Thursday, January 14, 2010
စာအိတ်များ နှင့် တံဆိပ်ခေါင်းများ....
Friday, January 01, 2010
စင်္ကာပူက ကားပျောက်မှု
အရောင်က အဖြူရောင်
ကားနံပါတ်က YJ 4018 A
နေ့က 01.01.2010 ( New Year )
နေရာက N Woodland Link ( Near Woodland MRT Station )
ဘယ်သူ့ကားမှမဟုတ်ဘူး ပိုးဟပ်လေးမောင်းနေတဲ့ကားပါ ။ (ကုမ္မဏီက ပေးထားတဲ့ကားပေါ့ )
ကားက ကြီးတော့ အိမ် Parking တွေမှာ ထိုးလို့မရဘူးလေ။
ဘယ်လိုပျောက်သွားလည်းဆိုတော့ ၃၁ ရက်ညက ကားကို ပါကင်ထိုးခဲ့တာပဲ သေချာလည်း
Lock တွေချထားခဲ့ပါတယ် ကားတွေအများကြီး ကြားထဲမှာမှ ကျွန်တော့်ကားလေးမှ ရွေးပျောက်
ရတယ်လို့ ဟင့်။ ၁ ရက်နေ့လည်း ကျွန်တော်တို့ ကုမ္မဏီက အလုပ်သမားတွေကမနားတော့ သူတို့
ကို အလုပ်လိုက်ပို့ဖို့ ဆိုပြီး မနက်ကားသွားအထုတ် အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ဟုတ်ပါ့မလား
ပေါ့ ကိုယ်မျက်စိ ကိုယ်မယုံလို့ အနားပတ်ဝန်းကျင်မှာရှာတယ် မတွေ့။ ဒါနဲ့ မထူးဘူးဆိုပြီး ကား Incheck
ကိုဖုန်းခေါ်ပြီး ကားပျောက်တိုင်ရတာပေါ့ ပြီးတော့ တွေ့လိုတွေ့ငြား ကားတစ်စီးနဲ့ ပတ်ရှာကြတယ်
မတွေ့ပါဘူး။
အင်း...........အနိစ္စ မမြဲပါလား
တွေ့ရင်လည်းပြောကြပါအုံးနော
Tuesday, December 29, 2009
ပိုးဟပ်လေး ၏ အတွေ့အကြုံ
၎.၆.၂၀၀၅
အဖေနဲ့ အမေ ကျွန်တော် သွားတော့မယ်နော် ကျမ္နာရေးလည်းဂရုစိုက်ကြအုံးနော်
မကြီး မောင်လေးသွားတော့မယ် အဖေနဲ့အမေကို ဂရုစိုက်လိုက်အုံးနော်
အေးပါမောင်လေးရယ် မောင်လေးလည်း အစစ အရာရာဂရုစိုက်နော်
ဟုတ်ကဲ့ မကြီး
ပိုးဟပ်လေး စင်္ကာပူ ဆိုတဲ့ မြို့ကြီးကို စတင်ထွက်ခွာလာတာပါ
သြော် စထွက်လာခါစတုန်းက စင်္ကပူ ဆိုတာရယ် သင်္ဘောကျင်းမှာလုပ်ရမယ်ဆိုတာပဲသိတယ်။ ဘာဆိုဘာမှမသိ အဲဒီလောက်ထိ ရန်ကုန်သားပီပီ လည်လည်ဝယ်ဝယ်ရှိတာ :D
အောင်မြတ်လေး ဒီရောက်တော့မှ ဒုက္ခနဲ့ လှလှနဲ့ ကိုတွေ့တော့တာ
တက်လိုက်ရတဲ့ သင်တန်းတွေက လည်း ၄၊၅ ခုလောက်ရှိတယ် ပြီးပြန်တော့ အလုပ်လုပ်ရပြီပေါ့
သာမန်ပင်ပန်းမှုလောက်ပဲရှိမယ် ထင်တာ ငရဲခန်းထဲရောက်သလား အောက်မေ့ရတယ်
ငရဲခန်းတောင် ဒီလောက်ပူပြင်းလိမ့်မယ်မထင်ဘူး
တစ်နေကုန် မိုးလင်းကနေ မိုးချုပ် အဲဒီ သင်္ဘောဆိုတဲ့ ဟာကြီထဲမှာ အလုပ်လုပ်ကြရတယ်
ကျွန်တော်ကတော့ ပါမစ် ၂ နှစ်ပြည့်ပြီးရင်ပြန်မယ်လို့ တွက်ထားတာ
ကံကောင်းချင်တော့ ၁ နှစ်ကျော်တဲ့ အချိန်မှာ အပြင်ဆိုဒ်မှာ ဆင်းရမယ်ဆိုပြီး တာဝန်ကျလာတယ်(တခြား ကုမ္မဏီမှာပေါ့ )
over time တော့မရှိဘူးပေါ့ လစာနည်းသွားတော့တစ်ခါစိတ်ညစ်ရပြန်ရော..............
အင်း...ဒီလိုနဲ့ ၁ နှစ် ၁၀ လပြည့်တော့
"မင်း ကားမောင်းလိုင်စင်ဖြေရမယ်တဲ့ စာရွက်စာတန်းတွေ အကုန်ရှိလားတဲ့" ကျွန်တော် တော်တော်ပျော်သွားတယ်
ဒါနဲ့ အင်းပေါ့ ဖြေမယ်လို့ပြောလိုက်တယ်
နဂိုတည်းက ကားသိပ်မောင်းချင်တဲ့ကောင်ဆိုတော့ အဆင်ပြေသွားတာပေါ့
မျောက်လက်ထဲ အုန်းသီးရလာသလိုပဲ :D
အင်း.......ဘာလိုလိုနဲ့ ၅နှစ်တောင်ပြည့်တော့မယ်
ဘယ်အချိန်မှ မိဘရိပ်မှာ ပြန်ခိုလှုံခွင့် ရမယ်မသိသေးဘူး
အိမ်လွမ်းသူ
Saturday, December 12, 2009
ချစ်သူနှင့်ရည်းစား ကွာခြားချက်
လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်
ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေ
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........
သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....အနာဂတ်ရှိလာပြီ........
သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......
ရည်းစား .....
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူလို့
ဘာသာပြန်ချင်တယ်
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......
Tuesday, December 08, 2009
ငွေဇွန်းလေး
တစ်ရက်တော့ ကျွန်မယောက်ျားက သူအားနေလို့ သူငှားနေတဲ့ အိမ်မှာ ညစာထမင်းလိုက်စားဖို့ ခေါ်တော့ လိုက်သွားစားမိပါတယ်။ ထမင်းစားနေချိန်မှာပဲ ကျွန်မယောက်ျားနဲ့ အတူငှားနေတဲ့ သူတွေထဲက ကျွန်မယောက်ျား ရုံးက အတွင်းရေးမှုးမလေးရဲ့ အမူအရာကို တိတ်တစ်ဆိတ် အကဲခတ်မိတယ်၊ ဒါကို ကျွန်မယောက်ျားကလည်း ရိပ်မိလေတော့ “မိန်းမရာ မိန်းမဘာစဉ်းစားနေလဲဆိုတာ ကိုသိပါတယ် … စိတ်ချပါ ကိုနဲ့သစ္စာနဲ့က တစ်ကယ့် အထက်လူကြီးနဲ့ အတွင်းရေးမှုးဆိုတဲ့ ရိုးရိုးသားသား ပတ်သက်မှုပဲရှိတာပါကွာ”
ယောက်ျားက အဲ့ဒီလိုပြောနေမှတော့ ကျွန်မလည်းယုံရပြီပေါ့။ ဒါပေမဲ့ ကျွန်မ ကိုတို့ ထမင်းစားပွဲပေါ်က ငွေထည်စစ်စစ် ဇွန်းကလေးကိုတော့ ယူခဲ့မိပါတယ်။
.................................................................................................................................................................................................................................
တစ်ပတ်အကြာမှာတော့ ကို့ဆီက အီးမေးလ် တစ်စောင်ဝင်လာပါတော့တယ် ။။။။။။။။။။။။။။။။။။။။။။။။
မိန်းမ
မိန်းမရေ …. ကိုက ကို့မိန်းမ ငွေဇွန်းလေးကို “ယူ” တယ်မစွတ်ဆွဲချင်ပါဘူး …….
ကို့မိန်းမ “မယူ” ဘူးလို့လဲ အတတ်မပြောချင်ဘူး
ဒါပေမဲ့ အားလုံးသတိထားမိလိုက်တာကတော့
မိန်းမ ဒီမှာလာပြီး ညစာစားသွားပြီးကထဲက ငွေဇွန်းလေးကို မတွေ့တော့တာပါပဲ။
ချစ်တဲ့ကို
.................................................................................................................................................................................................................................
ကျွန်မလည်းချက်ခြင်းပဲ reply ပြန်လိုက်ပါတယ် ။။။။။။။။။။။။။။။။။။။။။။။။
ချစ်ရတဲ့ကို
ကိုရေ ………. မိန်းမကလည်း ကိုက သစ္စာနဲ့အတူတူ “အိပ်” တယ်လို့ မစွတ်ဆွဲချင်ပါဘူး …….
ကိုက သစ္စာနဲ့ အတူတူ “မအိပ်”ဘူးလို့လဲ အတပ်မပြောချင်ခဲ့ဘူး ..
ဒါပေမဲ့ အားလုံးသတိထားမိနိုင်တာကတော့
ကိုသာ ကို့အခန်း ကို့ကုတင်ပေါ်မှာသာ အိပ်ခဲ့တယ်ဆိုရင်ပေါ့၊
ကို့ခေါင်းအုံးလေးဘေးမှာ ငွေဇွန်းလေးရှိနေတာကို တွေ့ရမှာပါ။
ကို့မိန်းမ …..
သူငယ်ချင်းတစ်ယောက်ရဲ့ စာသားလေးတွေပါ ပြန်လည်မျှဝေပါတယ်
Wednesday, November 18, 2009
Google Picture လေးတွေ
Wednesday, November 11, 2009
သင့်ရဲ့ computer ထဲက folder လေးကို သင့်ရဲ့ Favourte ပုံလေးနဲ့
သင့်ရဲ့ favourite ပုံလေးနဲ့ icon လေးပြောင်းထားဖို့အတွက်ဆိုရင် ...
သိပ်လွယ်ကူတဲ့ နည်းလေးပါ
သိပြီးသားဆိုရင်လဲ မျှဝေချင်တဲ့ ဆန္ဒမို့လို့ နားလည်ပေးကြပါ။
ပထမဦးဆုံး သင်ပြောင်းချင်တဲ့ photo (JPEG Formet) ကို paint နဲ့ဖွင့်လိုက်ပါ၊
သင် edit လုပ်ချင်လုပ်ပေါ့
ပြီးတော သင် save as လုပ်မယ်ဆိုရင်သာ name နေရာမှာ
သင်ကြိုက်ရာနံမယ်ပေးပြီး အဲဒီနံမည်ရဲ့နောက်က
.ico ဆိုတာလေး ထည့်လိုက်ပါ ဥပမာ- my simpal.ico ပေါ့
file type မှာကြတော့ 24_bit Bitmap (*.bmp;*.dip) နဲ့ save ပါ
ဒါက ပထမဦးဆုံး ကို့ပုံကို icon အဖြစ် format ပြောင်း save လိုက်တာပါ ...
ပြီးတော့မှ သင်ပြောင်းချင်တဲ့ folder လေးကို right click လုပ်ပီး
property ထဲဝင်လိုက်ပါ
ပြီးတော့ coustomize ထဲဝင်
change icon box လေးကျလာရင် Browse ထဲကနေ သင့်ရဲ့ icon ပြောင်းထားတဲ့
ပုံလေးကို ရွေးပီး
ok - ok -apply - ok လုပ်လိုက်ပေါ့
ဒါဆို ...
သင့် folder လေးက သင့် favourite ပုံ icon လေးနဲ့ ဖြစ်သွားပီပေါ့ ...
အဲဒါလေးပါ ... သိပီးသားလား မသိပေမယ့် သင်သဘောကျစေချင်တဲ့ ဆန္ဒနဲ့မို့
နားလည်ပေးပါ
computer စသင်တုန်းက ကိုစည်ဆိုတဲ့ သူငယ်ချင်းက သင်ပေးထားတာလေးပေါ့
အားလုံး ပျော်စေချင်တဲ့ ဆန္ဒနဲ့
...............................................................




















