Showing posts with label ကလေးဘဝ. Show all posts
Showing posts with label ကလေးဘဝ. Show all posts

Tuesday, July 06, 2010

ကလေးဘဝ (၂)


ကျွန်တော် ကော်ဖီကို တော်တော် ကြိုက်ပါတယ်... ငယ်ငယ်တုန်းထဲကပေါ့။ အမေ နောက်ဖေးမီးဖို ချောင်ထဲမှာ ကလောက်ကလောက် နဲ့ ဇွန်းကို ပန်းကန်လုံးထဲထည့်မွှေတဲ့ အသံ ကြားတိုင်း ကော်ဖီ ဖျော်တယ်လို့ သတ်မှတ်မိတယ်... ကလေးဆိုတော့ လည်း ကော်ဖီပဲ ထင်တာပေါ့.... တကယ်တော့ အမေ ဇွန်းနဲ့ မွှေပြီး ခေါက်တာဟာ ကြက်ဥတွေလေ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်॥ ငတ်တာလေ॥ ဟီဟိ။ တစ်ခါတစ်လေကြရင် တော့ မှန်တယ်။ ကော်ဖီကြိုက်တာကတော့ တစ်အိမ်လုံးပါပဲ...

ကျွန်တော် ကော်ဖီ စသောက်တတ်တုန်းက ကလေးဘဝပဲ ရှိသေးတယ်... မှတ်မိတယ် ကျွန်တော် မူကြိုတောင် မတက်သေးဘူး ထင်တယ်။ သီတင်းကျွတ်တော့ မီးပန်းလေးတွေ ဆော့တာ လူတိုင်းသိမှာပေါ့။ ကျွန်တော်တို့ အိမ်ရှေ့မှာ ကွပ်ပြစ်လေး တစ်ခုရှိတယ်... ကုတင်လေးပေါ့။ ကျွန်တော့် ညီက ရင်ခွင်ပိုက်ပဲ ရှိအုံးမယ်..... ကျွန်တော့် အစ်ကို နဲ့ အစ်မရယ် ကျွန်တော်ရယ် သုံးယောက် မာကျူရီ မီးပန်းကို ဆော့တာ ကျွန်တော်အစ်ကိုနဲ့ အစ်မက တမံသလင်းပေါ်ကို တံတွေး များများထွေး ပြီးတော့ မာကျူရီကို မီးရှို့တယ် တော်တော်လေး ရဲလာလို့ မီးစွဲ သွားပြီးရင် စောစောက တံတွေးတွေပေါ်တင် ပြီးတော့ ဂျပန် ဖိနပ်နဲ့ ရိုက်ရင် ဖုန်းဆို အသံ အကျယ် ကြီးထွက်တယ်လေ.... အဲဒါကို သူတို့ နှစ်ယောက်က သဘောကျပြီးဆော့တယ်॥ ကျွန်တော်က ငယ်တော့ ကြောက်တယ်လေ... အဖေကလည်း ကျွန်တော့်ကို အောက်မဆင်းခိုင်းဘူး မီးပွား စင်မှာ ဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က အဲဒီ ကွပ်ပြစ်လေးပေါ်မှာပဲ ဖယောင်းတိုင်လေး တင်ပြီး အဲ့ဒီ မှာ တင်မီး ရှို့ပြီး ဒီအတိုင်း ကိုင်ပြီး ဆော့တယ်.... ဖြစ်ချင်တော့ ကိုယ်ကိုင်ထားတဲ့ မာကျူရီက ကိုယ့် ခြေထောက်ပေါ် ပြုတ်ကျသွားတယ်... အား... ပူလိုက်တာ။ ငိုတာပေါ့ ... အဟီး။ အဲ့ဒီလိုလည်း ဖြစ်ရော အမေရယ် အဖေ ရယ် ဖွားဖွားရယ် ပြာသွားတာပေါ့.... ပြီးတော့ အိမ် ထဲကို ချီခေါ်သွားပြီ သွားတိုက်ဆေး နဲ့ အုံပေးတယ်... ပြီးတော့ ဆေးခန်းကိုပြ ပြန်လာတော့ ဆေးတိုက်ချင်တာလေ... ကလေးဆိုတော့ ဆေးက အခဲလိုက်တိုက်လို့ မရတော့ အမှုန့်ချေ တိုက်ရတာကို ခါးမှာ စိုးတော့ ကော်ဖီနဲ့ တိုက်ဖို့ စီစဉ်ရတာပေါ့.... သား ဒါကို အရင်သောက်ကြည့်တဲ့ အဲဒါ ကော်ဖီတဲ့ ကျွန်တော်က ခွက်ထဲ ကြည့်ပြီ မလိုင်ဖတ်တွေ တွေ့ပြီးတော့ မသောက်ချင်ဘူးပေါ့ ငြင်းတာလေ... မသောက်ဖူး မသောက်ဖူးနဲ့ ငြင်းတော့ ချုပ်တိုက်တယ်လေ.... အံမလေး ချိုလိုက်တာ အဟိ.... အရသာ သိသွားတော့ မှ ပဲ သောက်ဖြစ်တော့တယ်... ဒါနဲ့ ဆေးကို အရည်ဖျော်ထားတာကို ဇွန်းထဲ ထည့်ပြီး တိုက်တယ်... ခါးတာပေါ့ အမေတို့က လည်း သိတယ်လေ... ဒီတော့ ရှေ့ဆင့်နောက်ဆင့် ကော်ဖီ ကို တိုက်မှပဲ အဆင်ပြေ သွားတော့တယ်.... အဲဒီနောက်ပိုင်းတော့ ကော်ဖီဆိုတာကို စပြီး ကြိုက်တော့တာပဲ..


Tuesday, June 08, 2010

ကလေးဘဝ ( ၁ )

သောကြာသား စကားများတယ်တဲ့...
ပိုးဟပ်လေး အလှည့်ကျမှ ပြင်လိုက်တော့မယ်..။ ငယ်ငယ်တုန်းကလေ ၃ နှစ်သားလောက်ပဲ ရှိအုံးမယ် ဖေဖေတို့ မေမေတို့နဲ့ ရွှေတိဂုံ ဘုရားသွားကြတာ လပြည့်နေ့ဆိုတော့ လူတော်တော် စည်တာ ဖြစ်ချင်တော့ ပိုးဟပ်လေး ပျောက်သွားတော့ ဖေဖေက လည်း မေမေ့ကို မေး၊ မေမေကလည်း ဖေ့ဖေ့ကို မေးနဲ့ပေါ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပိုးဟပ်လေး ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမရကြဘူးလေ၊ ဒါနဲ့ မိသားစုလိုက် ပိုးဟပ်လေးကို လိုက်ရှာနေရင်းနဲ့ ဂေါပက အဖွဲ့က မိုက်ကြီးနဲ့ အော်ပါလေရော။ ((( ကလေးတစ်ယောက်ကောက်ရထားပါတယ်၊ အိင်္ကျီ ဘောင်းဘီ အပြာနု ဝမ်းဆက်လေးနဲ့ ကလေးနာမည်တော့ မေးလို့မရပါ၊ ကလေးပိုင်ရှင်များ ဂေါပက ရုံးခန်းသို့ လာရောက်ကြပါ )))၊ အဲ့လိုလည်း အော်သံကြားရော ဖေဖေ မေမေတို့ အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတာပေါ့၊ ဂေါပက လူကြီးတွေက ကလေးပိုင်ရှင်ရောက်လာရင် ထင်သာမြင်သာရှိအောင်လို့ ရှေ့ကစားပွဲပေါ်လေးမှာ တင်ထားတယ်လေ၊ မေမေတို့ ရောက်လာလို့ ပိုးဟပ်လေးကိုလည်း တွေ့ရော "သား ကိုထိုက်၊ သားလေး မေမေတို့ ရောက်လာပြီလေ၊ လာလာ" အဲ့လိုခေါ်တယ်တဲ့(ပိုးဟပ်လေးကို အိမ်က ချစ်စနိုး နဲ့ အိမ်က ကိုထိုက်လို့ခေါ်ကြတယ်လေ) ပိုးဟပ်လေးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့ ပြီးတော့ တစ်ချက်လေး မော့ကြည့်ပြီး ခေါင်းလေးငိုက်စိုက်လေးနဲ့ ဆော့နေတယ်တဲ့ မိဘပျောက်သွားလို့ ငိုရကောင်းမှန်းလည်း မသိဘူးတဲ့၊ ဒီတော့ ဂေါပကက လူကြီးတွေက ဟုတ်ရဲ့လားဗျာ ခင်ဗျားတို့ ကလေးမှ ဟုတ်ရဲ့လားဗျာတဲ့၊ မေမေက ဟုတ်ပါတယ်ရှင် ကျွန်မသားလေးမှ ကျွန်မသားလေးပါလို့ ပြောသတဲ့၊ ဂေါပက လူကြီးက ဒါဆိုရင်လည်း ခေါ်သွားပါ ဒါပေမဲ့ အစ်မကြီးတို့ မှတ်ပုံတင် နံပါတ်ကလေးတော့ထားခဲ့ပါ ဆိုလို့ မှတ်ပုံတင် နံပါတ်ပေးပြီး ရွေးခဲ့ရသတဲ့...။ ပိုးဟပ်လေးကတော့ ငယ်သေးတော့ ဘာမှမသိဘူး။ ကြီးမှ မေမေတို့ ပြန်ပြောပြမှ သိတာလေ... :D
နောက်တစ်ခါကျတော့ ပိုးဟပ်လေး မူကြိုတက်နေပြီ၊ ဒီတစ်ခါကျတော့ မူကြိုက အပြန်မှာ ကျွန်တော့် အစ်မက ကျွန်တော့်ကို လာကြိုတယ်လေ စက်ဘီးလေးနဲ့ပေါ့ အဲ့တုန်းက အစ်မကလည်း ငယ်သေးတော့ သူလည်း ကျောင်းက အပြန် ပိုးဟပ်လေးကို မူကြိုက ဝင်ကြိုပြီး အပြန်မှာပေါ့ သူက လမ်းထဲမှာ ချိုင့်တွေပေါတော့ ကွေ့ရှောင် ပတ်နင်းတာပေါ့၊ စက်ဘီးနင်းနေရင်းက ချိုင့်တစ်ခု သူနင်းမိသွားတော့ ပိုးဟပ်လေး စက်ဘီးပေါ်ကနေ ပြုတ်ကျ ကျန်နေခဲ့တယ်လေ၊ အံမယ် ပြုတ်သာကျတာ ဖင်ထိုင်ရက်ကလေး ငိုလည်း မငိုဘူး အော်လည်းမအော်ဘူးတဲ့၊ ကျွန်တော်အစ်မကလည်း ဘာတွေ စိတ်ကူးယဉ်ပြီး နင်းသွားလည်း မသိဘူး တွေ့လိုက်တဲ့လူကြီးတွေက အော်ပြောတာတောင် မကြားဘူး၊ အိမ်ရှေ့ရောက်တော့ အမေတို့ကမေးတာပေါ့ မောင်လေးရောဆိုတော့ နောက်မှာလေ ဆိုပြီး လှည့်ကြည့်တော့ မပါလာလို့ ပြန်လှည့်ပြီး လာခေါ်ရတယ်...။ သူပြန်လာခေါ်တော့ ပိုးဟပ်လေးကို အဲ့နားက အသုတ်ဆိုင်က အဒေါ်ကြီးက ခေါ်ထားတယ်လေ၊ ကျွန်တော့် အစ်မလည်း ပြန်ရောက်လာရော ပြောတာပေါ့ ကလေးတစ်ယောက်လုံး ပြုတ်ကျ ကျန်ခဲ့တာတောင် မသိဘူး ဘာညာနဲ့ ပြောပြီး ပြန်ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ထိ ပိုးဟပ်လေး တော်တော်အေးတာ... :D

အဲ့လိုမျိုး ငယ်ငယ်က တော်တော်လေး အေးခဲ့တာ ၁၀တန်းရောက်တဲ့ အထိပဲ။ ကျောင်းမှာဆိုလည်း အပေါင်းအသင်း သိပ်မထားဘူး။ စာတော်လို့လား ဆိုတော့လည်း မဟုတ်ဘူး၊ မုန့်စားလွှတ်ပြီ ဆိုရင် သူများတွေက သွားဆော့တယ်၊ အတန်းထဲမှာ ပိုးဟပ်လေး တစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။ ဘာလုပ်တယ် မှတ်လည်း စာကျက်ရင် ကျက် မကျက်ရင် အိပ်နေတတ်တာ။
ငယ်ငယ်က မထုံတတေး ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း မှတ်မိသလောက်လေးပါ