Sunday, April 11, 2010

အသဲကွဲ ဒိုင်ယာရီ

သုံည ကနေစခဲ့တဲ့ ငါ့ဘဝ
အချစ်ဆိုတဲ့ အရာက အဆင့်ကျော်ပြီး
Propose လုပ်လို့ မရဘူးဆိုတာ ငါသိတယ်
ဒါကြောင့် ခင်မင်မှုဆိုတဲ့ နံပါတ်တစ်နေရာကို
ငါရောက်အောင် လှမ်းခဲ့တယ်
နင် ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်
ပြီးတော့ နံပါတ်နှစ် သူငယ်ချင်းဖြစ်ဖို့
ငါ ဆက်ကြိုးစားခဲ့တယ်
ဒါကိုလည်း နင် ခွင့်ပေးခဲ့တယ်
ပြိးတော့....
နံပါတ်သုံး propose လုပ်တော့ နင်ငြင်းတယ်
လိမ္မာ ပါးနပ်စွာနဲ့ ပေါ့
ပြီးတော့ တစ်ခြားသူတစ်ယောက်ကို
ငါ့ထက် အခွင့် အရေးပေးပြီး နင်လက်ခံလိုက်တယ်
ပြီးတော့ ငါ့ကို နှစ် နေရာကို ပြန်ရောက်အောင်
နင်ကိုယ်တိုင် တွန်းချခဲ့တယ်.....
နင်တွန်းချခဲ့တာ နံပါတ်နှစ် ကိုပါ
ဒါပေမဲ့ ငါကတော့ သုံညနေရာကို
ပိုးစိုးပက်စက် ဒလိမ့် ခေါက်ခွေး ပြုတ်ကျသွားခဲ့တယ်
နင်ကိုယ်တိုင်ငါ့ကို
နံပါတ် နှစ်နေရာ အထိပဲ ရောက်နိုင်တဲ့
လှေကားတစ်ချောင်းကို
နင်ကိုယ်တိုင် ဖန်ဆင်းပေးခဲ့တယ်
ငါ အထိနာ သွားခဲ့ပြီလေ.....
Sorry ပါသူငယ်ချင်း
ငါပြန်တက်လာနိုင်တော့မှာ မဟုတ်တော့ဘူး
ငါလိုချင်တာ နံပါတ် နှစ်မဟုတ်ဘူးလေ
ငါ့ရဲ့ ဒဏ်ရာသက်သာလာခဲ့ ရင်တောင်
ငါ ဘယ်တော့မှ.....
ပြန်တက်မလာတော့ဘူး
ငါ့ရဲ့ သုံညနေရာလေးမှာပဲ ငါပြန်ပြီးတော့
လဲလျောင်းနေပါရစေ.....
နင့်ရဲ့လှေကားကို
နင်ကိုယ်တိုင်ပဲ ပြန်ရုပ်သိမ်းပေးပါ


Please


4 comments:

Yu Shwe said...

ကြိုက်ဘူး .. မုန်းဒယ် ။ အဲ့ကဗျာကို ။

Angel Shaper said...

အရမ်းကောင်းတဲ့ ကဗျာလေးးးးး
တို့ဆိုရင်လည်း ဘယ်တော့မှပြန်မတက်တော့ဘူးးအဲဒီလှေကားကိုး))))

ရေသန့်  said...

အပိုဆု နားထောင်ရင်း ကဗျာဖတ်ရတာ
ရင်ကိုထိ...တယ်

Anonymous said...

အရမ်းကို တိုက်ဆိုင် လွန်တယ်ဗျာ အရမ်းလဲ ကောင်းတယ် နောက်လဲ ကောင်းကောင်းလေးတွေ ရေနီုင်ပါစေးဗျာ ။