Thursday, February 11, 2010

ကိုယ်နှင့် မဆိုင်သောနေ့

သွား!!!!!!!!!!
လာမပြောကြနဲ့
ချစ်သူမရှိတဲ့ ငါ
လူပျိုကြီး ဇာတာပါတဲ့ ငါ
ပိုးလိုက်တိုင်း သူများ ဟပ်ခြင်းကို ခံရတဲ့ ငါ

ဖေဖော်ဝါရီ ၁၄ တဲ့
သူများတွေ ပျော်နေကြတယ်
ငါ့မှာတော့..........

အဲဒီနေ့ကို ငါ..မုန်းတယ်( ချစ်သူ မရမချင်း )
ငါ့နှလုံးသားကို
သနားသဖြင့်
ကောင်မလေးများးးးး
ကောက်ယူတော်မူကြပါ

လမ်းမှာ စွန့်ကြဲ
ငါ့ အသည်းကို
ကောက်သူမရှိ
ငါ၏ ဖြစ်အင်
ဆင်ခြင် သုံးသပ်
ပြန်တွေးကြည့်က
လူပျိုဇာတာ
ပါသည်ထင်ရော့
ငါသည်အမှန်...
ပိုးလိုက်တိုင်းလွဲ
ပိုးလွဲမခေါ်သာ
ပိုးလွဲမရှိ
ပိုးဟပ်သာရှိ
ထို့ကြောင့် ထို့ကြောင့်
Nick Name နာမည်
ပြောင်းလဲပါသည်...
ပိုးဟပ်လေးဟု ခေါ်စေသော်

4 comments:

နှင်းဆီဖြူ said...

အဲဒီ နှလုံးသားကြီးကို ကောက်ပြီး ဘာဘီကျူးလုပ်စားမယ်.. ဟီးဟီး....

သော်ဇင်စိုး said...

ပိုးဟတ်ရေ... ဆရာတာရာမင်းဝေရေးခဲ့တဲ့ ဟာလေးကိုပြန်သတိရသွားတယ် "မယ်ကပေးတဲ့ မေတ္တာပန်းကို မယ့်ကေသာမှာ မပန်နိုင်သည်... မယ်မှာ ကတုံးရိတ်ထား၍" ဆိုတာမျိုးဖြစ်နေပြီထင်တယ်
နှလုံးသားရဲ့ အစောင့်တပါး အမြန်ရပါစေဗျား....

နှင်းဆီဖြူ said...

သြော်...ကိုပိုးဟပ်ကောင်မလေးက ကတုံးလား.... ?????

Anonymous said...

သနားစရာဘဲ.......ကျွတ်ကျွတ်ကျွတ်

(ကြယ်စင်)