Tuesday, July 06, 2010

ကလေးဘဝ (၂)


ကျွန်တော် ကော်ဖီကို တော်တော် ကြိုက်ပါတယ်... ငယ်ငယ်တုန်းထဲကပေါ့။ အမေ နောက်ဖေးမီးဖို ချောင်ထဲမှာ ကလောက်ကလောက် နဲ့ ဇွန်းကို ပန်းကန်လုံးထဲထည့်မွှေတဲ့ အသံ ကြားတိုင်း ကော်ဖီ ဖျော်တယ်လို့ သတ်မှတ်မိတယ်... ကလေးဆိုတော့ လည်း ကော်ဖီပဲ ထင်တာပေါ့.... တကယ်တော့ အမေ ဇွန်းနဲ့ မွှေပြီး ခေါက်တာဟာ ကြက်ဥတွေလေ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်॥ ငတ်တာလေ॥ ဟီဟိ။ တစ်ခါတစ်လေကြရင် တော့ မှန်တယ်။ ကော်ဖီကြိုက်တာကတော့ တစ်အိမ်လုံးပါပဲ...

ကျွန်တော် ကော်ဖီ စသောက်တတ်တုန်းက ကလေးဘဝပဲ ရှိသေးတယ်... မှတ်မိတယ် ကျွန်တော် မူကြိုတောင် မတက်သေးဘူး ထင်တယ်။ သီတင်းကျွတ်တော့ မီးပန်းလေးတွေ ဆော့တာ လူတိုင်းသိမှာပေါ့။ ကျွန်တော်တို့ အိမ်ရှေ့မှာ ကွပ်ပြစ်လေး တစ်ခုရှိတယ်... ကုတင်လေးပေါ့။ ကျွန်တော့် ညီက ရင်ခွင်ပိုက်ပဲ ရှိအုံးမယ်..... ကျွန်တော့် အစ်ကို နဲ့ အစ်မရယ် ကျွန်တော်ရယ် သုံးယောက် မာကျူရီ မီးပန်းကို ဆော့တာ ကျွန်တော်အစ်ကိုနဲ့ အစ်မက တမံသလင်းပေါ်ကို တံတွေး များများထွေး ပြီးတော့ မာကျူရီကို မီးရှို့တယ် တော်တော်လေး ရဲလာလို့ မီးစွဲ သွားပြီးရင် စောစောက တံတွေးတွေပေါ်တင် ပြီးတော့ ဂျပန် ဖိနပ်နဲ့ ရိုက်ရင် ဖုန်းဆို အသံ အကျယ် ကြီးထွက်တယ်လေ.... အဲဒါကို သူတို့ နှစ်ယောက်က သဘောကျပြီးဆော့တယ်॥ ကျွန်တော်က ငယ်တော့ ကြောက်တယ်လေ... အဖေကလည်း ကျွန်တော့်ကို အောက်မဆင်းခိုင်းဘူး မီးပွား စင်မှာ ဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က အဲဒီ ကွပ်ပြစ်လေးပေါ်မှာပဲ ဖယောင်းတိုင်လေး တင်ပြီး အဲ့ဒီ မှာ တင်မီး ရှို့ပြီး ဒီအတိုင်း ကိုင်ပြီး ဆော့တယ်.... ဖြစ်ချင်တော့ ကိုယ်ကိုင်ထားတဲ့ မာကျူရီက ကိုယ့် ခြေထောက်ပေါ် ပြုတ်ကျသွားတယ်... အား... ပူလိုက်တာ။ ငိုတာပေါ့ ... အဟီး။ အဲ့ဒီလိုလည်း ဖြစ်ရော အမေရယ် အဖေ ရယ် ဖွားဖွားရယ် ပြာသွားတာပေါ့.... ပြီးတော့ အိမ် ထဲကို ချီခေါ်သွားပြီ သွားတိုက်ဆေး နဲ့ အုံပေးတယ်... ပြီးတော့ ဆေးခန်းကိုပြ ပြန်လာတော့ ဆေးတိုက်ချင်တာလေ... ကလေးဆိုတော့ ဆေးက အခဲလိုက်တိုက်လို့ မရတော့ အမှုန့်ချေ တိုက်ရတာကို ခါးမှာ စိုးတော့ ကော်ဖီနဲ့ တိုက်ဖို့ စီစဉ်ရတာပေါ့.... သား ဒါကို အရင်သောက်ကြည့်တဲ့ အဲဒါ ကော်ဖီတဲ့ ကျွန်တော်က ခွက်ထဲ ကြည့်ပြီ မလိုင်ဖတ်တွေ တွေ့ပြီးတော့ မသောက်ချင်ဘူးပေါ့ ငြင်းတာလေ... မသောက်ဖူး မသောက်ဖူးနဲ့ ငြင်းတော့ ချုပ်တိုက်တယ်လေ.... အံမလေး ချိုလိုက်တာ အဟိ.... အရသာ သိသွားတော့ မှ ပဲ သောက်ဖြစ်တော့တယ်... ဒါနဲ့ ဆေးကို အရည်ဖျော်ထားတာကို ဇွန်းထဲ ထည့်ပြီး တိုက်တယ်... ခါးတာပေါ့ အမေတို့က လည်း သိတယ်လေ... ဒီတော့ ရှေ့ဆင့်နောက်ဆင့် ကော်ဖီ ကို တိုက်မှပဲ အဆင်ပြေ သွားတော့တယ်.... အဲဒီနောက်ပိုင်းတော့ ကော်ဖီဆိုတာကို စပြီး ကြိုက်တော့တာပဲ..


6 comments:

Yu Shwe said...

ကော်ဖီကို တော်တော်သောက်ဖြစ်တယ် ။
တော်သေးတယ် ကော်ဖီမို့ လို့ ဒီလိုသောက်ပုံမျိုးနဲ့ ဆိုရင် အရက်သာဆို အသည်းကျွမ်းပြီး သေနေတာကြာပီ ။

သော်ဇင်စိုး said...

သောက်ဗျာ.. သောက်.. သောက်... ဒါပေမဲ့ မကောင်းဘူးတော့ကြားဖူးတယ်..

သုခုမလေဒီ said...

ကော်ဖီကိုစကြိုက်ခြင်း ဇာတ်လမ်းပေါ့း))
အခုဆို ကော်ဖီအမျိုးအစားတွေက အများကြီးနော်။
ပိုးဟပ်ဆိုတော့ အချိုပိုကြိုက်မလားပဲ (စိတ်မဆိုးကြေး)

သုခုမလေဒီ said...

post တွေဖတ်ပြီး မန့်သွားတယ်နော်။ စီဗုံးမပေါ်လို့ပါ။
အဆင်ပြေပျော်ရွှင်ပါစေ ပိုးဟပ်လေး။

Unknown said...

ကော်ကော် ကြိုက်တာတော့ တူသည်... အသေအလဲ ကြိုက်သည်... အရင်က တစ်နေ့ တစ်ခွက်ပဲသောက်တာ... ခုတော့ နှစ်ခွက်လောက် သောက်ဖြစ်တယ်.. ဟိဟိ.. အရမ်းသောက်ရင် မကောင်းဘူးတော့ကြားတယ်... ဟပ်ဟပ်လဲ လျှော့သောက်ပေါ့

ကိုကိုးအိမ်(မန္တလေး) said...

ကျွန်တော်လည်း ကော်ဖီအရမ်းကြိုက်တာဗျ။ ခုတင်ထားတဲ့ပုံကကော်ဖီကလည်း အ၇မ်းလှတယ်နော်။ ကျွန်တော်က ကော်ဖီဆို လှရမယ်၊ မွှေးရမယ်၊ ခါးရမယ် ဒါမှကြိုက်တာ အဟီး ။ နောက်လည်းရှိသေးတယ်။

ခင်မင်လျှက်
ကိုကိုးအိမ်