Sunday, August 01, 2010

နဂါး ပုံပြင်




ကြွက်ကို နဂါးချီ
သူလည်းမစား
သယ်ချီကာသွား
ကျားရှေ့အရောက်
သယ်ဆောင်ကာသွား
ပြီးသော် ပစ်ချ ကြွက်ဘဝ
ခုတော့ ကျားစာ ဖြစ်လေပြီ
နဂါးနဲ့ ဆင်
လယ်ပြင်မှာတွေ့
ဆင်ကို ချီသော်
ခွန်အားမမျှ နဂါးဘဝ
ဆင်၏ခြေရင်း ပြားပြားဝပ်၍
မှောက်ရလေပြီ
သြော်.... သနားစရာ
နဂါးသတ္တဝါ ပါတကား



6 comments:

သော်ဇင်စိုး said...

ဝါတွင်းမို့ နဂါးက ဥပုတ် စောင့်နေတာကိုး.. မစားချင်ဘဲသွားချီတော့.. ကျားဆွဲသွားပီပေါ့..
ခိခိ.. ဆင်ပြင်မှာတွေ့ပြန်တော့လည်း.. ဆင်အနင်းခံရသေးတယ်.. နဂါးနဂါး.. တယ်လည်းသနားစရာ ကောင်းပါတကား...
ဒါနဲ့.. အဲဒီနဂါးက ဘယ်သူပါလိမ့်..

မြစ်ကျိုးအင်း said...

ဒီနဂါးက နဂါး မိုက် နဲ့ တူတယ်။
ကိုယ်နဲ့ သင့်တင့် သလောက် မချိန်ဆနိင်ပုံပဲ။

Unknown said...

အဲ့ နဂါးက ပိန်းတာကိုး... အစထဲက ကြွက်မချီပဲ.. ပိုးဟပ်ကို ချီသွားရမှာ ... အေးရော... ဟိဟိ

သုခုမလေဒီ said...

ဒီနဂါးက ပိုးဟပ်ကိုမမြင်လို့ထင်တယ်း))
ပိုးဟပ်ရေ..လည်လည်ရောက်ပါတယ်။ ၂ခါပြန်ပေါ့
ဟိုတစ်နေ့က မမန့်ခဲံ့ရလို့...

ဝက်ဝံလေး said...

ကဗျာ လာဖတ်တယ်ဝေ့ တို့က ဘေ့စ်မရှိတော့ မဆွေးနွေးနိုင်ဘူး စပ်တတ်တဲ့လူတွေကိုတော့ချီးကျူးတယ်ဟေ့

---

ဂတိအတိုင်း ပြန်လာခဲ့တယ်နော် ဟဲဟဲ မုန့်ဝယ်ကျွေး ဒါဗြဲ

ဒေါင်းမင်း said...

အန် နဂါး ကပြားပြားဝပ်ရပြီလား။
အခုဂလုန်ပါလာပြီ..ချီမလို့နဂါးကို