Showing posts with label စိတ်ကူးတည့်ရာ. Show all posts
Showing posts with label စိတ်ကူးတည့်ရာ. Show all posts

Sunday, May 02, 2010

တိတ်ဆိတ်ည

အသံမဲ့ တိတ်ဆိတ်နေတဲ့ ညပေါင်းများစွာထဲက နေ့လေးတစ်တစ်နေ့ကို မှတ်မိနေပါသေးတယ်၊ အဲ့နေ့က ခါတိုင်းလိုပါပဲ မထူးဆန်းစွာနဲ့ မီးမလာပါဘူး၊ အဲ့အမှောင်ညထဲမှာ တစ်ကိုယ်ရည်ထဲလမ်းလျှောက်ထွက်လာခဲ့ပါတယ်..၊ မထင်မှတ်ပဲ ရွာချလိုက်တဲ့ မိုးကြောင့် တစ်ကိုယ်လုံး စိုစိုရွဲကာ အိမ်ကို သတိကြီးစွာနဲ့ ပြန်လာခဲ့ပါတယ်၊ လမ်းကွေ့ တစ်နေရာအရောက် အုတ်ခုံလေးပေါ်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်၊ ပထမတော့ အမှတ်တမဲ့လိုနေရင် သူမရှေ့မှ ဖြတ်ကျော်တက်ကာ ကိုယ်နေထိုင်ရာ လမ်းလေးကို ဆက်ပြီးလှမ်းလာခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီပူပူလေး တစ်ခွက် ဖျော်သောက်နေရင်း စောနက မြင်ခဲ့ရတဲ့ ကောင်မလေး အကြောင်းအတွေးထဲရောက်လာတယ်၊ ဒီကောင်မလေး အရင်တုန်းက ဒီလမ်းထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ့်နှယ်ကြောင့် မိုးရေထဲမှာ ထွက်ထိုင်နေရတာပါလိမ့်၊ အို... မျက်စိမှားတာပဲနေမှာပါလေ ဒီလို မိုးရွာနေတဲ့ အချိန် ဒီလိုမျိုးဘယ်သူကထိုင်နေမှာလဲ၊ ငါမျက်စိမှားတာပဲ နေမှာပါလေ ဆိုပြီးမေ့ပျောက်ထားခဲ့တယ်..၊

နောက်တစ်နေ့
ဒီနေ့တော့ မိုးမရွာဘူး မီးကတော့ ထုံးစံအတိုင်း ပြတ်နေဆဲပါပဲ..၊ လမ်းထောင့်နားရောက်တော့ မနေ့ညက တွေ့ခဲ့ရတဲ့ ကောင်မလေးကို တွေ့ပြန်ရော..စိတ်ထဲတော့ သိပ်မသင်္ကာဘူး၊ ကောင်မလေးကတော့ မျက်နှာမှာ ပြုံးရောင်မသန်းပဲ တစ်ခုခုကို တွေးနေတဲ့ပုံစံမျိုးပါ ဒီတစ်နေ့လည်း ကောင်မလေးကို အမှတ်တမဲ့ပဲ နေခဲ့ပါတယ်

တတိယမြောက်နေ့
ဒီနေ့လည်း ဒီအုတ်ခုံလေးပေါ်မှာ ထိုင်နေမြဲပါလား။ သူမကို ကြည့်တော့လည်း ဘာမှ မထူးခြား အရင်နေ့တွေက အတိုင်းပင်..၊ သိချင်စိတ်က မရိုးမရွဖြစ်လာတယ်..၊ ဒါနဲ့ ကောင်မလေး အနားကို ကပ်သွားပြီးမေးကြည့်မိတယ်၊ " ဟဲ့ကောင်မလေး နင့်ကို အရင်ကငါမမြင်ဖူးပါဘူး ၊ ပြီးတော့ နင်ဒီမှာ ထိုင်နေတာ ၃ ရက်ရှိသွားပြီ ဒီမှာဘာထိုင်လုပ်နေတာလဲ ????? မေးခွန်းတွေ တရစပ်ကို မေးလိုက်တော့ ကောင်မလေးက ခပ်ဟဟလေး ပြောလာပါတယ်....

"ကျွန်မကို လာခေါ်မဲ့သူမရှိသေးလို့ စောင့်နေတာ၊ ကျွန်မကို သူတို့လာမခေါ်သေးဘူး ၊ သူတို့လာခေါ်တဲ့ အချိန်ထိစောင့်ရမှာ"
ဒါနဲ့ သိချင်စိတ်ကပိုများလာခဲ့ပါတယ်၊ ကောင်မလေးဘေးနားကို အသာလေး ဝင်ထိုင်လိုက်တော့ ကောင်မလေး နည်းနည်းတွန့်သွားပုံရတယ် "မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး၊ ငါဟာ လူကောင်းတစ်ယောက်ပါ" ကောင်မလေး ဘာမှ ပြန်မပြောပါ...၊ ဒါနဲ့ ဆက်ပြီး ပြောပါတယ်....
" မိန်းကလေး တစ်ယောက်ထဲ ညကြီးအချိန်မတော် ဒီလိုတစ်ယောက်ထဲ ထိုင်နေတာတော့ မကောင်းဘူး၊ မင်းမှာ အိမ်မရှိဘူးလား"
"အိမ်"
"ဟုတ်တယ်လေ၊ မင်းမှာ အိမ်မှာ မရှိဘူးလားလို့"
"ဟုတ်တယ် ကျွန်မမှာ အိမ်မရှိဘူး"
"ဘယ်လို... မင်းမှာ အိမ်မရှိဘူး ဟုတ်လား"
"ကျွန်မမှာ နေစရာ အိမ်မရှိဘူး၊ ဒါကြောင့် ဒီနေရာလေးကနေ သူတို့လာခေါ်မဲ့ အချိန်ထိစောင့်နေတာပေါ့"
"သူတို့ဆိုတာ???"
"ကျွန်မကို လာခေါ်မဲ့ သူတွေပေါ့"
"မင်းပြောတာ ငါသိပ်နားမရှင်းဘူး"
"ကျွန်မ ဒါတွေကို ပြန်မပြောချင်ဘူး"
"င်္ဒိတော့ ဒီလိုလုပ် နောက်ထပ် ၄ ရက်နေရင် ဒီအချိန် ရှင်ပြန်လာခဲ့ပါ..လောလောဆယ်တော့ ကျွန်မတစ်ယောက်ပဲ အေးဆေးနေပါရစေ"
"ကောင်းပြီလေ နောက်ထပ် ၄ ရက်နေရင် ငါမင်းဆီကို ငါပြန်လာခဲ့မယ်"
ပြောပြီး သူမ အနားမှ ထထွက်လာခဲ့တယ်....

၎ ရက်... ၅ ရက်.. ၆ ရက် မြောက်တဲ့နေ့တွေ မှာ သူမကို မတွေ့ရတော့ပါဘူး.၊ ဧကန္တ ကျွန်တော်တွေ့မည် စိုးသည်ထင့်... ၇ ရက်မြောက်တဲ့နေ့ကြတော့ သူမကို တွေ့လိုက်ရတယ်..။ ဒါနဲ့ သူမဘေးနားမှာဝင်ထိုင်ရင်း စပြောလိုက်ပါတယ်၊
"ဆိုပါအုံး "
"ကျွန်မ သွားရတော့မယ်၊ ကျွန်မနဲ့ ရှင်တွေ့တာ ဒီနေ့နောက်ဆုံးပဲ မကြာခင် သူတို့ လာခေါ်တော့မှာ"
"ဘယ်လို"
"ဟုတ်တယ် ကျွန်မက သာမန်လူမဟုတ်ဖူး၊ လွန်ခဲ့တဲ့ တစ်ပတ်က ဒီနေရာလေးမှာ ကား Accident တစ်ခုနဲ့ ကျွန်မကွယ်လွန်ခဲ့ရတယ်၊ ဒါကြောင့် လူ့ဘဝမှာ မရှိတော့တဲ့ ကျွန်မဟာ ဘယ်ကိုမှ သွားပိုင်ခွင့်မရှိဘူး၊ သူတို့လာခေါ်တဲ့ အထိ ဒီနေရာလေးကနေပဲ စောင့်နေရတာ"
"ဟင် ဒါဆို မင်းက လူမဟုတ်ဖူးပေါ့"
"ဟုတ်တယ် ကျွန်မက လူမဟုတ်ဖူး"
"လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကရော မင်း ဘယ်ရောက်သွားတာလဲ"
"ကျွန်မ ဘယ်မှမသွားပါဘူး၊ ဒီအုတ်ခုံလေးရဲ့ နောက်က သစ်ပင်လေး နောက်မှာပဲ ကျွန်မရှိနေခဲ့တာပါ"
အဲ့ဒီ အချိန်မှာ မြင်းနှစ်ကောင်ဆွဲတဲ့ ရထားလုံးတစ်စီး ရှေ့ကို ဆိုက်လာတယ်...ပြီးတော့ ခေါင်းမြီးခြုံနဲ့ လူနှစ်ယောက်ဆင်းလာတယ်..ပြီးတော့ သူမကို လာခေါ်တယ်..၊"ကျွန်မ သွားရတော့မယ်" ဆိုပြိး ထိုလူကြီး နှစ်ယောက်ခေါ်ရာကို လိုက်ပါသွားခဲ့ပါတယ်။ ထို ရထားလုံးလည်း ကျွန်တော့်မျက်စိရှေ့က ဖျောက်ခနဲ ပျောက်ကွယ်သွားပါတော့တယ်....။
ဒါဟာ အိမ်မက်လာ...တစ်ကယ်လား ကိုယ့်ကိုကိုယ်တောင် မသေချာတော့လောက်အောင် တွေဝေ ဆွံ့အခဲ့ ရပြီလေ.....



Monday, April 19, 2010

"ဘာပြောတယ်... ငါ့ကို ပြန်ပြောစမ်းပါ..."
"ဟုတ်တယ် မိနှင်း ငါတို့တွေ လမ်းခွဲကြရအောင် " မောင့် အသံက အေးစက်လို့နေပါတယ်၊
"နင် ဘာ့ကြောင့် ဒီလိုပြောရတာလဲ ဟာ..၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ ၊ ငါဘာအမှားတွေ လုပ်မိလို့လဲ "
"..............."
"ဟဲ့ ငါမေးနေတယ်လေ ဘာအကြောင်းပြချက်နဲ့ နင်နဲ့ငါ လမ်းခွဲရမှာလဲ ၊ ဒါလုံးဝ မဖြစ်သင့်ဘူး"
"ငါ.. ငါနင့်ကို သိပ်ချစ်ပါတယ်ဟာ ၊ ဒါပေမဲ့ ငါတို့တွေ ဆုံနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ၊ အခုတော့ ပြောပြနိုင်တဲ့ အခွင့်အလမ်း ငါ့မှာ မရှိဘူး ၊ တစ်နေ့တော့ နင်နားလည် လာမှာပါဟာ၊ ငါ့ကို ခွင့်လွှတ်ပါလို့ ပြောချင်တယ်"
"ဘာ ခွင့်လွှတ်ရမယ် ဟုတ်လား ၊ ငါနင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ၊ Ok ကောင်းပြီလေ နင့်ဘက်ကတောင် ပြတ်သားနေမှတော့ ငါ့ဘက်က ဘာပြောစရာလိုတော့လို့လဲ" ပြောနေရင်းပင် ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ တစ်လိမ့်ခြင်း ကျဆင်းလာပါတော့တယ်။ ကျွန်မငေးကြည့်နေရင်း ကျွန်မစဉ်းစားနေရင်း ကျန်ရစ်နေခဲ့ပါတယ်...။ မောင်ကျွန်မအပေါ် ဒီလောက်ရက်စက်ရတာလဲကွယ်..။ သူကတော့ ကျွန်မနှင့် ဝေးရာသို့ထွက်သွားလေပြီ။
သူနဲ့ အဆက်အသွယ် ပြတ်သွားပြီးနောက်ပိုင်း သူ့မိဘ တွေရှိရာ နယ်မြို့လေးကို ပြန်သွားတယ်ဆိုတဲ့ နောက်ဆုံး သတင်းက လွဲလို့ ဘာမှ မရတော့ပါဘူး....
၃ လလောက်ကြာပြီးနောက်.......
"ဘယ်လို"
"သေချာလို့လား ဇင်မာ နင် ငါ့ကို လာနောက်နေတာမဟုတ်ပါဘူးနော်"
"ဟဲ့.. ငါမသေချာပဲပြောမလားဟ......."
"မနေ့က ဇော်နိုင်ပြောလို့ ငါသိရတာ၊ သူက နင့်ကို သိပ်ချစ်ခဲ့တာဟ..၊ သူ့မှာ သွေးကင်န်ဆာ ရှိနေတာကို သူသိလိုက်ရတဲ့ နောက်ပိုင်း နင့်ကို ရှောင်နေခဲ့တာတဲ့ ၊ ပြီးတော့..."
"ထပ်မပြောပါနဲ့တော့ဟာ... ငါလုံးဝ မကြားချင်တော့ဘူး"
သြော် မောင်ကျွန်မ အပေါ်မှာ သိပ်ချစ်ခဲ့တာပါလား၊ ကံတရားကြီး ကလည်းရက်စက်လွန်းပါတယ်ကျွန်မ မောင့်ကို အထင်လွဲပြီး ပြောခဲ့မိတာပါလာ..။ ဒါတွေကို အခု အချိန်မှ ပြန်တောင်းပန်လို့လည်း မောင်က ကြားနိုင်မှာမဟုတ်တော့ဘူးလေ..။ ကျွန်မကို သိပ်ချစ်ခဲ့တဲ့ မောင်တစ်ယောက် ရောက်လေရာ ဘဝမှာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး နောက်ထပ်မကြုံရပါစေနဲ့လို့ ကျွန်မဆုတောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးလေ......
အပျင်းပြေ ဖန်တီးထားသော ဇတ်လမ်းဖြစ်ပါတယ်..၊ တကယ့်အဖြစ်မဟုတ်ပါ

Sunday, April 11, 2010

အသဲကွဲ ဒိုင်ယာရီ

သုံည ကနေစခဲ့တဲ့ ငါ့ဘဝ
အချစ်ဆိုတဲ့ အရာက အဆင့်ကျော်ပြီး
Propose လုပ်လို့ မရဘူးဆိုတာ ငါသိတယ်
ဒါကြောင့် ခင်မင်မှုဆိုတဲ့ နံပါတ်တစ်နေရာကို
ငါရောက်အောင် လှမ်းခဲ့တယ်
နင် ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်
ပြီးတော့ နံပါတ်နှစ် သူငယ်ချင်းဖြစ်ဖို့
ငါ ဆက်ကြိုးစားခဲ့တယ်
ဒါကိုလည်း နင် ခွင့်ပေးခဲ့တယ်
ပြိးတော့....
နံပါတ်သုံး propose လုပ်တော့ နင်ငြင်းတယ်
လိမ္မာ ပါးနပ်စွာနဲ့ ပေါ့
ပြီးတော့ တစ်ခြားသူတစ်ယောက်ကို
ငါ့ထက် အခွင့် အရေးပေးပြီး နင်လက်ခံလိုက်တယ်
ပြီးတော့ ငါ့ကို နှစ် နေရာကို ပြန်ရောက်အောင်
နင်ကိုယ်တိုင် တွန်းချခဲ့တယ်.....
နင်တွန်းချခဲ့တာ နံပါတ်နှစ် ကိုပါ
ဒါပေမဲ့ ငါကတော့ သုံညနေရာကို
ပိုးစိုးပက်စက် ဒလိမ့် ခေါက်ခွေး ပြုတ်ကျသွားခဲ့တယ်
နင်ကိုယ်တိုင်ငါ့ကို
နံပါတ် နှစ်နေရာ အထိပဲ ရောက်နိုင်တဲ့
လှေကားတစ်ချောင်းကို
နင်ကိုယ်တိုင် ဖန်ဆင်းပေးခဲ့တယ်
ငါ အထိနာ သွားခဲ့ပြီလေ.....
Sorry ပါသူငယ်ချင်း
ငါပြန်တက်လာနိုင်တော့မှာ မဟုတ်တော့ဘူး
ငါလိုချင်တာ နံပါတ် နှစ်မဟုတ်ဘူးလေ
ငါ့ရဲ့ ဒဏ်ရာသက်သာလာခဲ့ ရင်တောင်
ငါ ဘယ်တော့မှ.....
ပြန်တက်မလာတော့ဘူး
ငါ့ရဲ့ သုံညနေရာလေးမှာပဲ ငါပြန်ပြီးတော့
လဲလျောင်းနေပါရစေ.....
နင့်ရဲ့လှေကားကို
နင်ကိုယ်တိုင်ပဲ ပြန်ရုပ်သိမ်းပေးပါ


Please


Friday, April 09, 2010

အိမ်

"မိန်းမရေ...."
"အခုတလော ကိုမက်တဲ့ အိမ်မက်တွေက အရမ်းထူးဆန်းနေတယ်သိလား........
့ခြံဝန်းထဲ မှာမြက်ခင်းလေးတွေနဲ့ အိမ်လေးတစ်လုံးကို ကိုတို့ နှစ်ယောက်ပိုင်တယ်တဲ့"
"ရှင်က ဘာစိတ်ကူးတွေ ယဉ်ပြီး ဒီအိမ်မက်ကို မက်ရတာလဲ"
"ဟုတ်တယ်မိန်းမရေ ကို စိတ်ကူးတွေ ယဉ်နေတာကွ၊ ပြီးတော့ ပိုက်ဆံလေးတွေ ဆုချင်တယ်၊ လကုန်တိုင်းလည်းဆုတောင်းနေမိတယ်၊ ကို တို့ နှစ်ယောက် ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ အတွက် အိမ်ကောင်းကောင်းလေး တစ်လုံး လိုချင်တယ်လို့"
"အခုလည်းစဉ်းစားနေတာ မနက်ဖြန် ဒီအခန်းလေးကို ငါတို့ ငှားပြီးနေခဲ့တာ စာချုပ်ပြည့်တော့မယ်လေ၊ ပြီးတော့ လက်ထဲမှာလဲ ပိုက်ဆံက လုံလုံလောက်မရှိဘူးဟ...ဒါတွေကို စဉ်းစားမိပြီးရင်လေးနေတာ..နောက်ထပ် ထပ်ငှားဖို့ အတွက်လည်း စဉ်းစားနေတာ"
"အမလေးတော် စိတ်ညစ်နေလည်း ဘာထူးလာမှာလဲ ၊ ကျွန်မတို့တွေ ဒီလိုပဲ နေရင်းနဲ့ အသက်တွေသာကြီးလာတယ် ဘာများထူးလာလို့လည်း....."
"မဟုတ်ဖူးလေ မိန်းမရာ ငါတို့တွေ အကောင်းဆုံးနဲ့ နားနားနေနေ နေနိုင်ဖို့ နေရာကောင်းကောင်းလေးလိုချင်နေလို့၊ ငါကတော့ မျှော်လင့်နေမိတယ် တနေ့နေ့ တော့ ကိုတို့ နှစ်ယောက်အတွက် အိမ်ကောင်းကောင်းလေးရလာမယ်ထင်တယ်"
"အမလေး ဝေးသေးတယ် ရှင့်လိုပုံစံနဲ့"
"မိန်းမရယ်...ဘယ်တော့ မှမဖြစ်လာတော့ဘူးလို့ မတွေးလိုက်ပါနဲု့ဖြစ်လာမှာပေါ့"
"ရှင်ကလည်း ဒီလောက်တောင် လိုက်လေဝေးလေ ဖြစ်နေတဲ့ဟာကို ဝိုးတိုးဝါးတား အိမ်မက်တွေကို မမက်ချင်စမ်းပါနဲ့ အိပ်တော့နော် ၊ မနက်ဖြန်ကျရင်လည်း ရှင် အလုပ်သွားရအုံးမယ်မဟုတ်လား"
"အေးပါ မိန်းမရယ် မင်းလည်း မနက်ဖြန် အိမ်ရှင်နဲ့ သွားတွေ့ ဖို့လုပ်နော်"
"ဟုတ်ပါပြိ ကိုရယ် အိပ်တော့နော်"


Friday, January 22, 2010

ဖယ်ရီကားလေးကျွန်တော်





မနက်မနက် အိပ်ယာထရမှာလည်း ပျင်းလိုက်တာ။ ဒီ ဒရိုင်ဘာဆိုတဲ့ ကောင်ကလည်း အလိုက်ကန်းဆိုးကို မသိဘူး။ အင်း..... အခုလည်းထရအုံးမယ်။ ကျွန်တော့်အလုပ်က မနက်မနက်ဆိုရင် ရုံးဝန်ထမ်းတွေကို ကျွန်တော့်ကျောပေါ်တင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှိရာနေရာကို ဟိုငတိရဲ့ ကြိုးဆွဲရာကို မငြီးမငြူတမ်း
လိုက်ပို့ပေးရတာပါ။ ကျွန်တော့်မှာဗျာ...လူ့လောက ( အဲ ) ကားဆိုတဲ့ ဘဝကိုရောက်ပြီး နှစ်ပတ်လောက်ပဲ အေးအေးဆေးဆေး နေရတယ်။ နောက်ပိုင်းကျတော့ ဒီကောင့်လက်ထဲ ရောက်တာပါပဲဗျာ....။
အခုတော့ သူစေညွှန်ရာကို သွားနေရတဲ့ ဘဝ ရောက်နေရပြီလေ။ အခုဆိုရင် ကျွန်တော် ဟောဒီလောကကြီးထဲ ရောက်နေတာ ၆ လကျော်သွားပြီလေ....။ ညဆိုလည်း မိုးချုပ်မှ ကျွန်တော် အိပ်ရတယ် ။မနက်ဆိုလည်း အစောကြီးထရတယ်။ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးဗျ။ ကြာလာတော့ ပင်ပန်းလာတာပေါ့...........

တစ်နေ့ကျွန်တော်အကြံတစ်ခုရလာတယ်။ အဟိ.. မဟုတ်က ဟုတ်က အကြံလေ။

ဒီလိုဗျ တစ်ရက် ခါတိုင်းလိုပဲ သူလာနှိုးတယ်လေ....။ မထချင် ထချင်နဲ့ လိုက်သွားတယ်......
နောက် မီးပွိုင့် တစ်နေရာလည်းရောက်ရော သူက ကားကိုရပ်လိုက်တယ်....။ ဒီလောက်တာ ဖြစ်လှတာ....
ကိုင်းဟာ....ဆိုပြီးပြန်အိပ်လိုက်တယ်....(ပိုင်တယ်နော်) အဲဒီအချိန်မှာ သကောင့်သား ခေါင်းနပန်းကြီးသွားတယ် ... ပြီးတော့ ခေါင်းကုတ်ပြီးတော့ (ဟာကွာ...ညက ဆီမထည့်မိဘူးဒဲ့ )..ကောင်းဒယ်၊ ဒါမှ ငါလည်းနားရမှာ၊ ကျွန်တော်လမ်းလယ်ရောက်နေလို့တဲ့ ကျွန်တော့ပေါ်ကလူတွေကို ဆင်းတွန်းခိုင်းတယ်။

ဇိမ်ရှိလိုက်တာ.....။ ပြီးတော့ ဆရာသမား ဆီသွားဝယ်တယ်လေ.... ခဏနေတော့ ပြန်လာတယ်...။

ဟော သူပြန်လာပါဘီ။ ဆီဖြည့်ပြီးတော့ သူကကျွန်တော့်ကို ပြန်နှိုးတယ်.... မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလိုက်တယ်......။ မှတ်လောက်အောင် ပညာပေးဦးမှ......
ခဏနေတော့ အသံသဲ့သဲ့ ကြားလိုက်ရတယ်.....။ ကားကလည်းကွာ ဒီနေ့ကျမှ ဘာဖြစ်မှန်းမသိဘူး...။။
အလုပ်နောက်ကျတော့မှာပဲလို့ ကြားလိုက်ရတဲ့ ခဏ ကျွန်တော်အသိပြန်ဝင်လာတယ်...

အင်း ငါပျင်းနေလို့ မဖြစ်တော့ဘူး...ငါကြောင့်သူတို့ အလုပ်နောက်ကျတော့မှာပဲ...မဖြစ်ဘူး၊ မဖြစ်ဘူး
ငါထတော့မှ ဖြစ်မယ်ဆိုပြီး ကိုယ်တော်ချော ဒီတစ်ခေါက်လည်း နှိုးရော ကျွန်တော်အသာတကြည်ပဲ နိုးလိုက်တယ်..........

ဟေးးးး

ဟေး ခနဲအသံနဲ့ အတူ ကျွန်တော့် အပေါ်သူတို့ပြန်ပြီးနေရာယူကြကုန်ပြီ....
ငါလည်း သူတို့အလုပ်နောက်မကြအောင် အမြန်သွားမှ ဖြစ်မယ်...ဆုံးဖြတ်ချက် နဲ့အတူ ကျွန်တော်ပို့ ဆောင်ပေးလိုက်ပါတယ်...။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာပါတယ်။

ကျွန်တော်နောက်ဆိုရင် အပျင်းမကြီးတော့ဘူးလို့ .........
ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။