လမ်းလျှောက်ရင် စိမ်ပြေနပြေ လျှောက်ရတာ ဘယ်လို ဝါသနာ ပါမှန်း မသိဘူး၊ ပြီးတော့ လမ်းလျှောက်ရတာလဲ ဝါသနာပါတယ်။ ၅ တန်းကျောင်းသား ဘဝက မှတ်မိနေသေးတယ်...ကျောင်းကနေပြီးတော့ အိမ်ကို ကားမစီးဘူး ကျောင်းက တောင်ဥက္ကလာမှာ နေတာက မြောက်ဒဂုံ ကားမှတ်တိုင် ၈ မှတ်တိုင်စာ လောက်ရှိမယ်.. လိုင်းကားမစီးဘူး လမ်းလျှောက်ပြန်တာ တစ်ခါ . အိမ်ကို ရောက်ချင်တဲ့ အချိန်ရောက်ဆိုပြီးလျှောက်တာ.. တစ်ခါပါပဲ သူငယ်ချင်းနဲ့ အဖော်ညှိပြီး ပြန်တာ.. သူက ၄ မှတ်တိုင်လောက် လျှောက်ရင် ရောက်ပြီ.. ကျွန်တော်ကတော့ ဆက်လျှောက်လာခဲ့တာပဲ.. ၆ တန်းနှစ်ရောက်တော့ ကျွန်တော်တို့ မြောက်ဒဂုံ ကျောင်းလေးကို ပြောင်းသွားတော့ နေ့တိုင်းလမ်းလျှောက်ပြီး ကျောင်းသွားတယ်၊ ကျောင်းကပြန်တယ် ၊ ကားမှတ်တိုင် ၃ မှတ်တိုင် စာပဲရှိတာကိုး နာရီ ဝက်လောက်လျှောက်ရင် ရပြီလေ..။ အိမ်က စက်ဘီး ဝယ်ပေးတယ်..မစီးဘူး ခြေလျှင်ပဲ။ ကားစီးရတာထက်စာရင် လမ်းလျှောက်ရတာ ပိုကောင်းတယ်လို့ မြင်မိတယ်..။ မြန်မာပြည်က လိုင်းကား တွေက သိတဲ့ အတိုင်း ငါးပိသိပ် ငါးချဉ်သိပ် ကျပ်နေတာဆိုတော့ မစီးဖြစ်ဘူး.
စင်္ကာပူရောက်တော့ ကျွတ်ရောပဲ ကိုယ်မှ အမြန် မလျှောက်ရင် အလုပ်ထဲကိုရောက်ဖို့ တန်းစီရတာလည်း မလွယ်လှဘူး ။ အလုပ်သမားတွေ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ကျွန်တော်တို့ အလုပ် ဆိုဒ်ထဲကို ဝင်ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ တန်းစီရတာ ၅ မိနစ်လောက်ဟ သွားပြီ တစ်ခါတစ်လေ ကျရင် ၁၅ မိနစ် လောက် တန်းစီရတဲ့ အထဲမှာတင် အချိန်ကုန်သွားတတ်တာ ဆိုတော့ မလျှောက်လို့ က မရဘူးလေ ( အခုတော့ အလုပ်လည်း ပါးသွားပြီဆိုတော့ ပြန်ကုန်တဲ့ အလုပ်သမားတွေ မနည်းဘူးဆိုတော့ တော်တော်လေး ချောင်သွားပြီ ) အရင်လို တန်းမစီရတော့ဘူး ရောက်တာနဲ့ ဆိုဒ်ထဲ တန်းဝင်လို့ရပြီ ဆိုတော့ အရင် စနစ်ကို ပဲ ပြန်လည် ကျင့်သုံးပါတယ်... အခု ချိန်ထိပဲပေါ့လေ....