Sunday, January 09, 2011

ခွင့်လွှတ်ခြင်း အတတ်ပညာ

ကျွန်တော်ကတော့ ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကြောင့် အတော်ကို ခွင့်လွှတ်နိုင်တယ်။
ခွင့်လွှတ်ခြင်းကို အခြေခံ ပြန်စဉ်းစားကြည့်ရင်တော့လည်း နားလည်ပေးတဲ့ သဘောပါပဲ .. ..
“သြော် – ကိုယ် ခွင့်လွှတ်ရမယ့် ပုဂ္ဂိုလ်တွေ အားလုံးဟာ သူတို့က နားမလည်လို့ အဲဒီလို လုပ်ကြတာပဲ” လို့ ကိုယ်က နားလည်ပေးလိုက်တာပေါ့နော်။ ဒီတော့ နားလည်ပေးခြင်းဟာ ခွင့်လွှတ်ခြင်းပါပဲ။
တစ်ခါ တစ်ခါကျတော့လည်း – ဥပေက္ခာပြုရတယ် .. .. ဒါလေးတော့ အကြံဥာဏ်ယူပါ။
တစ်ခါ တစ်ခါကျတော့ သူတို့ကို ၀င်စားလို့ မရဘူး၊ ၀င်စားတိုင်း ခွင့်မလွှတ်ချင်အောင် ဖြစ်တယ်၊ ဒီတော့ မ၀င်စားနဲ့ – ဒီတော့လည်း ခွင့်လွှတ်သွားတာပါပဲ။
ဒီတော့ ခွင့်လွှတ်ခြင်း အတတ်ပညာမှာ -
• နားလည်ပေးရတယ်၊
• ဥပေက္ခာပြုရတယ် (လစ်လျူရှုရတယ်)
• နောက် ကိုယ့်ဖာသာ နေတတ်ရတယ် ပေါ့။
ခေတ်ကြီးကလည်း သိတယ်လေ – ဥပမာဆိုကြပါစို့ —- မိမိဆိုရင် အသက်တော်တော်ရပြီ။ အခု နောက်တက်တွေ ဆိုရင် သူတို့ခေတ်နဲ့ သူတို့အယူအဆနဲ့ သူတို့ တိုးတက်လာတာ၊ ကိုယ်ကလည်း ကိုယ့်ခေတ်နဲ့ ကိုယ့်အယူအဆနဲ့ ကိုယ်က ချိုးကပ်လာတာ။ ဒီတော့ သူတို့လုပ်တဲ့ လုပ်ငန်းတွေကို ကိုယ်က လက်မခံနိုင် စရာတွေ အများကြီး တွေ့နိုင်တယ်။ ဒါပေမယ့် နားလည်ပေးလိုက်တယ် .. .. “သြော် – သမိုင်းကြောင်းမှာ ဒီလိုပဲ ရှေ့သွားတွေရှိတယ်၊ နောက်လိုက်တွေရှိတယ် – နောက်လိုက်တွေက သူတို့ထင်ရာ ဗောက်ချီးတွေ လုပ်ချင် လုပ်မှာပဲလို့ ကိုယ့်ဘက်က မြင်နိုင်တယ် သို့သော်လည်း နားလည်ပေးလိုက်တယ်။”
တစ်ချို့ဟာကျတော့လည်း အကြောင်းကို မပြုတော့ဘူး၊ ဥပေက္ခာကို ပြုလိုက်တယ်၊ လစ်လျူရှုလိုက်တယ်၊ ထည့်ကို မစဉ်းစားတော့ဘူး အဲဒါလည်း ခွင့်လွှတ်တာပါပဲ။
ဒီတော့ လူတိုင်းဟာ ခွင့်လွှတ်ခြင်း အတတ်ပညာတော့ ရှိထားဖို့လိုတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လောကကြီးဟာ ကိုယ့်ကျေနပ်တဲ့ ဖြစ်ရပ်တွေချည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ဘဲ အခြေခံအားဖြင့် ခံယူထားရမယ်။ ထပ်ပြောပါမယ် .. .. “လောကကြီးရဲ့ ဖြစ်ရပ်တွေဟာ ကိုယ်လက်ခံနိုင်တဲ့ ကျေနပ်စရာ ဖြစ်ရပ်တွေချည်း ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ် မကျေနပ်တာတွေ ကိုယ်လက်မခံနိုင်တာတွေ၊ အများကြီး၊ သူ့အကြောင်း သူ့အကျိုးနဲ့ တိုက်ဆိုင်သလို ဖြစ်မှာပဲ” ဒီတော့ ဒါကို နားလည်ပေးခြင်း၊ ဥပေက္ခာ ပြုခြင်း၊ လစ်လျူရှုခြင်းဟာလည်း ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ။
နောက် ကိုယ့်ဖာသာ နေတတ်ခြင်း ဟာလည်း ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ။
တစ်ချို့ ကိစ္စတွေမှာ ကိုယ့်ဖာသာကိုယ် နေတတ်ရတယ်။ နေတတ်အောင်လည်း နေရတာပဲ – ဘယ်နှယ့် လုပ်မလဲ .. .. မြတ်စွာဘုရား မိန့်တယ်လေ “အတ္တကိဠာမထ နိယော” (အတ္တကိဠာမထ) – ဆိုတာ “ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်အောင် မလုပ်ရဘူး” – ဒီတော့ ဒါကို ၀င်စားရင် – ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်နေတယ်ဆိုရင် ဒါကို မ၀င်စားပဲ နေရမှာပဲ။ မ၀င်စားခြင်းဟာ လစ်လျူရှုခြင်း၊ လစ်လျူရှုခြင်းဟာ ဥပေက္ခာပဲ၊ ဥပေက္ခာဆိုတော့ အကြောင်း မပြုတော့ဘူးပေါ့။ ဒီလိုနည်းအားဖြင့်လည်း လောကကြီးကို နားလည်ပေးနိုင်တယ်၊ ခွင့်လွှတ်ပေးနိုင်တယ်။
ဒီတော့ ခွင့်တော့လွှတ်တတ်ရမယ်။ ဒါပေမယ့် တစ်ချက် တစ်ချက်မှာ ခွင့်လွှတ်တာနဲ့ ဆုံးမတာကတော့ မတူဘူး။ ခွင့်လွှတ်ပြီးတော့ ဆုံးမတာရှိတယ် – ဆုံးမတာက သူ့အကျိုးပေါ့နော် – အနာဂတ်မှာ သူဖြတ်သန်းရမယ့် ခရီးအတွက် အကျိုးအကြောင်း ရှိတယ်ဆိုရင်တော့ သွန်သင်ပေးလိုက်တာ – ဒါက သွန်သင်ပေးလိုက်တာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘူး။ ခွင့်လွှတ်နိုင် ခွင့်လွှတ်နိုင်ငြားသော်လည်း - သူဟာ ဒီအတိုင်း ဆက်သွားရင်၊ သူ့ရဲ့ အနာဂတ်ခရီးဟာ ဖြောင့်ဖြူးမှာ မဟုတ်တဲ့အတွက် အဲဒီလိုလမ်းမျိုးကို မသွားရဘူးဆိုတဲ့ သွန်သင်ညွှန်ကြားချက် ပေးတာဟာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘူး၊ သက်သက် မေတ္တာစေတနာ အမြော်အမြင်နဲ့ သတိပေးတာ၊ ဆုံးမတာပေါ့နော် – အဲဒီလိုလည်း ရှိပါတယ်။
ဒီတော့ ခွင့်လွှတ်ခြင်း အတွက်ကတော့ မိမိကထောက်ခံတယ် – ခွင့်လွှတ်ခြင်း အတတ်ပညာကို လေ့ကျင့်ထားပါ။ ခွင့်လွှတ်နိုင်ရမယ်၊ သို့သော်လည်း ဘယ်သူ့ကိုမှ မဆုံးမရဘူးလို့ မိမိ မပြောလိုပါဘူး။ ကိုယ့် အကြောင်းအကျိုး ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို ဆုံးမပိုင်ခွင့် ရှိပါတယ်၊ ဆုံးမခြင်းဟာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘဲ၊ အကျိုးအကြောင်း အဆိုးအကောင်းကို နားလည်သိတတ်စေချင်လို့ မေတ္တာစေတနာ အမြော်အမြင်နဲ့ ဆုံးမတာလို့ပဲ အဓိပ္ပာယ်ဖွင့်လို့ ရကြောင်း ဆိုလိုပါတယ်။


မူရင်းရေးသားသူ
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

Friday, October 01, 2010

သတိရမိတဲ့ ဖေဖေ

စိတ်ထဲမှာ လည်း အလျင်လိုနေသည်။ အိမ်ကို အမြန် ပြန်ရောက်ချင်လှသည်။ ထို့ကြောင့် လေယာဉ်ရောက်ရောက်ချင်းပင် ရှေ့ဆုံးမှ ထွက်နိုင်ရန် ထိုင်ခုံမှ စောစောထ၍ ရှေ့ဆုံးမှ ထွက်နိုင်ရန် ကြိုးစားရလေသည်။ လေယာဉ်ထဲမှ ထွက်ထွက်ချင်း စိတ်က လောနေလို့လား မသိဘူး အင်မီဂရေးရှင်း တွင် ရှေ့ဆုံးမှ ရောက်အောင် အသော့နှင်ရလေသည်။ ၂ နှစ်ကျော်ကျော်လောက် ခွဲခွာခဲ့ ရသော ဖေဖေ နှင့် မေမေ့ ကို တွေ့ချင်လွန်းလှလေပြီ။ " ဝှူး " ခုမှပဲ အပြင်ရောက်တော့တယ်။ မေမေ့ကို တွေ့တွေ့ချင်း ပြေးဖက်မိလေသည်။ မေမေတို့ နေကောင်းတယ်နော် သားပြန်လာပြီလေ အမေ။ အမေ့မှာ ဝမ်းသာလွန်းလှ သဖြင့် မျက်ရည်ကျမိလေ သည်။
" အမေ "
" သား ပြောလေ "
" အဖေ ကောဟင် "
"...... "
ဘာမှ မပြောပေ
ခဏနေမှ
" မြို့ထဲကို ကိစ္စ ရှိလို့ သွားတယ် သား "
သိပ်တော့ ဘဝင်မကျချင် လှပေမဲ့ ဘာမှမပြောတော့ပေ။
သြော် ၂ နှစ်ကျော်ကျော် ခွဲခွာလာရတဲ့ ရန်ကုန် မြို့ ကြီးရဲ့ ရှု့ခင်းတွေကို ငေးကြည့်ရင်း ကိုယ်နေခဲ့တဲ့ မြို့သစ်လေး ဆီကို ရောက်လာခဲ့ပါပြီ။ အိမ် ပြန်ရောက်ရောက်ချင်း ညီအငယ်နဲ့ တူမ နှစ်ယောက်က သူတို့ အတွက် ဘာပါမလဲ ဆိုပြီး ခရီးဆောင်အိပ် တစ်လုံး နဲ့ အလုပ်ရှုပ်နေကြလေရဲ့။
" သား ခဏနားလိုက် အုံးနော်၊ ပြီးမှ ရေမိုးချိုးပြီး အနားယူပေါ့ ဟုတ်ပြီလား "
" ဟုတ်ကဲ့ မေမေ "
ရေမိုးချိုးပြီးတော့ အဖေ့ကို သတိရလို့ ထပ်မေးမိတယ်။ " အမေ၊ အဖေ ဘယ်ကို သွားတာလဲဟင်၊ ဘယ်တော့ ပြန်ရောက်မှာလဲ " ဆိုတော့ အမေ ဘာမှ ပြန်မပြောပါဘူး။ ခဏနေတော့ မေမေ ဓာတ်ပုံ တစ်ခုကို ယူလာပြတယ်။ ဓာတ်ပုံကို ကြည့်လိုက်တော့ ကျွန်တော့် မျက်လုံးတွေ ပြာဝေခဲ့ရတယ်။ တကယ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ ရပြီလေ...။ အဖေ ထာဝရ အိပ်စက် သွားပါပေါ့လား.... အဖေရယ် သားပြန်လာအောင်တောင် မစောင့်နိုင်တော့ဘူးလား အဖေရယ်..... ။
" အမေတို့ သားကို ဘာဖြစ်လို့ မပြောရတာလဲ" လို့ မေးမိရက်သား ဖြစ်သွားသလားတောင် မသိတော့ပါဘူး။ "သားကို ပြောမလို့ပါပဲ သားရယ်" သားလည်း ပြန်လာခါနီး ဖြစ်နေတာရယ်၊ ပြီးတော့ သားရဲ့ အလုပ်မှာ စိတ် အနှောက်အယှက် ဖြစ်မှာစိုးလို့ အမေတို့ မပြောတာပါ" ။ အို.... အမေ့မှာလည်း မျက်ရည်တွေနဲ့ ပါလား ၊ ဟုတ်မှာပါလေ သားကို စိတ်မထိခိုက်စေချင်လို့ ဖြစ်မှာပါ။ " သြော် လောက သင်္ခါရ ရဲ့ သဘော တရား အရ အဖေ မလွန်ဆန်နိုင်လို့ သားပြန်လာတဲ့ အထိတောင် မစောင့် နိုင်တော့ပါလား....
အဖေ ဆုံးပါးသွားတာ ၂ နှစ်တောင် ပြည့်သွားပြီ ...။ ဒီတစ်ခေါက်တော့ သားမှာ မျှော်လင့် စရာ အဖေ မရှိတော့ ဘူး...။

Sunday, September 12, 2010

လူပျိုကြီးများရဲ့ အားသာချက်..

အဟမ်း..
ပြောရမယ် ဆိုရင်ပေါ့လေ

၁။ ရည်းစား ဖောဖော သီသီထားနိုင်ခြင်း

၂။ ကိုယ်ရှာသမျှ ပိုက်ဆံသည် ကိုယ့်အတွက် သာဖြစ်ခြင်း

၃။ စားဝတ်နေရေး အတွက် အထူးပူပန်မှု မလိုခြင်း

၎။ သူငယ်ချင်းများနှင့် အချိန်မရွေး တွေ့ခွင့်ရခြင်း

၅။ ဘီယာ၊ အရက်တို့ကို စိတ်ကြိုက် သောက်သုံးခွင့် ရနိုင်ခြင်း

၆။ နားပူ သက်သာခြင်း

ရ။ တစ်ယောက်ထဲ အိပ်ခွင့်ရသဖြင့် အပူအအိုက် သက်သာခြင်း

၈။ မိန်းမ၏ ဟောက်သံ ပြင်းပြင်းနှင့် အတူ အိပ်ရခြင်းမှ ကင်းဝေးခြင်း

၉။ စိတ်ကောက် စိတ်ဆိုးမည့်သူ မရှိသဖြင့် စိတ်ရှုပ်သက်သာခြင်း

၁၀။ ( မောင် စောစောပြန်လာနော် ဘယ်မှလျှောက်မသွားနဲ့ )ဟု ပြောဆို ချုပ်ချယ်ခံရခြင်းမှ သက်သာခြင်း

၁၁။ မိန်းမ၏ သဝန်တိုမှုကြောင့် ရန်ဖြစ်ခြင်းမှ ကင်းဝေးခြင်း

၁၂။ မိဘ ကို စိတ်ကြိုက်ချစ်ခွင့် ရခြင်း

၁၃။ စိတ်ထဲရှိသလို နေထိုင် နိုင်ခြင်း

၁၄။ စိတ်တိုင်းကျ လေပုပ်ထုတ်နိုင်ခြင်း

၁၅။ မနက်မျက်နှာ လုသစ်စရာမလိုခြင်း

၁၆။ ရေလုချိုးစရာ မလိုခြင်း

၁၇။ အိမ်သာ ရေချိုးခန်းတို့ကို စိတ်တိုင်းကျ တစ်ယောက်ထဲ အသုံးပြုခွင့်ရခြင်း

၁၈။ သနပ်ခါး သွေးပေးစရာ၊ လိမ်းပေးစရာ မလိုခြင်း

၁၉။ ချီမ သယ်ပိုး စရာမလိုခြင်း

၂၀။ မိမိကို မနှစ်သက်တော့၍ ထားခဲ့မှာ မပူရ ခြင်းတို့ ဖြစ်ပါတယ်...


စဉ်းစားမိတာပေါ့နော... ဖြတ်ညှပ် ကပ်လည်းပါတယ်..........

Saturday, August 28, 2010

အာဒံ နဲ့ ဧဝ

ဟိုကမ္ဘာဦးအစက အောင်လံနဲ့ အင်းဝ ( အဲ မွှားလို့ ) အာဒံ နဲ့ ဧဝလေ သိတယ်ဟုတ်.......
သူတို့ နှစ်ယောက် ကို ဘုရားသခင် ဖန်ဆင်းပေးတယ်တဲ့..... ဟုတ်လားတော့ မသိဘူး... ဟုတ်တယ်လို့ ပြောကြတယ် ဘယ်သူမှတော့ တိတိကျကျ မသိဘူးပေါ့လေ သူတို့ နှစ်ယောက်က အဲ့လို ဖြစ်လာတဲ့ အချိန်က ကလေး ဘဝလား ဒါမှ မဟုတ် "ဗြုန်း" ဆို လူလတ်ပိုင်း အရွယ် ဖြစ်လာကြတာလား ဆိုတာကို လည်း ဘယ်သူမှ မသိကြပါဘူး...သူတို့ နှစ်ယောက် ဘာတွေ ပြောခဲ့တယ်ဆိုတာတော့ ပိုးဟပ်လေး သိတယ်... ကဲကဲ အားလုံးပဲ သိချင်ကြမှာပေါ့.....

သူတို့ ကို ဖန်းဆင်းလိုက်တုန်းကတော့ ယောက်ျားရယ် မိန်းမရယ်လို့လဲ မဟုတ်ဖူးတဲ့... ပြီးတော့ သူတို့ကို မြန်မာပြည်မှာ မွေးလိုက်တာလေ တစ်နေရာထဲမှာ ဖန်ဆင်းပေးလိုက်တာ မဟုတ်ဖူး ... အာဒံ လေးကို ဖန်ဆင်း လိုက်တဲ့ မြို့ကို အာဒံမြို့လို့ အစွဲ ပြုခေါ်နေရာကနေ အောင်လံ မြို့ဆိုတာ ဖြစ်လာတယ်... ဒီလိုပဲ ဧဝ ကို ဖန်ဆင်းလိုက်တဲ့ မြို့လေးကို ဧဝမြို့လို့ အစွဲပြုခေါ်ရာ ကနေ အင်းဝမြို့ ဆိုပြီး ဖြစ်လာတယ်လေ... ပြောရမယ်ဆိုရင် အညာသူ အညာသားတွေပေါ့... အာဒံ ရောက်ရှိရာ အရပ်မှာ ပန်းသီးပေါတယ်လေ॥ ဒါပေမဲ့ အဲ့ ပန်းသီးက စားလို့ မရတဲ့ အသီး ဖြစ်နေတယ် ... သူကလည်း ဗိုက်က တစ်အားဆာနေတာနဲ့ ဘာဖြစ်ဖြစ်စားမယ်ကွာ ဆိုပြီး စားလိုက်တာ သူက မစားတတ်တော့ အလုံးလိုက် မျိုချတာပေါ့...ကံဆိုးချင်တော့ လည်ချောင်းမှာ တစ်ဆို့ သွားခဲ့တယ်၊ ကံကောင်းချင်တော့ ပန်းသီးက သုံးဆိပ် ကွဲသွားခဲ့တယ် တစ်ဆိပ်က လည်ပင်းမှာ တစ်ဆို့ ကျန်နေခဲ့ပြီး ဘယ်လိုမှ ထုတ်လို့ မရတော့ဘူးတဲ့... ကျန်တဲ့ နှစ်ဆိပ်ကတော့ ဘယ်ရောက်သွားလဲဆိုတော့ သူလဲ မသိဘူး.... နောက်တော့ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်လာတယ်လေ...နောက်တော့ ကျန်တဲ့ ပန်းသီး နှစ်ခြမ်းပဲ ဆိုပြီး သတိပြုမိလာတယ်.... ပြီးတော့ ရှက်တတ်တဲ့ အရွယ်ရောက်တော့ သစ်ပင် အရွက်တွေကို အဝတ်အစား သဖွယ် ပြုလုပ်ပြီး ဝတ်ဆင်လိုက်တယ်...
နောက်တော့ ပန်းသီး အစိတ်အပိုင်းလေးတွေ က သေးငယ်တဲ့ အရွယ်ကို ရောက်ရှိသွားပြီး လမ်းလျှောက်ရတာ အဆင်ပြေလာတယ်.... ဒါကတော့ အာဒံရဲ့ ပြောပြချက်ကို ပုံဖော်ကြည့်တာပေါ့နော....

ကဲဧဝ အလှည့်ပေါ့နော်... ခက်တာက ကျွန်တော်က ယောင်္ကျားလေး ဖြစ်နေတော့ ဧဝက ဘာမှ ပြောမပြဘူးဗျ... ထားပါတော့လေ... ပရိတ်သတ်လည်း မသိချင်ပါနဲ့တော့ ကျွန်တော် လည်းဆက်မမေးထားလိုက်တော့ဘူးလေ..

သူတို့ နှစ်ယောက် အဖော်ကင်းမဲ့နေကြလေတော့ ရောက်တတ်ရာရာ လျှောက်သွားနေရင်းက တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာရာ မှာတွေ့ကြတယ်... အဲ့နေရာကိုတော့ ဆုံဆည်းရာလို့ပဲ တွင်သွားတယ်။ သူတို့ နှစ်ယောက်တွေ့တော့ ဘာဖြစ်ကြတယ် ထင်လည်း "ဟင်" တွေ "ဟာ" တွေ ဖြစ်ကုန်တာပေါ့။ "ငါ့လိုပဲဟ" (ဘာသာပြန်ကြည့်သည်
)။ မတ်တတ်ကြီး လမ်းလျှောက်နေတယ်။ သိတော့ သိနေတယ်လေ သူတို့ နှစ်ယောက် ဘာပြောရမှန်း မသိသေးဘူးပေါ့ ဟဲဟဲ ဘာသာ စကားမှ မရှိသေးတာ...။ ဒါနဲ့ သူတို့ ဘာဆက်ဖြစ်ကြလဲဆိုတော့ ...........

မနက် ၅ နာရီခွဲလို့ Alam ထမြည်လာလို့ လန့်နိုးလာခဲ့တယ်...။။

Friday, August 20, 2010

ဟန်ချက် မညီသော အိမ်ထောင်ရေးများ

အချစ်သည် မျက်စိမရှိဟု ဆိုကြသည်။သို့ သော်မျက်စိမရှိသည်နှင့်အတူ ဆင်ကန်းတောတိုးအလဲလဲ အမှားမှား ဒုက္ခရောက်တက်သည်ကို သတိထားရ၏။ အချစ်တွင် ဂုဏ်ပကာသနမရှိ အဆင့်အတန်းကွာ ခြားမှု့ မရှိ ဘုရင့်သမီးတော်လည်း ဒွန်းစဏ္ဏားကို ချစ်နိုင်သည်ဟု ဆိုကြသည်။မှန်သည် ထိုအချစ်ကို အကြောင်းပြု၍ ဘုရင့်သမီးသည် ဒွန်းစဏ္ဏား နှင့် အိမ်ထောင်ပြုလျှင် အချစ်ကိုရသကဲ့သို့  ဒွန်းစဏ္ဏား၏လူမှု့ ရေး ဒုက္ခများကိုလည်း ခံစားရမည်။ ရင်သွေး သားသမီး အကျိုးဆက်များ သက်ရောက်သောအခါ ကြေကွဲ ၀မ်းနည်းစရာများ ဆက်တိုက်ပေါက်ဖွားလာတက်၏။
ထိုအခါ အချစ်အတွက် ကျေနပ်ရမှု့ နဲ့ အတူ လူမှု့ ရေးအတွက် ကြေကွဲရမှု့ များကိုလည်း ပှုးတွဲခံစားရလိမ့်မည်။အချစ်သွေး ဆူပွက်နေစဉ်မှာ ဆင်ခြင်နိုင်စွမ်း မရှိသော်လည်း တစ်သက်တာရင်ဆိုင်ရသောအခါ နောင်တဖြစ်တက်သည်။ထိုအခါ မှုလက ကြီးမြတ်သည်ဟု ကထင်ကြီးထင်ခဲ့သော အချစ်ကိုပင် နာကျည်းစရာဟု စိတ်ပျက်စရာဟု ထင်မိတက်လာကြသည်။နှလုံးသားကို ဦစားပေးလွန်းသည်။အချစ်သက်သက် တစ်ဖက်သက်အမြင်သည် အိမ်ထောင်ရေးတွင် ဟန်ချက်မညီဖြစ်တက်သည်။
ထိုနည်းတူ အချစ်ကိုပြစ်ပယ်၍ စားဝတ်နေမှု ပြည်စုံရေးကိုသာ အဓိကထားသော အိမ်ထောင်တစ်ချို့ မှာလည်း ဟန်ချက်မညီဖြစ်တက်သည်။အချို့ သောမိဘများသည် သားသမီး၏ နလုံးသားရေးရာကို ပြစ်ပယ်၍ ဗီဒိုအာဏာ သုံးတက်ကြသည်။
“ချစ်တာတွေ မချစ်တာတွေ လုပ်မနေနဲ့ ၊လင်နဲ့ မယား ဆိုတာ ညားပြီးလို့ အတူနေရင် ချစ်သွားကြတာပဲ။ဟိုမှာက စိန်နဲ့ ၊ရွေနဲ့ ၊တိုက်နဲ့ ၊ကားနဲ့ ၊ငါတို့ ကတော့ ဇိကုပ်ပြီးနတ်ပြည်တင်ရမှာပဲ” ဟူသောစကား များဖြင့် အတင်းအကျပ်စီမံ တက်ကြသည်။
ဂုဏ်နှင့် ပကာသနနှင့် အဆင့်အတန်းမြင့်သော အိမ်ထောင်တစ်ခုတော့ ဖြစ်လာပါ၏။စားဝတ်နေရေးလည်း မပူမပင် မကြောင့်မကျ ပြည့်စုံပါ၏။ သို့ သော်ထို အိမ်ထောင်မျိုးတွင် စိန်၊ရွေ၊ငွေ လူမှု့ ရေးလိုအပ်ချက်များ အားလုံးပြည့်စုံပါသည်။မပြည့်စုံတာက မေတ္တာတရား ဖြစ်နေတက်သည်။သားသမီးများ တစ်ယောက်ပြီးတစ်ယောက် တိုးလာကြသော်လည်း အိမ်ထောင်ရေးသုခဆိုတာ ဘာမှန်းမသိဖြစ်နေတက်ကြပါသည်။ရွှေဘုံပေါ်မှာ စံစားနေရသော်လည်း တဲအိုပျက်လောက်မှတောင် ကြည်နှုးစရာမကောင်း ဟူသောအတွေးများဖြင့် တစ်ဆွေးဆွေးတစ်သသ ခံစားရတက်သည်။ မေတ္တာအခြေခံ မပါ၍ သူ့ ဖက်ကိုယ့် ဖက်မာနတွေပြိုင်ရင်း စိတ်ဆင်းရဲကြသည်။
ထိုသို့ သော အိမ်ထောင်ရေးတစ်ခုတွေ့ ကြုံဖူးပါ၏။
“ ဂုဏ်ခြင်း ထက်မြတ်သည်”
ဟုမိဘများက ဇွတ်အတင်းပေးစားထားခြင်းဖြစ်သည်။အိမ်ထောင်ရေး ဆယ်နှစ်ကျော်ကြာသည့်အထိ လင်မယား ထမင်းလက်ဆုံမစားဘူးပါ။ကလေးကတော့ နှစ်ယောက်ရခဲ့ပြီ။ စကားပြောလျှင် မေတ္တာမပါ။သူ့ ဖက်ကိုယ့်ဖက် မာနသံတွေ တက်နေကြသည်။ငွေကြေးဓနက်ု အခြေခံ၍ အိမ်ထောင်ပြုခဲ့သောကြောင့် စကားပြောတိုင်းငွေသံကြေးသံ တစ်ချွင်ချွင်မြည်နေသည်။
“ မင်း ဒါမျိုးသုံးဖူးရဲ့လား”
“ ရှင် တို့ အိမ်မှာ ဒါမျိုးမြင်ဖူးရဲ့လား ”
ဟူ၍ူ နှိမ်ပေါက်နှင့် ပြောဆို မေးမြန်းကြသည်။
တစ်နေ့ တွင် အိမ်ရှင်မက ပျော်ပျော်ပါးပါး အိမ်မှာ စားရန်အုန်းနို့ ကျောက်ကျောလုပ်သည် ကလေးများမှာစားရခါနီးဖြစ်၍ အုန်းနို့ ကျောက်ကျောကို လင်ဗန်းကို ကြည့်ပြီးပျော်နေသည်။ထိုအချိန်တွင် ဘေးနားကိုရပ်ပြီးလာကြည့် သောယောင်္ကျားကို အိမ်ရှင်မက..
“ ရှင် တို့ အိမ်မှာ ဒါမျိုးစားဖူးရဲ့လား ”
“ ငါတို့ အိမ်မှာ ဒါမျိုး ခွေးကျွေးတာကွ”
“ သြော် ဒါဖြင့် ရှင် ကြိုက်တဲ့ အစာကိုး ရော့ရော့ စားစား” ဟုလင်ဗန်းကို ယောက်ျားရှေ့ ချပေးလိုက်ရာ ယောက်ျားက
“ကဲကွာ” ဟုဆိုပြီး လင်ဗန်းကိုခြေထောက်ဖြင့် ကန်ပစ်လိုက်သည်။ကျောက်ကျောလင်ဗန်းမှောက် ၍ လင်မယားရန်ဖြစ်ကြသည်။ကလေးများလည်း စားရခါနီးမစားရ ၍ စိတ်မကောင်းဖြစ်ကြရသည်။
သူတို့  လင်မယားကြားမှ မေတ္တာတရားသည် အေးမြမှု့ ၊ကြည်နှုးသာယာမှု့ တို့ ကို မခံစားရ၍ ဒေါသမောနများဖြင့်သာ ပူလောင်ခဲ့ကြသည်။အကြောင်းပါ၍ အကြာပေါင်းခဲ့ရသော်လည်း ချစ်မေတ္တာ ဖြစ်မလာပဲ နစ်နာစရာတွေသာတိုး၍တိုး၍ လာခဲ့သည်။ကလေးများ၏ မျက်နှာကိုထောက်၍ မကွဲနိုင် မကွာနိုင် ကြသော်လည်း နှလုံသားခြင်းက ဂေး၍ ဂေး၍ လာခဲ့သည်။
နောက်ဆုံးတွင်လင်ဖြစ်သူက အပြင်မှာအပျော်ရှာ၍ အငယ်အနှေင်းထားသည်။လင်မယားနေ့ စဉ်ျတစ်ကျတ်ကျတ်ရန်ဖြစ်ကြသည်။မယာဖြစ်သူမှာ မျက်ရည်နှင့် မျက်ခွက်ဖြစ်ရသည်။ ဇိကုပ်နတ်ပြည်တင်သော မိဘဆွေမျိုးများကိုပါ ..
“ငါ့ကို ငရဲပြည်ပို့ ကြသည်” ဟုစိတ်နာလေသည်။
အိမ်ထောင်ရေးတွင် စားဝတ်နေေ၇း ပြည့်စုံရန်လိုအပ်သည်မှာမှန်ပါသည်။သို့ သော်မေတ္တာ ကိုအခြေခံမထားပဲ စားဝတ်နေရေးနှင့် ဂုဏ်ပကာသန သက်သက်ကိုသာ တစ်ဖက်သက်ကြည့်လျှင်လည်း ဟန်ချက်မညီဖြစ်တက်ပါသည်။
ထို့ကြောင့် ထို့ကြောင့် အိမ်ထောင်ရေး အဆင်ပြေ သာယာဝပြောမှု ရှိကြစေရန် ရည်ရွယ်၍......
မေးလ်ထဲ ရောက်လာတာလေးမို့ သဘောကျ ၍ မပြောမဆို ကူးယူ တင်ပြထားပါကြောင်း .... ဝန်ခံ အပ်ပါသည်။

Sunday, August 01, 2010

နဂါး ပုံပြင်




ကြွက်ကို နဂါးချီ
သူလည်းမစား
သယ်ချီကာသွား
ကျားရှေ့အရောက်
သယ်ဆောင်ကာသွား
ပြီးသော် ပစ်ချ ကြွက်ဘဝ
ခုတော့ ကျားစာ ဖြစ်လေပြီ
နဂါးနဲ့ ဆင်
လယ်ပြင်မှာတွေ့
ဆင်ကို ချီသော်
ခွန်အားမမျှ နဂါးဘဝ
ဆင်၏ခြေရင်း ပြားပြားဝပ်၍
မှောက်ရလေပြီ
သြော်.... သနားစရာ
နဂါးသတ္တဝါ ပါတကား



Saturday, July 24, 2010

မေမေ့မေတ္တာ မမေ့သာ

သားသားလေးကို ဖုန်းဆက်ကာ
သီတင်းမေးလေရှာ
နေထိုင် ကျန်းမာ သာပါစ
မေမေ စိတ်မချ
သားသားစားဖို့ ကြော်ကာလှော်
ငါးခြောက်ငါးခြမ်း နော်
လူကြုံကရှိ ဝမ်းသာဘိ
မေမေ့မှာ ပီတိ
စားပါ စားပါ ငါ့သားရယ်
မေမေ ပီတိသွယ်
မိဝေးဖဝေး ငါ့သားလေး
မေမေ့မှာ ရင်လေး
နောင်များလိုရင် မှာပါအင်
မပင်မပန်းပင်
ကြော်ကာလှော်ကာ ချက်မယ်ပ
ငါ့သား အတွက်ဟ
သားသားလေးမှာ စိတ်ချမ်းသာ
ပီတိဖြစ်လို့သာ
ပြန်လည်ကာလေ သားဆုတောင်း
မေမေ မာစေကြောင်း


Friday, July 16, 2010

အတွေး

ငါသည် တစ်နေ့ အိုရမည်
ငါသည် တစ်နေ့ နာရမည်
ငါသည် တစ်နေ့ သေရမည်
ဒီသင်္ခါရ သဘောတရားတွေကို
သိနေပေမဲ့ ဘာကြောင့်များ
ငါမေ့လျော့နေရတာပါလဲ
နောက်ပြီးတော့ လိုချင်တက်မက်မှု ၊ သာယာပျော်ရွှင်မှုတွေမှာ ငါဘာလို့ စီးမျောနေရတာလဲ၊ စိတ်ညစ်မှုတွေကျတော့ရော ငါဘာလို့ ဒဏ်မခံနိုင်ရတာလဲ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်နေရခြင်း၊ ကြေကွဲရခြင်း၊ ကြည်နူးရခြင်းတွေ ငါ့မှာ ဘာကြောင့် အလိုလို ရှိနေရတာလဲ.... သြော်... သြော် ငါလည်း စိတ်ခံစားမှု အာရုံတွေနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ပေပဲ ဒီလောက်တော့ ရှိမှာပေါ့... အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဘယ်အရာမှ မတည်မြဲ ပါလား....


Tuesday, July 06, 2010

ကလေးဘဝ (၂)


ကျွန်တော် ကော်ဖီကို တော်တော် ကြိုက်ပါတယ်... ငယ်ငယ်တုန်းထဲကပေါ့။ အမေ နောက်ဖေးမီးဖို ချောင်ထဲမှာ ကလောက်ကလောက် နဲ့ ဇွန်းကို ပန်းကန်လုံးထဲထည့်မွှေတဲ့ အသံ ကြားတိုင်း ကော်ဖီ ဖျော်တယ်လို့ သတ်မှတ်မိတယ်... ကလေးဆိုတော့ လည်း ကော်ဖီပဲ ထင်တာပေါ့.... တကယ်တော့ အမေ ဇွန်းနဲ့ မွှေပြီး ခေါက်တာဟာ ကြက်ဥတွေလေ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်॥ ငတ်တာလေ॥ ဟီဟိ။ တစ်ခါတစ်လေကြရင် တော့ မှန်တယ်။ ကော်ဖီကြိုက်တာကတော့ တစ်အိမ်လုံးပါပဲ...

ကျွန်တော် ကော်ဖီ စသောက်တတ်တုန်းက ကလေးဘဝပဲ ရှိသေးတယ်... မှတ်မိတယ် ကျွန်တော် မူကြိုတောင် မတက်သေးဘူး ထင်တယ်။ သီတင်းကျွတ်တော့ မီးပန်းလေးတွေ ဆော့တာ လူတိုင်းသိမှာပေါ့။ ကျွန်တော်တို့ အိမ်ရှေ့မှာ ကွပ်ပြစ်လေး တစ်ခုရှိတယ်... ကုတင်လေးပေါ့။ ကျွန်တော့် ညီက ရင်ခွင်ပိုက်ပဲ ရှိအုံးမယ်..... ကျွန်တော့် အစ်ကို နဲ့ အစ်မရယ် ကျွန်တော်ရယ် သုံးယောက် မာကျူရီ မီးပန်းကို ဆော့တာ ကျွန်တော်အစ်ကိုနဲ့ အစ်မက တမံသလင်းပေါ်ကို တံတွေး များများထွေး ပြီးတော့ မာကျူရီကို မီးရှို့တယ် တော်တော်လေး ရဲလာလို့ မီးစွဲ သွားပြီးရင် စောစောက တံတွေးတွေပေါ်တင် ပြီးတော့ ဂျပန် ဖိနပ်နဲ့ ရိုက်ရင် ဖုန်းဆို အသံ အကျယ် ကြီးထွက်တယ်လေ.... အဲဒါကို သူတို့ နှစ်ယောက်က သဘောကျပြီးဆော့တယ်॥ ကျွန်တော်က ငယ်တော့ ကြောက်တယ်လေ... အဖေကလည်း ကျွန်တော့်ကို အောက်မဆင်းခိုင်းဘူး မီးပွား စင်မှာ ဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က အဲဒီ ကွပ်ပြစ်လေးပေါ်မှာပဲ ဖယောင်းတိုင်လေး တင်ပြီး အဲ့ဒီ မှာ တင်မီး ရှို့ပြီး ဒီအတိုင်း ကိုင်ပြီး ဆော့တယ်.... ဖြစ်ချင်တော့ ကိုယ်ကိုင်ထားတဲ့ မာကျူရီက ကိုယ့် ခြေထောက်ပေါ် ပြုတ်ကျသွားတယ်... အား... ပူလိုက်တာ။ ငိုတာပေါ့ ... အဟီး။ အဲ့ဒီလိုလည်း ဖြစ်ရော အမေရယ် အဖေ ရယ် ဖွားဖွားရယ် ပြာသွားတာပေါ့.... ပြီးတော့ အိမ် ထဲကို ချီခေါ်သွားပြီ သွားတိုက်ဆေး နဲ့ အုံပေးတယ်... ပြီးတော့ ဆေးခန်းကိုပြ ပြန်လာတော့ ဆေးတိုက်ချင်တာလေ... ကလေးဆိုတော့ ဆေးက အခဲလိုက်တိုက်လို့ မရတော့ အမှုန့်ချေ တိုက်ရတာကို ခါးမှာ စိုးတော့ ကော်ဖီနဲ့ တိုက်ဖို့ စီစဉ်ရတာပေါ့.... သား ဒါကို အရင်သောက်ကြည့်တဲ့ အဲဒါ ကော်ဖီတဲ့ ကျွန်တော်က ခွက်ထဲ ကြည့်ပြီ မလိုင်ဖတ်တွေ တွေ့ပြီးတော့ မသောက်ချင်ဘူးပေါ့ ငြင်းတာလေ... မသောက်ဖူး မသောက်ဖူးနဲ့ ငြင်းတော့ ချုပ်တိုက်တယ်လေ.... အံမလေး ချိုလိုက်တာ အဟိ.... အရသာ သိသွားတော့ မှ ပဲ သောက်ဖြစ်တော့တယ်... ဒါနဲ့ ဆေးကို အရည်ဖျော်ထားတာကို ဇွန်းထဲ ထည့်ပြီး တိုက်တယ်... ခါးတာပေါ့ အမေတို့က လည်း သိတယ်လေ... ဒီတော့ ရှေ့ဆင့်နောက်ဆင့် ကော်ဖီ ကို တိုက်မှပဲ အဆင်ပြေ သွားတော့တယ်.... အဲဒီနောက်ပိုင်းတော့ ကော်ဖီဆိုတာကို စပြီး ကြိုက်တော့တာပဲ..


Monday, July 05, 2010

မိုးရာသီ တစ်လွဲ


မှတ်မိနေပါသေးတယ်...
သူ့နာမည်ကလည်း မိုးတဲ့ အပြည့်အစုံကတော့ မိုးပွင့်ဖြူ ပေါ့လေ။ အင်း အဲ ဘယ်ကနေစပြောရမလဲ မသိဘူးပေါ့လေ။ သူနဲ့ ပတ်သက်ခဲ့ တဲ့ အမှတ်တရ ဇာတ်လမ်းလေးက လည်း မရှိသလောက်ပါပဲ။ သို့ပေမဲ့ မနှင်းဆီဖြူ တဂ် လာတာကြောင့် မရှိမဲ့ ရှိမဲ့ အမှတ်တရလေး တစ်ခုကို ရေးဖို့ အခွင့်ကြုံလာပါတော့တယ်...




ကျွန်တော်က လူတစ်မျိုးဗျ ထီးကိုင်ရမှာ ထီးဆောင်းရမှာ ပျင်းတဲ့ အပြင် မိုးကာ ဆောင်ထားရမှာလည်း တယ်ပျင်းသကိုး... ငယ်ငယ်က ကျောင်းသွားတော့မယ်ဆိုရင် မိုးရွာမနေလို့ကတော့ အိမ်ကနေ ထီးဘယ်တော့ မှ မယူဘူး။ ကားမှတ်တိုင်က လည်း ကျောင်းရှေ့လေးတင်ဆိုတော့ ကျောင်းအပြန် မိုးရွာမှ ကားစီးပြန်တာ။ မိုးမရွာ ရင် ထုံးစံ အတိုင်း ခြေလျင်လေ။ တနေ့တော့ ကျွန်တော် ကျောင်းကို အသွား မိုးက မည်း၍ ဖွဲဖွဲလေး ရွာနေသည်။ သို့နှင့် ကျွန်တော် အိမ်က ထွက်တော့ မိုးကာလေး ဝတ်ကာ ကျောင်းကို သွားပါတယ်၊ ကျွန်တော်တို့လို အထက်တန်း ကျောင်းသူပင် ဖြစ်မည်ထင်သည်၊ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ ယခုနှစ်မှ ကျောင်းသို့ ပြောင်းလာ၍လည်း ဖြစ်နိုင်သည်။ ချောတာတော့ ကောင်မလေးက တော်တော်ချောတယ်ဗျ...။ သူလုပ်ပုံကို ကြည့် အုံးလေ ကို့ယို့ ကားယား တယ်လည်းနိုင်တယ်။ လက်တစ်ဖက်က ထီးကြီးကိုင်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ စက်ဘီးစီးလာတယ်။ အဲ့လို စီးတာ တော်တော် အန္တရယ်များတယ်လို့ ထင်တယ်။ ကျွန်တော့်တော့ တစ်ခါမှ မစီးဖူးဘူး။ ကျောင်းနား ရောက်တော့မယ် ကားလမ်းမ ဆိုပေမဲ့ ကိုယ်ပိုင် နိုင်လွန် ကတ္တရာ လမ်း ကျဉ်းကျဉ်းလေး ပေါ်မှာပါပဲ။ ဖြစ်ချင်တော့ ဘယ်ကနေ ဘယ်လိုဖြစ်မှန်း မသိပါဘူးဗျာ ကျွန်တော့်ကို နောက်ကနေ ဝင်တိုက်တယ်။ ပြီးတော့ စက်ဘီးရော လူရော ကျွန်တော်ပေါ် ပြိုကျ လာတယ်လေ..။ ပထမတော့ ကျွန်တော် ကိုယ်တိုင်လည်း ထူပူပြီးတော့ ပြန်ပြောမလို့ ကြည့်လိုက်တော့ ကောင်မလေး ဖြစ်နေတယ်။ ကောင်မလေးက ဒီလိုဖြစ်သွားတော့ ကြောင်အအလေးနဲ့ ကျွန်တော်က တော့ ခြေမ ကွဲသွားတယ်။ ကောင်မလေးကတော့ လက်ဖျံ ကွဲသွားတယ် (သြော် ပြောရ အုံးမယ် ကျွန်တော်က Delcogen နဲ့ Hansaplast ကို ဆောင်ထားတတ်တော့ ကောင်မလေးကို Hansaplast တစ်ခုပေး ပြီး ကိုယ့်ခြေမ ကိုယ် တစ်ခု ကပ်ရသေးတယ်။ တော်သေးတာပေါ့ ဖြစ်တဲ့ အချိန် ဘယ်သူမှ ရောက်မလာသေးလို့ ( သူများတွေ တွေ့ရင် ရှက်စရာ.. :D )။ ပြီးတော့ ကောင်မလေးက သူ့စက်ဘီးလေးကို ပြန်ထောင်ရင်း တောင်းပန်စကား ပြောတယ် ကျွန်တော်က "ရပါတယ်၊ နောက်ကို စက်ဘီးစီးရင် သတိထားစီးပေါ့ " ဆိုပြီး ကျောင်းကို သွားဖို့ လုပ်ရတာပေါ့ ။ ကောင်မလေးလည်း စက်ဘီး မစီးရဲတော့ဘူးထင်တယ် တွန်းရင်းနဲ့ အတူတူ သွားဖြစ်တယ်၊ ကျောင်းကိုလည်း ရောက်ခါနီးလို့ နေမှာပေါ့။ လမ်းသွားရင်းနဲ့ စပ်စုလိုက်သေးတယ် နင်က ဒီကျောင်းကလားလို့ မေးတော့ " ဟုတ်တယ် ၉ တန်း A ခန်းက" တဲ့ ။ ဒီလောက်ပါပဲ နှစ်ယောက်လုံး တိတ်ဆိတ်စွာနဲ့ ကျောင်းကို ရောက်ခဲ့တယ်လေ။ စက်ဘီးထားဖို့ နေရာရောက်တော့ သူ့နဲ့ ကျွန်တော် ကိုယ့်ဦးတည်ရာနဲ့ကိုယ် လမ်းခွဲတယ်။





နောက်တော့ ကောင်မလေး ဘယ်သူဆိုတာကို သိလာရတယ်။ ကောင်မလေး နာမည်က မိုးပွင့်ဖြူ ဆိုတာကိုပေါ့ နေတာကတော့ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကျောင်းရှိတဲ့ ရပ်ကွက်နဲ့ ကြားထဲက ရပ်ကွက်မှာ နေတယ်။ နောက်တော့ လမ်းမှာ တွေ့ရင် ရှက်ကိုးရှက်ကန်း မျက်နှာလေးနဲ့ ပြုံးစိစိလေး နှုတ်ဆက်ဖြစ်တာလောက်ပါပဲ....

ကျွန်တော်တို့ ကျောင်းက ၁၀ တန်းကျောင်းသားတွေက သီတင်းကျွတ်ပြီးတာနဲ့ ကျောင်းတွေ မတက်ကြတော့ဘူး၊ ဆရာတွေလည်း စာသင်ဖို့ မလာကြတော့ဘူး ဆိုတော့ အားလုံး ကျူရှင်နဲ့ အိမ်လောက်ပဲ ရှိကြတော့တာလေ။ ကောင်မလေးနဲ့ မတွေ့ဖြစ်တော့ဘူး ဆိုပါတော့....




အခု ဒီပိုစ့် လေးကို သူဖတ်မိတယ် ဆိုရင် မှတ်မိကောင်း မှတ်မိနေပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကျော်ကျော်က ဆိုတော့ မှတ်မိလောက်မှာပါ။
သေချာတာကတော့ ကျွန်တော် ဘယ်သူဆိုတာ သူသိချင်မှ သိမှာပါ။

Monday, June 14, 2010

စိတ်အာရုံ

တကယ့် အဖြစ်အပျက်လေးပါ
ကျွန်တော်တို့ ကုမ္ပဏီက ဘင်္ဂလားလေး တစ်ယောက်အကြောင်းပါ၊


ဒီစာကို ရေးသင့် မရေးသင့် ကျွန်တော် စဉ်းစားနေလို့ အခုမှ ရေးဖြစ်သွားတာပါ....

လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်တို့ ဆီမှာ အလုပ်လုပ်နေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ သူ့နာမည်ကို payesh လို့ခေါ်တယ်၊ သူက အသက်က ၂၁ ပဲ ရှိပါသေးတယ်။ ရိုးရိုး WP အလုပ်သမားဆိုတော့ အလုပ်လုပ်လို့ ရတဲ့ လခက အင်မတန် နည်းပါတယ်၊ တစ်လလုံး လုပ်မှ စင်္ကာပူ $650 လောက်ရတယ်ဆိုရုံပဲ၊ ဒီကြားထဲ Stress က များသေးတယ်လေ၊ ဒါကို စင်္ကပူရောက် နေတဲ့ သူတိုင်း သိကြပါတယ်....။ ကောင်လေးက ငွေနောက်လိုက်ရင်း ဦးနှောက်ချောင် သလိုဖြစ်သွားတာပါ။ မိဘတွေကြောင့် လို့ပဲ ပြောရမှာပေါ့လေ။


Payesh ဆီမှာ မွေးချင်း ၄ ယောက်ရှိတယ် ( ကျွန်တော် သိသလောက်ပါ )။ သူ့ အထက်က အစ်ကို နှစ်ယောက်က အိမ်ထောင်တွေ ကျပြီ သူ့အိုး သူ့အိမ်နဲ့ နေကြတယ်လေ...။ နှစ်ယောက်လုံးက လည်း အဆင်ပြေပုံ မရကြပါဘူး။ သူ့ အောက်မှာ ညီမလေး တစ်ယောက်တော့ ရှိတယ်။ ဘယ်အရွယ်လည်းတော့ မသိဘူး...။ ကျောင်းတက်နေတယ်လို့ သိရတယ်....။ သူ့ကိုတော့ သူတို့အိမ်ရဲ့ စီးပွားရေး အခြအနေအရ စင်္ကာပူမှာ အလုပ်လုပ်ဖို့ လွှတ်ထားတာပါ။ ဒီကောင်လေးရောက်လာတာ ၂ နှစ်တောင် မပြည့်သေးပါဘူး....။ သြော် ပြောရအုံးမယ် သူတို့ ဘင်္ဂလားပြည်ကနေ စင်္ကာပူ ကို အလုပ် လာလုပ်တာ Agent ကိုပေးရတာ စလုံး $8000 ဆိုပဲ...။ သူဌေးက အေးဂျင့် ကို ပိုက်ဆံ အရင် စိုက်ပေးထားပြီး အလုပ်သမား ဆီကနေ တစ်လ $400 ပြန်ဖြတ်ပါတယ်...။ တွက်ကြည့်လေ အေးဂျင့်ခ ကြေဖို့ ဘယ်လောက်အထိ အလုပ်လုပ် ရသလဲလို့...
ထားပါတော့ အကြွေးဆိုတာကတော့ ရှိနေရင် ဆပ်နေရမှာပဲလေ... ရှောင်လွှဲလို့ ရတဲ့ အရာမှ မဟုတ်တာ ။ အခုက ဘာဖြစ်လဲ ဆိုတော့ သူ့ မိဘတွေ ဆီမှာ ဘာပြဿနာ တတ်လည်းတော့ မသိဘူး ။ ကောင်လေးဆီင်္ကို ပိုက်ဆံ စင်္ကာပူ $5000 လောက် လှမ်းတောင်းတယ်လေ..။ ကောင်လေးက ပြောတာပေါ့ ဒီမှာ အကြွေးတောင် မကြေသေးတော့ မပေးနိုင်သေးတဲ့ အကြောင်းကို ပြောတယ်။ ဟိုက ဘာပြန်ပြောလည်း ဆိုတော့ "မင်း နိုင်ငံခြား ရောက်နေတာ ၂ နှစ်တောင် ပြည့်တော့မယ်၊ ဒါလေးတောင် မရှာနိုင်ဘူးလား ဘာလား ညာလား နဲ့ ပြောပြီး ဆဲဆိုတယ်လေ..။ ပြီတော့ ဒီမှ အရမ်းအခက် အခဲဖြစ်နေတယ် မင်းပိုက်ဆံ မပို့နိုင်ရင် ပြန်မလာနဲ့" လို့ ပြောတယ်လေ။ ဖုန်းဆက်ရတာလဲ လွယ်တော့ ခဏ ခဏ ဖုန်းဆက်ပြီး ပိုက်ဆံတောင်းတယ်လေ။ ကြာတော့ ကောင်လေးလည်း မခံနိုင်တော့ဘူးထင်တယ် အလုပ်ထဲ ရောက်တော့ မနက်ပိုင်း အကောင်း မနက် ၉ နာရီင်္လောက်ကျတော့ သူ အလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပတ်ပြေးနေတယ် ပြီးတော့ ပါးစပ်က လည်း ဘင်္ဂလားလို တတွတ်တွတ် ရွတ်နေတယ်၊ အဲ့ ဒါနဲ့ သူ့ Supervisor မှာ meeting တောင် ကောင်းကောင်းမတတ်နိုင်ဘူး သူ့ကို ချူပ်ထားရတယ်။ ပြီးတော့ သူ့ကို လည်း အလုပ်မလုပ်စေပဲ တစ်နေရာမှာ ထိုင်ခိုင်းထားပြီး သူတို့ ဘင်္ဂလား အချင်းချင်း ထိန်းသိမ်း ထားတော့ ငြိမ်သွားသေးတယ် ထမင်း စားချိန်ရောက်တော့ တစ်ခါ ထပ်ဖြစ်တယ်၊ " ငါ အိုက်တယ်၊ ရေချိုးချင်တယ် အောက်မှာ ရေတွေ အများကြီးပဲတဲ့ ပြီးတော့ သင်္ဘောထောက်တိုင်းပေါ်တက်သွားလို့ မနည်း လိုက်ဆွဲရတယ်ဆိုပဲ၊ အဲဒီတော့ မထူးတော့ဘူး ဆိုပြီး သူ့ကို ထမင်းကျွေးပြီး နေ့တစ်ပိုင်းနဲ့ ရုံးကို ပို့လိုက်ရတယ်လေ။ မပို့ရင် ပြဿနာ တတ်နိုင်တယ်လေ..
နောက်တော့ သူ့ကို စိတ်ရောဂါကု ဆေးရုံမှာ တစ်ပတ်လောက်ထားလိုက်ရတယ်..။ စစချင်းတော့ သူ့ကို ဘာမှ မေးလို့ မရဘူး..။ သူပြောသမျှထဲမှာ ပိုက်ဆံစကားချည်းပဲ။ တစ်ခုခု မေးလိုက်ရင် အဲ့ ဒီမေးခွန်း အတွက် ပိုက်ဆံတောင်းတယ်လေ။ သူ့ အနားကို သူ့ supervisor ကလွှဲရင် ဘယ်သူ့မှ ကပ်လို့မရဘူး.. တစ်ခြားသူတွေဆို မောင်းထုတ်တယ်လေ ။ ပြီးတော့ ပါစပ်ကနေပြီး " you no good, my supervisor only very good, you no come ဆိုပြီ လာသမျှလူကို မောင်းထုတ်တယ်။ ဆေးရုံမှာ လည်း လျှောက်အော်နေလို့ မနည်းပြောယူရတယ်တဲ့ ။ တစ်ပတ်လောက် သူ့ကို စိတ်ကျန်းမာရေး ပြန်ကောင်းလာအောင် လိုအပ်တာလေးတွေလုပ်ပေးပြီးတော့ ကုသပေးလိုက်ရတယ်..။
အဲ့ဒီလို ဖြစ်တော့ သူဌေးက ဘယ်လက်ခံ ရဲတော့မလဲ... ။ သူ့မိဘတွေဆီ အကျိုးသင့် အကြောင့်သင့် ပြောပြပြီး ပြန်ပို့တာပေါ့ ။ သူ နဲ့ အတူ သူ့သူငယ်ချင်းပါ ထည့်ပေးလိုက်ရတာပေါ့ ။ ဒါမှ ဟိုရောက်ရင် ထပ်ပြီးတော့ သူ့မိဘတွေ သဘောပေါက်အောင် သေသေချာချာ ထပ်ပြောပြလို့ ရမှာကိုး...။
သူ့ မိဘတွေ သဘောပေါက် သွားတယ်ထင်တယ် ခုတော့ ကောင်လေးက အေးအေး ချမ်းချမ်း ရှိတယ်လို့တော့ သိရတယ်။
ဆိုလိုချင်တာကတော့ ဘယ်နိုင်ငံ မှာပဲ အလုပ်လုပ် ပင်ပန်းတာက တစ်မျိုး ၊ Stress တွေရှိနေတာက တစ်မျိုး၊ ဒီကြားထဲ ဒီလို ပြဿနာ မျိုးတွေ ဖြစ်လာတော့ မလိုလား အပ်တာတွေဖြစ်လာတယ်လေ...။ လူတစ်ယောက်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မတူညီ သလို စိတ်ဓာတ် ဖွဲ့ စည်းပုံလည်း မတူညီ ကြပါဘူး ။ စိတ်ပျော့တဲ့ လူတွေကျတော့ ဒီလို ဒဏ်မျိုးမခံစားနိုင်ဘုးလေ...။ ဒီ အဖြစ်လေးကို သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရေး သားထားခြင်း ဖြစ်ပါတယ်၊ ကျွန်တော် စာအရေးအသား ညက်ညော မှုမရှိတဲ့ အတွက် အစဉ် ပြေအောင် မရေး သားတတ်ပါဘူး ။ မှားတာ ရှိရင် ဝန္ဒာမိ.....


Friday, June 11, 2010

လမ်းလျှောက်ခြင်း

လမ်း အမြန်လျှောက်ရခြင်းကို ကျွန်တော် အင်မတန် မုန်းတီးပါတယ်၊ မြန်မာပြည်မှာ နေတုန်းကတော့ တစ်ခါမှ လမ်း အမြန် မလျှောက်ပါဘူး... ကျွန်တော့်ကို အပြင်သွားဖို့ ချိန်းထားတာရှိလို့ စောင့်နေရတာ ဘာညာရှိလည်း ကျွန်တော်မသိဘူး စောင့်နေပဲ။ ရေးမိုးချိုး၊ အဝတ် အစားလည်း တာကို ကျွန်တော် အမြန်လုပ်နိုင်ပေမဲ့ လမ်းလျှောက်တာကိုတော့ ကျွန်တော် မပြင်ပါဘူး... ကျောင်းတက်တုန်းကလည်း ကျောင်းကနေပြန်တော့ သူများတွေသာ ကျော်ကျော် တက်သွားတယ် ကျွန်တော် နောက်ဆုံးပဲ ကျန်ကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက လည်း စိတ်မရှည်ကြဘူး... နောက်ပိုင်း ကျွန်တော်တစ်ယောက်လထည်း သီသန့်လိုလို ဖြစ်လာတယ်... ဒါလည်း ကျွန်တော်မပြင်ဘူး ။ လိုင်းကား စီးဖို့ ကားလာတာတောင် ကျွန်တော် ပြေးမသွားဘူး... နေပလေ့စေ ဒီကားမမှီရင် နောက်ကားပေါ့ အဲ့လိုမျိုးနေတတ်ခဲ့တာ...
လမ်းလျှောက်ရင် စိမ်ပြေနပြေ လျှောက်ရတာ ဘယ်လို ဝါသနာ ပါမှန်း မသိဘူး၊ ပြီးတော့ လမ်းလျှောက်ရတာလဲ ဝါသနာပါတယ်။ ၅ တန်းကျောင်းသား ဘဝက မှတ်မိနေသေးတယ်...ကျောင်းကနေပြီးတော့ အိမ်ကို ကားမစီးဘူး ကျောင်းက တောင်ဥက္ကလာမှာ နေတာက မြောက်ဒဂုံ ကားမှတ်တိုင် ၈ မှတ်တိုင်စာ လောက်ရှိမယ်.. လိုင်းကားမစီးဘူး လမ်းလျှောက်ပြန်တာ တစ်ခါ . အိမ်ကို ရောက်ချင်တဲ့ အချိန်ရောက်ဆိုပြီးလျှောက်တာ.. တစ်ခါပါပဲ သူငယ်ချင်းနဲ့ အဖော်ညှိပြီး ပြန်တာ.. သူက ၄ မှတ်တိုင်လောက် လျှောက်ရင် ရောက်ပြီ.. ကျွန်တော်ကတော့ ဆက်လျှောက်လာခဲ့တာပဲ.. ၆ တန်းနှစ်ရောက်တော့ ကျွန်တော်တို့ မြောက်ဒဂုံ ကျောင်းလေးကို ပြောင်းသွားတော့ နေ့တိုင်းလမ်းလျှောက်ပြီး ကျောင်းသွားတယ်၊ ကျောင်းကပြန်တယ် ၊ ကားမှတ်တိုင် ၃ မှတ်တိုင် စာပဲရှိတာကိုး နာရီ ဝက်လောက်လျှောက်ရင် ရပြီလေ..။ အိမ်က စက်ဘီး ဝယ်ပေးတယ်..မစီးဘူး ခြေလျှင်ပဲ။ ကားစီးရတာထက်စာရင် လမ်းလျှောက်ရတာ ပိုကောင်းတယ်လို့ မြင်မိတယ်..။ မြန်မာပြည်က လိုင်းကား တွေက သိတဲ့ အတိုင်း ငါးပိသိပ် ငါးချဉ်သိပ် ကျပ်နေတာဆိုတော့ မစီးဖြစ်ဘူး.
စင်္ကာပူရောက်တော့ ကျွတ်ရောပဲ ကိုယ်မှ အမြန် မလျှောက်ရင် အလုပ်ထဲကိုရောက်ဖို့ တန်းစီရတာလည်း မလွယ်လှဘူး ။ အလုပ်သမားတွေ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ကျွန်တော်တို့ အလုပ် ဆိုဒ်ထဲကို ဝင်ဖို့ နည်းနည်းလေး နောက်ကျတာနဲ့ တန်းစီရတာ ၅ မိနစ်လောက်ဟ သွားပြီ တစ်ခါတစ်လေ ကျရင် ၁၅ မိနစ် လောက် တန်းစီရတဲ့ အထဲမှာတင် အချိန်ကုန်သွားတတ်တာ ဆိုတော့ မလျှောက်လို့ က မရဘူးလေ ( အခုတော့ အလုပ်လည်း ပါးသွားပြီဆိုတော့ ပြန်ကုန်တဲ့ အလုပ်သမားတွေ မနည်းဘူးဆိုတော့ တော်တော်လေး ချောင်သွားပြီ ) အရင်လို တန်းမစီရတော့ဘူး ရောက်တာနဲ့ ဆိုဒ်ထဲ တန်းဝင်လို့ရပြီ ဆိုတော့ အရင် စနစ်ကို ပဲ ပြန်လည် ကျင့်သုံးပါတယ်... အခု ချိန်ထိပဲပေါ့လေ....

Wednesday, June 09, 2010

ဘဝ တစ်စိတ်တစ်ပိုင်း

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်တဲ့ ကာလသား တွေက ကျွန်တော့်ကို ပြောကြလေရဲ့။ ဟုတ်မှာပေါ့လေ ကျွန်တော်ကလည်း ကျွန်တော်ပဲ မြန်မာပြည်က မထွက်ခင် ကတည်းက မိန်းကလေးတွေ တန်းလန်းဆွဲ ( အဲ ) တန်းတန်းစွဲ ဖြစ်ခဲ့ ရသူ ပေပဲကိုး။ ပြန်ပြောရရင်တော့ ရှက်စရာကြီး :D ။ ရှေ့မျက်နှာ နောက်ထားပြီးပဲ ပြောတော့မယ်........
ကျွန်တော်တို့ အိမ်နောက်ဖေး ကျောချင်းကပ် အိမ်မှာ ငယ်ငယ်ထဲက ကစားဖော် ကစားဖက် မောင်နှမ သုံးယောက်ရှိတယ် ကိုလေးရယ်၊ သန္တာ နဲ့ ငယ်ငယ်ဆိုတဲ့ သူငယ်ချင်းတွေပေါ့။ ငယ်ငယ်ကခင်လာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘာမှ အထွေအထူးတော့ မရှိပါဘူး၊ နည်းနည်းလေး အရွယ်ရလာတော့အငယ် မလေးက သိပ်မရိုးချင်တော့ဘူးလေ။ သူဘယ်သွားသွားကျွန်တော့်ကိုပဲ အဖော်ခေါ်တယ် အခွင့်အရေးတော်တော်လေးလဲ ပေးတယ် ကျွန်တော်ကလည်း အဲ့လိုမျိုးကြီး ဖြစ်လာတော့ သူငယ်ချင်း သံယောဇဉ်ပဲ ရှိတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း မကြိုက်တာရယ်ကြောင့် သူတို့ အိမ်ဘက် သိပ်မရောက်ဖြစ်တော့ပါဘူး..။ နောက်ပိုင်းတော့ သူတို့ မိသားစု အိမ်ပြောင်းတော့ သွားတွေ့ဖြစ်လိုက်ပါတယ် ကောင်မလေးကတော့ မျက်ရည်တွေဝဲလို့ ပြောရှာပါတယ်၊ ငါ တော့ ဒီတစ်သက် နင့်ကို မေ့မှာ မဟုတ်တော့ဘူးတဲ့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်၊ ( အခုတော့ အိမ်ထောင်ကျသွားတယ်လို့ သိလိုက်ရတယ် )
ကျွန်တော်မြန်မာပြည်က ထွက်လာဖို့ ၅လလောက် အလိုမှာ ကျွန်တော်တို့ ခြေရင်း ၃ အိမ်ကျော်ကို မိသားစု တစ်စု ပြောင်းလာတယ်၊ ချစ်စု ဆိုတဲ့ ကောင်မလေး တစ်ယောက်လည်းပါလာတယ်။ ဒီကောင်မလေးက ကျွန်တော်တို့ ရပ်ကွက်ထဲ ကို ပြောင်းလာတာ မကြာသေးပေမဲ့ ရပ်ကွက်ထဲက လူပျို ကာလသား တွေက သိနေ ကြပြီလေ၊ သိဆို ကောင်မလေးက မှုံနေတာမှ ညှက်နေတာပဲ၊ ကျွန်တော်လည်း သတိတော့ ထားမိပေမဲ့ အမှတ်တမဲ့ ပါပဲ..။ သတိထားမိတယ် ဆိုတာကလည်း ဒီလို ကျွန်တော်တို့ ခြေရင်း သုံးအိမ်ကျော်ကို ပြောင်းလာတာဆိုတော့ မသိပဲနေမလား။ မနက်ဆိုရင် ကျွန်တော်က ၈ နာရီ ခွဲ လောက်ဆိုရင် အိပ်ရာနိုးနေပြီလေ..။ ဟိုလှိမ့် ဒီလှိမ့်နဲ့ ၉ နာရီလောက်မှ အိပ်ယာထ ဖြစ်တယ်။ အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုး စတဲ့ ဝေယာဝစ္စ တြွေ့ပီးတာနဲ့ မနက်ဆိုင်ထွက်ဖို့ အတွက် ပြင်ဆင်ပြီလေ.. မနက်ဆိုပေမဲ့ ၁၁ နာရီ ခွဲလောက်မှ ဆိုင်ဖွင့်ဖြစ်တာပါ။ အအေးဆိုင် ဆိုတော့ နေပူမှ ရောင်းရတာကိုး ၁၀ နာရီ ၄၅ လောက်ဆိုရင် ကျွန်တော် ဆိုင်ခင်းဖို့ လမ်းထိပ်ကို ထွက်ပြီလေ။ အဲ့ မှာ စတွေ့တာပဲ ပထမ တစ်ရက် နှစ်ရက်တော့ ဘာမှ မဖြစ်သေးဘူး။ ၅ ရက်မြောက်တဲ့ နေ့ကျတော့ ကောင်မလေးက အိမ်ရှေ့ မှာ ထွက်ပြီး ထိုင်နေလေရဲ့။ ကျွန်တော် သူ့ကို တွေ့တော့ သူက ပြုံးပြတယ်လေ.. ဒါနဲ့ ကျွန်တော်လည်း ပြန်ပြုံးပြတာပေါ့၊ အဲ့ဒီ ညနေကျတော့ သူတို့ အိမ်ပြောင်းလာလို့ အိမ်သစ်တက် မင်္ဂလာ အတွက် သူကိုယ်တိုင်လာဖိတ်တော့ အိမ်မှာ ကျွန်တော်က တူမလေးနဲ့ ဆော့နေတယ်လေ။ သူရောက်လာတော့ ရှက်ကိုး ရှက်ကန်းနဲ့ ဦးတို့၊ အန်တီတို့ ရှိလားတဲ့ နောက်နေ့ကျရင် အိမ်တက်မင်္ဂလာ အတွက် လာဖိတ်တာတဲ့ပြောတော့။ အိမ်မှာ အကြီးဆုံး အစ်မကြီးပဲ ရှိတယ်..။ ရတယ်လေ ကျွန်တော် ပြောလိုက်ပါ့မယ်ဆိုတော့..။ ဟုတ် ကျေးဇူးပါရှင့် ဆိုပြီး လှည့်ထွက်သွားလေရဲ့ တစ်နေ့ သူကျွန်တော်တို့ ဆိုင်ကို ရောက်လာတော့ မေမေနဲ့ မမက ရောက်မလာသေးဘူး ကျွန်တော်တစ်ယောက်ထဲ ဆိုင်ခင်းနေတုန်း၊ နောက်ကနေ သူမ ရောက်လာပါတယ်။ အစ်ကိုက အရမ်း အလုပ်ကြိုးစားတယ်နော်..။ အန်တီတို့ရော မလားသေးဘူးလား လို့မေးတော့၊ အင်း ဟုတ်တယ် သူတို့ မလာကြသေးဘူး။ ညီမ ဘာသောက်မလဲပေါ့နော် သူ့ကို ဧည့်ဝတ်ပြုတာပေါ့... ဈေးသည်ဆိုတော့ ဈေးရောင်းချင်တာကိုး....:P။ ဒါနဲ့ သူလည်း သစ်ခွ ဖျော်ရည်မှာ သောက်ပြီး ထိုင်နေတုန်း မေမေတို့ ရောက်လာခဲ့တယ်၊ အဲ့ဒါနဲ့ ကျွန်တော် ဆိုင်ကနေ အိမ်ပြန်မယ်လုပ်တော့၊ "ခဏ အစ်ကို ကျွန်မလည်း လိုက်မယ် အစ်ကို အိမ်ကိုပဲ ပြန်မှာ မဟုတ်လား" လို့ ပြောတော့ အမေတို့က ဘာမှတော့ မပြောပါဘူး လွှတ်ပေးလိုက်တယ်..။ အိမ်နဲ့ ဆိုင်နဲ့ က ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်လေ..။ ကြားထဲမှာ လက်ဖက်ရည်ဆိုင်ကို ဖြတ်ပြီးလျှောက်ရတာဆိုတော့ ကောင်လေးတွေ စတာနောက်တာလေးတွေ လိုက်ကြည့်တာလေးတွေရှိတော့ အားကိုးတာလည်း နေမှာပါ။ လမ်းရောက်တော့ ကောင်မလေးက ပြောတယ် ကျွန်မမြို့ထဲက ပြန်လာတာ အမေက ဈေးဝင်ဝယ်နေလို့ ကျွန်မကို အိမ် အရင်ပြန်နှင့် ဆိုပြီး လွှတ်လိုက်လို့ အစ်ကိုပြန်တာနဲ့ အတော်ပဲ ဆိုပြီး ကျွန်မလိုက်လာတာ ဘာညာပြောတာပေါ့၊ အဲ့ဒါနဲ့ ခင်မင် သွားတာပါ။ နောက်ပိုင်း နဲနဲ ပါးပါး စကားတွေ ပြောဖြစ်တယ်။ တစ်ခြားကောင်လေးတွေတွေ့ရင် စူပုပ်နေတဲ့ သူက ကျွန်တော့်ကို တွေ့ရင် အမြဲ ပြုံးလို့ သူငယ်ချင်းတွေကတောင် ပြောတယ်.။ မင်းကို ဆက်ဆံတာနဲ့ ငါတို့ကို ဆက်ဆံတာနဲ့ မတူဘူး ဆိုတော့ ကျွန်တော် ပြုံုးလို့ သာနေခဲ့ပါတယ်... ကျွန်တော် နိုင်ငံခြား ထွက်တော့ သူပါကျွန်တော့်ကို လိုက်ပို့ခဲ့တယ်လေ....။ နောက်တော့ ကျွန်တော် စ လုံးကို ရောက်လာခဲ့တယ်ဆိုပါတော့ ... ၂၀၀၈ က ကျွန်တော် တစ်ခါပြန်တော့ ကောင်မလေး မှာ ချစ်သူတွေ ဘာတွေတောင်ရနေပြီ၊ သူကလေး အဆင်တောင် ပြေနေတော့လည်း ပီတိ ဖြစ်မိပါတယ်.. မဟုတ်ရင် ဒွတ်ခ။
စင်္ကာပူရောက်မှ ပဲ ကံဇာတာတော်တော်လေး ပြောင်းလဲ သွားတယ်၊ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ဆိုတော့ ကောင်မလေးတွေများ ဘယ်သွားရှာရမှန်းတောင် မသိတော့ဘူး...။ ဒါလည်း ကောင်းတာပဲ အေးတာပေါ့ ( စိတ်ဖြေနည်း တစ်မျိုးပေါ့လေ.. ဆင်ခြေပေးတာ )
၂၀၀၉ တုန်းက ကောင်မလေး တစ်ယောက်ရောက်လာတယ်၊ ကျွန်တော့် သူငယ်ချင်းနဲ့ ပတ်သတ်ပြီး သိတာပါ..။ ကောင်မလေးကို ရေလည် ကြွေမိတယ်...။ ရောက်လာတုန်းက ချစ်သူ ရည်းစား မရှိဘူးလေ ကြွေတော့ လိုက်တွန်းတာပေါ့၊ အောင်မလေး ကြိုက်လို့ လိုက်ပိုး ခါမှ သူများ ဟပ်သွားတဲ့ ဖြစ်ခြင်းကို ကြုံတွေ့ ခဲ့ရတယ်လေ ၊ ကောင်မလေးက အလုပ်မရလို့ ပြည်တော်ပြန် သွားရတယ် သူ့ကောင်လေးကတော့ ဒီမှာ ကျန်ခဲ့တယ်...
အခု ကျွန်တော် မြန်မာပြည်က ကောင်မလေး တစ်ယောက်ကို စိတ်ဝင်း စားမိနေလေရဲ့..။ ဒီတစ်ခေါက်တော့ မလွဲပါစေနဲ့လို့ ဆုတောင်းရင်းသာ..............



Tuesday, June 08, 2010

ကလေးဘဝ ( ၁ )

သောကြာသား စကားများတယ်တဲ့...
ပိုးဟပ်လေး အလှည့်ကျမှ ပြင်လိုက်တော့မယ်..။ ငယ်ငယ်တုန်းကလေ ၃ နှစ်သားလောက်ပဲ ရှိအုံးမယ် ဖေဖေတို့ မေမေတို့နဲ့ ရွှေတိဂုံ ဘုရားသွားကြတာ လပြည့်နေ့ဆိုတော့ လူတော်တော် စည်တာ ဖြစ်ချင်တော့ ပိုးဟပ်လေး ပျောက်သွားတော့ ဖေဖေက လည်း မေမေ့ကို မေး၊ မေမေကလည်း ဖေ့ဖေ့ကို မေးနဲ့ပေါ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပိုးဟပ်လေး ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမရကြဘူးလေ၊ ဒါနဲ့ မိသားစုလိုက် ပိုးဟပ်လေးကို လိုက်ရှာနေရင်းနဲ့ ဂေါပက အဖွဲ့က မိုက်ကြီးနဲ့ အော်ပါလေရော။ ((( ကလေးတစ်ယောက်ကောက်ရထားပါတယ်၊ အိင်္ကျီ ဘောင်းဘီ အပြာနု ဝမ်းဆက်လေးနဲ့ ကလေးနာမည်တော့ မေးလို့မရပါ၊ ကလေးပိုင်ရှင်များ ဂေါပက ရုံးခန်းသို့ လာရောက်ကြပါ )))၊ အဲ့လိုလည်း အော်သံကြားရော ဖေဖေ မေမေတို့ အပြေးတစ်ပိုင်းနဲ့ ရောက်လာကြတာပေါ့၊ ဂေါပက လူကြီးတွေက ကလေးပိုင်ရှင်ရောက်လာရင် ထင်သာမြင်သာရှိအောင်လို့ ရှေ့ကစားပွဲပေါ်လေးမှာ တင်ထားတယ်လေ၊ မေမေတို့ ရောက်လာလို့ ပိုးဟပ်လေးကိုလည်း တွေ့ရော "သား ကိုထိုက်၊ သားလေး မေမေတို့ ရောက်လာပြီလေ၊ လာလာ" အဲ့လိုခေါ်တယ်တဲ့(ပိုးဟပ်လေးကို အိမ်က ချစ်စနိုး နဲ့ အိမ်က ကိုထိုက်လို့ခေါ်ကြတယ်လေ) ပိုးဟပ်လေးက တုတ်တုတ်တောင် မလှုပ်ဘူးတဲ့ ပြီးတော့ တစ်ချက်လေး မော့ကြည့်ပြီး ခေါင်းလေးငိုက်စိုက်လေးနဲ့ ဆော့နေတယ်တဲ့ မိဘပျောက်သွားလို့ ငိုရကောင်းမှန်းလည်း မသိဘူးတဲ့၊ ဒီတော့ ဂေါပကက လူကြီးတွေက ဟုတ်ရဲ့လားဗျာ ခင်ဗျားတို့ ကလေးမှ ဟုတ်ရဲ့လားဗျာတဲ့၊ မေမေက ဟုတ်ပါတယ်ရှင် ကျွန်မသားလေးမှ ကျွန်မသားလေးပါလို့ ပြောသတဲ့၊ ဂေါပက လူကြီးက ဒါဆိုရင်လည်း ခေါ်သွားပါ ဒါပေမဲ့ အစ်မကြီးတို့ မှတ်ပုံတင် နံပါတ်ကလေးတော့ထားခဲ့ပါ ဆိုလို့ မှတ်ပုံတင် နံပါတ်ပေးပြီး ရွေးခဲ့ရသတဲ့...။ ပိုးဟပ်လေးကတော့ ငယ်သေးတော့ ဘာမှမသိဘူး။ ကြီးမှ မေမေတို့ ပြန်ပြောပြမှ သိတာလေ... :D
နောက်တစ်ခါကျတော့ ပိုးဟပ်လေး မူကြိုတက်နေပြီ၊ ဒီတစ်ခါကျတော့ မူကြိုက အပြန်မှာ ကျွန်တော့် အစ်မက ကျွန်တော့်ကို လာကြိုတယ်လေ စက်ဘီးလေးနဲ့ပေါ့ အဲ့တုန်းက အစ်မကလည်း ငယ်သေးတော့ သူလည်း ကျောင်းက အပြန် ပိုးဟပ်လေးကို မူကြိုက ဝင်ကြိုပြီး အပြန်မှာပေါ့ သူက လမ်းထဲမှာ ချိုင့်တွေပေါတော့ ကွေ့ရှောင် ပတ်နင်းတာပေါ့၊ စက်ဘီးနင်းနေရင်းက ချိုင့်တစ်ခု သူနင်းမိသွားတော့ ပိုးဟပ်လေး စက်ဘီးပေါ်ကနေ ပြုတ်ကျ ကျန်နေခဲ့တယ်လေ၊ အံမယ် ပြုတ်သာကျတာ ဖင်ထိုင်ရက်ကလေး ငိုလည်း မငိုဘူး အော်လည်းမအော်ဘူးတဲ့၊ ကျွန်တော်အစ်မကလည်း ဘာတွေ စိတ်ကူးယဉ်ပြီး နင်းသွားလည်း မသိဘူး တွေ့လိုက်တဲ့လူကြီးတွေက အော်ပြောတာတောင် မကြားဘူး၊ အိမ်ရှေ့ရောက်တော့ အမေတို့ကမေးတာပေါ့ မောင်လေးရောဆိုတော့ နောက်မှာလေ ဆိုပြီး လှည့်ကြည့်တော့ မပါလာလို့ ပြန်လှည့်ပြီး လာခေါ်ရတယ်...။ သူပြန်လာခေါ်တော့ ပိုးဟပ်လေးကို အဲ့နားက အသုတ်ဆိုင်က အဒေါ်ကြီးက ခေါ်ထားတယ်လေ၊ ကျွန်တော့် အစ်မလည်း ပြန်ရောက်လာရော ပြောတာပေါ့ ကလေးတစ်ယောက်လုံး ပြုတ်ကျ ကျန်ခဲ့တာတောင် မသိဘူး ဘာညာနဲ့ ပြောပြီး ပြန်ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ထိ ပိုးဟပ်လေး တော်တော်အေးတာ... :D

အဲ့လိုမျိုး ငယ်ငယ်က တော်တော်လေး အေးခဲ့တာ ၁၀တန်းရောက်တဲ့ အထိပဲ။ ကျောင်းမှာဆိုလည်း အပေါင်းအသင်း သိပ်မထားဘူး။ စာတော်လို့လား ဆိုတော့လည်း မဟုတ်ဘူး၊ မုန့်စားလွှတ်ပြီ ဆိုရင် သူများတွေက သွားဆော့တယ်၊ အတန်းထဲမှာ ပိုးဟပ်လေး တစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။ ဘာလုပ်တယ် မှတ်လည်း စာကျက်ရင် ကျက် မကျက်ရင် အိပ်နေတတ်တာ။
ငယ်ငယ်က မထုံတတေး ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း မှတ်မိသလောက်လေးပါ

Monday, June 07, 2010

တောင်းဆု

ချစ်ရသူ
မင်းလိုချင်တဲ့ ရုပ်ရည်မျိုး ငါ့မှာ မရှိပေမဲ့
မင်းကို အပြည့်အဝ ချစ်နိုင်မဲ့ အချစ်တွေရှိတယ်

ချစ်ရသူ
မင်း မက်မောလောက်တဲ့ အရည်အချင်းမရှိပေမဲ့
မင်း အားကိုးရလောက်တဲ့ ပခုံးနှစ်ဖက် ငါ့မှာရှိတယ်

ချစ်ရသူ
မင်း စိတ်ကျေနပ်အောင် မထားနိုင်သေးပေမဲ့
မင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်

ချစ်ရသူ
မင်းကို ချစ်တယ်လို့ ဖွင့်မပြောရသေးပေမဲ့
မင်းကို ချစ်တဲ့ အချစ်တွေ ရင်ထဲ အပြည့်ရှိတယ်

ချစ်ရသူ
မင်း တို့ကို ပြန်မချစ်နိုင်ဘူး ဆိုရင်တောင်မှ
မင်းရဲ့ အနားမှာ တစ်သက်လုံး စောင့်ရှောက်ပါရစေ

ချစ်ရသူ
တောင်းဆုတစ်ခုသာ ပြည့်ဝမယ်ဆိုရင်
မင်းရဲ့ ချစ်ခြင်းတုန့်ပြန်မှုကို ရပါလို၏ လို့
ဆုတောင်းမိမှာ အမှန်ပဲ


Thursday, May 27, 2010

မျက်ဝန်းထဲက ငိုရှိုက်သံ

မတူညီတဲ့ အခွင့် အရေးတစ်ခုကို ရခဲ့တယ်.....
မတူညီစွာပဲ အခွင့် အရေးတရပ် ဆုံးရှုံးခဲ့တယ်...
အကျွန်ုပ်ကပဲ ညံ့ခဲ့တာလား ??????
သူတို့ကပဲ တော်တာလား????
ဘာပဲဖြစ်ဖြစ် ရှုံးနှိမ့် ခဲ့ရပြီးပြီလေ...

နက်ဖြန်ပေါင်းများစွာ ကျန်နေသေးတယ်
ဘယ်သူနဲ့မှ လည်းမျက်နှာချင်းမဆိုင်ရဲတော့ဘူး
ထိတ်လန့် တကြားဖြစ်နေတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာပေါင်း များစွာတွေနဲ့ပေါ့
ဒီ ဒဏ်ရာတွေကို ကျက်တဲ့ အထိငါခံနိုင်ရည် ရှိပါ့မလား

အောင်ပွဲမှာ အနိုင်ရသူတွေကတော့
ပျော်ရွှင်စွာ အောင်ပွဲခံ နိုင်ပေမဲ့..
ရှုံးနှိမ့်သူ ရဲ့ ရင်ထဲမှာတော့....
ဒါတွေကို မခံစားနိုင် မတွန်းလှန် နိုင်လို့.....
ရူးခဲ့ရတာလည်း အကြိမ်ကြိမ် အခါခါ

အား........
လောကကြီးကို ကြောက်တယ်
အနိုင်ကျင့် တတ်တဲ့သူတွေကို မုန်းတယ်
ကိုယ့်ကိုကိုယ်လည်း ဒေါသတွက်တယ်
ကံကြမ္မာကြီးကို လည်း မျက်မုန်းကျိုးတယ်

နောက်ဆုံးသော ရလဒ်က
သနားပါတယ်တဲ့
သနားပါတယ်ဆိုတဲ့ ခေါင်းစဉ်မှာ
အသက်ရှု ရပ်ခဲ့ရပြီလေ..
ပြီးသွားပြီ..... တကယ်ကို ပြီးဆုံးသွားပြီ..


Wednesday, May 26, 2010

ပေါက်ကွဲသံစဉ် နဲ့ ငွေ

လောကကြိးမှာ ဘာမှ အလကားမရဘူး ဆိုတာ မှန်တယ်
လူတစ်ယောက်ကို ခင်မင်ခွင့် ရနိုင်ဖို့ အချိန်နဲ့ ဝယ်ယူရတယ်...
အလှည့်စား ခံရဖို့အတွက် တုံးအမှု တစ်ခုနဲ့ ဝယ်ယူရတယ်...
ဘယ်သူ ဘာပြောပြော ငါကတော့ တုံးအလို့ အလှည့်စား ခံလိုက်ရပြီးပြီ
ငါ့ကို အကြိမ်ကြိမ် လှည့်စားတယ် လှည့်စားမှုတိုင်း ငါခံရတယ်...
ခံရတဲ့ အချိန်တိုင်း အကြိမ်ကြိမ် ငါသေတယ်...
သိသိကြီးနဲ့ ရှောင်လွှဲလို့ မရခဲ့ဘူး ( မရနိုင်သေးဘူး )
ဘာကြောင့်လည်း..
တစ်ခြားသော တစ်ခြားသော ကိစ္စ တွေကြောင့်
ငါ့ကိုယ်ငါ Prepair မလုပ်နိုင်ခဲ့ဘူး ( မရသေးဘူး )
ဘာကြောင့်လည်း..
ငွေလေ.. ဟုတ်တယ် ငွေပဲ
ငွေကြောင့်ပေါ့...
သူတို့နဲ့ ဝေးရာထွက်သွားနိုင်ဖို့ ငါ့မှာ ငွေ မလုံလောက်ဖူး..( လိုနေသေးတယ် )

Saturday, May 22, 2010

ပိုးဟပ်လေးနှင့် သူ၏ တစ်နေ့တာ

ကလင်...ကလင်...ကလင် ( Alam မြည်သံ )
နံနက် ၅ နာရီ ၃၀ အိပ်ချင်မူးတူးနဲ့ နိုးတယ်....။ ပြန်ပိတ်ပြီး အိပ်တယ်
ကလင်...ကလင်..ကလင်
နံနက် ၅ နာရီ ၄၅ မထချင် ထချင်နဲ့ အိပ်ယာထတယ်.... (ကိုယ့်အကြောင်း ကိုယ်သိတယ် ပြန်အိပ်ရင် သေချာပေါက် နောက်ကျပြီ :P)။ မျက်နှာသစ် ( တကယ်တော့ မျက်နှာကို ရေနဲ့ပွတ် ပြီးတော့ ဆပ်ပြာနဲ့တိုက် ပြီးတော့ ရေနဲ့ ပြန်ဆေးချတာပါ )၊ သွားတိုက် ပြီးတော့ ရေကမန်းကတန်းလောင်းချ ( ရေချိုးနေရင် ကြာနေမှာ ဆိုးလို့..... ၁၀ မိနစ်အတွင်း ပြီးအောင်လုပ်ရတာကိုး) ပြီးတော့ အဝတ်အစားလည်း ပြီး မနက်စာ မစားနိုင်ဘူး ( ရှိမှ မရှိတာ )။ ကားပေါ်တက် စက်နှိုး အလုပ်သမားတွေ ရှိတဲ့နေရာကို သွားရတယ်.၊ ပြီးတော့ Site ရှိတဲ့ နေရာကို ၆ နာရီ ၄၀ လောက်အရောက်မောင်းရတယ်။ ဒါမှလည်း Site ထဲမှာရှိတဲ့ ပေါ့ပျက်ပျက် အရသာတွေနဲ့ ကြော် လှော်ထားတဲ့ Canteen ကို အလုပ်သမားတွေ အချိန်မှီရောက်မှာကိုး... ကိုယ်လည်း ကားကြီး အပြင်ထားခဲ့ရတယ်လေ..။ ပြီးတော့မှ အပြင်မှာရှိနေတဲ့ ကားသမား နှစ်ယောက်က ရုံးမှာ ကားကို Parking ထိုးပေးရတယ်။ အပြင်မှာ ဒီအတိုင်းထားခဲ့လို့ မရဘူး၊ ထားခဲ့တာနဲ့ fine ရိုက်တဲ့သူလာရင် $80 ဆိုတဲ့ စာရွက်ကို Wiper ကြားထဲ ညှပ်ညှပ်သွားတယ်...တစ်ချို့နေရာတွေဆို ကားကို တောင် မ, သွားတာ...ပြီးရင် ဘယ်မှာလာရွေးပါဆိုရင်တော့ သေပြီသာမှတ်... ဒုက္ခလည်းရောက်သေးတယ်...ပြီးတော့ $5000 နဲ့ အထက်ဆိုတော့ Boss ကဘယ်ကြည်မလည်း ဒီလိုပဲ အဆင်ပြေအောင် လုပ်ရတာပဲ ( သိတယ်ဟုတ်... စင်္ကာပူလေ ) ဘာမှ အလကားမရဘူး။ ကားအကြောင်းပြောနေတာနဲ့ လိုရင်းပျောက်သွားတယ်...
Site ထဲရောက်တာနဲ့ အရင်ဆုံး Canteen ကို သွားရတယ်၊ မသွားရင် အငတ်ပဲ ၇ နာရီ ၂၀ ဆိုရင် ပထမ Alam အော်ပြီဆိုရင် canteen မှာ ရောင်းနေတာတွေ အားလုံးရပ်၊ ဆက်မရောင်းတော့ဘူး။ ရောင်းလို့လည်း မရတော့ဘူး ဘဘကြီးက လိုက်ဖမ်းတယ်။ စာပြီးသောက်ပြီးတဲ့သူကတော့ ကိုယ်အလုပ်လုပ်ရမဲ့ နေရာအသီးသီး ကိုသွားကြတယ် ၇ နာရီခွဲရင်တော့ ဒုတိယ Alam လာပါပြီ.. အဲ့ အခါကျရင်တော့ အကုန်လုံး အလုပ် စလုပ်နေပါပြီ...။ ပိုးဟပ်လေး မပါ..:D ပိုးဟပ်လေး deperment က အေးဆေးပဲ.. ဖင်လှည့် ခေါင်းလှည့်နဲ့ ကိုယ်အလုပ်လုပ်ရမဲ့ ရုံးခန်းသေးသေးလေး ( ပေ ၂၀ ကွန်တိန်နာပေါ့ ) ကိုသွားတယ် ပြီးတော့..ကွန်ပျူတာဖွင့်တယ်.. အရင်ဆုံးလုပ်ရတာက ရောက်လာတဲ့ အလုပ်သမားနဲ့ ကွန်ပျူတာမှာ ပေါ်တာနဲ့ စာရင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးရတယ်၊ ကိုက်ညီသွားရင်တော့ နောက်ပိုင်းအလုပ်တွေက အေးဆေးပါပဲ။ ကိုက်ညီမှု မရှိရင်တော့ လျော့တဲ့သူကိုရှာ ပြီးရင် Security ကိုသွားပြန်ပြောရပါတယ်။ မနက်က Scan ဖတ်တာ မမိလို့ပေါ့..။ အလုပ်သမားကို ပါခေါ်သွားရတယ်၊ လိမ်လည်မှု မရှိကြောင်း သက်သေအနေနဲ့ခေါ်သွားရတာပါ၊ အားလုံး အဆင်ပြေသွားပြီးဆိုရင် ကျန်တဲ့ အလုပ်တွေ ဆက်လုပ်ပါတယ်၊ print ထုတ်တယ်၊ နောက်နေ့ အတွက် pepair လုပ်တယ်၊ ပြီတော့ မနေ့က အလုပ်သမား ပြန်ချိန်ကို computer print out နဲ့ ပြန်တိုက်ကြည့်တယ် အားလုံး အိုကေတယ်ဆိုရင် အထက်ကို တင်တယ်၊ ဒါဆိုရင် Time Shift နဲ့ ပတ်သက်တာတွေ ပြီးပါပြီ။။ ကွန်ပျူတာ သုံးနေရင်းနဲ့ gtalk ဖွင့်တာ၊ Facebook သုံးတာကတော့ မပြောတော့ပါဘူးလေ...၊ ဒါကြောင့် ပိုးဟပ်လေး online ကိုနေ့တိုင်း ရောက်ဖြစ်နေတာပါ။ အဲ့လိုနဲ့ ညနေ ၆ နာရီခွဲ ဆိုရင် အပြင်ပြန်ထွက်ပါတယ် (Monday to friday).. saturday, sunday နဲ့ holiday ဆိုရင် ၄ ခွဲ အပြင်ရောက်နေပြီ။ ကားက အပြင်မှာ အဆင်သင့် ပြန်ရောက်နေပြီ။ overtime ကအလှည့်နဲ့ ယူရတာ။ မရတဲ့ နေ့ဆိုရင် Woodland ကို အလုပ်သမားတွေ လိုက်ပို့ပြီးရင် ပြန်တယ်၊ overtime ရတဲ့နေ့ဆို ရသလောက်ပါပဲ နေပေးရတယ်။ ချိန်းထားတာ ရှိလို့ ပြန်ချင်ရင်တော့ ကားသမား အချင်းချင်း ပြန်ညှိပြီး ပြန်ရတာပေါ့။
အိမ်ပြန်ရောက်ရင်လည်း ထုံးစံအတိုင်း online တက်တယ် ဘလော့ လိုက်လည်တယ်.. စာဖတ်တယ်.. ကွန်မန့်ပေးတယ်... Mode ဝင်ရင် စာရေးတယ်.. ဒီလောက်ပါပဲ... ည ၁၁ ခွဲ ၁၂ ဆိုရင် ကွန်ပျူတာပိတ် အိပ်။


Thursday, May 20, 2010

မသေခင် အချိန်လေး

ဘာရယ်လို့မဟုတ်ပါဘူး
စဉ်းစားမိတာလေးရှိလို့ ရေးကြည့်လိုက်တာပါ။ လူတော်တော်များများက သေချင်းတရားကို မေ့နေတတ်ကြတယ်လေ။ ဒီနေ့သေမလား နက်ဖြန်သေမလား၊ နိုင်ငံရပ်ခြားမှာသေမလား၊ ကိုယ့်အမိမြန်မာပြည်မှာသေမလား၊ ချက်ချင်းသေမလား၊ ရောဂါကြီးနဲ့ ဆေးရုံမှာဝေဒနာ အကြာကြီးခံစားရပြီးမှသေမလား၊ Accident နဲ့သေမလား..... လား..လား..လား.........
လား ပေါင်းများစွာနဲ့ ရှိနေတဲ့ လောကထဲမှာမှ ပုထုဇဉ်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် တစ်ယောက်လည်း ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ ဝမ်းစာရေး အတွက် သွားလာ လှုပ်ရှားနေကြတော့ ဒီအရာကြီးကို မေ့ထားတတ်ကြပါတယ်။ တစ်ခါတစ်လေ သတိရရင်တောင် အမှုမဲ့ အမှတ်မဲ့နဲ့ပဲပေါ့။ ကျွန်တော်ကတော့ စိတ်ညစ်လာတဲ့ အခါတိုင်း သတိရတယ်။ ဒါကြောင့် မေ့သွားတတ်တာလည်း ရှိနေလေတော့ သိပ်ပြီးလည်း မစဉ်းစားဖြစ်ပါဘူး...:D။ တကယ်တော့ ကိုယ်တကယ် သေတော့မည် ဖြစ်စေ မသေလောက်သေးဘူး ဖြစ်စေ၊ တရားဘာဝနာကို မလိုက်စား နိုင်ဘူးဆိုရင်တောင် လူလူချင်း ကိုယ်ချင်းစာစိတ်လေးတွေ ထားစေချင်ပါတယ်။ ပြီးတော့ နားလည်မှုဆိုတဲ့ လောကကြီးကို တည်ဆောက် စေချင်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဆိုရင် ခဏခဏ တွေ့နေရပါတယ်။ ပြီးတော့ ဘလော့တွေမှာ ဖတ်နေရတဲ့ စာတွေကို ဖတ်မိသမျှလောက်နဲ့ နှိုင်းယှဉ်ကြည့်တယ်။ တကယ်တော့ နားလည် ခွင့်လွှတ်နိုင်စိတ် ကိုယ်ချင်းစာစိတ် ဆိုတာတွေကို လူတွေတော်တော် များများ လိုက်နာနိုင်တယ်ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။ အခုလို အင်တာနက် ခေတ်ကြီးမှာ ဆိုရင် ပိုပြီးတောင် အသိဥာဏ် ပွင့်လင်းဖို့ဆိုတာ ပိုပြီးတောင် လွယ်ကူပါသေးတယ်။ တစ်ချို့တွေ့ဖူး ကြားဖူးတာလေးတွေရှိပါတယ်။ ဒီလို အသိဥာဏ်လေးတွေ ဖွံ့ဖြိုးဖို့ လမ်းညွှန်တာလေးတွေကို အသားလွတ်လာဆဲတာမျိုးပေါ့။ ပြန်စဉ်းစားကြည့်ရင် ဒါဟာ တကယ်တော့ ဘာမှမဟုတ်ပါဘူး ဆဲတဲ့သူ အနေနဲ့ ငါ့ကို ဒီလိုမျိုး သူများ လာဆဲရင်.. ဆိုတဲ့ အတွေးမျိုးလေး ဝင်သွားတယ်ဆိုရင် ဆဲဖြစ်မှာ မဟုတ်ပါဘူး။ ဝဋ် ဆိုတာကို မယုံကြည်ကြလို့ပဲ ဖြစ်မှာပါ၊ မယုံကြည်ဘူး ဆိုရင်တောင် ဒါဟာ မကောင်းပါလား ဆိုတာတွေးသင့်ပါတယ်။ ဒီလိုလေး တွေးမိသွားတယ်ဆိုရင်ပဲ တော်ရုံတန်ရုံ ကိစ္စရပ်တွေမှာ အလိုလိုနေရင်း ဒေါသတွေ ပြေလျော့လာမယ်၊ ကြောချင်တဲ့ စိတ်လေးတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမယ်၊ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ လျော့နည်းလာမယ်၊ သည်းခံ ခွင့်လွှတ်တဲ့ စိတ်တွေ များလာမယ်၊ မုဒိတာလေး တွေပွားလာနိုင်မယ်၊ နာလည်မှုလေးတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ လောလောဆယ်ဖြစ်တည်နေတဲ့ ဘဝတင်မှ မဟုတ်ပါဘူး၊ ဘဝဆက်တိုင်း အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်မိတယ်။ ပြီးတော့... သေခါနီး အချိန်လေးမှာ... " သြော် ငါလုပ်ခဲ့တာ မကောင်းမှု ပိုများနေပါလား" ဆိုရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ပါဘူး၊ " ငါလုပ်ခဲ့တာတွေ ပြန်ကြည့်လိုက်ရင် ကောင်းတာလေးတွေပါပဲလား" ဆိုရင် အဲ့ အကျိုးတွေ အတွက် နောက်လာမဲ့ ဘဝအတွက် စိတ်ချလက်ချ ဖြစ်နိုင်တဲ့ အထိ အကျိုးသက်ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာဝင် ပီပီ စဉ်းစားမိတာလေးကြောင့် လက်တစ်ကမ်း အလိုမှာရှိတဲ့ သေခြင်းတရားကို လက်ကိုင်ထားလို့ ဝေးပါသေတယ် ဆိုတဲ့ အတွေးလေးတွေ၊ မျှမျှတတ လေးတွေ တွေးတက်စေရန် ရည်မှန်းကာ ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း………..



Sunday, May 16, 2010

ပိုးဟပ်လေး ရဲ့ "ပ"

မကြာသေးသော ကာလ အတောအတွင်းက ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေ တစ်ယောက်နဲ့ တစ်ယောက် တဂ်ပြီး ကိုယ့်ရဲ့နာမည် ထိပ်စည်း အက္ခရာလေးတွေပါတဲ့ ပို့စ်လေးတွေကို ရေးသားခဲ့ကြတာလေးတွေကို ပြန်ပြီး အသက်သွင်းတဲ့အနေနဲ့ ဒီပို့စ်လေးနဲ့ ဆားချက် ချင်ပါတယ်... ပြီးတော့ မရေးရသေးတဲ့သူတွေကိုလည်း ပြန်လည်ပြီး တဂ်ချင်ပါတယ်။ ကဲစမယ်နော်.....

1. What is your name= ပိုးဟပ်လေး
2. A Food = ပဲပလာတာ
3. A Colour = ပြာနှမ်းနှမ်း အရောင်
4. A Drink = ပဲနို့ အချိုရည်
5. A Movie = ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
6. A Car = ပရာဒို
7. An Instrument = ပတ္တလား
8. A Song = ပေါက်တဲ့အိုး
9. Something Want To Shout = ပဲပြုတ်...
10. Something Found On The Road = ပိုက်လုံး
11. A Habit = ပြီးစလွယ် လုပ်တတ်ခြင်း
12. An Animal = ပိုလာဝက်ဝံ
13. A Singer = ပိုးအိစံ
14. A threaten = ပါသမျှပေး ပြန်မပြောနဲ့
15. Body Structure = ပိန်ပါးပါး ပုပြတ်ပြတ်
16. An Umbrella = ပုသိမ်ထီး
17. A Thought = ပေါက်ကရ
18. Look Like A Girl = ပုပုလုံးလုံးလေး
19. A Journey = ပျားရည်စမ်းခရီး
20. A Waterfall = ပွဲကောက် ရေတံခွန်

ဟဲဟဲ... များများစားစား မတဂ်ချင်ပါဘူး စာရေပျင်းတဲ့ မမနှစ်ယောက်ကို တဂ်ချင်ပါတယ်..။ သူတို့ကတော့....
မမ စောသီရိယု နဲ့ ညီမလေး နှင်းဆီဖြူ တို့ပဲ ဖြစ်ပါတယ်...။ တိတိကျကျ ရေးရန်မလိုပါဘူး။ အခု ၂၀ ပြည့်ရင်ရပြီ၊ ပိုရေးချင်တယ် ဆိုလည်း သဘောပေါ့။