Saturday, August 28, 2010

အာဒံ နဲ့ ဧဝ

ဟိုကမ္ဘာဦးအစက အောင်လံနဲ့ အင်းဝ ( အဲ မွှားလို့ ) အာဒံ နဲ့ ဧဝလေ သိတယ်ဟုတ်.......
သူတို့ နှစ်ယောက် ကို ဘုရားသခင် ဖန်ဆင်းပေးတယ်တဲ့..... ဟုတ်လားတော့ မသိဘူး... ဟုတ်တယ်လို့ ပြောကြတယ် ဘယ်သူမှတော့ တိတိကျကျ မသိဘူးပေါ့လေ သူတို့ နှစ်ယောက်က အဲ့လို ဖြစ်လာတဲ့ အချိန်က ကလေး ဘဝလား ဒါမှ မဟုတ် "ဗြုန်း" ဆို လူလတ်ပိုင်း အရွယ် ဖြစ်လာကြတာလား ဆိုတာကို လည်း ဘယ်သူမှ မသိကြပါဘူး...သူတို့ နှစ်ယောက် ဘာတွေ ပြောခဲ့တယ်ဆိုတာတော့ ပိုးဟပ်လေး သိတယ်... ကဲကဲ အားလုံးပဲ သိချင်ကြမှာပေါ့.....

သူတို့ ကို ဖန်းဆင်းလိုက်တုန်းကတော့ ယောက်ျားရယ် မိန်းမရယ်လို့လဲ မဟုတ်ဖူးတဲ့... ပြီးတော့ သူတို့ကို မြန်မာပြည်မှာ မွေးလိုက်တာလေ တစ်နေရာထဲမှာ ဖန်ဆင်းပေးလိုက်တာ မဟုတ်ဖူး ... အာဒံ လေးကို ဖန်ဆင်း လိုက်တဲ့ မြို့ကို အာဒံမြို့လို့ အစွဲ ပြုခေါ်နေရာကနေ အောင်လံ မြို့ဆိုတာ ဖြစ်လာတယ်... ဒီလိုပဲ ဧဝ ကို ဖန်ဆင်းလိုက်တဲ့ မြို့လေးကို ဧဝမြို့လို့ အစွဲပြုခေါ်ရာ ကနေ အင်းဝမြို့ ဆိုပြီး ဖြစ်လာတယ်လေ... ပြောရမယ်ဆိုရင် အညာသူ အညာသားတွေပေါ့... အာဒံ ရောက်ရှိရာ အရပ်မှာ ပန်းသီးပေါတယ်လေ॥ ဒါပေမဲ့ အဲ့ ပန်းသီးက စားလို့ မရတဲ့ အသီး ဖြစ်နေတယ် ... သူကလည်း ဗိုက်က တစ်အားဆာနေတာနဲ့ ဘာဖြစ်ဖြစ်စားမယ်ကွာ ဆိုပြီး စားလိုက်တာ သူက မစားတတ်တော့ အလုံးလိုက် မျိုချတာပေါ့...ကံဆိုးချင်တော့ လည်ချောင်းမှာ တစ်ဆို့ သွားခဲ့တယ်၊ ကံကောင်းချင်တော့ ပန်းသီးက သုံးဆိပ် ကွဲသွားခဲ့တယ် တစ်ဆိပ်က လည်ပင်းမှာ တစ်ဆို့ ကျန်နေခဲ့ပြီး ဘယ်လိုမှ ထုတ်လို့ မရတော့ဘူးတဲ့... ကျန်တဲ့ နှစ်ဆိပ်ကတော့ ဘယ်ရောက်သွားလဲဆိုတော့ သူလဲ မသိဘူး.... နောက်တော့ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်လာတယ်လေ...နောက်တော့ ကျန်တဲ့ ပန်းသီး နှစ်ခြမ်းပဲ ဆိုပြီး သတိပြုမိလာတယ်.... ပြီးတော့ ရှက်တတ်တဲ့ အရွယ်ရောက်တော့ သစ်ပင် အရွက်တွေကို အဝတ်အစား သဖွယ် ပြုလုပ်ပြီး ဝတ်ဆင်လိုက်တယ်...
နောက်တော့ ပန်းသီး အစိတ်အပိုင်းလေးတွေ က သေးငယ်တဲ့ အရွယ်ကို ရောက်ရှိသွားပြီး လမ်းလျှောက်ရတာ အဆင်ပြေလာတယ်.... ဒါကတော့ အာဒံရဲ့ ပြောပြချက်ကို ပုံဖော်ကြည့်တာပေါ့နော....

ကဲဧဝ အလှည့်ပေါ့နော်... ခက်တာက ကျွန်တော်က ယောင်္ကျားလေး ဖြစ်နေတော့ ဧဝက ဘာမှ ပြောမပြဘူးဗျ... ထားပါတော့လေ... ပရိတ်သတ်လည်း မသိချင်ပါနဲ့တော့ ကျွန်တော် လည်းဆက်မမေးထားလိုက်တော့ဘူးလေ..

သူတို့ နှစ်ယောက် အဖော်ကင်းမဲ့နေကြလေတော့ ရောက်တတ်ရာရာ လျှောက်သွားနေရင်းက တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာရာ မှာတွေ့ကြတယ်... အဲ့နေရာကိုတော့ ဆုံဆည်းရာလို့ပဲ တွင်သွားတယ်။ သူတို့ နှစ်ယောက်တွေ့တော့ ဘာဖြစ်ကြတယ် ထင်လည်း "ဟင်" တွေ "ဟာ" တွေ ဖြစ်ကုန်တာပေါ့။ "ငါ့လိုပဲဟ" (ဘာသာပြန်ကြည့်သည်
)။ မတ်တတ်ကြီး လမ်းလျှောက်နေတယ်။ သိတော့ သိနေတယ်လေ သူတို့ နှစ်ယောက် ဘာပြောရမှန်း မသိသေးဘူးပေါ့ ဟဲဟဲ ဘာသာ စကားမှ မရှိသေးတာ...။ ဒါနဲ့ သူတို့ ဘာဆက်ဖြစ်ကြလဲဆိုတော့ ...........

မနက် ၅ နာရီခွဲလို့ Alam ထမြည်လာလို့ လန့်နိုးလာခဲ့တယ်...။။

3 comments:

နွေဆူးလင်္ကာ said...

သေချာတယ် .. ကိုရီးယားခေတ်ဆိုတော့ ဧဝက ရည်းစားစကား စပြောရမယ် ....

TYZ said...

အရွှီးတော်တော်ကောင်းတယ်။။ သူတို့ ၂ ယောက်ကလည်းမျက်နှာလိုက်တယ်နော်။ ပိုးဟပ်ဆီကိုမှ.... ဟင်းးးး။

သော်ဇင်စိုး said...

ပိုးဟတ်နော်..
လူချိုး.. အိပ်မက်ကောင်းတွေမက်နေတယ်ပေါ့လေ... မျှော်လင့်ချက်လေးတွေနဲ့ပေါ့..
ဒီမှာ များတို့မှာများ တောင်ပြုန်းပွဲ ပီးကတည်းက ဆိုးလိုက်တဲ့ အိပ်မက်တွေ.. မာမီက ဇာတ်သွင်းတော့ ဟိုဟာမတွေက ငိုတဲ့သူငိုကြတယ်တဲ့.. တချို့မှာများဖြစ်နေလိုက်ကြတာ.. အညေခာက်ဇာတ်သွင်းပေမဲ့ အခြောက်ဇာတ်မ၀င်ပဲ တန်းလန်းကြီးဖြစ်နေသူတွေရှိတယ်တဲ့.. ခိခိ..
ပို့လေးကိုဖတ်ပြီး များလည်း များလည်းတွေးမိတယ်.. ကိုကိုအာဒံနဲ့တွေရင် ဘာလုပ်ရမလဲပါ့.. များကတော့ ဖက်နမ်းမှာပဲ.. ခိခိ.. :P