Monday, February 15, 2010

နင်နဲ့ငါ

မနက်ဆို ငါထက်အိပ်ယာ စောစောထပြီး
ငါ့ကို ဖုန်းခေါ်ပြီး အိပ်ယာနှိုးပေးတတ်တဲ့ နင်.....

ဘုရားရှိခိုးပြီးတာနဲ့ "ကို အလုပ်သွားပြီင်္လား??"
ဆိုပြီး ဖုန်းပြန်ဆက်ပြီး မေးပေးတတ်တဲ့နင်.....

ငါအလုပ်ထဲ ရောက်သွားလို့ ဖုန်းမဆက်မိရင်
ငါ့ကို စိတ်ကောက်တတ်တဲ့ နင်.......

ငါဘာပြောပြော ဂရုတစိုက်
သေသေချာချာ နားထောင်ပေးတတ်တဲ့ နင်....

ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ နင်.....

နောက်ဆုံးတော့ ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ နင်က
မိဘတွေ စိစဉ်တာကို ငြင်းဆန်လို့ မရဘူးဆိုတဲ့
အကြောင်းပြချက် တစ်ခုနဲ့ တခြားသူ တစ်ယောက်ရဲ့
ရင်ခွင်မှာ နင်ပျော်အောင် နေတတ်ခဲ့ပြီနော်.....


3 comments:

နှင်းဆီဖြူ said...

နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့ အိုးးးးး.... ဟီးဟီး... ပိုးဟပ်ကြီး... ဖြစ်ရပ်မှန်လားဂျ.... ဘာဖြစ်လဲ... လက်စားချေတဲ့ အနေနဲ့ ကိုပိုးဟပ်လဲ.. အိမ်ကပေးစားတဲ့ ကောင်မလေးကိုယူလိုက်... ဟီဟိ...

Ree Noe Mann said...

တကယ်ကြီးလား ညီ
စိတ်မကောင်းလိုက်တာ။
တကယ်ဆိုရင်တော့ ညီညံ့တယ်လို့
ဝေဖန်ချင်တယ်။

မိုးခါး said...

ဖြစ်မှ ဖြစ်ရလေ ..

(အမှန်တိုင်းပြောရရင်တော့မသနားဘူး :D)
အပေါ်က ပို့စ်တွေ အရင် ဖတ်လိုက်ရလို့.. :P