Tuesday, April 13, 2010

တမ်းချင်း


သြော်...သင်္ကြန် သင်္ကြန်.....
သင်္ကြန်ရေနဲ့ ဝေးကွာခဲ့တာ ၆ နှစ်တောင်တိုင်ခဲ့ပြီလေ.....
ဘာလိုလိုနဲ့ အချိန်တွေ တစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာလိုက်တာ အမိမြန်မာပြည်ရဲ့ သင်္ကြန်အငွေ့ အသက်တောင် ပျောက်လုနီးပါးရှိနေပြီပဲ။ လွမ်းလိုက်တာ သင်္ကြန်ရယ်.... ဒီနေ့က တို့တိုင်းပြည်ကြီးမှာ မဟာသင်္ကြန်အကြိုနေ့ တောင်ရောက်နေပါပကောလား ။ ဒီတော့ ဘလော့ကို လာလည်တဲ့ သူတွေအတွက် မုန့်လုံးပေါ်နဲ့ ရွှေရင်အေးပဲတိုက်ရတော့မှာပဲ၊ စားကြနော် အားမနာနဲ့နော်.......


ဒါက ရွှေရင်အေးပါ


ဒါကတော့ မုန့်လုံးရေပေါ်ပေါ့



ဓာတ်ပုံတွေက Google ကနေရှာပြီးတင်ထားတာ.........:D


အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ......



4 comments:

chocothazin said...

ရွှေရင်အေး ကောင်းလိုက်တာဟာ။ တရေးနိုးဗိုက်ဆာဆာနဲ့ အကုန်တီးသွားတယ်

မြတ်မွန် said...

အား.....ရွှေရင်အေး ရွေရင်အေး ..
အဟင့် စားချင်တယ် ပိုးဟပ်လေးရေ....
အားရပါးရ စားသွားတယ်ကွာ...

သုခုမလေဒီ said...

ဒီအိမ်လည်း ရွှေရင်အေးနဲ့ မုန့်လုံးရေပေါ်။ မုန့်လုံးရေပေါ်က အုန်းသီးမပါဘူး ရွှတ်
အုန်းသီးများများနဲ့မှ စားကောင်းတာ။ အခါတွင်းမို့ အုန်းသီးဝယ်မရဘူးထင်တယ်း)))
နှစ်သစ်မှာပျော်ရွှင်ပါစေ ပိုးဟပ်လေးရေ။

Angel Shaper said...

သောက်ကောင်းကောင်း စားကောင်းကောင်းနဲ့
ရွှေရင်အေး၊ မုန့်လုံးရေပေါ် အကုန်တီးသွားပါသည်။
နောက်လူတွေအတွက် မြန်မြန်ပြန်ပြင်ဆင်လိုက်ပါအုံးနော် :))