Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, August 01, 2010

နဂါး ပုံပြင်




ကြွက်ကို နဂါးချီ
သူလည်းမစား
သယ်ချီကာသွား
ကျားရှေ့အရောက်
သယ်ဆောင်ကာသွား
ပြီးသော် ပစ်ချ ကြွက်ဘဝ
ခုတော့ ကျားစာ ဖြစ်လေပြီ
နဂါးနဲ့ ဆင်
လယ်ပြင်မှာတွေ့
ဆင်ကို ချီသော်
ခွန်အားမမျှ နဂါးဘဝ
ဆင်၏ခြေရင်း ပြားပြားဝပ်၍
မှောက်ရလေပြီ
သြော်.... သနားစရာ
နဂါးသတ္တဝါ ပါတကား



Sunday, April 11, 2010

အသဲကွဲ ဒိုင်ယာရီ

သုံည ကနေစခဲ့တဲ့ ငါ့ဘဝ
အချစ်ဆိုတဲ့ အရာက အဆင့်ကျော်ပြီး
Propose လုပ်လို့ မရဘူးဆိုတာ ငါသိတယ်
ဒါကြောင့် ခင်မင်မှုဆိုတဲ့ နံပါတ်တစ်နေရာကို
ငါရောက်အောင် လှမ်းခဲ့တယ်
နင် ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်
ပြီးတော့ နံပါတ်နှစ် သူငယ်ချင်းဖြစ်ဖို့
ငါ ဆက်ကြိုးစားခဲ့တယ်
ဒါကိုလည်း နင် ခွင့်ပေးခဲ့တယ်
ပြိးတော့....
နံပါတ်သုံး propose လုပ်တော့ နင်ငြင်းတယ်
လိမ္မာ ပါးနပ်စွာနဲ့ ပေါ့
ပြီးတော့ တစ်ခြားသူတစ်ယောက်ကို
ငါ့ထက် အခွင့် အရေးပေးပြီး နင်လက်ခံလိုက်တယ်
ပြီးတော့ ငါ့ကို နှစ် နေရာကို ပြန်ရောက်အောင်
နင်ကိုယ်တိုင် တွန်းချခဲ့တယ်.....
နင်တွန်းချခဲ့တာ နံပါတ်နှစ် ကိုပါ
ဒါပေမဲ့ ငါကတော့ သုံညနေရာကို
ပိုးစိုးပက်စက် ဒလိမ့် ခေါက်ခွေး ပြုတ်ကျသွားခဲ့တယ်
နင်ကိုယ်တိုင်ငါ့ကို
နံပါတ် နှစ်နေရာ အထိပဲ ရောက်နိုင်တဲ့
လှေကားတစ်ချောင်းကို
နင်ကိုယ်တိုင် ဖန်ဆင်းပေးခဲ့တယ်
ငါ အထိနာ သွားခဲ့ပြီလေ.....
Sorry ပါသူငယ်ချင်း
ငါပြန်တက်လာနိုင်တော့မှာ မဟုတ်တော့ဘူး
ငါလိုချင်တာ နံပါတ် နှစ်မဟုတ်ဘူးလေ
ငါ့ရဲ့ ဒဏ်ရာသက်သာလာခဲ့ ရင်တောင်
ငါ ဘယ်တော့မှ.....
ပြန်တက်မလာတော့ဘူး
ငါ့ရဲ့ သုံညနေရာလေးမှာပဲ ငါပြန်ပြီးတော့
လဲလျောင်းနေပါရစေ.....
နင့်ရဲ့လှေကားကို
နင်ကိုယ်တိုင်ပဲ ပြန်ရုပ်သိမ်းပေးပါ


Please


Monday, March 29, 2010

ရူးသွပ်ခြင်း

တောင်ရောက် မြောက်ရောက်
ရောက်တတ်ရာရာ လျောက်တွေးနေရင်း
"ဝုန်း" ဆို မမျှော်လင့်တဲ့ အချိန်မှာ
မမျှော်လင့် ထားသလိုပဲ
ဘာမှ ဖြစ်မလာလို့
ဘာများဖြစ်လာမလဲ
စောင့်ကြည့်နေရင်း
အချိန်သာ ကုန်ဆုံးလို့
2010 Apri ဆိုတဲ့ လကြီးတောင်
ရောက်လာပြီနော်
သင်္ကြန်တောင် ရောက်တော့ မယ်
သင်္ကြန် သီချင်းသံလေးတွေ ကြားရင်
ဘာကို လွမ်းလို့ လွမ်းနေမိမှန်း မသိတဲ့ ဘဝ
သြော် ......
ချစ်သူများ ရှိရင်လေ
မြန်မာပြည်ကို ကုန်းကြောင်း ခြေလျင်
အသော့နှင်လို့ ပြေးလိုက်ချင်ပါရဲ့
သို့ပေသော်လည်း
လိုတာမရ ရတမလို
လိုတိုင်းတ ရနိုင်တဲ့ လိုတရ အမွှေးတိုင်
ဟိုက် မှားပြီ
လိုတိုင်းတ ရနိုင်တဲ့
နည်းကောင်းလေး များလည်း လိုချင်ပါရဲ့
သို့ပါပေတည့် သို့ပေငြားလည်း
ယနေ့ထိတိုင် တွေ့ပါနိုင်၍
သူငယ်ချင်းကောင်း တို့ရေ
'မ' စတော်မူကြပါကုန်