Friday, July 16, 2010

အတွေး

ငါသည် တစ်နေ့ အိုရမည်
ငါသည် တစ်နေ့ နာရမည်
ငါသည် တစ်နေ့ သေရမည်
ဒီသင်္ခါရ သဘောတရားတွေကို
သိနေပေမဲ့ ဘာကြောင့်များ
ငါမေ့လျော့နေရတာပါလဲ
နောက်ပြီးတော့ လိုချင်တက်မက်မှု ၊ သာယာပျော်ရွှင်မှုတွေမှာ ငါဘာလို့ စီးမျောနေရတာလဲ၊ စိတ်ညစ်မှုတွေကျတော့ရော ငါဘာလို့ ဒဏ်မခံနိုင်ရတာလဲ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်နေရခြင်း၊ ကြေကွဲရခြင်း၊ ကြည်နူးရခြင်းတွေ ငါ့မှာ ဘာကြောင့် အလိုလို ရှိနေရတာလဲ.... သြော်... သြော် ငါလည်း စိတ်ခံစားမှု အာရုံတွေနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ပေပဲ ဒီလောက်တော့ ရှိမှာပေါ့... အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဘယ်အရာမှ မတည်မြဲ ပါလား....


6 ယောက်စကား:

Ree Noe Mann said...

အင်းတရားတော့ ရစရာပါပဲလေ

emodoll said...

အဟက်.. ပိုးဟပ်ကြီး ၁၀၀ ရသွားပြီ.... နှင်းဆီဖြူ ၁၀၀ မရသေးဘူး... xD ကိုတော်ဂျင့် ဆီက ၁၀၀ သွားတောင်းမယ်... ကွိကွိ

thaw zin soe said...

ငါ့အထင်ပြောရရင်.. တရားရှိတာကောင်းတယ်.. အရာရာကိုတရားနဲ့ သိတာလည်းကောင်းတယ်.. ဒါပေမဲ့ လူ့လောကမှာ ဆက်နေဦးမယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဘ၀တဏှာကို အားပေးရဦးမှာပဲ.. ဒီလိုတရားတွေကြောင့် အနောက်တိုင်းက တစ်ချို့ပညာရှင်တွေက ဗုဒ္ဓ၀ါဒကို စိတ်ပျက်ဖွယ်ရာဝါဒလို့ စွပ်စွဲကြတယ်.. အမှန်တော့ ဗုဒ္ဓက လူ့လောကထဲ ကျင့်သုးံရမဲ့ တရားတွေဟောခဲ့ပါတယ်.. ဥပမာ. မေတ္တာသုတ် တို့ဟာတွေမျိုးပေါ့.. ပြီးတော့ လင့်ကျင်ဝတ်.. မယားကျင့်ဝတ်တွေရောပဲ.. လူဆိုတာကလည်း အခက်သား ဒုက္ခလေးတွေနဲ့ ပွန်းတိုက်နေမှ လူဘ၀ကြီးက ပျော်စရာကောင်းတာ.. ချစ်သူလေးနဲ့ လောကကိုရင်ဆိုင်ရင်း.. ကမ္ဘာလေးတစ်ခုထဲ ဘောင်လေးခတ်.. ဘယ်လောက်ပျော်စရာကောင်းမလဲ..

မြစ်ကျိုးအင်း said...

လူတော်တော်များများ ဒီလိုပဲ တွေးကြမယ် ထင်ပါတယ်။ ကျနော်လည်း အပါအဝင်ပေါ့။
သိတာက သိတာပဲ...။ လိုက်မလုပ်နိင်သေးတာက ခက်တယ်။

TYZ said...

ကိုမြစ်ကျိုးအင်းပြောသလိုပဲ သိတာက သိတာပဲ၊ လိုက်မလုပ်နိုင်သေးတာ ခက်သားလားနော်... နင့် c-box ကို ငါမမြင်ရဘူး၊ ဘလော့တိုင်းဆီမှာလည်း အဲလိုပဲမမြင်ရဘူး။ စကားအစပ်မရှိပေမဲ့ အကြံဥာဏ်ရှိရင် ကူညီပါဦးနော်။

အနမ်း said...

ပုထုဇဉ်လူသားတွေပဲကိုး။ အရိယာမဖြစ်သေးသမျှတော့ ဒီလိုပါပဲ ပိုးဟပ်ရေ..။
အဆင်ပြေပျော်ရွှင်ပါစေ။ စီဗုံးမမြင်တာကြောင့် မန့်ခဲ့ရတဲ့ အဖြစ်ကလည်း စိတ်ညစ်စရာပါပဲလေ။း))