Saturday, July 24, 2010

မေမေ့မေတ္တာ မမေ့သာ

သားသားလေးကို ဖုန်းဆက်ကာ
သီတင်းမေးလေရှာ
နေထိုင် ကျန်းမာ သာပါစ
မေမေ စိတ်မချ
သားသားစားဖို့ ကြော်ကာလှော်
ငါးခြောက်ငါးခြမ်း နော်
လူကြုံကရှိ ဝမ်းသာဘိ
မေမေ့မှာ ပီတိ
စားပါ စားပါ ငါ့သားရယ်
မေမေ ပီတိသွယ်
မိဝေးဖဝေး ငါ့သားလေး
မေမေ့မှာ ရင်လေး
နောင်များလိုရင် မှာပါအင်
မပင်မပန်းပင်
ကြော်ကာလှော်ကာ ချက်မယ်ပ
ငါ့သား အတွက်ဟ
သားသားလေးမှာ စိတ်ချမ်းသာ
ပီတိဖြစ်လို့သာ
ပြန်လည်ကာလေ သားဆုတောင်း
မေမေ မာစေကြောင်း


6 comments:

သော်ဇင်စိုး said...

အေး........ မိဘကျေးဇူးမမေ့နဲ့.. ကဗျာကတော့ကောင်းတယ်.. ခုတော့မေမေပို့တာပေါ့.. နောင်တော့ ခိ..ခိ.. ဘယ်သူပို့တဲ့ ကဗျာရေးမလဲမသိဘူး..

TYZ said...

အကြော်အလှော်ပို့ပေးတယ်ဆိုတော့ လိုက်ကပ်စားလို့ရမလား။ ကဗျာလေး ရိုးတယ် လှတယ်။ ပျော်ရွှင်ပါစေ.

ပိုးဟပ်လေး said...

ရတာပေါ့... MRT စီး...
ကြုံရာ ဘူတာ ဆင်း
ကားလမ်းကူး ညာဘက်ကွေ့ပြီး တည့်တည့်လျှောက်
ပြီးရင် တွေ့ရာ bus ကို တက်စီး... ၁၀ မှတ်တိုင်လောက်စီး...
တံတားအောက်ကို ဆင်း....
မြောင်းထဲကလျှောက်...
ပြီးရင် အပေါ်ပြန်တက်... တက်တက်ခြင်းမှာ တွေ့တွေ့ခြင်း ကြွက်တွင်းလေးရဲ့ ဘေးမှာ အဖီဆွဲနေတာ
ပိုးဟပ်လေးတို့ နေတဲ့ အိမ်ပဲ.... :P

Unknown said...

များများစားစား ကြော်လှော်ကာ
ဟပ်ဟပ်ကိုပေးတာ
ဟပ်ဟပ်စားဖို့ အလွန်များ
နှင်းဆီဖြူပါစား...

နှင်းဆီဖြူလဲ မကုန်နိုင်..
ကိုသော်ဇင့်ကိုတိုင်...
ကိုသော်ဇင်လဲ ဝိုင်းကာစား...
ဟပ်ဟပ်မုန့်များကုန်ကာသွား...

ဝါးဟားဟားး... ဝါးဟားးဟားး....

:PPPPPPPPPPPPPPPPPPPPP

ဒေါင်းမင်း said...

အဟင့်..ကဗျာဖတ်ပြီးအမေ့ကိုလွမ်းလိုက်တာ...
ငါးကြော်လဲစားချင်တယ်....ရွတ်..

Anonymous said...

ဒါနဲ့ ဘဲ ညာစားနေတာ ဘယ်နှနှစ်ရှိပြီလဲဟင်........
(ကြယ်စင်)