Sunday, September 12, 2010

လူပျိုကြီးများရဲ့ အားသာချက်..

အဟမ်း..
ပြောရမယ် ဆိုရင်ပေါ့လေ

၁။ ရည်းစား ဖောဖော သီသီထားနိုင်ခြင်း

၂။ ကိုယ်ရှာသမျှ ပိုက်ဆံသည် ကိုယ့်အတွက် သာဖြစ်ခြင်း

၃။ စားဝတ်နေရေး အတွက် အထူးပူပန်မှု မလိုခြင်း

၎။ သူငယ်ချင်းများနှင့် အချိန်မရွေး တွေ့ခွင့်ရခြင်း

၅။ ဘီယာ၊ အရက်တို့ကို စိတ်ကြိုက် သောက်သုံးခွင့် ရနိုင်ခြင်း

၆။ နားပူ သက်သာခြင်း

ရ။ တစ်ယောက်ထဲ အိပ်ခွင့်ရသဖြင့် အပူအအိုက် သက်သာခြင်း

၈။ မိန်းမ၏ ဟောက်သံ ပြင်းပြင်းနှင့် အတူ အိပ်ရခြင်းမှ ကင်းဝေးခြင်း

၉။ စိတ်ကောက် စိတ်ဆိုးမည့်သူ မရှိသဖြင့် စိတ်ရှုပ်သက်သာခြင်း

၁၀။ ( မောင် စောစောပြန်လာနော် ဘယ်မှလျှောက်မသွားနဲ့ )ဟု ပြောဆို ချုပ်ချယ်ခံရခြင်းမှ သက်သာခြင်း

၁၁။ မိန်းမ၏ သဝန်တိုမှုကြောင့် ရန်ဖြစ်ခြင်းမှ ကင်းဝေးခြင်း

၁၂။ မိဘ ကို စိတ်ကြိုက်ချစ်ခွင့် ရခြင်း

၁၃။ စိတ်ထဲရှိသလို နေထိုင် နိုင်ခြင်း

၁၄။ စိတ်တိုင်းကျ လေပုပ်ထုတ်နိုင်ခြင်း

၁၅။ မနက်မျက်နှာ လုသစ်စရာမလိုခြင်း

၁၆။ ရေလုချိုးစရာ မလိုခြင်း

၁၇။ အိမ်သာ ရေချိုးခန်းတို့ကို စိတ်တိုင်းကျ တစ်ယောက်ထဲ အသုံးပြုခွင့်ရခြင်း

၁၈။ သနပ်ခါး သွေးပေးစရာ၊ လိမ်းပေးစရာ မလိုခြင်း

၁၉။ ချီမ သယ်ပိုး စရာမလိုခြင်း

၂၀။ မိမိကို မနှစ်သက်တော့၍ ထားခဲ့မှာ မပူရ ခြင်းတို့ ဖြစ်ပါတယ်...


စဉ်းစားမိတာပေါ့နော... ဖြတ်ညှပ် ကပ်လည်းပါတယ်..........

5 comments:

ဝက်ဝံလေး said...

တော်ဇမ်းးးဘာာာ မင်းပေးတဲ့ ကြက်ဖကြီးက ဥ လဲ မဥဘူး ဟိဟိ
တော်ပါ အဲလိုတွေ ပြောပြောပြီး တကယ်တမ်းကျတော့ ကြိတ်ပြီး လိုချင်နေတာမလား (မိန်းမ) မောင်စောစောပြန်လာနော်ဆိုပြီး ချုပ်ချယ်တယ်သာပြောတာ အဲလိုချုပ်ချယ်မယ့်လူ မရှိလို့မလား ဟွင့် မသိရင် ခက်မယ် ဟက်ဟက်

လာစ သွားတယ်နော် တာ့တာ
အီးတော့ မရှူဘူးဟေ့ လေလာလည်တယ် ဘာလုပ်ချင်လဲ ဒါဗြဲ ဟိဟိ

သော်ဇင်စိုး said...

သွားပြီဆေးမရှိတော့ဘူး.. အဲလိုဖြစ်နေတာကိုက လူပျိုကြီးရောဂါခေါ်တယ်တဲ့ ခိခိ :P

TYZ said...

ပိုးဟပ်လေးမှာ လူပျိုကြီးရောဂါ စွဲကပ်နေပါသည်။ (လုံးဝမထင်ပေါင်):)

Candy said...

မိန်းမ မရ၍ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခြင်း...အဟီး... :P

Anonymous said...

တကယ်တော့ အားသာချက်ဆိုပြီး စိတ်ထဲက အဲဒါ အားနည်းချက်တွေလို့  တွေးနေတာ မသိရင်ခက်မယ်...........ဟာ.......ဟ
(ကြယ်စင်)