Showing posts with label mail ထဲကရတာလေးပါ. Show all posts
Showing posts with label mail ထဲကရတာလေးပါ. Show all posts
Thursday, January 14, 2010
စာအိတ်များ နှင့် တံဆိပ်ခေါင်းများ....
ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီးတံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။၎င်းနေ့ ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ု ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက်ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး"တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ်" ဆိုပြီးတော့အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က X-ray ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီးတစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။Minor Surgery( ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှုဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်....ဆေးပညာတွင် Major Surgery နှင့် Minor Surgery ဆို ကာ နှစ်မျိုးနှစ်စားရှိသည်.......အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို Minor Surgery ဟုခေါ်ပါသည်.)Minor Surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီးအဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်....ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့....ပိုးဟပ် အရှင် တစ်ကောင် တွားလျက်ထွက်လာလေ၏။..ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး ၏ အနွေးဓါတ်နှင့် စိုစွတ်ထိုင်းမှိုင်းမှု တို့ ကြောင့်သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။ဒီ အကြောင်းအရာ သည် CNN သတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသောအစစ်အမှန်သတင်းဖြစ်ပါသည်။" ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်....စာအိတ်မှာသုတ်ဖို့  ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ဟာတွေကို သာရှင်တို့ မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစ လို့ ကိုယ့်မျက်စိကို တောင်မယုံနိုင်ဘဲ ဖြစ်သွားပါလိမ့် မယ်.....ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ့ မလျက်တာ နှစ်ပေါင်း များစွာကြာပါပြီကော..." ဟု အဲန်ဒီဟျူမ်း ကရေးသားဖော်ပြဖူးလေ၏။လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန့် က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မအလုပ်လုပ်ဖူးတယ်...ကျွန်မတို့ ကို စာစီစာရိုက်တိုက်ပိုင်ရှင် က "ဘယ်တော့မှ စာအိတ်တွေ ကိုလျှာနဲ့ မလျက်ဖို့  " သတိ ပေးပြော ပေမယ့်အစတုန်းကတော့ ဘာကိုဆို လို မှန်းနားမလည် ခဲ့ပါဘူး......တစ်နေ့ တော့စာအိတ် အလုံး ၂၅၀၀ ယူဖို့ ဂိုဒေါင် ထဲကိုကျွန်မသွားရပါတယ်.......အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ company ၏နာမည်ကို ဖော်ပြခြင်း၊ ပို့ သူ ...လက်ခံသူတို့ ၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကိုဆိုလိုပါသည်...) စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာပိုးဟပ်တွေအုပ်စုလိုက်ဟိုပြေးဒီပြေး ပြေးနေတာအများကြီးပဲ.........ဥတွေကလည်း နေရာတိုင်းပြန့် ကျဲနေတာ....ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ...ဒီစာကို ဖြန့် ဝေပေးပါ...ဒီစာဖတ်ပြီးရင် သင်လည်းပဲ စာအိတ်ဖြစ်စေ၊ တံဆိပ်ခေါင်းဖြစ်စေ ဘယ်တော့မှလျှာနဲ့ လျက်တော့မှာမဟုတ်ဘူးးးး...............
Subscribe to:
Posts (Atom)