Showing posts with label ပေါက်ကရလေးဆယ်. Show all posts
Showing posts with label ပေါက်ကရလေးဆယ်. Show all posts

Monday, March 29, 2010

ရူးသွပ်ခြင်း

တောင်ရောက် မြောက်ရောက်
ရောက်တတ်ရာရာ လျောက်တွေးနေရင်း
"ဝုန်း" ဆို မမျှော်လင့်တဲ့ အချိန်မှာ
မမျှော်လင့် ထားသလိုပဲ
ဘာမှ ဖြစ်မလာလို့
ဘာများဖြစ်လာမလဲ
စောင့်ကြည့်နေရင်း
အချိန်သာ ကုန်ဆုံးလို့
2010 Apri ဆိုတဲ့ လကြီးတောင်
ရောက်လာပြီနော်
သင်္ကြန်တောင် ရောက်တော့ မယ်
သင်္ကြန် သီချင်းသံလေးတွေ ကြားရင်
ဘာကို လွမ်းလို့ လွမ်းနေမိမှန်း မသိတဲ့ ဘဝ
သြော် ......
ချစ်သူများ ရှိရင်လေ
မြန်မာပြည်ကို ကုန်းကြောင်း ခြေလျင်
အသော့နှင်လို့ ပြေးလိုက်ချင်ပါရဲ့
သို့ပေသော်လည်း
လိုတာမရ ရတမလို
လိုတိုင်းတ ရနိုင်တဲ့ လိုတရ အမွှေးတိုင်
ဟိုက် မှားပြီ
လိုတိုင်းတ ရနိုင်တဲ့
နည်းကောင်းလေး များလည်း လိုချင်ပါရဲ့
သို့ပါပေတည့် သို့ပေငြားလည်း
ယနေ့ထိတိုင် တွေ့ပါနိုင်၍
သူငယ်ချင်းကောင်း တို့ရေ
'မ' စတော်မူကြပါကုန်



Wednesday, March 17, 2010

ပိုးဟပ်လေးနှင့် အလုပ်

ပိုးဟပ်လေး ပြန်လာပါပြီ..
ပြန်လာတယ်ဆိုတော့ အထင်ကြီးသွားကြတယ် ဟုတ်တယ်ဟုတ်၊ ဘယ်မှမသွားရသေးပါလားဗျာ ဒီစင်္ကာပူမြေပေါ်မှာပါပဲ ရှိနေတယ်လေ :D..။
အခုတလော ဆိတ်နဲ့ လူ မကပ်ဖူး ဘယ်ကပ်မလဲ ဆိတ်တွေ ခြံထဲမှာ မနေပဲ လျှောက် သွားနေကြ သကိုး စာရေးရမှာလဲ ပျင်းတာနဲ့ အားတဲ့ အချိန်လေးမှာ လစ်ရင်လစ်သလို သူများအိမ်ထဲ အဲလေ အားတဲ့ အချိန်သူများ ဘလော့တွေမှာ လိုက်ပြီး အတင်းပြော အာ ဟုတ်ပါဝူး.. လိုက်လည်ပြီး သူများရေထားတာလေးတွေ လိုက်ဖတ်ရတဲ့ အလုပ်ကို ကြိုးစားပမ်းစားနဲ့ ဖတ်တယ်လေ..:D၊ အလုပ်မရှိ အကိုင်မရှိ လို့တော့မထင်နဲ့နော ဟွင်းဟွင်း အလုပ်က ပေါသမှ လက်တောင်မလည်ဘူး၊ မအားတဲ့ ကြားထဲက ကွန်ပူတာ ရှေ့ရောက်တာနဲ့ ကိုယ့်ဘလော့ကို အရင်ဖွင့် ဘယ်သူများ Comment ပေးထားမလဲ C box မှာ ဘယ်သူလာလည်သွားလဲ အရင်ဖတ်ရတာအမော ပြီးတော့မှ ကျန်တဲ့ အလုပ်ပေါ့ ဟုတ်ဖူးလား၊ မဟုတ်လို့လဲ မရဘူးလေ သိတယ်မဟုတ်လား ပိုးဟပ်လေးပဲ အဲ့လောက်ထိကို အလုပ်များနေတာ
ဟမ် ဒီလိုလဲ မဟုတ်သေးပါဘူး အလုပ်က အလုပ်ပဲ အလုပ်နည်းနည်း များလာရင်တော့ ပိတ်ပြီးတော့ အလုပ်လုပ်ရပြန်ပါတယ်..။ ဒီလိုမလုပ်လို့လဲ မရဘူးလေ သိတော်မူကြတဲ့ အတိုင်းပဲလေ အလုပ်မလုပ်ရင် ဘာဖြစ်သွားမလဲ ဟုတ်တယ်နော်
အလုပ်နည်းနည်း ပါးလို့ကတော့ blogger.com ကို မျက်စောင်းလေးချိတ် လက်ကလေးက နှိပ် ( ကီးဘုတ်ကို )။ သြော်.....လူကြီး လာတော့လည်း Esc ပေါ့ :D
ဂနေ့တော့ အိမ်ကို စောစောလေးပြန်ရောက်တာနဲ့ ပို့စ် အသစ်တင်မလို့ စဉ်းစားတာ ပိုးဟပ်လေး တစ်ယောက် ဘယ်လောက် ဘယ်လောက်တောင် အလုပ်ရှုပ်နေသလဲလို့ ဘလော့လာလည်တဲ့ သူတွေကို နည်းနည်းလေး ပြောပြချင်တာနဲ့ ဒါလေးကို ရေးလိုက်တာလေ...။နည်းနည်းလေး ခီးသံ အဲ့ သီးခံပြီးတော့ ဖတ်ပေးကြတဲ့ ကျွဲရောင်းလာကြတဲ့ ဘာမသိ ညာမသိ လူကြီးမင်း တို့ကို အထူး တောင်မှ ဇွန်းတပ်ပြီး ရှယ်ကျေးဇူးတင်ပါတယ် ခင်ဗျား....။

Friday, January 15, 2010

ရင်တွင်းခံစားချက် မဟုတ်

ဇင်ယော်တောင် မျက်ခုံး

သမင် မျက်လုံး

မြင်းရိုင်းတစ်ကောင်လိုအကြည့်

ငါးရံ့ ကိုယ်လုံး

ငါးခူပြုံး ပြုံး

လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ

စာကလေး သံနဲ့

သာလိကာလို ပြန်ပြောတတ်တဲ့မင်း

ဘာကြောင့်၊ ဘယ်အရာတွေကြောင့်

ငါလို ကိုးတောင်ကျား ခန္ဓာမရှိတဲ့

ပိုးဟပ်ရဲ့ အချစ်ကို ငြင်းရက်တာလဲကွာ။