Thursday, February 11, 2010

ကိုယ်နှင့် မဆိုင်သောနေ့

သွား!!!!!!!!!!
လာမပြောကြနဲ့
ချစ်သူမရှိတဲ့ ငါ
လူပျိုကြီး ဇာတာပါတဲ့ ငါ
ပိုးလိုက်တိုင်း သူများ ဟပ်ခြင်းကို ခံရတဲ့ ငါ

ဖေဖော်ဝါရီ ၁၄ တဲ့
သူများတွေ ပျော်နေကြတယ်
ငါ့မှာတော့..........

အဲဒီနေ့ကို ငါ..မုန်းတယ်( ချစ်သူ မရမချင်း )
ငါ့နှလုံးသားကို
သနားသဖြင့်
ကောင်မလေးများးးးး
ကောက်ယူတော်မူကြပါ

လမ်းမှာ စွန့်ကြဲ
ငါ့ အသည်းကို
ကောက်သူမရှိ
ငါ၏ ဖြစ်အင်
ဆင်ခြင် သုံးသပ်
ပြန်တွေးကြည့်က
လူပျိုဇာတာ
ပါသည်ထင်ရော့
ငါသည်အမှန်...
ပိုးလိုက်တိုင်းလွဲ
ပိုးလွဲမခေါ်သာ
ပိုးလွဲမရှိ
ပိုးဟပ်သာရှိ
ထို့ကြောင့် ထို့ကြောင့်
Nick Name နာမည်
ပြောင်းလဲပါသည်...
ပိုးဟပ်လေးဟု ခေါ်စေသော်

Monday, February 08, 2010

အားးးးးးးးးးးးးးးး
လို့တောင် မိမိ၏ ဘလော့ခ် မှာ လာတောင်မအော်နိုင်ဘူး
အလုပ်တွေပိလို့ လူလည်းပြားနေဘီ
defult ကနေ မတတ်နိုင်သေးဘူး

Saturday, January 30, 2010

ပိုးဟပ်လေး စိတ်ညစ်နေတယ် ဗြဲ .......ပျော်အောင်လုပ်ပေးနိုင်တာ ဟောဒီကွန်ပူတာလေးဘဲရှိတယ်၊ သူနဲ့သာဆိုရင် ( သီချင်းမဟုတ် ) တော်တော်လေး စိတ်ညစ်ပြေပါတယ်။ ပျင်းနေရင်တောင် အုတ်လမ်းပေါ်မှာ လိုချင်တာလေးတွေ တက်ရှာပါတယ်၊ သီချင်းရှာတယ် နားထောင်တယ် သိပ်မပျင်းရင် ကိုကိုမမ တွေဆီလိုက်လည်တယ် ။ စိတ်ညစ်နေရတဲ့ အကြောင်းအရင်း ကတော့ ( ဆီထည့်ရန်မဟုတ် ) အလုပ်တွေပိနေလို့။ ပိုးဟပ်လေး ချစ်တဲ့ ဒီ ကွန်ပူတာလေးနဲ့ ခဏလေးဘဲတွေ့ရတယ် ဒါကြောင့် စာကို ဟောဒီလိုတောင် စာကို ကောင်းကောင်းမရေးနိုင်ဘူးလေ.... ဒါကြောင့် ဝီလို ဝီလို ခဏလေးရေးပြီး ပြန်ထွက်သွားပါကြောင်း.........

Wednesday, January 27, 2010

ကျောင်းတုန်းက အဖြစ်အပျက်လေး

ပထမ နှစ်စတက်ခါစကပေါ့ ကျောင်းသားရေးရာကို မသွားတတ်လို့ တွေ့သမျှကျောင်းသားတွေကို မေးကြည့်တာပေါ့ ဘယ်သူမှလည်း တိတိကျကျမသိကြတာလား ၊ မညွန်တတ်တာလား ၊ တမင်သက်သက်ကြပ်တာလား ဘာလားတော့မသိတော့ပါဘူး ။ သူတို့ညွန်တဲ့ နေရာကို ဘယ်လိုမှရှာမတွေ့ဘူး နောက်ဆုံးတစ်ယောက်နဲ့ တွေ့တော့မှပဲ ကျွန်တော် ပြူသွားရတော့တယ် (မျက်လုံး)

သူကဘာပြောလဲဆိုတော့.....
ငါလည်းမသိဘူးတဲ့ တွေ့ရာမှန်ပြူတင်းပေါက်ကို ခဲနဲ့ ထုလိုက်တဲ့ မင်းသွားချင်တဲ့နေရာကိုရောက်သွားလိမ့်မယ်တဲ့.......ကိုင်း

Sunday, January 24, 2010

Holiday တစ်ရက်

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အလုပ်က စောစောလေးပြန်ဖြစ်တယ်
သူငယ်ချင်းတစ်ယောက်က ရေသွားကူးမလို့ လိုက်မလားတဲ့
ရေမကူးဖြစ်တာလဲ ကြာပြီဆိုတော့ လိုက်သွားပါတယ်
ရေကူးကန်က တော်တော်လေးမိုက်တယ်
Chinese Garden MRT နားလေးမှာပါ
နည်းနည်းတော့ ဓာတ်ပုံလေးရိုက်လာခဲ့တယ်






အောက်ဆုံးပုံက ကန်မှာရေလှိုင်းအတု ၃၀ မိနစ်တစ်ခါလောက်လွှတ်ပေးပါသတဲ့
တစ်ခါလွှတ်ရင် ၁၅ မိနစ်ကြာပါတယ်
စင်္ကာပူက ညီအစ်ကိုမောင်နှမတွေ ရေးကူးမယ်ဆိုရင်၊ မရောက်ဖူးသေးဘူးဆိုရင်
သွားစေချင်ပါတယ်

Friday, January 22, 2010

ဖယ်ရီကားလေးကျွန်တော်





မနက်မနက် အိပ်ယာထရမှာလည်း ပျင်းလိုက်တာ။ ဒီ ဒရိုင်ဘာဆိုတဲ့ ကောင်ကလည်း အလိုက်ကန်းဆိုးကို မသိဘူး။ အင်း..... အခုလည်းထရအုံးမယ်။ ကျွန်တော့်အလုပ်က မနက်မနက်ဆိုရင် ရုံးဝန်ထမ်းတွေကို ကျွန်တော့်ကျောပေါ်တင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှိရာနေရာကို ဟိုငတိရဲ့ ကြိုးဆွဲရာကို မငြီးမငြူတမ်း
လိုက်ပို့ပေးရတာပါ။ ကျွန်တော့်မှာဗျာ...လူ့လောက ( အဲ ) ကားဆိုတဲ့ ဘဝကိုရောက်ပြီး နှစ်ပတ်လောက်ပဲ အေးအေးဆေးဆေး နေရတယ်။ နောက်ပိုင်းကျတော့ ဒီကောင့်လက်ထဲ ရောက်တာပါပဲဗျာ....။
အခုတော့ သူစေညွှန်ရာကို သွားနေရတဲ့ ဘဝ ရောက်နေရပြီလေ။ အခုဆိုရင် ကျွန်တော် ဟောဒီလောကကြီးထဲ ရောက်နေတာ ၆ လကျော်သွားပြီလေ....။ ညဆိုလည်း မိုးချုပ်မှ ကျွန်တော် အိပ်ရတယ် ။မနက်ဆိုလည်း အစောကြီးထရတယ်။ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးဗျ။ ကြာလာတော့ ပင်ပန်းလာတာပေါ့...........

တစ်နေ့ကျွန်တော်အကြံတစ်ခုရလာတယ်။ အဟိ.. မဟုတ်က ဟုတ်က အကြံလေ။

ဒီလိုဗျ တစ်ရက် ခါတိုင်းလိုပဲ သူလာနှိုးတယ်လေ....။ မထချင် ထချင်နဲ့ လိုက်သွားတယ်......
နောက် မီးပွိုင့် တစ်နေရာလည်းရောက်ရော သူက ကားကိုရပ်လိုက်တယ်....။ ဒီလောက်တာ ဖြစ်လှတာ....
ကိုင်းဟာ....ဆိုပြီးပြန်အိပ်လိုက်တယ်....(ပိုင်တယ်နော်) အဲဒီအချိန်မှာ သကောင့်သား ခေါင်းနပန်းကြီးသွားတယ် ... ပြီးတော့ ခေါင်းကုတ်ပြီးတော့ (ဟာကွာ...ညက ဆီမထည့်မိဘူးဒဲ့ )..ကောင်းဒယ်၊ ဒါမှ ငါလည်းနားရမှာ၊ ကျွန်တော်လမ်းလယ်ရောက်နေလို့တဲ့ ကျွန်တော့ပေါ်ကလူတွေကို ဆင်းတွန်းခိုင်းတယ်။

ဇိမ်ရှိလိုက်တာ.....။ ပြီးတော့ ဆရာသမား ဆီသွားဝယ်တယ်လေ.... ခဏနေတော့ ပြန်လာတယ်...။

ဟော သူပြန်လာပါဘီ။ ဆီဖြည့်ပြီးတော့ သူကကျွန်တော့်ကို ပြန်နှိုးတယ်.... မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလိုက်တယ်......။ မှတ်လောက်အောင် ပညာပေးဦးမှ......
ခဏနေတော့ အသံသဲ့သဲ့ ကြားလိုက်ရတယ်.....။ ကားကလည်းကွာ ဒီနေ့ကျမှ ဘာဖြစ်မှန်းမသိဘူး...။။
အလုပ်နောက်ကျတော့မှာပဲလို့ ကြားလိုက်ရတဲ့ ခဏ ကျွန်တော်အသိပြန်ဝင်လာတယ်...

အင်း ငါပျင်းနေလို့ မဖြစ်တော့ဘူး...ငါကြောင့်သူတို့ အလုပ်နောက်ကျတော့မှာပဲ...မဖြစ်ဘူး၊ မဖြစ်ဘူး
ငါထတော့မှ ဖြစ်မယ်ဆိုပြီး ကိုယ်တော်ချော ဒီတစ်ခေါက်လည်း နှိုးရော ကျွန်တော်အသာတကြည်ပဲ နိုးလိုက်တယ်..........

ဟေးးးး

ဟေး ခနဲအသံနဲ့ အတူ ကျွန်တော့် အပေါ်သူတို့ပြန်ပြီးနေရာယူကြကုန်ပြီ....
ငါလည်း သူတို့အလုပ်နောက်မကြအောင် အမြန်သွားမှ ဖြစ်မယ်...ဆုံးဖြတ်ချက် နဲ့အတူ ကျွန်တော်ပို့ ဆောင်ပေးလိုက်ပါတယ်...။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာပါတယ်။

ကျွန်တော်နောက်ဆိုရင် အပျင်းမကြီးတော့ဘူးလို့ .........
ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။


Friday, January 15, 2010

ရင်တွင်းခံစားချက် မဟုတ်

ဇင်ယော်တောင် မျက်ခုံး

သမင် မျက်လုံး

မြင်းရိုင်းတစ်ကောင်လိုအကြည့်

ငါးရံ့ ကိုယ်လုံး

ငါးခူပြုံး ပြုံး

လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ

စာကလေး သံနဲ့

သာလိကာလို ပြန်ပြောတတ်တဲ့မင်း

ဘာကြောင့်၊ ဘယ်အရာတွေကြောင့်

ငါလို ကိုးတောင်ကျား ခန္ဓာမရှိတဲ့

ပိုးဟပ်ရဲ့ အချစ်ကို ငြင်းရက်တာလဲကွာ။