ အတူသွားထိုင်ဖြစ်ခဲ့တယ်..။ ကျန်တဲ့ တစ်ယောက်က ဓမ္မစင်္ကြာ ရွတ်ပြီး ကျန်နေခဲ့တယ်..။ ခဏနေတော့ ကိုယ်နဲ့ပါလာတဲ့ သူငယ်ချင်းက ဆေးလိပ်သောက်ချင်လို့ ဆိုတော့ ကားရှိရာနေရာကို ပြန်လာခဲ့ကြပြီး ကျန်တဲ့ တစ်ယောက်ကို ဆက်စောင့်နေလိုက်တယ်..။ ၉ နာရီလောက်ကျတော့ ဓမ္မစင်္ကြာ ရွတ်တဲ့ အဖွဲ့ ပြီးသွားတော့ ကျန်တဲ့ သူငယ်ချင်း တစ်ယောက်ပါပြန်ရောက်လာတယ်...။ အိမ်ကို ပြန်နေရင်းနဲ့ လမ်မှာ တစ်ခုခု စဉ်းစားမိတာနဲ့ ၃ ယောက်သားတိုင်ပင်ကြတယ်.. West Coast သွားထိုင်ကြမယ်ဆိုတော့ အကုန်လုံးက သဘောတူကြတယ်..ဒါနဲ့ ကျန်တဲ့သူငယ်ချင်းတွေပါခေါ်ရအောင်ဆိုပြီး Clementi နေတဲ့ သူက ဖုန်းဆက်တော့ သူ့သူငယ်ချင်းနှစ်ယောက်က လိုက်မယ်တဲ့ ကျန်တစ်ယောက်ကတော့ သူ့ အစ်ကိုတော်ကို ခေါ်လိုက်တယ်...။ အားလုံး စုမိတော့ မိန်းကလေး ၃ ယောက် ယောင်္ကျားလေး ၄ ယောက်...စုစုပေါင်း ၇ယောက်သား Wast Coast ကိုရောက်သွားကြတယ်၊ ရောက်သွားကြတော့ အားလုံးက ဒီအတိုင်းဆိုရင် ပျင်းစရာကြီးတဲ့ တစ်ခုခု ဆော့ရအောင်ဆိုတော့ စဉ်းစားကြတယ်..နောက်တော့ အကောင်အထည်ဖော်တယ်..၊ ဘာကစား ကြမလဲ???သိပြီ... ကျောက်ရုပ် ကျောက်ဖြတ် ဆော့ကြတယ်.. မိန်းကလေးတွေက သိပ်မပြေးနိုင်တော့ ၂ ပွဲလောက်ပဲ ကစားဖြစ်တယ် ပြီးတော့ ဘာကစားရ ကောင်းမလဲပေါ့၊။ စဉ်းစားမိတော့ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ဆော့မယ်တဲ့ ငယ်ငယ်က မဆော့ဘူးတဲ့ လူကို သင်ပေးရသေးတယ်..၊ ဒါလဲ ၃ ပွဲလောက်ပဲ ဆော့ဖြစ်တယ် ယောင်္ကျားလေးတွေချည်း ရှေ့ ရောက်ရောက်နေတာကိုး.. ခြေလှမ်းတွေကလဲ ကျဲမှကျဲ .. မဖြစ်သေးပါဘူး..နောက်တစ်မျိုး ပြောင်းမယ်ဆိုတော့ ထုပ်စည်းတိုးမယ်တဲ့ အဲဒါမှ ဂွပဲ ကိုယ်လဲတစ်ခါမှ မဆော့ဖူးဘူး ။ ဒီတော့ ဘယ်ရမလဲ ပြန်သင်ခိုင်းရတာပေါ့..... ပထဆုံးပွဲမှာပဲ လိုက်ရတယ်။ ဆော့နေရင်းနဲ့ နည်းနည်းလေးနားလည်လာတယ်။ ဒါနဲ့ ဆော့ဖြစ်ကြပြန်ရော.။ ဘယ်အဖွဲ့ကမှမနိုင်ဘူး ။ ဘယ်တိုးလို့ ရမလဲ ၇ ယောက်ထဲဆော့တာကိုး ထုပ်စည်းတိုးတယ် ဆိုတာ လူအများကြီးနဲ့မှ ဆော့လို့ကောင်းတာတဲ့ ဒါနဲ့ အချိန်ကြည့်လိုက်တော့ ၁၁ နာရီ ထိုးနေပြိင်္ ပြန်ကြမယ်တဲ့..။ ဒါနဲ့ ပြန်မယ်ဆိုပြီး ခြေထောက်လက်ထောက် သွားဆေးပြီးတော့ ပြန်လာလိုက်တာ အိမ်ပြန်ရောက်လို့နာရီ ကြည့်လိုက်တော့... အားပါး ၁၂ ခွဲသွားတယ်။ ရောက်တာနဲ့ ရေမြန်မြန်ချိုး မြန်မြန် အိပ်ရတော့တာပေါ့ ( နောက်နေ့ အလုပ်ဆင်းရမှာကိုး )
"THE END"


3 comments:

ဝက်ဝံလေး said...

ပျော်စရာကြီးပေါ့နော်
အိပ်ရေးဝ ပါစေနော်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
ရေလာလောင်းထားတာ အိမ်တအိမ်လုံးလဲ ရွှဲလို့ ဟွင်းးး အိမ်ရှင်မရှိတုံး သောင်းကျန်းသွားတယ်မလား ပိုးဟပ်လေး

ကဲဟာာာ နာလဲ ရေလောင်းခဲ့ပြီ ဗွင်းး အဲ ယောင်လို့ ဗွမ်းးးးးးးးး ဗွမ်းးးးးးးးးးး
မှတ်ပလား တအိမ်လုံး ရွှဲအောင် ရေလောင်းခဲ့တယ် ဟင်းးး ဟင်းးး

ဒဏ္ဍာရီ said...

နှစ်ဆန်း (၁)ရက်နေ့မှာ ကုသိုလ်ယူပြီး သူငယ်ချင်းတွေနဲ့ သွားဆော့ခဲ့တာပေါ့လေ..။း)

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ပိုးဟတ်လေးရေ...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Khyl said...

ပျော်စရာနှစ်သစ်အစလေးပေါ့.. ပိုးဟပ်လေးရေ... အမြဲပျော်ရွှင်ပါစေ