သွား!!!!!!!!!!
လာမပြောကြနဲ့
ချစ်သူမရှိတဲ့ ငါ
လူပျိုကြီး ဇာတာပါတဲ့ ငါ
ပိုးလိုက်တိုင်း သူများ ဟပ်ခြင်းကို ခံရတဲ့ ငါ
ဖေဖော်ဝါရီ ၁၄ တဲ့
သူများတွေ ပျော်နေကြတယ်
ငါ့မှာတော့..........
အဲဒီနေ့ကို ငါ..မုန်းတယ်( ချစ်သူ မရမချင်း )
ငါ့နှလုံးသားကို
သနားသဖြင့်
ကောင်မလေးများးးးး
ကောက်ယူတော်မူကြပါ
လမ်းမှာ စွန့်ကြဲ
ငါ့ အသည်းကို
ကောက်သူမရှိ
ငါ၏ ဖြစ်အင်
ဆင်ခြင် သုံးသပ်
ပြန်တွေးကြည့်က
လူပျိုဇာတာ
ပါသည်ထင်ရော့
ငါသည်အမှန်...
ပိုးလိုက်တိုင်းလွဲ
ပိုးလွဲမခေါ်သာ
ပိုးလွဲမရှိ
ပိုးဟပ်သာရှိ
ထို့ကြောင့် ထို့ကြောင့်
Nick Name နာမည်
ပြောင်းလဲပါသည်...
ပိုးဟပ်လေးဟု ခေါ်စေသော်
4 comments:
အဲဒီ နှလုံးသားကြီးကို ကောက်ပြီး ဘာဘီကျူးလုပ်စားမယ်.. ဟီးဟီး....
ပိုးဟတ်ရေ... ဆရာတာရာမင်းဝေရေးခဲ့တဲ့ ဟာလေးကိုပြန်သတိရသွားတယ် "မယ်ကပေးတဲ့ မေတ္တာပန်းကို မယ့်ကေသာမှာ မပန်နိုင်သည်... မယ်မှာ ကတုံးရိတ်ထား၍" ဆိုတာမျိုးဖြစ်နေပြီထင်တယ်
နှလုံးသားရဲ့ အစောင့်တပါး အမြန်ရပါစေဗျား....
သြော်...ကိုပိုးဟပ်ကောင်မလေးက ကတုံးလား.... ?????
သနားစရာဘဲ.......ကျွတ်ကျွတ်ကျွတ်
(ကြယ်စင်)
Post a Comment